ရေသ့ေတာင္တိုက္ပြဲျပင္းထန္လို႔ ေဒသခံေထာင္နဲ႔ခ်ီ ထြက္ေျပးေန

ရေသ့ေတာင္ၿမိဳ႕နယ္ မိုးစဲကြၽန္း ဦးဂါေက်း႐ြာကို ေရာက္ရွိေနၾကတဲ့ စစ္ေဘးေရွာင္ဒုကၡသည္ေတြကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ရကၡိဳင့္တပ္ေတာ္ AA က ရေသ့ေတာင္ၿမိဳ႕မွာရွိတဲ့ တပ္မေတာ္ တပ္ရင္း သုံးခုကို လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တိုက္ခိုက္ၿပီးေနာက္ပိုင္း ႏွစ္ဖက္တိုက္ပြဲျပင္းထန္ေနတာေၾကာင့္ ေဒသခံေထာင္နဲ႔ခ်ီ အိုးအိမ္စြန႔္ခြာ ထြက္ေျပးေနၾကပါတယ္။

ဒီတပတ္အတြင္း ရေသ့ေတာင္မွာ ျဖစ္ပြားတဲ့ တိုက္ပြဲဟာ ဒီႏွစ္အတြင္း အျပင္းထန္ဆုံးပဲလို႔  ရခိုင္ျပည္နယ္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ တစ္ဦးျဖစ္တဲ့ ဦးခင္ေမာင္လတ္က ေျပာပါတယ္။

ဒီတိုက္ပြဲေတြေၾကာင့္ ႏြားလားေက်ာ္ေက်း႐ြာအုပ္စုနဲ႔ ေက်ာက္တန္းေက်း႐ြာအုပ္စုက ေဒသခံ ငါးေထာင္ေက်ာ္ အိုးအိမ္စြန႔္ခြာၿပီး ထြက္ေျပးေနရတာလို႔ အရပ္ဖက္အဖြဲ႕ေတြနဲ႔  လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ဆိုပါတယ္။

“လူဦးေရ  ငါးေထာင္ေလာက္ရွိမယ္၊ ပုဏၰကြၽန္းဘက္ကလည္း ေျပးေနရတာရွိတယ္၊ အဲတိုက္ပြဲျဖစ္ေနတာက ပုဏၰားကြၽန္းနဲ႔ ရေသ့ေတာင္ၿမိဳ႕နယ္အစပ္ေလ၊ အဲဒီၾကားက ေတာင္တန္းေပၚမွာဆိုေတာ့ ဟိုဘက္ဒီဘက္႐ြာေတြ အကုန္လုံးေျပးတာဘဲ၊ သူတို႔က နီးစပ္ရာေက်း႐ြာေတြမွာပဲ ေျပးၾကတာ၊ ၿမိဳ႕ေပၚတတ္တဲ့လူ နည္းတယ္၊ ၿမိဳ႕ေပၚမွာ ပထမတုန္းကလည္း တစ္ေထာင္ေလာက္ရွိတယ္၊ ဒီေလးငါးရက္အတြင္းဆိုေတာ့ အကုန္ႏွစ္ေထာင္ေလာက္ရွိမယ္၊ ခုျဖစ္ေနတဲ့တိုက္ပြဲက ဒီတစ္ႏွစ္အတြင္း အျပင္းထန္ဆုံးပဲေလ၊ ဒါမ်ိဳးအရင္ကမျဖစ္ခဲ့ဘူး”

အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္ ေျပာသြားတာပါ။

ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံး REC ကလည္း ဒီတစ္ပတ္အတြင္း ထြက္ေျပးေနရတဲ့ ဒုကၡသည္ ငါးေထာင္ေလာက္ရွိတယ္လို႔ ခန႔္မွန္းထားပါတယ္။

တိုက္ပြဲဆက္လက္ျဖစ္ပြားေနတာေၾကာင့္ စာရင္းအခ်က္အလက္အတိအက် ေကာက္ယူဖို႔ေတာ့ လတ္တေလာမွာ အခက္အခဲရွိတယ္လို႔ ဒုကၡသည္အေရး ကူညီေနတဲ့ REC အတြင္းေရးမႉး ဦးေဇာ္ေဇာ္ထြန္း  ေျပာတာက

“က်ေနာ္တို႔ နည္းနည္းေျပာရခက္တယ္ဗ်၊ အေျခအေနေတြက ဘယ္မွာမွ သြားၿပီးေလ့လာလို႔မရတဲ့ အေျခအေနျဖစ္ေနတယ္၊ အဲဒီနားသြားရင္ေတာင္ ဘာမွလုပ္လို႔မရေတာ့ဘူး၊ အနည္းဆုံးေတာ့ ငါးေထာင္နဲ႔အထက္မွာ ရွိတယ္ဗ်၊ ဒီရက္ပိုင္းမွာျဖစ္တဲ့ တိုက္ပြဲေတြေၾကာင့္ အဲေဒသမွာ လူဦးေရ ငါးေထာင္ေက်ာ္ စစ္ေဘးသင့္တယ္”

တိုက္ပြဲအတြင္း တပ္မေတာ္ဘက္က လက္နက္ႀကီးေတြ အသုံးျပဳေနတာေၾကာင့္ ႏြားလားေက်ာ္၊ ထီးစြဲ၊ လမုန္းတိုင္း၊ ႏြားတင္းကုတ္ အပါအဝင္ ေက်း႐ြာ ၁၀ ေက်ာ္ဟာ ႐ြာလုံးကြၽတ္နီးပါး ထြက္ေျပးေနရတာလို႔ သိရပါတယ္။ အဲဒီထဲက တစ္ေထာင္ေက်ာ္ဟာ ရေသ့ေတာင္ၿမိဳ႕ေပၚကို ေရာက္ရွိေနၿပီး က်န္ ေလးေထာင္ေလာက္ကေတာ့ အနီးအနားက ႐ြာေတြမွာ ခိုလႈံေနၾကပါတယ္။

လက္ရွိ ရေသ့ေတာင္ၿမိဳ႕ေပၚက ဘုန္းႀကီးေက်ာင္းေတြမွာ ဒုကၡသည္ေတြနဲ႔ ျပည့္ေနၿပီလို႔ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚခင္ေစာေဝက ေျပာပါတယ္။

တိုက္ပြဲဆက္ျပင္းထန္ေနမယ္ဆိုရင္ ထပ္တိုးေရာက္ရွိလာမယ့္သူေတြအတြက္ ေနရာအခက္အခဲရွိတယ္လို႔ သူက ဆက္ေျပာပါတယ္။

“အခုဆိုရင္ ရေသ့ေတာင္ၿမိဳ႕ေပၚမွာ စစ္ေဘးေရွာင္ေတြ မ်ားလာတာေၾကာင့္ ေနရာထိုင္ခင္းေတြလည္း ၾကပ္ပါတယ္၊ ဘုန္းႀကီးေက်ာင္းေတြလည္း ျပည့္ေနတယ္၊ ေနရာအလြတ္ေတြမွာလည္း စစ္ေဘးေရွာင္ေတြနဲ႔ ျပည့္ေနပါတယ္၊ ေနာက္ထပ္ေရာက္လာမယ့္ စစ္ေဘးေရွာင္ေတြကို ဘယ္မွာထားရမွန္း မသိတဲ့အတြက္ ေျမကြက္လပ္ရွိတဲ့ေနရာမွာ အေဆာက္အဦေဆာက္ဖို႔ အန္တီတို႔ ညႇိႏႈိင္းေနတာရွိပါတယ္”

ႏိုဝင္ဘာလ ၁၅ ရက္ေန႔ညက ရေသ့ေတာင္ၿမိဳ႕ေပၚရွိ တပ္ရင္း သုံးခုကို AA က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ၿပီးေနာက္ပိုင္း တပ္မေတာ္က ရဟတ္ယာဥ္ေတြသုံး တိုက္ခိုက္တာ၊ စစ္ေရယာဥ္ေပၚကေန လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တာေတြရွိလာတယ္လို႔ ေဒသခံေတြနဲ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြက ေျပာပါတယ္။

မေန႔ညက ေၾကာက္လန႔္ ထြက္ေျပးေနရတဲ့အေျခအေနကို အမည္မေဖာ္လိုတဲ့ ႏြားလားေက်ာ္႐ြာသားတစ္ဦး ေျပာျပတာက ---

“ မေန႔ကတိုက္ပြဲမွာ ေလယာဥ္ႏွစ္စီးနဲ႔ကိုပစ္တာ၊ ေလယာဥ္ႏွစ္စီးနဲ႔ပစ္ေတာ့ ႐ြာကလူေတြက ေၾကာက္လန႔္ၿပီးေတာ့ ထြက္ေျပးၾကတာေပါ့”

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးကေတာ့ ရဟတ္ယာဥ္ေတြအသုံးျပဳ တိုက္ခိုက္တယ္ဆိုတာကို ျငင္းဆိုပါတယ္။

“ရေသ့ေတာင္နားမွာရပ္တဲ့ စစ္ေရယာဥ္ကိုလာပစ္လို႔ ပစ္တာပဲရွိတယ္၊ က်န္တာ မရွိဘူး၊ ရဟတ္ယာဥ္နဲ႔ပစ္တာ မရွိဘူး၊ အခုတေလာ ရဟတ္ယာဥ္ေတြ ေလ့က်င္ပ်ံသန္းတာနဲ႔ ကင္းေထာက္ပ်ံသန္းတာပဲရွိတယ္”

ႏိုဝင္ဘာလ ၁၅ ရက္ေန႔ ပစ္ခတ္မႈမွာ တပ္မေတာ္ဘက္က ရွစ္ဦး က်ဆုံးခဲ့ၿပီး လက္နက္ခဲယမ္းေတြ သိမ္းဆည္းရမိခဲ့တယ္လို႔ ရကၡိဳင့္တပ္ေတာ္ AA ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခက ေျပာပါတယ္။

“ျမန္မာစစ္တပ္ရဲ႕ လက္ေအာက္ခံ တပ္မ ၂၂ ရဲ႕ ခမရ ၂၁၀ နဲ႔ က်ေနာ္တိ့ု အျပန္အလွန္ ေလးနာရီေလာက္ၾကာေအာင္ တိုက္ပြဲျဖစ္တာရွိတယ္၊ အဲဒီမွာ ျမန္မာစစ္တပ္ဘက္က အရာရွိတစ္ဦး အပါအဝင္ ရွစ္ဦးက်ဆုံးတာရွိတယ္၊ ေနာက္ၿပီး ဆယ္ဦးအထက္ ဒဏ္ရာရသြားတာရွိတယ္ဗ်၊ က်ေနာ္တို႔ဘက္ကလည္း တစ္ဦးက်ဆုံးတာရွိတယ္”

တပ္မေတာ္ဘက္က ရွစ္ဦး က်ဆုံးခဲ့တယ္ ဆိုတာကိုေတာ့ ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ျငင္းဆိုေပမယ့္ နယ္ေျမရွင္းလင္းေရး ေဆာင္႐ြက္ေနတာေၾကာင့္ တိုက္ပြဲျပင္းထန္ေနတယ္ ဆိုတာကိုေတာ့ ျငင္းဆိုျခင္း မရွိပါဘူး။

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ တပ္မေတာ္နဲ႔ ေအေအအဖြဲ႕တို႔ တိုက္ပြဲျဖစ္ပြားေနတာ တစ္ႏွစ္နီးပါး ၾကာျမင့္လာတာနဲ႔အမွ် စစ္ေဘးဒုကၡသည္ ဦးေရဟာလည္း တျဖည္းျဖည္း တိုးလာတာ အခုဆိုရင္ ခုႏွစ္ေသာင္းေက်ာ္ ရွိေနၿပီလို႔  ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံးရဲ႕ စာရင္းေတြအရ သိရပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
ရသေ့တောင်တိုက်ပွဲပြင်းထန်လို့ ဒေသခံထောင်နဲ့ချီ ထွက်ပြေးနေ

ရသေ့တောင်မြို့နယ် မိုးစဲကျွန်း ဦးဂါကျေးရွာကို ရောက်ရှိနေကြတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေကို တွေ့ရစဉ်
Photo: Aung Than Wai

ရက္ခိုင့်တပ်တော် AA က ရသေ့တောင်မြို့မှာရှိတဲ့ တပ်မတော် တပ်ရင်း သုံးခုကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီးနောက်ပိုင်း နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံထောင်နဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြပါတယ်။

ဒီတပတ်အတွင်း ရသေ့တောင်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲဟာ ဒီနှစ်အတွင်း အပြင်းထန်ဆုံးပဲလို့  ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဦးခင်မောင်လတ်က ပြောပါတယ်။

ဒီတိုက်ပွဲတွေကြောင့် နွားလားကျော်ကျေးရွာအုပ်စုနဲ့ ကျောက်တန်းကျေးရွာအုပ်စုက ဒေသခံ ငါးထောင်ကျော် အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးနေရတာလို့ အရပ်ဖက်အဖွဲ့တွေနဲ့  လွှတ်တော်ကိုယ်စားလှယ်တွေက ဆိုပါတယ်။

“လူဦးရေ  ငါးထောင်လောက်ရှိမယ်၊ ပုဏ္ဏကျွန်းဘက်ကလည်း ပြေးနေရတာရှိတယ်၊ အဲတိုက်ပွဲဖြစ်နေတာက ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်အစပ်လေ၊ အဲဒီကြားက တောင်တန်းပေါ်မှာဆိုတော့ ဟိုဘက်ဒီဘက်ရွာတွေ အကုန်လုံးပြေးတာဘဲ၊ သူတို့က နီးစပ်ရာကျေးရွာတွေမှာပဲ ပြေးကြတာ၊ မြို့ပေါ်တတ်တဲ့လူ နည်းတယ်၊ မြို့ပေါ်မှာ ပထမတုန်းကလည်း တစ်ထောင်လောက်ရှိတယ်၊ ဒီလေးငါးရက်အတွင်းဆိုတော့ အကုန်နှစ်ထောင်လောက်ရှိမယ်၊ ခုဖြစ်နေတဲ့တိုက်ပွဲက ဒီတစ်နှစ်အတွင်း အပြင်းထန်ဆုံးပဲလေ၊ ဒါမျိုးအရင်ကမဖြစ်ခဲ့ဘူး”

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ် ပြောသွားတာပါ။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC ကလည်း ဒီတစ်ပတ်အတွင်း ထွက်ပြေးနေရတဲ့ ဒုက္ခသည် ငါးထောင်လောက်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာကြောင့် စာရင်းအချက်အလက်အတိအကျ ကောက်ယူဖို့တော့ လတ်တလောမှာ အခက်အခဲရှိတယ်လို့ ဒုက္ခသည်အရေး ကူညီနေတဲ့ REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း  ပြောတာက

“ကျနော်တို့ နည်းနည်းပြောရခက်တယ်ဗျ၊ အခြေအနေတွေက ဘယ်မှာမှ သွားပြီးလေ့လာလို့မရတဲ့ အခြေအနေဖြစ်နေတယ်၊ အဲဒီနားသွားရင်တောင် ဘာမှလုပ်လို့မရတော့ဘူး၊ အနည်းဆုံးတော့ ငါးထောင်နဲ့အထက်မှာ ရှိတယ်ဗျ၊ ဒီရက်ပိုင်းမှာဖြစ်တဲ့ တိုက်ပွဲတွေကြောင့် အဲဒေသမှာ လူဦးရေ ငါးထောင်ကျော် စစ်ဘေးသင့်တယ်”

တိုက်ပွဲအတွင်း တပ်မတော်ဘက်က လက်နက်ကြီးတွေ အသုံးပြုနေတာကြောင့် နွားလားကျော်၊ ထီးစွဲ၊ လမုန်းတိုင်း၊ နွားတင်းကုတ် အပါအဝင် ကျေးရွာ ၁၀ ကျော်ဟာ ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေရတာလို့ သိရပါတယ်။ အဲဒီထဲက တစ်ထောင်ကျော်ဟာ ရသေ့တောင်မြို့ပေါ်ကို ရောက်ရှိနေပြီး ကျန် လေးထောင်လောက်ကတော့ အနီးအနားက ရွာတွေမှာ ခိုလှုံနေကြပါတယ်။

လက်ရှိ ရသေ့တောင်မြို့ပေါ်က ဘုန်းကြီးကျောင်းတွေမှာ ဒုက္ခသည်တွေနဲ့ ပြည့်နေပြီလို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။

တိုက်ပွဲဆက်ပြင်းထန်နေမယ်ဆိုရင် ထပ်တိုးရောက်ရှိလာမယ့်သူတွေအတွက် နေရာအခက်အခဲရှိတယ်လို့ သူက ဆက်ပြောပါတယ်။

“အခုဆိုရင် ရသေ့တောင်မြို့ပေါ်မှာ စစ်ဘေးရှောင်တွေ များလာတာကြောင့် နေရာထိုင်ခင်းတွေလည်း ကြပ်ပါတယ်၊ ဘုန်းကြီးကျောင်းတွေလည်း ပြည့်နေတယ်၊ နေရာအလွတ်တွေမှာလည်း စစ်ဘေးရှောင်တွေနဲ့ ပြည့်နေပါတယ်၊ နောက်ထပ်ရောက်လာမယ့် စစ်ဘေးရှောင်တွေကို ဘယ်မှာထားရမှန်း မသိတဲ့အတွက် မြေကွက်လပ်ရှိတဲ့နေရာမှာ အဆောက်အဦဆောက်ဖို့ အန်တီတို့ ညှိနှိုင်းနေတာရှိပါတယ်”

နိုဝင်ဘာလ ၁၅ ရက်နေ့ညက ရသေ့တောင်မြို့ပေါ်ရှိ တပ်ရင်း သုံးခုကို AA က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီးနောက်ပိုင်း တပ်မတော်က ရဟတ်ယာဉ်တွေသုံး တိုက်ခိုက်တာ၊ စစ်ရေယာဉ်ပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိလာတယ်လို့ ဒေသခံတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

မနေ့ညက ကြောက်လန့် ထွက်ပြေးနေရတဲ့အခြေအနေကို အမည်မဖော်လိုတဲ့ နွားလားကျော်ရွာသားတစ်ဦး ပြောပြတာက ---

“ မနေ့ကတိုက်ပွဲမှာ လေယာဉ်နှစ်စီးနဲ့ကိုပစ်တာ၊ လေယာဉ်နှစ်စီးနဲ့ပစ်တော့ ရွာကလူတွေက ကြောက်လန့်ပြီးတော့ ထွက်ပြေးကြတာပေါ့”

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ ရဟတ်ယာဉ်တွေအသုံးပြု တိုက်ခိုက်တယ်ဆိုတာကို ငြင်းဆိုပါတယ်။

“ရသေ့တောင်နားမှာရပ်တဲ့ စစ်ရေယာဉ်ကိုလာပစ်လို့ ပစ်တာပဲရှိတယ်၊ ကျန်တာ မရှိဘူး၊ ရဟတ်ယာဉ်နဲ့ပစ်တာ မရှိဘူး၊ အခုတလော ရဟတ်ယာဉ်တွေ လေ့ကျင်ပျံသန်းတာနဲ့ ကင်းထောက်ပျံသန်းတာပဲရှိတယ်”

နိုဝင်ဘာလ ၁၅ ရက်နေ့ ပစ်ခတ်မှုမှာ တပ်မတော်ဘက်က ရှစ်ဦး ကျဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။

“မြန်မာစစ်တပ်ရဲ့ လက်အောက်ခံ တပ်မ ၂၂ ရဲ့ ခမရ ၂၁၀ နဲ့ ကျနော်တိ့ု အပြန်အလှန် လေးနာရီလောက်ကြာအောင် တိုက်ပွဲဖြစ်တာရှိတယ်၊ အဲဒီမှာ မြန်မာစစ်တပ်ဘက်က အရာရှိတစ်ဦး အပါအဝင် ရှစ်ဦးကျဆုံးတာရှိတယ်၊ နောက်ပြီး ဆယ်ဦးအထက် ဒဏ်ရာရသွားတာရှိတယ်ဗျ၊ ကျနော်တို့ဘက်ကလည်း တစ်ဦးကျဆုံးတာရှိတယ်”

တပ်မတော်ဘက်က ရှစ်ဦး ကျဆုံးခဲ့တယ် ဆိုတာကိုတော့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ငြင်းဆိုပေမယ့် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ် ဆိုတာကိုတော့ ငြင်းဆိုခြင်း မရှိပါဘူး။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တပ်မတော်နဲ့ အေအေအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာ တစ်နှစ်နီးပါး ကြာမြင့်လာတာနဲ့အမျှ စစ်ဘေးဒုက္ခသည် ဦးရေဟာလည်း တဖြည်းဖြည်း တိုးလာတာ အခုဆိုရင် ခုနှစ်သောင်းကျော် ရှိနေပြီလို့  ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးရဲ့ စာရင်းတွေအရ သိရပါတယ်။

RFA Burmese
https://www.rfa.org
ရေသ့ေတာင္တိုက္ပြဲျပင္းထန္လို႔ ေဒသခံေထာင္နဲ႔ခ်ီ ထြက္ေျပးေန ရေသ့ေတာင္တိုက္ပြဲျပင္းထန္လို႔ ေဒသခံေထာင္နဲ႔ခ်ီ ထြက္ေျပးေန Reviewed by THITHTOOLWIN on 05:54 Rating: 5
Powered by Blogger.