ေဟာင္ေကာင္ ဆႏၵျပတကၠသိုလ္ လုံၿခဳံေရးမ်ားပိတ္ထားဆဲ


(Zawgyi/Unicode)

ေဟာင္ေကာင္မွာ ဆႏၵျပေက်ာင္းသားေတြေျခကုပ္ယူထားတဲ့ Polytechnic တကၠသိုလ္ေက်ာင္းဝန္းပါတ္လည္ကို ဒုတိယေန႔အျဖစ္ လံုၿခံဳေရးတပ္ဖဲြ႔ေတြ ဆက္ၿပီး ဝိုင္းထားပါတယ္။

တကၠသိုလ္ဝန္းထဲမွာ ပိတ္မိေနတဲ့ ရာနဲ႔ခ်ီတဲ့ ဆႏၵျပသူေတြနဲ႔ပူးေပါင္းဖုိ႔ ဆႏၵျပလူအုပ္ႀကီးက လံုၿခံဳေရးအတားအဆီးေတြကို ညပိုင္းက ေက်ာ္ျဖတ္ဖုိ႔ ႀကိဳးစားခဲ့ၾကပါတယ္။ ဆႏၵျပသူေတြကို ရဲေတြကမ်က္ရည္ယိုဗံုးေတြနဲ႔ ပစ္ေပါက္လူစုခဲြခဲ့ပါတယ္။

ဒီေန႔ အေစာပိုင္းကေတာ့ အထိက႐ုန္း ႏွိမ္ႏွင္းေရး ရဲေတြ ဝိုင္းထားတဲ့ၾကားက ဆႏၵျပေက်ာင္းသားတခ်ဳိ႕ ေက်ာင္းထဲကေန ထြက္ေျပးဖုိ႔ ႀကိဳးစားခဲ့ၾကပါတယ္။ ထြက္ေျပးတဲ့ ဆႏၵျပသူေတြကို ရဲေတြက မ်က္ရည္ယိုဗံုးေတြနဲ႔ ပစ္ေပါက္ခဲ့သလို ေနာက္ကလိုက္ၿပီး ဖမ္းဆီးခဲ့ပါတယ္။

Polytechnic တကၠသိုလ္ပရဝဏ္ထဲမွာ ပိတ္မိေနတ့ဲေက်ာင္းသား ရာနဲ႔ခ်ီ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ထြက္ခြာသြားႏိုင္ဖို႔ ရဲတပ္ဖဲြ႔နဲ႔ ေဆြးေႏြးခဲ့ၿပီးေနာက္ ဆႏၵျပသူေတြဘက္က စၿပီး အင္အားသံုးတဲ့လုပ္ရပ္ေတြ မလုပ္ဘူးဆိုရင္ ရဲတပ္ဖဲြ႔ဘက္ကလည္း အင္အားမသံုးဘူးဆိုတဲ့ အာမခံခ်က္ရခဲ့ေၾကာင္း ေက်ာင္းအုပ္ႀကီး Teng Jin-Guang ကေျပာၾကားခဲ့ပါတယ္။

ေက်ာင္းဝန္းထဲကေန ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ထြက္ခြာခြင့္ကိုလည္း ရ႐ွိခဲ့တယ္လို႔ ေက်ာင္းအုပ္ႀကီးကေျပာေပမဲ့ ဘယ္ေတာ့စၿပီး ေက်ာင္းသားေတြ ထြက္သြားႏိုင္မယ္ဆိုတာ မ႐ွင္းေသးပါဘူး။ တနဂၤေႏြေန႔ညတုန္းကလည္း Polytechnic တကၠသုိလ္ဝန္းထဲဝင္ဖို႔ ႀကိဳးစားတဲ့ရဲေတြနဲ႔ ဆႏၵျပသူေတြ ပဋိပကၡျဖစ္ခဲ့ပါတယ္။

ေက်ာင္းထဲကို ရဲေတြဝင္မလာႏိုင္ေအာင္ ဝင္ေပါက္နားကို ဆႏၵျပသူေတြ မီး႐ႈိ႕ခဲ့ၾကပါတယ္။ ၿပီးခဲ့တဲ့ သီတင္းပါတ္ထဲက တကၠသိုလ္ေက်ာင္းဝန္းတခ်ဳိ႕ထဲမွာ ဆႏၵျပ ေက်ာင္းသားေတြေနရာယူၿပီး ရဲေတြ ဝင္မလာႏိုင္ေအာင္ အတားအဆီးေတြလုပ္ခဲ့ၾကသလို မီးေလာင္ဗံုးေတြ၊ ေလးခြအႀကီးစားေတြ၊ ေက်ာက္ခဲေတြအဆင္သင့္လုပ္ထားခဲ့ၾကပါတယ္။

ေက်ာင္းဝန္းထဲကေန ဆက္ၿပီးခုခံေနမယ္ဆိုရင္ က်ည္အစစ္ေတြနဲ႔ပစ္မယ္လုိ႔ ရဲကအႀကိမ္ႀကိမ္ သတိေပးထားပါတယ္။ တခ်ိန္ထဲမွာပဲ မ်က္ႏွာေတြဖံုးကြယ္ ဆႏၵျပတာ တားျမစ္တဲ့ ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမွဴးရဲ႕ အမိန္႔ဟာ ဖဲြ႔စည္းပံုနဲ႔ မညီဘူးလို႔ ေဟာင္ေကာင္တရား႐ံုးခ်ဳပ္က ဆံုးျဖတ္ခဲ့ပါတယ္။

ေအာက္တိုဘာလက ထုတ္ျပန္ခဲ့တဲ့ အမိန္႔ဟာ အေျခခံအခြင့္အေရးကို ခ်ဳိးေဖာက္တာျဖစ္လုိ႔ ဖဲြ႔စည္းပံုနဲ႔ မညီဘူးလို႔ ဆံုးျဖတ္ခဲ့ပါတယ္။

[Unicode Version]

ဟောင်ကောင် ဆန္ဒပြတက္ကသိုလ် လုံခြုံရေးများပိတ်ထားဆဲ

ဟောင်ကောင်မှာ ဆန္ဒပြကျောင်းသားတွေခြေကုပ်ယူထားတဲ့ Polytechnic တက္ကသိုလ်ကျောင်းဝန်းပါတ်လည်ကို ဒုတိယနေ့အဖြစ် လုံခြုံရေးတပ်ဖွဲ့တွေ ဆက်ပြီး ဝိုင်းထားပါတယ်။

တက္ကသိုလ်ဝန်းထဲမှာ ပိတ်မိနေတဲ့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေနဲ့ပူးပေါင်းဖို့ ဆန္ဒပြလူအုပ်ကြီးက လုံခြုံရေးအတားအဆီးတွေကို ညပိုင်းက ကျော်ဖြတ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဆန္ဒပြသူတွေကို ရဲတွေကမျက်ရည်ယိုဗုံးတွေနဲ့ ပစ်ပေါက်လူစုခွဲခဲ့ပါတယ်။

ဒီနေ့ အစောပိုင်းကတော့ အထိကရုန်း နှိမ်နှင်းရေး ရဲတွေ ဝိုင်းထားတဲ့ကြားက ဆန္ဒပြကျောင်းသားတချို့ ကျောင်းထဲကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ကြပါတယ်။ ထွက်ပြေးတဲ့ ဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ပေါက်ခဲ့သလို နောက်ကလိုက်ပြီး ဖမ်းဆီးခဲ့ပါတယ်။

Polytechnic တက္ကသိုလ်ပရဝဏ်ထဲမှာ ပိတ်မိနေတဲ့ကျောင်းသား ရာနဲ့ချီ ငြိမ်းငြိမ်းချမ်းချမ်း ထွက်ခွာသွားနိုင်ဖို့ ရဲတပ်ဖွဲ့နဲ့ ဆွေးနွေးခဲ့ပြီးနောက် ဆန္ဒပြသူတွေဘက်က စပြီး အင်အားသုံးတဲ့လုပ်ရပ်တွေ မလုပ်ဘူးဆိုရင် ရဲတပ်ဖွဲ့ဘက်ကလည်း အင်အားမသုံးဘူးဆိုတဲ့ အာမခံချက်ရခဲ့ကြောင်း ကျောင်းအုပ်ကြီး Teng Jin-Guang ကပြောကြားခဲ့ပါတယ်။

ကျောင်းဝန်းထဲကနေ ငြိမ်းငြိမ်းချမ်းချမ်း ထွက်ခွာခွင့်ကိုလည်း ရရှိခဲ့တယ်လို့ ကျောင်းအုပ်ကြီးကပြောပေမဲ့ ဘယ်တော့စပြီး ကျောင်းသားတွေ ထွက်သွားနိုင်မယ်ဆိုတာ မရှင်းသေးပါဘူး။ တနင်္ဂနွေနေ့ညတုန်းကလည်း Polytechnic တက္ကသိုလ်ဝန်းထဲဝင်ဖို့ ကြိုးစားတဲ့ရဲတွေနဲ့ ဆန္ဒပြသူတွေ ပဋိပက္ခဖြစ်ခဲ့ပါတယ်။

ကျောင်းထဲကို ရဲတွေဝင်မလာနိုင်အောင် ဝင်ပေါက်နားကို ဆန္ဒပြသူတွေ မီးရှို့ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပါတ်ထဲက တက္ကသိုလ်ကျောင်းဝန်းတချို့ထဲမှာ ဆန္ဒပြ ကျောင်းသားတွေနေရာယူပြီး ရဲတွေ ဝင်မလာနိုင်အောင် အတားအဆီးတွေလုပ်ခဲ့ကြသလို မီးလောင်ဗုံးတွေ၊ လေးခွအကြီးစားတွေ၊ ကျောက်ခဲတွေအဆင်သင့်လုပ်ထားခဲ့ကြပါတယ်။

ကျောင်းဝန်းထဲကနေ ဆက်ပြီးခုခံနေမယ်ဆိုရင် ကျည်အစစ်တွေနဲ့ပစ်မယ်လို့ ရဲကအကြိမ်ကြိမ် သတိပေးထားပါတယ်။ တချိန်ထဲမှာပဲ မျက်နှာတွေဖုံးကွယ် ဆန္ဒပြတာ တားမြစ်တဲ့ ဟောင်ကောင်အုပ်ချုပ်ရေးမှူးရဲ့ အမိန့်ဟာ ဖွဲ့စည်းပုံနဲ့ မညီဘူးလို့ ဟောင်ကောင်တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပါတယ်။

အောက်တိုဘာလက ထုတ်ပြန်ခဲ့တဲ့ အမိန့်ဟာ အခြေခံအခွင့်အရေးကို ချိုးဖောက်တာဖြစ်လို့ ဖွဲ့စည်းပုံနဲ့ မညီဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။

 VOA Burmese
https://burmese.voanews.com
ေဟာင္ေကာင္ ဆႏၵျပတကၠသိုလ္ လုံၿခဳံေရးမ်ားပိတ္ထားဆဲ  ေဟာင္ေကာင္ ဆႏၵျပတကၠသိုလ္ လုံၿခဳံေရးမ်ားပိတ္ထားဆဲ Reviewed by THITHTOOLWIN on 14:51 Rating: 5
Powered by Blogger.