ရေသ့ေတာင္မွာ တပ္မေတာ္ရဲ႕ ဖမ္းဆီးမႈကေန ထြက္ေျပးခဲ့တယ္ ဆိုတဲ့ ႐ြာသားေတြ ပုန္းေရွာင္ေနရ

ဦးငမဲ နဲ႔ ဦးထြန္းေဝ တို႔ ၂ ဦးဟာ ရေသ့ေတာင္ ေဆး႐ုံမွာ ေဆးဝါးကုသမႈ ခံခဲ့ရ
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္ ေက်ာက္တန္းေက်း႐ြာကေန တပ္မေတာ္စစ္ေၾကာင္းတစ္ခုက ဖမ္းဆီးသြားခဲ့တယ္လို႔ ဆိုတဲ့ ေက်း႐ြာသား ၂ ဦးဟာ ထြက္ေျပးလြတ္ေျမာက္လာၿပီးေနာက္ပိုင္းမွာ လုံၿခဳံေရး စိုးရိမ္ရလို႔ ပုန္းေရွာင္ေနရတယ္လို႔ သူတို႔နဲ႔ နီးစပ္တဲ့ ေဒသခံေတြက ဘီဘီစီကို ေျပာပါတယ္။

ေအေအနဲ႔ ဆက္စပ္တယ္ ဆိုၿပီး ဖမ္းဆီး ခံရမႈေတြ ဆက္တိုက္ ျဖစ္ေပၚေနတဲ့အတြက္ ေဒသခံ အရပ္သားေတြၾကားမွာ စိုးရိမ္မႈေတြလည္း ျမင့္တက္ေနတယ္လို႔ ေျပာပါတယ္။

အခု ပုန္းေရွာင္ေနရတယ္ဆိုတဲ့ ဦးငမဲ နဲ႔ ဦးထြန္းေဝ တို႔ ၂ ဦးဟာ ေအာက္တိုဘာ ၃၀ ညေနပိုင္းမွာ တပ္မေတာ္ စစ္ေၾကာင္းရဲ႕ ဖမ္းဆီးမႈကေန ထြက္ေျပးလြတ္ေျမာက္လာခဲ့ၾကကာ ေအာက္တိုဘာ ၃၁ ရက္ေန႔ မနက္ပိုင္းမွာ ရေသ့ေတာင္ၿမိဳ႕ကို ေရာက္ရွိလာခဲ့ၾကၿပီး ဖမ္းဆီးတုန္းမွာ ရလာခဲ့တယ္ဆိုတဲ့ ဒဏ္ရာေတြကို ရေသ့ေတာင္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံမွာ ေဆးဝါးကုသမႈေတြ ခံယူခဲ့ၾကတာပါ။ အဲဒီေနာက္ ေဆး႐ုံက ဆင္းၿပီး ပုန္းေရွာင္ေနၾကတယ္လို႔ သူတို႔ကို အကူအညီေပးခဲ့တဲ့ ေဒသခံေတြက ေျပာပါတယ္။

ေက်ာက္တန္းေက်း႐ြာသား ဦးငမဲ (ခ) ဦးေစာေမာင္သိန္း အသက္ ၅၆ ႏွစ္နဲ႔ ဦးထြန္းေဝ အသက္ ၄၈ ႏွစ္တို႔ဟာ ေအာက္တိုဘာလ ၂၅ ရက္ေန႔က လယ္ယာလုပ္ဖို႔ သြားတဲ့လမ္းမွာ တပ္မေတာ္စစ္ေၾကာင္းနဲ႔ ေတြ႕ၿပီး ဖမ္းဆီးခံလိုက္ရတာျဖစ္ကာ ၃၀ ရက္ေန႔က်မွ ထြက္ေျပးလြတ္ေျမာက္လာခဲ့ၾကတယ္လို႔ ဆိုပါတယ္။ တပ္မေတာ္ရဲ႕ ဖမ္းဆီးခံခဲ့ရသူေတြထဲမွာ ေက်ာက္တန္းေက်း႐ြာက ဦးငမဲနဲ႔ ဦးထြန္းေဝအျပင္ ေရပုတ္႐ြာက ဦးေက်ာ္သန္းလႈိင္ (အသက္ ၄၇ ႏွစ္) နဲ႔ ဦးလွထြန္းစိန္ (အသက္ ၆၈) လည္း ပါဝင္ၿပီး စုစုေပါင္းဖမ္းဆီးခံခဲ့ရသူက ၄ ဦး ျဖစ္ပါတယ္။

တပ္မေတာ္စစ္ေၾကာင္းရဲ႕ ဖမ္းဆီးတာခံခဲ့ရတယ္ ဆိုတဲ့ ေျပာဆိုခ်က္အတြက္ ဘီဘီစီက အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းဦးစီး ပထမတန္း ဗိုလ္မႉးႀကီးဝင္းေဇာ္ဦးကို ေမးၾကည့္ရာမွာေတာ့ အဲဒီထြက္ေျပးလာတဲ့သူေတြဟာ တပ္မေတာ္ဘက္က ဖမ္းဆီးခဲ့သူေတြမဟုတ္ေၾကာင္းနဲ႔ တပ္မေတာ္အေနနဲ႔ ရေသ့ေတာင္ၿမိဳ႕နယ္ဘက္မွာ ဖမ္းဆီးထားတာမရွိေၾကာင္း ျငင္းဆိုပါတယ္။

"မဟုတ္ဘူး၊ ကြၽန္ေတာ္တို႔ ဖမ္းထားတာ တစ္ေယာက္မွ မရွိဘူး၊ ေအေအက ဖမ္းသြားတဲ့သူေတြသာရွိတယ္၊ ဟိုတေလာမွာ ေအေအဖမ္းသြားတဲ့ဟာေတြ အမ်ားႀကီးပဲ၊ အဲ့ဒီ ေရပုတ္႐ြာတို႔ ေရမ်က္႐ြာတို႔ဆိုတာ အကုန္လုံး ေအေအေတြခ်ည္းပဲ" လို႔ ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ေျပာပါတယ္။
ရခိုင္ေျမာက္ပိုင္း စစ္ပြဲေတြ အတြင္း အရပ္သား ထိခိုက္ ေသဆုံးမႈနဲ႔ ဖမ္းဆီးခံရမႈေတြ ေန႔စဥ္လိုလို ျဖစ္ေပၚေန
ေအာက္တိုဘာ ၂၆ ရက္မွာ ျဖစ္ပြားခဲ့တဲ့ စစ္ေတြ-ဘူးသီးေတာင္ကို ေျပးဆြဲေနတဲ့ ေ႐ႊနဒီရွပ္ေျပးယာဥ္ ၁ စီးေပၚက တပ္မေတာ္သားေတြနဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြကို ေအေအက ဖမ္းဆီးတဲ့ ျဖစ္စဥ္မွာလည္း အဲဒီ ေရမ်က္ေက်း႐ြာဘက္ကို ျဖတ္ၿပီး ေခၚေဆာင္သြားခဲ့တာျဖစ္ေၾကာင္း ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ေျပာပါတယ္။

ဒါေပမယ့္ နီးစပ္သူေတြရဲ႕ ေျပာဆိုခ်က္မွာေတာ့ ေအာက္တိုဘာ ၃၁ ရက္ေန႔ မနက္ပိုင္းမွာ အဲဒီထြက္ေျပးလာသူေတြ ရေသ့ေတာင္ေဆး႐ုံကို ေရာက္ရွိခဲ့ၿပီး ေဆးကုသမႈေတြခံယူေနတဲ့အခ်ိန္မွာလည္း သက္ဆိုင္ရာအဖြဲ႕အစည္းကလို႔ ယူဆရတဲ့အဖြဲ႕က လူေတြက လာေရာက္စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့ၾကတယ္လို႔ ဆိုပါတယ္။ အဲဒီလိုမ်ိဳး လာေရာက္စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့တဲ့အတြက္ သူတို႔ကို ေအေအ တပ္ဖြဲ႕ဝင္ေတြဆိုၿပီး ထပ္မံဖမ္းဆီးခံရမွာကို စိုးရိမ္ေနၾကလို႔ အခုေတာ့ သူတို႔ ပုန္းေရွာင္ေနရတယ္လို႔ ေျပာပါတယ္။

ဖမ္းဆီးခံခဲ့ရတဲ့ အဲဒီေက်း႐ြာသား ၄ ဦးအနက္ ၃ ဦးသာ ထြက္ေျပးလြတ္ေျမာက္လာႏိုင္ခဲ့ၿပီး ေရပုတ္ေက်း႐ြာက ဦးလွထြန္းစိန္ကေတာ့ ႀကိဳးေျဖမရတဲ့အတြက္ က်န္ခဲ့တယ္လို႔ ဆိုပါတယ္။

ေဒသခံ႐ြာသားေတြနဲ႔ မ်က္ျမင္သက္ေသေတြရဲ႕ ေျပာဆိုခ်က္အရ အဲဒီ ေက်း႐ြာသားေတြဟာ တပ္မေတာ္ရဲ႕ဖမ္းဆီးခံခဲ့ရစဥ္အတြင္းမွာ ႐ိုက္ပုတ္တာေတြ ႏွိပ္စက္ညႇဥ္းပန္းတာေတြကို ခံခဲ့ၾကရတဲ့အတြက္ ဒဏ္ရာေတြနဲ႔ ထြက္ေျပးလြတ္ေျမာက္လာခဲ့တာ ျဖစ္တယ္လို႔ သူတို႔ကိုယ္တိုင္ ေျပာဆိုခဲ့ေၾကာင္း ေဒသခံ မ်က္ျမင္ေတြက ေျပာပါတယ္။

တပ္မေတာ္ဘက္ကေတာ့ ဖမ္းဆီးႏွိပ္စက္တယ္ဆိုတာေတြကို ျငင္းဆိုပါတယ္။

ေအာက္တိုဘာ ၃၀ ရက္ ေန႔မွာ အဲဒီ ႐ြာသား ၄ ဦးကို ဖမ္းဆီးခဲ့တယ္ ဆိုတဲ့ စစ္ေၾကာင္းဟာ ထီးစြဲေက်း႐ြာဘက္ကို ထြက္လာခဲ့တဲ့အခါ ဖမ္းထားသူေတြကို အတူ ေခၚယူလာခဲ့ၿပီး ထီးစြဲေက်း႐ြာ ကန္ေပါင္႐ိုးမွာရွိတဲ့ တိုင္ေတြမွာ ေနာက္ျပန္ႀကိဳးခ်ည္ေႏွာင္ စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့တယ္ ဆိုပါတယ္။ အဲဒီမွာ ၃ ဦးက စစ္သားေတြ အိပ္ေပ်ာ္ေနတဲ့အခ်ိန္မွာ ထြက္ေျပးလာခဲ့ၾကတာျဖစ္ပါတယ္။

က်န္ရွိခဲ့သူ ေရပုတ္႐ြာသား ဦးလွထြန္းစိန္ ကိုေတာ့ ႏိုဝင္ဘာ ၁ ရက္ေန႔မွာ စစ္ေၾကာင္း ထီးစြဲ ကေန ျပန္လည္ ထြက္ခြာခ်ိန္ ႐ြာအျပင္မွာ ဒဏ္ရာေတြနဲ႔ ထားခဲ့တယ္လို႔ ထီးစြဲေဒသခံေတြက ေျပာပါတယ္။ ဦးလွထြန္းစိန္ဟာ စိတ္ပုံမွန္ မဟုတ္ေတာ့တဲ့အေနအထား ရွိၿပီး ႐ြာအျပင္ ကြင္းျပင္မွာ ဒဏ္ရာေတြနဲ႔ သြားလာေနတာကို ေတြ႕ရွိရေၾကာင္း၊ စစ္ေၾကာင္း ထြက္သြားၿပီးေနာက္ပိုင္း ႏိုဝင္ဘာ ၂ ရက္ေန႔မွာ ႐ြာျပင္ကို အသြားအလာ ျပန္လုပ္ၾကတဲ့ ေဒသခံ ႐ြာသားေတြက ေျပာပါတယ္။ ဦးလွထြန္းစိန္ကို ျပန္လာေခၚယူဖို႔ ေရပုတ္႐ြာက သူ႔ မိသားစုေတြကို ဆက္သြယ္ အေၾကာင္းၾကားထားတယ္လို႔ ဆိုပါတယ္။

ေရပုတ္႐ြာသား ေနာက္ တစ္ဦး ျဖစ္သူ ဦးေက်ာ္သန္းလႈိင္ ကေတာ့ ထြက္ေျပးလြတ္ေျမာက္ခဲ့ေပမယ့္ ဘယ္ေနရာကို ေရာက္ေနသလဲဆိုတာ မသိရေသးဘဲ ဆက္သြယ္လို႔ မရ ျဖစ္ေနတယ္ ဆိုပါတယ္။

အခု ျဖစ္စဥ္ကို ထုတ္ေဖာ္ ေျပာဆိုၾကတဲ့ ေဒသခံေတြရဲ႕အမည္ေတြကိုေတာ့ လုံၿခဳံေရး အေျခအေနေၾကာင့္ ထုတ္ေဖာ္ မေျပာဆိုဖို႔ သူတို႔က ေတာင္းဆိုပါတယ္။

"သူတို႔ အဲ့ဒီမွာ ညႇဥ္းပမ္းႏွိပ္စက္ခံခဲ့ၾကရတဲ့အတြက္ ဒဏ္ရာေတြရရွိခဲ့ၾကတယ္၊ သံတုတ္နဲ႔႐ိုက္တာေတြ၊ ဓားနဲ႔ထိုးတဲ့ဒဏ္ရာေတြ၊ ကန္ေက်ာက္ထားတဲ့ ဖိနပ္ရာေတြပါတယ္၊ ေက်ာက္တန္း႐ြာက ဦးထြန္းေဝဆိုတဲ့သူမွာ အတြင္းဒဏ္ရာက ျပင္းထန္တယ္" လို႔ သိရေၾကာင္း အမည္မေဖာ္လိုတဲ့ ရေသ့ေတာင္ၿမိဳ႕ခံတစ္ဦးက ကို ေျပာပါတယ္။

ဖမ္းဆီးခံခဲ့ရသူေတြ ကိုယ္စီမွာ ဒဏ္ရာေတြ ပါလာေၾကာင္းကိုလည္း သူတို႔ရဲ႕ မိသားစုဝင္တစ္ဦးက အတည္ျပဳ ေျပာဆိုပါတယ္။

ဖမ္းဆီးခံေနခဲ့ရတဲ့အခ်ိန္မွာ သူတို႔ကို တြင္းတူးခိုင္းတာေၾကာင့္ သူတို႔ကိုယ္တိုင္ တူးခဲ့ၾကရေၾကာင္းနဲ႔ တြင္းႏွစ္တြင္း ၿပီးစီးခဲ့တယ္လို႔ ကာယကံရွင္ေတြက ေျပာေၾကာင္း နီးစပ္သူေတြက ျပန္လည္ေျပာျပပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၂၆ ရက္ေန႔က ျဖစ္ပြားခဲ့တဲ့ ေ႐ႊနဒီအျမန္ေရယာဥ္ေပၚက တပ္မေတာ္နဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြ အပါအဝင္ လူ ၆၀ နီးပါးကို ေအေအ ဘက္က ဖမ္းဆီးသြားတဲ့အတြက္ တပ္မေတာ္ဘက္က တန္ျပန္ နယ္ေျမရွင္းလင္းေရးေတြ ေဆာင္႐ြက္ခ်ိန္မွာ ဖမ္းဆီးခဲ့တဲ့ ေရပုတ္ေက်း႐ြာသား ၁၃ ဦးကို ေတာ့ တပ္မေတာ္ဘက္က ေအာက္တိုဘာ ၃၁ ရက္ေန႔မွာ ျပန္လည္ လႊတ္ေပးခဲ့တဲ့အတြက္ ေက်း႐ြာကို ျပန္လည္ေရာက္ရွိလာခဲ့ၾကၿပီျဖစ္တယ္လို႔ ေဒသခံ ေတြက ေျပာပါတယ္။

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ ျဖစ္ပြားေနတဲ့ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္မေတာ္ ေအေအတို႔အၾကား တိုက္ပြဲေတြ အျပင္းအထန္ ျဖစ္ပြားေနတာ ၁ ႏွစ္ နီးပါး ရွိလာခဲ့ၿပီ ျဖစ္ပါတယ္။ တိုက္ပြဲေတြအတြင္း အရပ္သားေသဆုံးမႈ ၉၀ နီးပါးရွိေနၿပီ ျဖစ္သလို ထိခိုက္ဒဏ္ရာရရွိခဲ့သူ ၁၃၀ ေက်ာ္နဲ႔ အၾကမ္းဖက္ ဥပေဒ အပါအဝင္ တျခားပုဒ္မေတြနဲ႔ ဖမ္းဆီးတရားစြဲဆိုခံေနရသူ ၁၅၀ ေက်ာ္ရွိေနတယ္လို႔ အရပ္ဘက္အဖြဲ႕အစည္းေတြရဲ႕ စာရင္းဇယားေတြအရ သိရပါတယ္။

BBC Burmese
https://www.bbc.com
----------------
(Unicode)⤵⤵⤵
ရသေ့တောင်မှာ တပ်မတော်ရဲ့ ဖမ်းဆီးမှုကနေ ထွက်ပြေးခဲ့တယ် ဆိုတဲ့ ရွာသားတွေ ပုန်းရှောင်နေရ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာကနေ တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုတဲ့ ကျေးရွာသား ၂ ဦးဟာ ထွက်ပြေးလွတ်မြောက်လာပြီးနောက်ပိုင်းမှာ လုံခြုံရေး စိုးရိမ်ရလို့ ပုန်းရှောင်နေရတယ်လို့ သူတို့နဲ့ နီးစပ်တဲ့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

အေအေနဲ့ ဆက်စပ်တယ် ဆိုပြီး ဖမ်းဆီး ခံရမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေတဲ့အတွက် ဒေသခံ အရပ်သားတွေကြားမှာ စိုးရိမ်မှုတွေလည်း မြင့်တက်နေတယ်လို့ ပြောပါတယ်။

အခု ပုန်းရှောင်နေရတယ်ဆိုတဲ့ ဦးငမဲ နဲ့ ဦးထွန်းဝေ တို့ ၂ ဦးဟာ အောက်တိုဘာ ၃၀ ညနေပိုင်းမှာ တပ်မတော် စစ်ကြောင်းရဲ့ ဖမ်းဆီးမှုကနေ ထွက်ပြေးလွတ်မြောက်လာခဲ့ကြကာ အောက်တိုဘာ ၃၁ ရက်နေ့ မနက်ပိုင်းမှာ ရသေ့တောင်မြို့ကို ရောက်ရှိလာခဲ့ကြပြီး ဖမ်းဆီးတုန်းမှာ ရလာခဲ့တယ်ဆိုတဲ့ ဒဏ်ရာတွေကို ရသေ့တောင်မြို့ ပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှုတွေ ခံယူခဲ့ကြတာပါ။ အဲဒီနောက် ဆေးရုံက ဆင်းပြီး ပုန်းရှောင်နေကြတယ်လို့ သူတို့ကို အကူအညီပေးခဲ့တဲ့ ဒေသခံတွေက ပြောပါတယ်။

ကျောက်တန်းကျေးရွာသား ဦးငမဲ (ခ) ဦးစောမောင်သိန်း အသက် ၅၆ နှစ်နဲ့ ဦးထွန်းဝေ အသက် ၄၈ နှစ်တို့ဟာ အောက်တိုဘာလ ၂၅ ရက်နေ့က လယ်ယာလုပ်ဖို့ သွားတဲ့လမ်းမှာ တပ်မတော်စစ်ကြောင်းနဲ့ တွေ့ပြီး ဖမ်းဆီးခံလိုက်ရတာဖြစ်ကာ ၃၀ ရက်နေ့ကျမှ ထွက်ပြေးလွတ်မြောက်လာခဲ့ကြတယ်လို့ ဆိုပါတယ်။ တပ်မတော်ရဲ့ ဖမ်းဆီးခံခဲ့ရသူတွေထဲမှာ ကျောက်တန်းကျေးရွာက ဦးငမဲနဲ့ ဦးထွန်းဝေအပြင် ရေပုတ်ရွာက ဦးကျော်သန်းလှိုင် (အသက် ၄၇ နှစ်) နဲ့ ဦးလှထွန်းစိန် (အသက် ၆၈) လည်း ပါဝင်ပြီး စုစုပေါင်းဖမ်းဆီးခံခဲ့ရသူက ၄ ဦး ဖြစ်ပါတယ်။

တပ်မတော်စစ်ကြောင်းရဲ့ ဖမ်းဆီးတာခံခဲ့ရတယ် ဆိုတဲ့ ပြောဆိုချက်အတွက် ဘီဘီစီက အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးကို မေးကြည့်ရာမှာတော့ အဲဒီထွက်ပြေးလာတဲ့သူတွေဟာ တပ်မတော်ဘက်က ဖမ်းဆီးခဲ့သူတွေမဟုတ်ကြောင်းနဲ့ တပ်မတော်အနေနဲ့ ရသေ့တောင်မြို့နယ်ဘက်မှာ ဖမ်းဆီးထားတာမရှိကြောင်း ငြင်းဆိုပါတယ်။

"မဟုတ်ဘူး၊ ကျွန်တော်တို့ ဖမ်းထားတာ တစ်ယောက်မှ မရှိဘူး၊ အေအေက ဖမ်းသွားတဲ့သူတွေသာရှိတယ်၊ ဟိုတလောမှာ အေအေဖမ်းသွားတဲ့ဟာတွေ အများကြီးပဲ၊ အဲ့ဒီ ရေပုတ်ရွာတို့ ရေမျက်ရွာတို့ဆိုတာ အကုန်လုံး အေအေတွေချည်းပဲ" လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Myint Lwin
Image caption ရခိုင်မြောက်ပိုင်း စစ်ပွဲတွေ အတွင်း အရပ်သား ထိခိုက် သေဆုံးမှုနဲ့ ဖမ်းဆီးခံရမှုတွေ နေ့စဉ်လိုလို ဖြစ်ပေါ်နေ

အောက်တိုဘာ ၂၆ ရက်မှာ ဖြစ်ပွားခဲ့တဲ့ စစ်တွေ-ဘူးသီးတောင်ကို ပြေးဆွဲနေတဲ့ ရွှေနဒီရှပ်ပြေးယာဉ် ၁ စီးပေါ်က တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အေအေက ဖမ်းဆီးတဲ့ ဖြစ်စဉ်မှာလည်း အဲဒီ ရေမျက်ကျေးရွာဘက်ကို ဖြတ်ပြီး ခေါ်ဆောင်သွားခဲ့တာဖြစ်ကြောင်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

ဒါပေမယ့် နီးစပ်သူတွေရဲ့ ပြောဆိုချက်မှာတော့ အောက်တိုဘာ ၃၁ ရက်နေ့ မနက်ပိုင်းမှာ အဲဒီထွက်ပြေးလာသူတွေ ရသေ့တောင်ဆေးရုံကို ရောက်ရှိခဲ့ပြီး ဆေးကုသမှုတွေခံယူနေတဲ့အချိန်မှာလည်း သက်ဆိုင်ရာအဖွဲ့အစည်းကလို့ ယူဆရတဲ့အဖွဲ့က လူတွေက လာရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီလိုမျိုး လာရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့အတွက် သူတို့ကို အေအေ တပ်ဖွဲ့ဝင်တွေဆိုပြီး ထပ်မံဖမ်းဆီးခံရမှာကို စိုးရိမ်နေကြလို့ အခုတော့ သူတို့ ပုန်းရှောင်နေရတယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ အဲဒီကျေးရွာသား ၄ ဦးအနက် ၃ ဦးသာ ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့ပြီး ရေပုတ်ကျေးရွာက ဦးလှထွန်းစိန်ကတော့ ကြိုးဖြေမရတဲ့အတွက် ကျန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံရွာသားတွေနဲ့ မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်အရ အဲဒီ ကျေးရွာသားတွေဟာ တပ်မတော်ရဲ့ဖမ်းဆီးခံခဲ့ရစဉ်အတွင်းမှာ ရိုက်ပုတ်တာတွေ နှိပ်စက်ညှဉ်းပန်းတာတွေကို ခံခဲ့ကြရတဲ့အတွက် ဒဏ်ရာတွေနဲ့ ထွက်ပြေးလွတ်မြောက်လာခဲ့တာ ဖြစ်တယ်လို့ သူတို့ကိုယ်တိုင် ပြောဆိုခဲ့ကြောင်း ဒေသခံ မျက်မြင်တွေက ပြောပါတယ်။

တပ်မတော်ဘက်ကတော့ ဖမ်းဆီးနှိပ်စက်တယ်ဆိုတာတွေကို ငြင်းဆိုပါတယ်။

အောက်တိုဘာ ၃၀ ရက် နေ့မှာ အဲဒီ ရွာသား ၄ ဦးကို ဖမ်းဆီးခဲ့တယ် ဆိုတဲ့ စစ်ကြောင်းဟာ ထီးစွဲကျေးရွာဘက်ကို ထွက်လာခဲ့တဲ့အခါ ဖမ်းထားသူတွေကို အတူ ခေါ်ယူလာခဲ့ပြီး ထီးစွဲကျေးရွာ ကန်ပေါင်ရိုးမှာရှိတဲ့ တိုင်တွေမှာ နောက်ပြန်ကြိုးချည်နှောင် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ် ဆိုပါတယ်။ အဲဒီမှာ ၃ ဦးက စစ်သားတွေ အိပ်ပျော်နေတဲ့အချိန်မှာ ထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်။

ကျန်ရှိခဲ့သူ ရေပုတ်ရွာသား ဦးလှထွန်းစိန် ကိုတော့ နိုဝင်ဘာ ၁ ရက်နေ့မှာ စစ်ကြောင်း ထီးစွဲ ကနေ ပြန်လည် ထွက်ခွာချိန် ရွာအပြင်မှာ ဒဏ်ရာတွေနဲ့ ထားခဲ့တယ်လို့ ထီးစွဲဒေသခံတွေက ပြောပါတယ်။ ဦးလှထွန်းစိန်ဟာ စိတ်ပုံမှန် မဟုတ်တော့တဲ့အနေအထား ရှိပြီး ရွာအပြင် ကွင်းပြင်မှာ ဒဏ်ရာတွေနဲ့ သွားလာနေတာကို တွေ့ရှိရကြောင်း၊ စစ်ကြောင်း ထွက်သွားပြီးနောက်ပိုင်း နိုဝင်ဘာ ၂ ရက်နေ့မှာ ရွာပြင်ကို အသွားအလာ ပြန်လုပ်ကြတဲ့ ဒေသခံ ရွာသားတွေက ပြောပါတယ်။ ဦးလှထွန်းစိန်ကို ပြန်လာခေါ်ယူဖို့ ရေပုတ်ရွာက သူ့ မိသားစုတွေကို ဆက်သွယ် အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။

ရေပုတ်ရွာသား နောက် တစ်ဦး ဖြစ်သူ ဦးကျော်သန်းလှိုင် ကတော့ ထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့် ဘယ်နေရာကို ရောက်နေသလဲဆိုတာ မသိရသေးဘဲ ဆက်သွယ်လို့ မရ ဖြစ်နေတယ် ဆိုပါတယ်။

အခု ဖြစ်စဉ်ကို ထုတ်ဖော် ပြောဆိုကြတဲ့ ဒေသခံတွေရဲ့အမည်တွေကိုတော့ လုံခြုံရေး အခြေအနေကြောင့် ထုတ်ဖော် မပြောဆိုဖို့ သူတို့က တောင်းဆိုပါတယ်။

"သူတို့ အဲ့ဒီမှာ ညှဉ်းပမ်းနှိပ်စက်ခံခဲ့ကြရတဲ့အတွက် ဒဏ်ရာတွေရရှိခဲ့ကြတယ်၊ သံတုတ်နဲ့ရိုက်တာတွေ၊ ဓားနဲ့ထိုးတဲ့ဒဏ်ရာတွေ၊ ကန်ကျောက်ထားတဲ့ ဖိနပ်ရာတွေပါတယ်၊ ကျောက်တန်းရွာက ဦးထွန်းဝေဆိုတဲ့သူမှာ အတွင်းဒဏ်ရာက ပြင်းထန်တယ်" လို့ သိရကြောင်း အမည်မဖော်လိုတဲ့ ရသေ့တောင်မြို့ခံတစ်ဦးက ကို ပြောပါတယ်။

ဖမ်းဆီးခံခဲ့ရသူတွေ ကိုယ်စီမှာ ဒဏ်ရာတွေ ပါလာကြောင်းကိုလည်း သူတို့ရဲ့ မိသားစုဝင်တစ်ဦးက အတည်ပြု ပြောဆိုပါတယ်။

ဖမ်းဆီးခံနေခဲ့ရတဲ့အချိန်မှာ သူတို့ကို တွင်းတူးခိုင်းတာကြောင့် သူတို့ကိုယ်တိုင် တူးခဲ့ကြရကြောင်းနဲ့ တွင်းနှစ်တွင်း ပြီးစီးခဲ့တယ်လို့ ကာယကံရှင်တွေက ပြောကြောင်း နီးစပ်သူတွေက ပြန်လည်ပြောပြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ရွှေနဒီအမြန်ရေယာဉ်ပေါ်က တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် လူ ၆၀ နီးပါးကို အေအေ ဘက်က ဖမ်းဆီးသွားတဲ့အတွက် တပ်မတော်ဘက်က တန်ပြန် နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်ချိန်မှာ ဖမ်းဆီးခဲ့တဲ့ ရေပုတ်ကျေးရွာသား ၁၃ ဦးကို တော့ တပ်မတော်ဘက်က အောက်တိုဘာ ၃၁ ရက်နေ့မှာ ပြန်လည် လွှတ်ပေးခဲ့တဲ့အတွက် ကျေးရွာကို ပြန်လည်ရောက်ရှိလာခဲ့ကြပြီဖြစ်တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေတို့အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတာ ၁ နှစ် နီးပါး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ တိုက်ပွဲတွေအတွင်း အရပ်သားသေဆုံးမှု ၉၀ နီးပါးရှိနေပြီ ဖြစ်သလို ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၁၃၀ ကျော်နဲ့ အကြမ်းဖက် ဥပဒေ အပါအဝင် တခြားပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲဆိုခံနေရသူ ၁၅၀ ကျော်ရှိနေတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။

BBC Burmese
https://www.bbc.com
ရေသ့ေတာင္မွာ တပ္မေတာ္ရဲ႕ ဖမ္းဆီးမႈကေန ထြက္ေျပးခဲ့တယ္ ဆိုတဲ့ ႐ြာသားေတြ ပုန္းေရွာင္ေနရ ရေသ့ေတာင္မွာ တပ္မေတာ္ရဲ႕ ဖမ္းဆီးမႈကေန ထြက္ေျပးခဲ့တယ္ ဆိုတဲ့ ႐ြာသားေတြ ပုန္းေရွာင္ေနရ Reviewed by THITHTOOLWIN on 20:24 Rating: 5
Powered by Blogger.