
ဓါတ်ပုံ-လေးငယ်
(Zawgyi)⤵⤵⤵
တောင်ကြီး၊ နိုဝင်ဘာ ၁၈





--------------
(Unicode)⤵⤵⤵
ညောင်ရွှေမြို့နယ်၊ ညောင်ဖြူရွာမှာ ၁၀တန်းကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံး

တောင်ကြီး၊ နိုဝင်ဘာ ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ တောင်ခြေမြင်းစခန်းကျေးရွာအုပ်စု၊ ညောင်ဖြူရွာမှာ ဒီကနေ့ နိုဝင်ဘာလ ၁၈ရက်၊ နေ့လည်ပိုင်းအချိန်က ၁၀တန်းကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ညောင်‌ရွှေမြို့မရဲဏခန်းထံကနေ သိရပါတယ်။

ညောင်ရွှေမြို့နယ်၊ တောင်ခြေမြင်းစခန်းကျေးရွာအုပ်စု၊ ညောင်ဖြူရွာနေ ဦးသိန်ဝင်းအောင်နဲ့ ဒေါ်ခင်မာဌေးတို့ရဲ့ သားဖြစ်သူ မောင်မျိုးမင်း၊ အသက် ၁၉နှစ်(၁၀တန်းကျောင်းသား ပြင်ပဖြေ)က နေအိမ်ခြံဝင်းအတွင်းရှိ ကြက်ခြံမှာ ကြိုးဆွဲချသေဆုံးနေတာဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူရဲ့ခန္ဓာကိုယ်မှာ ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရဘဲ သေဆုံးနေတာဖြစ်ပြီး အလောင်းကို ရွှေမေတ္တာလူမှုစောင့်ရှောက်ရေး နှင့် နာရေးကူညီမှုအဖွဲ့ယာဉ်နဲ့ ညောင်ရွှေပြည်သူ့ဆေးရုံကို ပို့ဆောင်ကာ အသေးစိတ်ကို စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပါတ်သက်ပြီး ညောင်ရွှေမြို့မရဲစခန်းမှာ သေမှုသေခင်းအရ အမှုဖွင့်ထားပြီး အသေးစိတ်ကို စစ်ဆေးလျက်ရှိတယ်လို့လည်း သိရပါတယ်။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
ဓါတ်ပုံ-လေးငယ်
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ညောင်ရွှေမြို့နယ်၊ ညောင်ဖြူရွာမှာ ၁၀တန်းကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံး ညောင်ရွှေမြို့နယ်၊ ညောင်ဖြူရွာမှာ ၁၀တန်းကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံး Reviewed by THITHTOOLWIN on 19:50 Rating: 5
Powered by Blogger.