ေ႐ႊ႕ေျပာင္းေနထိုင္သူေတြ မဲေပးခြင့္ ေျပာင္းလဲသတ္မွတ္ခ်က္ တိုင္းရင္းသားပါတီေတြကန႔္ကြက္

၂၀၁၇ ခုႏွစ္ ဧၿပီလ ၁ ရက္ေန႔ကက်င္းပခဲ့တဲ့ ၾကားျဖတ္ေ႐ြးေကာက္ပြဲမွာ မဲေပးေနသူကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ေ႐ႊ႕ေျပာင္းေနထိုင္သူေတြအတြက္ မဲေပးခြင့္ကန႔္သတ္ခ်က္ ျပင္ဆင္လိုက္တဲ့အေပၚ တိုင္းရင္းသားပါတီေတြက ကန႔္ကြက္ၾကပါတယ္။

အရင္က ေ႐ႊ႕ေျပာင္းေနထိုင္သူေတြအေနနဲ႔ ရက္ေပါင္း ၁၈၀ ဆက္တိုက္ေနရင္ မဲေပးခြင့္ျပဳထားတဲ့ ေ႐ြးေကာက္ပြဲဆိုင္ရာ နည္းဥပေဒပါ ျပဌာန္းခ်က္ကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ရက္ေပါင္း ၉၀ လို႔ ျပင္လိုက္တာဟာ ေ႐ႊ႕ေျပာင္းလုပ္သားေတြ ေနထိုင္မႈမ်ားတဲ့ေနရာက ေဒသခံေတြအတြက္ အခြင့္အေရး ဆုံးရႈံးႏိုင္တယ္ဆိုၿပီး တိုင္းရင္းသားပါတီေတြက ကန႔္ကြက္ၾကတာပါ။

ေ႐ႊ႕ေျပာင္းေနထိုင္သူေတြအေနနဲ႔ ေရာက္ရွိရာ မဲဆႏၵနယ္ေျမမွာ ရက္ေပါင္း ၉၀ ဆက္တိုက္ေနထိုင္မွသာ မဲေပးခြင့္ျပဳမယ္ဆိုၿပီး ေကာ္မရွင္က ျပင္ဆင္လိုက္တာပါ။

အဲဒီျပင္ဆင္ခ်က္ကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က  ေအာက္တိုဘာလ သုံးရက္ေန႔က ေၾကညာ လိုက္တာျဖစ္ပါတယ္။ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြကို အရင္ကအနည္းဆုံး ရက္ေပါင္း ၁၈၀ ထက္ မနည္းေနထိုင္တဲ့သူေတြ မဲေပးခြင့္ရမယ္ဆိုတဲ့ေနရာမွာ ရက္ေပါင္း ၉၀ ဆိုၿပီး ျပင္ဆင္ထားတာျဖစ္ပါတယ္။

ဒီျပင္ဆင္ခ်က္ဟာ နည္းလမ္းမက်ဘူးလို႔ ကခ်င္အမ်ိဳးသားကြန္ဂရက္ပါတီ ဥကၠ႒ ေဒါက္တာအမ္ေကာန္လ က ေျပာပါတယ္။

ဒီလိုေ႐ြ႕ေျပာင္းလုပ္သားေတြ မဲေပးခြင့္ကို သူတို႔ရဲ႕ မူရင္းေဒသေတြမွာ ႀကိဳတင္မဲစနစ္နဲ႔ တရားနည္းလမ္းက်က် အေကာင္အထည္ေဖာ္သင့္ေၾကာင္းနဲ႔ အဲဒီျပင္ဆင္ခ်က္ကို ပယ္ဖ်က္ဖို႔ ကခ်င္အမ်ိဳးသားကြန္ဂရက္ပါတီက ႏိုဝင္ဘာလ ရွစ္ရက္ေန႔က ေတာင္းဆိုထားပါတယ္။

ကခ်င္ျပည္နယ္မွာဆိုရင္ ေက်ာက္စိမ္း၊ ေ႐ႊ၊ ပယင္းနဲ႔ အျခားဖြံံ့ၿဖိဳးေရးလုပ္ငန္းေတြအတြက္ ဖားကန႔္၊ တႏိုင္းအပါအဝင္ ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာ ေ႐ႊ႕ေျပာင္းေနထိုင္သူေတြ ရွိပါတယ္။ အေရအတြက္အရဆိုရင္ ဌာေနတိုင္းရင္းသားေတြဟာ ေ႐ႊ႕ေျပာင္းလုပ္သားေတြထက္ နည္းေနတယ္လို႔ သိရပါတယ္။

ဒီျပင္ဆင္လိုက္တဲ့ ရက္ေပါင္း ၉၀ ေၾကာင့္ ေ႐ြ႕ေျပာင္းလုပ္သားေတြ မ်ားတဲ့ေနရာမွာ မဲကစားတာေတြျဖစ္ လာႏိုင္ၿပီး ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ သမာသမတ္က်မႈကိုပါ ထိခိုက္ေစတယ္လို႔ သုံးသပ္သူေတြလည္း ရွိပါတယ္။

အလားတူ မြန္ျပည္နယ္မွာဆိုရင္လည္း ေ႐ြ႕ေျပာင္းလုပ္သားေတြအပါအဝင္ ဗမာတိုင္းရင္းသားေတြဟာ မြန္တိုင္းရင္းသားေတြထက္ မ်ားေနတယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ ေ႐ြ႕ေျပာင္းလုပ္သားေတြအတြက္ မဲေပးခြင့္ကို ရက္ေပါင္း ၉၀ နဲ႔ သတ္မွတ္ေပးတာဟာ မျဖစ္သင့္ဘူးလို႔ မြန္ညီၫြတ္ေရးပါတီက ႏိုင္လယိတမက ေျပာပါတယ္။

ဒီလိုသတ္မွတ္ခ်က္ကို မထုတ္ျပန္ခင္မွာ ႐ြးေကာက္ပြဲေကာ္မရွင္က ႏိုင္ငံေရးပါတီေတြနဲ႔ ေတြ႕ဆုံသင့္တယ္လို႔ New Myanmar Foundation အဖြဲ႕က စီမံကိန္းဒါ႐ိုက္တာ ကိုေက်ာ္ထင္က ေျပာပါတယ္။

ဒီလို ေ႐ြးေကာက္ပြဲဥပေဒ ျပင္ဆင္တာကို တိုင္းရင္းသားပါတီေတြဘက္က ကန႔္ကြက္တာေတြနဲ႔ ပက္သက္ၿပီး ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ ေျပာေရးဆိုခြင့္ရွိသူ ဦးျမင့္ႏိုင္ကို RFA က ဆက္သြယ္ေပမယ့္ လက္ခံေျဖၾကားျခင္းမရွိပါဘူး။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးၫႊန္ကိုလည္း ဖုန္းနဲ႔ဆက္သြယ္ေပမယ့္ လက္ခံေျဖၾကားတာ မရွိေသးပါဘူး။

ဒီလို ေ႐ြေျပာင္းလုပ္သားေတြ မဲေပးခြင့္နဲပတ္သက္ၿပီး ျပင္ဆင္တာကို လာမယ္ရက္ပိုင္းမွာ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္နဲ႔ ေတြဆုံပြဲမွာ တိုင္းရင္းသားႏိုင္ငံေရးပါတီေတြဘက္က ကန႔္ကြက္သြားဖို႔ရွိတယ္ လို႔လည္း ေျပာၾကပါတယ္။

RFA Burmese
https://www.rfa.org
-----------------
(Unicode)⤵⤵⤵
ရွှေ့ပြောင်းနေထိုင်သူတွေ မဲပေးခွင့် ပြောင်းလဲသတ်မှတ်ချက် တိုင်းရင်းသားပါတီတွေကန့်ကွက်

၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့ကကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးနေသူကို တွေ့ရစဉ်
Photo: RFA

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွှေ့ပြောင်းနေထိုင်သူတွေအတွက် မဲပေးခွင့်ကန့်သတ်ချက် ပြင်ဆင်လိုက်တဲ့အပေါ် တိုင်းရင်းသားပါတီတွေက ကန့်ကွက်ကြပါတယ်။

အရင်က ရွှေ့ပြောင်းနေထိုင်သူတွေအနေနဲ့ ရက်ပေါင်း ၁၈၀ ဆက်တိုက်နေရင် မဲပေးခွင့်ပြုထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေပါ ပြဌာန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရက်ပေါင်း ၉၀ လို့ ပြင်လိုက်တာဟာ ရွှေ့ပြောင်းလုပ်သားတွေ နေထိုင်မှုများတဲ့နေရာက ဒေသခံတွေအတွက် အခွင့်အရေး ဆုံးရှုံးနိုင်တယ်ဆိုပြီး တိုင်းရင်းသားပါတီတွေက ကန့်ကွက်ကြတာပါ။

ရွှေ့ပြောင်းနေထိုင်သူတွေအနေနဲ့ ရောက်ရှိရာ မဲဆန္ဒနယ်မြေမှာ ရက်ပေါင်း ၉၀ ဆက်တိုက်နေထိုင်မှသာ မဲပေးခွင့်ပြုမယ်ဆိုပြီး ကော်မရှင်က ပြင်ဆင်လိုက်တာပါ။

အဲဒီပြင်ဆင်ချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က  အောက်တိုဘာလ သုံးရက်နေ့က ကြေညာ လိုက်တာဖြစ်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေကို အရင်ကအနည်းဆုံး ရက်ပေါင်း ၁၈၀ ထက် မနည်းနေထိုင်တဲ့သူတွေ မဲပေးခွင့်ရမယ်ဆိုတဲ့နေရာမှာ ရက်ပေါင်း ၉၀ ဆိုပြီး ပြင်ဆင်ထားတာဖြစ်ပါတယ်။

ဒီပြင်ဆင်ချက်ဟာ နည်းလမ်းမကျဘူးလို့ ကချင်အမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လ က ပြောပါတယ်။

ဒီလိုရွေ့ပြောင်းလုပ်သားတွေ မဲပေးခွင့်ကို သူတို့ရဲ့ မူရင်းဒေသတွေမှာ ကြိုတင်မဲစနစ်နဲ့ တရားနည်းလမ်းကျကျ အကောင်အထည်ဖော်သင့်ကြောင်းနဲ့ အဲဒီပြင်ဆင်ချက်ကို ပယ်ဖျက်ဖို့ ကချင်အမျိုးသားကွန်ဂရက်ပါတီက နိုဝင်ဘာလ ရှစ်ရက်နေ့က တောင်းဆိုထားပါတယ်။

ကချင်ပြည်နယ်မှာဆိုရင် ကျောက်စိမ်း၊ ရွှေ၊ ပယင်းနဲ့ အခြားဖွံံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ဖားကန့်၊ တနိုင်းအပါအဝင် မြို့တော်တော်များများမှာ ရွှေ့ပြောင်းနေထိုင်သူတွေ ရှိပါတယ်။ အရေအတွက်အရဆိုရင် ဌာနေတိုင်းရင်းသားတွေဟာ ရွှေ့ပြောင်းလုပ်သားတွေထက် နည်းနေတယ်လို့ သိရပါတယ်။

ဒီပြင်ဆင်လိုက်တဲ့ ရက်ပေါင်း ၉၀ ကြောင့် ရွေ့ပြောင်းလုပ်သားတွေ များတဲ့နေရာမှာ မဲကစားတာတွေဖြစ် လာနိုင်ပြီး ရွေးကောက်ပွဲကော်မရှင်ရဲ့ သမာသမတ်ကျမှုကိုပါ ထိခိုက်စေတယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။

အလားတူ မွန်ပြည်နယ်မှာဆိုရင်လည်း ရွေ့ပြောင်းလုပ်သားတွေအပါအဝင် ဗမာတိုင်းရင်းသားတွေဟာ မွန်တိုင်းရင်းသားတွေထက် များနေတယ်လို့ သိရပါတယ်။

ဒါကြောင့် ရွေ့ပြောင်းလုပ်သားတွေအတွက် မဲပေးခွင့်ကို ရက်ပေါင်း ၉၀ နဲ့ သတ်မှတ်ပေးတာဟာ မဖြစ်သင့်ဘူးလို့ မွန်ညီညွတ်ရေးပါတီက နိုင်လယိတမက ပြောပါတယ်။

ဒီလိုသတ်မှတ်ချက်ကို မထုတ်ပြန်ခင်မှာ ရွးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံသင့်တယ်လို့ New Myanmar Foundation အဖွဲ့က စီမံကိန်းဒါရိုက်တာ ကိုကျော်ထင်က ပြောပါတယ်။

ဒီလို ရွေးကောက်ပွဲဥပဒေ ပြင်ဆင်တာကို တိုင်းရင်းသားပါတီတွေဘက်က ကန့်ကွက်တာတွေနဲ့ ပက်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ကို RFA က ဆက်သွယ်ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန်ကိုလည်း ဖုန်းနဲ့ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာ မရှိသေးပါဘူး။

ဒီလို ရွေပြောင်းလုပ်သားတွေ မဲပေးခွင့်နဲပတ်သက်ပြီး ပြင်ဆင်တာကို လာမယ်ရက်ပိုင်းမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ တွေဆုံပွဲမှာ တိုင်းရင်းသားနိုင်ငံရေးပါတီတွေဘက်က ကန့်ကွက်သွားဖို့ရှိတယ် လို့လည်း ပြောကြပါတယ်။

RFA Burmese
https://www.rfa.org
ေ႐ႊ႕ေျပာင္းေနထိုင္သူေတြ မဲေပးခြင့္ ေျပာင္းလဲသတ္မွတ္ခ်က္ တိုင္းရင္းသားပါတီေတြကန႔္ကြက္ ေ႐ႊ႕ေျပာင္းေနထိုင္သူေတြ မဲေပးခြင့္ ေျပာင္းလဲသတ္မွတ္ခ်က္ တိုင္းရင္းသားပါတီေတြကန႔္ကြက္ Reviewed by THITHTOOLWIN on 00:15 Rating: 5
Powered by Blogger.