အာဆီယံ ေခါင္းေဆာင္ေတြ ကုန္သြယ္ေရး ဦးစားေပး ေဆြးေႏြးဖို႔ရွိ

ASEAN ထိပ္သီးအစည္းအေဝး တက္လာတဲ့ ႏိုင္ငံေတာ္အတိုင္ ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကို ထိုင္းဒုတိယ ၀န္ႀကီးခ်ဳပ္ Anutin Charnvirakul က လာေရာက္ႀကိဳဆို (ဓါတ္ပံု-ASEAN)

(Zawgyi/Unicode)

ထိုင္းႏုိင္ငံ၊ ဘန္ေကာက္ၿမိဳ႕ေတာ္မွာက်င္းပေနတဲ့ အေရွ႕ေတာင္အာရွႏုိ္င္ငံမ်ားအဖြဲ႔ (ASEAN) ထိပ္သီးအစည္းအေဝးမွာ ကုန္သြယ္ေရးကိစၥက အဓိကေဆြးေႏြးမယ့္ အေၾကာင္းအရာျဖစ္ၿပီး ေဒသတြင္း ျပႆနာေတြနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးဖို႔မရွိ သေလာက္ပဲလို႔ ခန္႔မွန္းထားတဲ့အေၾကာင္း သံတမန္ သတင္းရင္းျမစ္ေတြကို ကိုးကားၿပီး ႐ိုက္တာသတင္းမွာ ေရးထားပါတယ္။

႐ိုက္တာသတင္းဌာနက ၾကည့္ခြင့္ရတဲ့ ထိပ္သီးအစည္းအေဝးအဆံုးသတ္ ထုတ္ျပန္ဖုိ႔ျပင္ထားတဲ့ ေၾကညာခ်က္မူၾကမ္းထဲမွာ အာဆီယံေခါင္းေဆာင္ေတြအေနနဲ႔ “ကုန္သြယ္ေရးတင္းမာမႈ ျမင့္မားလာေနတာ၊ ကိုယ္က်ဳိးစီးပြား ကာကြယ္ေရးနဲ႔ တကမာၻလံုး လႊမ္းျခံဳျဖန္႔က်က္မႈအေပၚ ဆန္႔က်င္ေျပာဆိုတာေတြ ဆက္ရွိေနတာ” ေတြအေပၚ အထူးစိုးရိမ္တဲ့အေၾကာင္း ေဖာ္ျပထားပါတယ္။

ကုန္သြယ္ေရးနဲ႔ဆိုင္တာကို ေခါင္းေဆာင္ေတြ အဓိကေဆြးေႏြးၾကဖို႔ရွိၿပီး ေတာင္တ႐ုတ္ပင္လယ္အေရး တ႐ုတ္နဲ႔အျငင္းပြားေန တာ၊ ျမန္မာႏုိင္ငံကေနထြက္ေျပးသြားတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြအေရး စတဲ့ ေဒသတြင္းမွာ မၿပီးျပတ္ေသးတဲ့ အေရးကိစၥေတြကို အနည္းအက်ဥ္းပဲ ေဆြးေႏြးၾကဖို႔ရွိမယ္လုိ႔ သံတမန္ေတြကေျပာပါတယ္။

ႏုိ္င္ငံတကာက ႐ိုဟင္ဂ်ာလို႔ေခၚဆိုတာကို အသိအမွတ္မျပဳတဲ့ ျမန္မာႏုိ္င္ငံအေနနဲ႔ ဒီထိပ္သီးအစည္းအေဝးမွာႏုိင္ငံေတာ္အတိုင္ ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ တက္ေရာက္ေနပါတယ္။

တ႐ုတ္နဲ႔အေမရိကန္ၾကား ကုန္သြယ္ေရးစစ္ပြဲေၾကာင့္ အာဆီယံႏုိင္ငံေတြမွာ ထိခိုက္မႈရွိေနၿပီး ေဒသတြင္း ဖြံ႔ၿဖိဳးတိုးတက္မႈဟာ ငါးႏွစ္အတြင္း အနိမ့္ဆံုးျဖစ္မယ္လို႔ ခန္႔မွန္းထားပါတယ္။ အာဆီယံေဒသရဲ႕ လူဦးေရစုစုေပါင္းက သန္းေပါင္း ၆၂၀ ပဲရွိတာမို႔ တ႐ုတ္လူဦးေရရဲ႕ ထက္ဝက္ေအာက္နည္းၿပီး ေဒသတြင္းမွာ တ႐ုတ္လႊမ္းမိုးမႈ တိုးလာေနတာကိုလည္း ေခါင္းေဆာင္ေတြ စိုးရိမ္ ေနၾကတာပါ။

တ႐ုတ္ရဲ႕လႊမ္းမိုးမႈကို တန္ျပန္တဲ့ေနရာမွာ အဓိကမဟာမိတ္အျဖစ္ အာဆီယံကသတ္မွတ္ထားတဲ့ အေမရိကန္ျပည္ေထာင္စုက လည္း ဒီႏွစ္အစည္းအေဝးေတြကိုတက္မယ့္ ကိုယ္စားလွယ္အဆင့္အတန္းကို ေလွ်ာ့ခ်ၿပီးေတာ့ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးနဲ႔ အမ်ဳိးသားလံုျခံဳေရးအၾကံေပးပုဂၢိဳလ္တို႔ကိုပဲ လႊတ္ထားပါတယ္။

ဒါေၾကာင့္ အာဆီယံထိပ္သီးအစည္းအေဝးနဲ႔ တျခားဆက္စပ္ အစည္းအေဝးေတြဟာ တျခားႏုိင္ငံေတြက သတ္မွတ္သေလာက္ အေရးမႀကီးဘူးဆိုတာ အေမရိကန္က ျပသလိုက္တာပဲလို႔ ေဒသတြင္းေလ့လာသူေတြက သံုးသပ္ပါတယ္။

...............

(Unicode)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာကျင်းပနေတဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ထိပ်သီးအစည်းအဝေးမှာ ကုန်သွယ်ရေးကိစ္စက အဓိကဆွေးနွေးမယ့် အကြောင်းအရာဖြစ်ပြီး ဒေသတွင်း ပြဿနာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့မရှိ သလောက်ပဲလို့ ခန့်မှန်းထားတဲ့အကြောင်း သံတမန် သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးထားပါတယ်။

ရိုက်တာသတင်းဌာနက ကြည့်ခွင့်ရတဲ့ ထိပ်သီးအစည်းအဝေးအဆုံးသတ် ထုတ်ပြန်ဖို့ပြင်ထားတဲ့ ကြေညာချက်မူကြမ်းထဲမှာ အာဆီယံခေါင်းဆောင်တွေအနေနဲ့ “ကုန်သွယ်ရေးတင်းမာမှု မြင့်မားလာနေတာ၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးနဲ့ တကမ္ဘာလုံး လွှမ်းခြုံဖြန့်ကျက်မှုအပေါ် ဆန့်ကျင်ပြောဆိုတာတွေ ဆက်ရှိနေတာ” တွေအပေါ် အထူးစိုးရိမ်တဲ့အကြောင်း ဖော်ပြထားပါတယ်။

ကုန်သွယ်ရေးနဲ့ဆိုင်တာကို ခေါင်းဆောင်တွေ အဓိကဆွေးနွေးကြဖို့ရှိပြီး တောင်တရုတ်ပင်လယ်အရေး တရုတ်နဲ့အငြင်းပွားနေ တာ၊ မြန်မာနိုင်ငံကနေထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအရေး စတဲ့ ဒေသတွင်းမှာ မပြီးပြတ်သေးတဲ့ အရေးကိစ္စတွေကို အနည်းအကျဉ်းပဲ ဆွေးနွေးကြဖို့ရှိမယ်လို့ သံတမန်တွေကပြောပါတယ်။

နိုင်ငံတကာက ရိုဟင်ဂျာလို့ခေါ်ဆိုတာကို အသိအမှတ်မပြုတဲ့ မြန်မာနိုင်ငံအနေနဲ့ ဒီထိပ်သီးအစည်းအဝေးမှာနိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်နေပါတယ်။

တရုတ်နဲ့အမေရိကန်ကြား ကုန်သွယ်ရေးစစ်ပွဲကြောင့် အာဆီယံနိုင်ငံတွေမှာ ထိခိုက်မှုရှိနေပြီး ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုဟာ ငါးနှစ်အတွင်း အနိမ့်ဆုံးဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။ အာဆီယံဒေသရဲ့ လူဦးရေစုစုပေါင်းက သန်းပေါင်း ၆၂၀ ပဲရှိတာမို့ တရုတ်လူဦးရေရဲ့ ထက်ဝက်အောက်နည်းပြီး ဒေသတွင်းမှာ တရုတ်လွှမ်းမိုးမှု တိုးလာနေတာကိုလည်း ခေါင်းဆောင်တွေ စိုးရိမ် နေကြတာပါ။

တရုတ်ရဲ့လွှမ်းမိုးမှုကို တန်ပြန်တဲ့နေရာမှာ အဓိကမဟာမိတ်အဖြစ် အာဆီယံကသတ်မှတ်ထားတဲ့ အမေရိကန်ပြည်ထောင်စုက လည်း ဒီနှစ်အစည်းအဝေးတွေကိုတက်မယ့် ကိုယ်စားလှယ်အဆင့်အတန်းကို လျှော့ချပြီးတော့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးနဲ့ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်တို့ကိုပဲ လွှတ်ထားပါတယ်။

ဒါကြောင့် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ တခြားဆက်စပ် အစည်းအဝေးတွေဟာ တခြားနိုင်ငံတွေက သတ်မှတ်သလောက် အရေးမကြီးဘူးဆိုတာ အမေရိကန်က ပြသလိုက်တာပဲလို့ ဒေသတွင်းလေ့လာသူတွေက သုံးသပ်ပါတယ်။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
အာဆီယံ ေခါင္းေဆာင္ေတြ ကုန္သြယ္ေရး ဦးစားေပး ေဆြးေႏြးဖို႔ရွိ အာဆီယံ ေခါင္းေဆာင္ေတြ ကုန္သြယ္ေရး ဦးစားေပး ေဆြးေႏြးဖို႔ရွိ Reviewed by THITHTOOLWIN on 20:35 Rating: 5
Powered by Blogger.