ကိုယ့္ကေလးေလးကို ထိုင္ကြင္းေပးသုံးသင့္ေသးရဲ႕လား

(Zawgyi)⤵⤵⤵
ႏွစ္စဥ္ႏွစ္တိုင္း ကေလးေထာင္ေပါင္းမ်ားစြာဟာ ထိုင္ကြင္းသုံးျခင္းရဲ႕ ေနာက္ဆက္တြဲျဖစ္တဲ့ ေလွကားေပၚကေန ျပဳတ္က်ၿပီး အေရးေပၚဌာနကိုေရာက္လာၾကပါတယ္။ထိုင္ကြင္းလို႔ေခၚတဲ့ baby walker ေတြထဲဝင္ေနရတာဟာ ကေလးေတြအတြက္ ေပ်ာ္စရာေကာင္းပါတယ္။ဒါေပမယ့္ ဘယ္လိုပဲ လုံၿခဳံေရး အကာအကြယ္ေတြယူယူ ဆယ္စုႏွစ္ေတြအတြင္းမွာ ထိုင္ကြင္းေတြနဲ႔ ဆက္စပ္တဲ့ ထိခိုက္ဒဏ္ရာ အေရအတြက္ဟာ တခ်ိန္လုံးျမင့္တက္ေနတဲ့အတြက္ အေမရိကန္ႏိုင္ငံမွာ ထိုင္ကြင္း အသုံးျပဳမႈကို လုံးဝတားျမစ္ထားပါတယ္။ ၁၉၉၀ ကေန ၂၀၁၄ အတြင္း အသက္ဆယ့္ငါးလေအာက္ ကေလးေပါင္း ႏွစ္သိန္းသုံးေသာင္းေက်ာ္ (၂၃၀၆၇၆)ေယာက္ဟာ ထိုင္ကြင္းေတြေၾကာင့္ ထိခိုက္ဒဏ္ရာ ရခဲ့ပါတယ္။ ကေလးေတြအမ်ားစုဟာ ေခါင္းနဲ႔လည္ပင္းမွာ ထိခိုက္ဒဏ္ရာရခဲ့ၾကတာျဖစ္ၿပီး ၇၅ ရာခိုင္ႏႈန္းဟာ ေလွကားေပၚက ျပဳတ္က်ခဲ့တာျဖစ္ပါတယ္။

ထိုင္ကြင္းဆိုတာ

ထိုင္ကြင္းဆိုတာ ဘီးပါတဲ့ ထိုင္ခုံေတြျဖစ္ၿပီး ေျခေထာက္ခ်ထားဖို႔ အေပါက္လဲပါပါတယ္။ အဓိကအားျဖင့္ အသက္ငါးလကေန ဆယ့္ငါးလအတြင္း လမ္းမေလွ်ာက္တတ္ေသးတဲ့ ကေလးေတြကို သူတို႔ဖာသာသူတို႔ သြားႏိုင္ေအာင္ ကူညီေပးတဲ့ ပစၥည္းတစ္ခုပါ။ ဝဝတုတ္တုတ္ ေျခေထာက္ ကေလးေတြကို ကန္ၿပီး အခန္းတစ္ခုထဲမွာ ေလွ်ာက္သြားေနတဲ့ကေလးေလးတစ္ေယာက္ကို ၾကည့္ရတာေပ်ာ္စရာ ေကာင္းႏိုင္ပါတယ္။ ဒါ့အျပင္ မိဘေတြအေနနဲ႔ တျခားအလုပ္မ်ားေနခ်ိန္မွာ ကေလးသူဖာသာေနေအာင္ ခဏထားထားလို႔လဲရေစပါတယ္။ ဒါေပမယ့္ တၿပိဳင္နက္တည္းမွာပဲ ကေလးဟာ ေနရာေတာ္ေတာ္မ်ားမ်ားကို သူ႔ဖာသာသြားၿပီး ပစၥည္းေတြကို ဝင္တိုက္မိႏိုင္သလို ေလွကား အစြန္းကေနလဲ လိမ့္က်ႏိုင္ပါတယ္။
ဘယ္လိုထိခိုက္ဒဏ္ရာေတြရသလဲ

ႂကြက္သားနာက်င္ ဖူးေရာင္ဒဏ္ရာ၊ ဦးေႏွာက္ခဏတာလႈပ္ခတ္ျခင္း နဲ႔ ေခါင္းအတြင္းပိုင္း ထိခိုက္ဒဏ္ရာအျပင္ ျပတ္ရွဒဏ္ရာေတြရတတ္ပါတယ္။ တခ်ိဳ႕ကေလးေတြကေတာ့ ဦးေခါင္းခြံ ကြဲအက္ျခင္းနဲ႔ ဦးေႏွာက္ကိုထိခိုက္မိျခင္းလို ပိုျပင္းထန္တဲ့ ဒဏ္ရာေတြရၾကပါတယ္။ ဒီလိုဆို မိဘေတြအေနနဲ႔ ေလွကားထိပ္ကိုပိတ္ၿပီး အႏၲရာယ္ကင္းေအာင္လုပ္လို႔မရဘူးလား၊ ေလွကားမရွိတဲ့ တစ္ထပ္အိမ္ ေတြမွာဆိုရင္ေရာ အႏၲရာယ္မကင္းဘူးလားဆိုရင္ မကင္းပါဘူး။ ဘာလို႔လဲဆိုေတာ့ ထိုင္ကြင္းေတြရဲ႕ ဒုတိယအျဖစ္အမ်ားဆုံးအေၾကာင္းအရင္းက ကေလးဟာ ဘာနဲ႔မွမတိုက္မိဘဲနဲ႔လဲ ထိုင္ကြင္းထဲကေန ျပဳတ္က်တာမို႔လို႔ပါပဲ။ ေနာက္တစ္ခုက ပုံမွန္ထက္ပိုၿပီး သြားလာရ လြယ္ကူေနတဲ့အတြက္ အႏၲရာယ္ရွိတဲ့ ပစၥည္းေတြကို ထိမိကိုင္မိရာကေနလဲ ဒုကၡေတြ႕တတ္ပါတယ္။ ဥပမာ ေရေႏြးအိုးအပူကိုကိုင္မိလို႔ အပူေလာင္တာ၊ ေရေႏြးပူဖိတ္က်တာမ်ိဳး၊ ႂကြက္ခ်ီးခြၽတ္ေဆးရည္လိုဟာမ်ိဳးကို ေသာက္မိတာမ်ိဳး။

ေလ့လာသူေတြက “ ထိုင္ကြင္းသုံးလိုက္တဲ့အခါ ကေလးေတြအေနနဲ႔ ပုံမွန္ဆိုေရာက္ဖို႔သိပ္မလြယ္တဲ့ အႏၲရာယ္မ်ားတဲ့ ပစၥည္းေတြနဲ႔ ထိေတြ႕ဖို႔အလြန္နီးစပ္သြားတယ္” လို႔ဆိုပါတယ္။ အေမရိကန္ ကေလး က်န္းမာေရး အကယ္ဒမီက ေဖာ္ျပခ်က္အရ အေမရိကန္ႏိုင္ငံမွာ ၁၉၇၃ ကေန ၁၉၉၈ အတြင္း ထိုင္ကြင္းသုံးျခင္းေၾကာင့္ ထိခိုက္ဒဏ္ရာရၿပီး ေသဆုံးတဲ့ ကေလးအေရအတြက္ဟာ ၃၄ ေယာက္ရွိခဲ့တယ္လို႔ ဆိုပါတယ္။ ၁၉၉၀ ပတ္ဝန္းက်င္ေရာက္လာတဲ့အခါမွာေတာ့ ထိုင္ကြင္းရဲ႕ အႏၲရာယ္ကို လူေတြသတိျပဳမိလာၿပီး လႈပ္ရွားတက္ႂကြသူတခ်ိဳ႕က ဒီပစၥည္းကို ေဈးကြက္မွာ ေရာင္းခြင့္ပိတ္ပစ္ဖို႔ စတင္ေတာင္းဆိုလာ ၾကပါ တယ္။၁၉၉၆ေရာက္တဲ့အခါ ထိုင္ကြင္းေတြရဲ႕ လုံၿခဳံစိတ္ခ်ရမႈကို တိုးျမႇင့္တဲ့အေနနဲ႔ တံခါးေပါက္ထက္ ထိုင္ကြင္းအ႐ြယ္အစားပိုႀကီးရမယ္၊ ဒါ့အျပင္ အရွိန္ထိန္းဖို႔ ဘရိတ္ကိုလည္းထည့္သြင္းရမယ္လို႔ ေၾကညာခဲ့ပါတယ္။ အက်ိဴးဆက္အေနနဲ႔ ထိုင္ကြင္းေၾကာင့္ ထိခိုက္ဒဏ္ရာရမႈဟာ ၁၉၉၃ နဲ႔ ၂၀ဝ၃ ၾကားမွာ ၈၅% ေလာက္က်သြားပါတယ္။ က်သြားတယ္ဆိုေပမယ့္ ေထာင္ေပါင္းမ်ားစြာေသာကေလးေတြဟာ ထိုင္ကြင္းေၾကာင့္ ဒဏ္ရာေတြ ရေနတုန္းပါပဲ။

၂၀ဝ၄ နဲ႔ ၂၀ဝ၈ ၾကားမွာေတာ့ အေမရိကန္ႏိုင္ငံမွာ ကေလးရွစ္ေယာက္ဟာ ထိုင္ကြင္းေၾကာင့္ ရရွိတဲ့ ဒဏ္ရာေတြေၾကာင့္ ေသဆုံးခဲ့ပါတယ္။ ဒါေပမယ့္ ခုခ်ိန္ထိ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ ထိုင္ကြင္းေတြကို ေရာင္းခ်ေနဆဲျဖစ္သလို ပစၥည္းေတြဟာ လုံၿခဳံစိတ္ခ်ရမႈစည္းမ်ဥ္းေတြကိုလဲ လိုက္နာၿပီး ထုတ္ထားၾကတာေတြ မဟုတ္ပါဘူး။ “သတိေပးစာေတြဘယ္ေလာက္ပဲကပ္ကပ္၊ မိဘေတြကို ဘယ္ေလာက္ပဲ ပညာေပးေပး၊ ေတာ္ေတာ္မ်ားမ်ားဟာ ထိုင္ကြင္းေတြကို ကေလးေတြကို ဝယ္ယူ သုံးစြဲေနဆဲပါပဲ” လို႔ CPSC ရဲ႕ စာေရးသူက ဆိုပါတယ္။ ထိုင္ကြင္းေတြဟာ အႏၲရာယ္ရွိ႐ုံမွ်မက ေကာင္းက်ိဳးကိုလဲ ယူေဆာင္မေပးႏိုင္ပါဘူး။ အေမရိကန္ႏိုင္ငံမွာေတာ့ ထိုင္ကြင္းေတြေရာင္းခ်ခြင့္ကို လုံးဝပိတ္ပင္လိုက္ပါၿပီ။ ဒါေၾကာင့္ သင့္ကေလးငယ္အတြက္ ထိုင္ကြင္းအသုံးမျပဳျခင္းဟာ ေကာင္းမြန္တဲ့ ေ႐ြးခ်ယ္မႈသာျဖစ္တဲ့အေၾကာင္း တင္ျပေပးလိုက္ရပါတယ္။

ေရးသားသူ Dr. Seinn Moe Satt
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
---------------
(Unicode)⤵⤵⤵
ကိုယ့်ကလေးလေးကို ထိုင်ကွင်းပေးသုံးသင့်သေးရဲ့လား

နှစ်စဉ်နှစ်တိုင်း ကလေးထောင်ပေါင်းများစွာဟာ ထိုင်ကွင်းသုံးခြင်းရဲ့ နောက်ဆက်တွဲဖြစ်တဲ့ လှေကားပေါ်ကနေ ပြုတ်ကျပြီး အရေးပေါ်ဌာနကိုရောက်လာကြပါတယ်။ထိုင်ကွင်းလို့ခေါ်တဲ့ baby walker တွေထဲဝင်နေရတာဟာ ကလေးတွေအတွက် ပျော်စရာကောင်းပါတယ်။ဒါပေမယ့် ဘယ်လိုပဲ လုံခြုံရေး အကာအကွယ်တွေယူယူ ဆယ်စုနှစ်တွေအတွင်းမှာ ထိုင်ကွင်းတွေနဲ့ ဆက်စပ်တဲ့ ထိခိုက်ဒဏ်ရာ အရေအတွက်ဟာ တချိန်လုံးမြင့်တက်နေတဲ့အတွက် အမေရိကန်နိုင်ငံမှာ ထိုင်ကွင်း အသုံးပြုမှုကို လုံးဝတားမြစ်ထားပါတယ်။ ၁၉၉၀ ကနေ ၂၀၁၄ အတွင်း အသက်ဆယ့်ငါးလအောက် ကလေးပေါင်း နှစ်သိန်းသုံးသောင်းကျော် (၂၃၀၆၇၆)ယောက်ဟာ ထိုင်ကွင်းတွေကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ ကလေးတွေအများစုဟာ ခေါင်းနဲ့လည်ပင်းမှာ ထိခိုက်ဒဏ်ရာရခဲ့ကြတာဖြစ်ပြီး ၇၅ ရာခိုင်နှုန်းဟာ လှေကားပေါ်က ပြုတ်ကျခဲ့တာဖြစ်ပါတယ်။

ထိုင်ကွင်းဆိုတာ

ထိုင်ကွင်းဆိုတာ ဘီးပါတဲ့ ထိုင်ခုံတွေဖြစ်ပြီး ခြေထောက်ချထားဖို့ အပေါက်လဲပါပါတယ်။ အဓိကအားဖြင့် အသက်ငါးလကနေ ဆယ့်ငါးလအတွင်း လမ်းမလျှောက်တတ်သေးတဲ့ ကလေးတွေကို သူတို့ဖာသာသူတို့ သွားနိုင်အောင် ကူညီပေးတဲ့ ပစ္စည်းတစ်ခုပါ။ ဝဝတုတ်တုတ် ခြေထောက် ကလေးတွေကို ကန်ပြီး အခန်းတစ်ခုထဲမှာ လျှောက်သွားနေတဲ့ကလေးလေးတစ်ယောက်ကို ကြည့်ရတာပျော်စရာ ကောင်းနိုင်ပါတယ်။ ဒါ့အပြင် မိဘတွေအနေနဲ့ တခြားအလုပ်များနေချိန်မှာ ကလေးသူဖာသာနေအောင် ခဏထားထားလို့လဲရစေပါတယ်။ ဒါပေမယ့် တပြိုင်နက်တည်းမှာပဲ ကလေးဟာ နေရာတော်တော်များများကို သူ့ဖာသာသွားပြီး ပစ္စည်းတွေကို ဝင်တိုက်မိနိုင်သလို လှေကား အစွန်းကနေလဲ လိမ့်ကျနိုင်ပါတယ်။
ဘယ်လိုထိခိုက်ဒဏ်ရာတွေရသလဲ

ကြွက်သားနာကျင် ဖူးရောင်ဒဏ်ရာ၊ ဦးနှောက်ခဏတာလှုပ်ခတ်ခြင်း နဲ့ ခေါင်းအတွင်းပိုင်း ထိခိုက်ဒဏ်ရာအပြင် ပြတ်ရှဒဏ်ရာတွေရတတ်ပါတယ်။ တချို့ကလေးတွေကတော့ ဦးခေါင်းခွံ ကွဲအက်ခြင်းနဲ့ ဦးနှောက်ကိုထိခိုက်မိခြင်းလို ပိုပြင်းထန်တဲ့ ဒဏ်ရာတွေရကြပါတယ်။ ဒီလိုဆို မိဘတွေအနေနဲ့ လှေကားထိပ်ကိုပိတ်ပြီး အန္တရာယ်ကင်းအောင်လုပ်လို့မရဘူးလား၊ လှေကားမရှိတဲ့ တစ်ထပ်အိမ် တွေမှာဆိုရင်ရော အန္တရာယ်မကင်းဘူးလားဆိုရင် မကင်းပါဘူး။ ဘာလို့လဲဆိုတော့ ထိုင်ကွင်းတွေရဲ့ ဒုတိယအဖြစ်အများဆုံးအကြောင်းအရင်းက ကလေးဟာ ဘာနဲ့မှမတိုက်မိဘဲနဲ့လဲ ထိုင်ကွင်းထဲကနေ ပြုတ်ကျတာမို့လို့ပါပဲ။ နောက်တစ်ခုက ပုံမှန်ထက်ပိုပြီး သွားလာရ လွယ်ကူနေတဲ့အတွက် အန္တရာယ်ရှိတဲ့ ပစ္စည်းတွေကို ထိမိကိုင်မိရာကနေလဲ ဒုက္ခတွေ့တတ်ပါတယ်။ ဥပမာ ရေနွေးအိုးအပူကိုကိုင်မိလို့ အပူလောင်တာ၊ ရေနွေးပူဖိတ်ကျတာမျိုး၊ ကြွက်ချီးချွတ်ဆေးရည်လိုဟာမျိုးကို သောက်မိတာမျိုး။

လေ့လာသူတွေက “ ထိုင်ကွင်းသုံးလိုက်တဲ့အခါ ကလေးတွေအနေနဲ့ ပုံမှန်ဆိုရောက်ဖို့သိပ်မလွယ်တဲ့ အန္တရာယ်များတဲ့ ပစ္စည်းတွေနဲ့ ထိတွေ့ဖို့အလွန်နီးစပ်သွားတယ်” လို့ဆိုပါတယ်။ အမေရိကန် ကလေး ကျန်းမာရေး အကယ်ဒမီက ဖော်ပြချက်အရ အမေရိကန်နိုင်ငံမှာ ၁၉၇၃ ကနေ ၁၉၉၈ အတွင်း ထိုင်ကွင်းသုံးခြင်းကြောင့် ထိခိုက်ဒဏ်ရာရပြီး သေဆုံးတဲ့ ကလေးအရေအတွက်ဟာ ၃၄ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ၁၉၉၀ ပတ်ဝန်းကျင်ရောက်လာတဲ့အခါမှာတော့ ထိုင်ကွင်းရဲ့ အန္တရာယ်ကို လူတွေသတိပြုမိလာပြီး လှုပ်ရှားတက်ကြွသူတချို့က ဒီပစ္စည်းကို ဈေးကွက်မှာ ရောင်းခွင့်ပိတ်ပစ်ဖို့ စတင်တောင်းဆိုလာ ကြပါ တယ်။၁၉၉၆ရောက်တဲ့အခါ ထိုင်ကွင်းတွေရဲ့ လုံခြုံစိတ်ချရမှုကို တိုးမြှင့်တဲ့အနေနဲ့ တံခါးပေါက်ထက် ထိုင်ကွင်းအရွယ်အစားပိုကြီးရမယ်၊ ဒါ့အပြင် အရှိန်ထိန်းဖို့ ဘရိတ်ကိုလည်းထည့်သွင်းရမယ်လို့ ကြေညာခဲ့ပါတယ်။ အကျိူးဆက်အနေနဲ့ ထိုင်ကွင်းကြောင့် ထိခိုက်ဒဏ်ရာရမှုဟာ ၁၉၉၃ နဲ့ ၂၀ဝ၃ ကြားမှာ ၈၅% လောက်ကျသွားပါတယ်။ ကျသွားတယ်ဆိုပေမယ့် ထောင်ပေါင်းများစွာသောကလေးတွေဟာ ထိုင်ကွင်းကြောင့် ဒဏ်ရာတွေ ရနေတုန်းပါပဲ။

၂၀ဝ၄ နဲ့ ၂၀ဝ၈ ကြားမှာတော့ အမေရိကန်နိုင်ငံမှာ ကလေးရှစ်ယောက်ဟာ ထိုင်ကွင်းကြောင့် ရရှိတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ပါတယ်။ ဒါပေမယ့် ခုချိန်ထိ နိုင်ငံတော်တော်များများမှာ ထိုင်ကွင်းတွေကို ရောင်းချနေဆဲဖြစ်သလို ပစ္စည်းတွေဟာ လုံခြုံစိတ်ချရမှုစည်းမျဉ်းတွေကိုလဲ လိုက်နာပြီး ထုတ်ထားကြတာတွေ မဟုတ်ပါဘူး။ “သတိပေးစာတွေဘယ်လောက်ပဲကပ်ကပ်၊ မိဘတွေကို ဘယ်လောက်ပဲ ပညာပေးပေး၊ တော်တော်များများဟာ ထိုင်ကွင်းတွေကို ကလေးတွေကို ဝယ်ယူ သုံးစွဲနေဆဲပါပဲ” လို့ CPSC ရဲ့ စာရေးသူက ဆိုပါတယ်။ ထိုင်ကွင်းတွေဟာ အန္တရာယ်ရှိရုံမျှမက ကောင်းကျိုးကိုလဲ ယူဆောင်မပေးနိုင်ပါဘူး။ အမေရိကန်နိုင်ငံမှာတော့ ထိုင်ကွင်းတွေရောင်းချခွင့်ကို လုံးဝပိတ်ပင်လိုက်ပါပြီ။ ဒါကြောင့် သင့်ကလေးငယ်အတွက် ထိုင်ကွင်းအသုံးမပြုခြင်းဟာ ကောင်းမွန်တဲ့ ရွေးချယ်မှုသာဖြစ်တဲ့အကြောင်း တင်ပြပေးလိုက်ရပါတယ်။

ရေးသားသူ Dr. Seinn Moe Satt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ကိုယ့္ကေလးေလးကို ထိုင္ကြင္းေပးသုံးသင့္ေသးရဲ႕လား ကိုယ့္ကေလးေလးကို ထိုင္ကြင္းေပးသုံးသင့္ေသးရဲ႕လား Reviewed by THITHTOOLWIN on 11:09 Rating: 5
Powered by Blogger.