ကြတ္ခိုင္ၿမိဳ႕နယ္တြင္ သံဃာေတာ္ တပါး ရုိက္ႏွက္ခံရ

(Zawgyi)⤵⤵⤵
ေအာက္တုိဘာလ ၃၁ ရက္ ၂၀၁၉

သွ်မ္းျပည္ ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္ လြယ္ေက်ာ့ဘုန္းႀကီးေက်ာင္းတြင္ ဆရာေတာ္ တပါး ႐ုိက္ႏွက္ခံရေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ေအာက္တိုဘာ ၂၈ ရက္ မနက္ပိုင္းက ျမန္မာ့ တပ္မေတာ္ မွ ကြတ္ခိုင္ၿမိဳ႕နယ္ ကာလိုင္ေက်းရြာ အုပ္စု လြယ္ေက်ာ့ ဘုန္းႀကီးေက်ာင္းအား ဝင္ေရာက္ရွာေဖြ စစ္ေဆးရာ တိုင္းရင္းသား စစ္ဝတ္စံု ႏွင့္ စကားေျပာစက္ တလံုးေတြ႕ြ႔ရွိသည္ဟု ဆိုကာ ဆရာေတာ္ အရွင္ဝဏၰိတ အား ရိုက္ႏွက္ခဲ့ေၾကာင္း ဆရာေတာ္ က သွ်မ္းသံေတာ္ဆင့္ကို ျပန္လည္ မိန္႔ၾကားခဲ့သည္။

ရိုက္ႏွက္ခံရေသာ ဆရာေတာ္ အရွင္ဝဏၰိတ သည္ သက္ေတာ္ ၃၇ နွစ္ ဝါေတာ္ ၁၇ ဝါ ရွိကာ၊ အဆိုပါေက်ာင္းတြင္ သီတင္းသံုး ေက်ာင္းထုိင္ခဲ့သည္မွာ ၁၄ ဝါ ရွိျပီျဖစ္ေၾကာင္း သိရသည္။

လြယ္ေက်ာ့ဘုန္းၾကီးေက်ာင္းအတြင္း ျမန္မာ့တပ္မေတာ္ ၀င္ေရာက္စစ္ေဆးခ်ိန္တြင္ ဆရာေတာ္သည္ မန္မိုင္ဘက္ သို႔ ေခတၱေရာက္ေနေၾကာင္း၊ ေက်ာင္းအတြင္း စစ္တပ္မွ ၀င္ေရာက္ရွာေဖြေနသည္ဟုသတင္းၾကားသျဖင့္ေက်ာင္းသုိ့ျပန္လာရာ ေက်ာင္းေပၚ တက္ေနစဥ္ စစ္သားမ်ားက ဆရာေတာ္အားဆြဲရမ္းကာ သဃၤန္း ဆြဲခြ်တ္ ေၾကာင္း ဆရာေတာ္ အရွင္ ဝဏၰိတက မိန့္္႔ၾကားသည္။

“ ေက်ာင္းမွာ ပြဲလုပ္ေတာ့ ပြဲခင္းမွာ စစ္ဝတ္စံုနဲ႔ စကားေျပာစက္ ဘယ္သူ့ဟာလဲမသိဘူး ေမ့က်န္ေနခဲ့တယ္။ အဲတာကုိေကာက္သိမ္းထားေပးတာ။ ဦးဇင္းကမသိလုိ့ မသိဘူးလို႔ေျပာလိုက္တယ္။ အဲတာကုိ စစ္သားေတြက ဦးဇင္းကုိသဃၤန္း ဆြဲခြ်တ္တယ္။ လက္ကို ႀကိဳးနဲ႔ခ်ည္လိုက္တယ္။ ရင္ဘတ္ကို ေျခေထာက္ေတြနဲ႔ ကန္တယ္။ ေက်ာကို ခါးပတ္နဲ႔ ႐ုိက္တယ္။ ဗုိက္ကို လက္သီးနဲ႔ ထိုးတယ္။ ဦးေခါင္းကို လည္း တုတ္နဲ႔ ရိုက္တယ္” ဟု ဆရာေတာ္ အရွင္ဝဏၰိတ က မိန္႔သည္။

ေအာက္တုိဘာလ ၂၈ ရက္ မနက္ ၁၀ နာရီကစျပီး တရက္လုံးရုိက္နွက္စစ္ေဆးခံရသျဖင့္ ဆရာေတာ္မွာ တကုိယ္လုံး ဒဏ္ရာ ဒဏ္ခ်က္မ်ားျဖင့္ ရရွိကာ ကြတ္ခုိင္ ျပည္သူ႔ ေဆး႐ံုသုိ့ သြားေရာက္ ေဆးကုသမွဳခံယူေနရေၾကာင္း သိရသည္။

“ ဦးဇင္းကို ေအာက္တုိဘာ ၂၉ ရက္ မနက္ ၇ နာရီ မွ ၾကိဳးျဖည္ေပးတယ္။ အဲ့ဒါနဲ႔ ေဆး႐ံုေရာက္လာတယ္။ အခုေတာ့ မ်က္လံုးေတြ ေယာင္ေနတယ္။ ရင္ဘတ္ ကေတာ့နာတယ္။ နည္းနည္း လႈပ္ရင္ နာတာပဲ” ဟု ဦးဇင္း က ထပ္မံမိန့္ေတာ္မူသည္။

ျမန္မာ့ တပ္မေတာ္ သည္ ဆရာေတာ္ အရွင္ဝဏၰိတ ကို တအာင္း(ပေလာင္) အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ (TNLA) တပ္ဖြဲ့၀င္၊ ဘုန္းႀကီး အတုဟုလည္း စြပ္္စြဲကာ ရုိက္ ႏွက္ခဲ့သည့္အျပင္ ဆရာေတာ္အား သဃၤန္းခြ်တ္ၿပီး စစ္ဝတ္စံု ၀တ္ေစကာ ဓာတ္ပံုပါ ရိုက္ယူသြားေၾကာင္း ဆရာေတာ္က ဆုိပါသည္။

ထုိ့ျပင္ျမန္မာ့တပ္မေတာ္က ယာဘေဆးျပား၊ စစ္ဝတ္စံု ႏွင့္ စကားေျပာစက္မ်ားကုိလည္း ဆရာေတာ္၏ ပစၥည္းဟု ဝန္ခံခိုင္းေၾကာင္း၊ ဆရာေတာ္ မဝန္ခံမႈေၾကာင့္ ရုိက္ႏွက္ ၿခိမ္းေျခာက္မႈ မ်ား ျပဳလုပ္ျခင္းျဖစ္ေၾကာင္း ဆရာေတာ္ အရွင္ ဝဏၰိတ ကျဖည့္စြက္္ေျပာၾကားသည္။

“ စစ္တပ္ကေတာ့ ဦးဇင္းကို ေဆးဖုိးလာေပးတာ မရွိဘူး။ ဗ်ဴဟာမွဴးကေတာ့ ေတာင္တန္း သာသာနာျပဳ ကြတ္ခုိင္ သံဃာနာယကနဲ႔ သြားေတြ႔တယ္လို႔ ေျပာတယ္။ ဦးဇင္း ေဆး႐ံုဆင္းရင္ေတာ့ ဆရာေတာ္နဲ႔ ေတြ႔ၿပီး ဆရာေတာ္ လမ္းညႊန္တဲ့ အတုိင္း ပဲ ဆက္လုပ္သြားမယ္” ဟု ရုိက္ႏွက္ ခံရသည့္ ဦးဇင္း က ထပ္ေလာင္းေျပာသည္။

သွ်မ္းေျမာက္ ေက်းရြာ အမ်ားစုတြင္ တိုင္းရင္းသားလက္နက္ကိုင္ တပ္ဖြဲ႔မ်ား မ်ားျပား ေၾကာင္း၊ ထုိေဒသအတြင္းတြင္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔ ႏွင့္ မကင္းႏုိင္ေၾကာင္းလည္း ကြတ္ခိုင္ၿမိဳ႕ လူ႔အခြင့္အေရး တက္ၾကြလႈပ္ရွားသူ မုိင္းမုိင္ ကေျပာသည္။

“ ဒီေဒသမွာ က လက္နက္ကိုင္ တပ္ဖြဲ႔ေတြမ်ားတယ္။ ဘုန္းႀကီးေက်ာင္းကို မလာနဲ႔ လို႔ ေျပာလို႔မွ မရတာ။ ဆရာေတာ္ကို ျမင္ေတာ့ ေတာ္ေတာ္လွန့္သြားတယ္။ ဆရာေတာ္ ခႏၶာကိုယ္ တခုလံုးမွာ ဒဏ္ရာက ေတာ္ေတာ္မ်ားတယ္။ ဓာတ္မွန္အေျခအေန အရေတာ့ အေျခအေနမစုိးရိမ္ရဘူးလို႔ေျပာတယ္ ” ဟု မုိင္းမုိင္ ကေျပာသည္။

ေအာက္တိုဘာ ၂၀ ရက္ေန႕ကလည္း သွ်မ္းျပည္ ေျမာက္ပိုင္း လား႐ႈိးၿမိဳ႕ ေခးနင္းေက်ာင္း တုိက္မွ ေက်ာင္းထုိင္ဆရာေတာ္ ဦးပညာေဇာတ အားလည္း အမည္မသိ လက္နက္ကိုင္ အဖြဲ႔ က ၀င္ေရာက္ ပစ္ခတ္မွဳေၾကာင့္ ဆရာေတာ္ပြဲခ်င္းျပီး ပ်ံလြန္ေတာ္မူခဲ့သည္။

သွ်မ္းျပည္ ေျမာက္ပိုင္းတြင္ လတ္တေလာ သံဃာေတာ္မ်ားအား ရည္ရြယ္ခ်က္ရွိရွိ ပစ္ခတ္သတ္ျဖတ္ျခင္း၊ ရုိက္နွက္ျခင္းမ်ားရွိလာသည့္အေပၚ သွ်မ္းေျမာက္ လူထု တရပ္လံုးကုိ ၿခိမ္းေျခာက္ေနသည့္ ပံုစံ ျဖစ္ေနသည္ ဟု သွ်မ္းေျမာက္ ေဒသခံမ်ားက ေျပာဆုိေနၾကသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
-----------------
(Unicode)⤵⤵⤵
ကွတ်ခိုင်မြို့နယ်တွင် သံဃာတော် တပါး ရိုက်နှက်ခံရ

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်
အောက်တိုဘာလ ၃၁ ရက် ၂၀၁၉

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လွယ်ကျော့ဘုန်းကြီးကျောင်းတွင် ဆရာတော် တပါး ရိုက်နှက်ခံရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းက မြန်မာ့ တပ်မတော် မှ ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာ အုပ်စု လွယ်ကျော့ ဘုန်းကြီးကျောင်းအား ဝင်ရောက်ရှာဖွေ စစ်ဆေးရာ တိုင်းရင်းသား စစ်ဝတ်စုံ နှင့် စကားပြောစက် တလုံးတွေ့ွ့ရှိသည်ဟု ဆိုကာ ဆရာတော် အရှင်ဝဏ္ဏိတ အား ရိုက်နှက်ခဲ့ကြောင်း ဆရာတော် က သျှမ်းသံတော်ဆင့်ကို ပြန်လည် မိန့်ကြားခဲ့သည်။

ရိုက်နှက်ခံရသော ဆရာတော် အရှင်ဝဏ္ဏိတ သည် သက်တော် ၃၇ နှစ် ဝါတော် ၁၇ ဝါ ရှိကာ၊ အဆိုပါကျောင်းတွင် သီတင်းသုံး ကျောင်းထိုင်ခဲ့သည်မှာ ၁၄ ဝါ ရှိပြီဖြစ်ကြောင်း သိရသည်။

လွယ်ကျော့ဘုန်းကြီးကျောင်းအတွင်း မြန်မာ့တပ်မတော် ဝင်ရောက်စစ်ဆေးချိန်တွင် ဆရာတော်သည် မန်မိုင်ဘက် သို့ ခေတ္တရောက်နေကြောင်း၊ ကျောင်းအတွင်း စစ်တပ်မှ ဝင်ရောက်ရှာဖွေနေသည်ဟုသတင်းကြားသဖြင့်ကျောင်းသို့ပြန်လာရာ ကျောင်းပေါ် တက်နေစဉ် စစ်သားများက ဆရာတော်အားဆွဲရမ်းကာ သင်္ဃန်း ဆွဲချွတ် ကြောင်း ဆရာတော် အရှင် ဝဏ္ဏိတက မိန့့််ကြားသည်။

“ ကျောင်းမှာ ပွဲလုပ်တော့ ပွဲခင်းမှာ စစ်ဝတ်စုံနဲ့ စကားပြောစက် ဘယ်သူ့ဟာလဲမသိဘူး မေ့ကျန်နေခဲ့တယ်။ အဲတာကိုကောက်သိမ်းထားပေးတာ။ ဦးဇင်းကမသိလို့ မသိဘူးလို့ပြောလိုက်တယ်။ အဲတာကို စစ်သားတွေက ဦးဇင်းကိုသင်္ဃန်း ဆွဲချွတ်တယ်။ လက်ကို ကြိုးနဲ့ချည်လိုက်တယ်။ ရင်ဘတ်ကို ခြေထောက်တွေနဲ့ ကန်တယ်။ ကျောကို ခါးပတ်နဲ့ ရိုက်တယ်။ ဗိုက်ကို လက်သီးနဲ့ ထိုးတယ်။ ဦးခေါင်းကို လည်း တုတ်နဲ့ ရိုက်တယ်” ဟု ဆရာတော် အရှင်ဝဏ္ဏိတ က မိန့်သည်။

အောက်တိုဘာလ ၂၈ ရက် မနက် ၁၀ နာရီကစပြီး တရက်လုံးရိုက်နှက်စစ်ဆေးခံရသဖြင့် ဆရာတော်မှာ တကိုယ်လုံး ဒဏ်ရာ ဒဏ်ချက်များဖြင့် ရရှိကာ ကွတ်ခိုင် ပြည်သူ့ ဆေးရုံသို့ သွားရောက် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

“ ဦးဇင်းကို အောက်တိုဘာ ၂၉ ရက် မနက် ၇ နာရီ မှ ကြိုးဖြည်ပေးတယ်။ အဲ့ဒါနဲ့ ဆေးရုံရောက်လာတယ်။ အခုတော့ မျက်လုံးတွေ ယောင်နေတယ်။ ရင်ဘတ် ကတော့နာတယ်။ နည်းနည်း လှုပ်ရင် နာတာပဲ” ဟု ဦးဇင်း က ထပ်မံမိန့်တော်မူသည်။

မြန်မာ့ တပ်မတော် သည် ဆရာတော် အရှင်ဝဏ္ဏိတ ကို တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့ဝင်၊ ဘုန်းကြီး အတုဟုလည်း စွပ်စွဲကာ ရိုက် နှက်ခဲ့သည့်အပြင် ဆရာတော်အား သင်္ဃန်းချွတ်ပြီး စစ်ဝတ်စုံ ဝတ်စေကာ ဓာတ်ပုံပါ ရိုက်ယူသွားကြောင်း ဆရာတော်က ဆိုပါသည်။

ထို့ပြင်မြန်မာ့တပ်မတော်က ယာဘဆေးပြား၊ စစ်ဝတ်စုံ နှင့် စကားပြောစက်များကိုလည်း ဆရာတော်၏ ပစ္စည်းဟု ဝန်ခံခိုင်းကြောင်း၊ ဆရာတော် မဝန်ခံမှုကြောင့် ရိုက်နှက် ခြိမ်းခြောက်မှု များ ပြုလုပ်ခြင်းဖြစ်ကြောင်း ဆရာတော် အရှင် ဝဏ္ဏိတ ကဖြည့်စွက်ပြောကြားသည်။

“ စစ်တပ်ကတော့ ဦးဇင်းကို ဆေးဖိုးလာပေးတာ မရှိဘူး။ ဗျူဟာမှူးကတော့ တောင်တန်း သာသာနာပြု ကွတ်ခိုင် သံဃာနာယကနဲ့ သွားတွေ့တယ်လို့ ပြောတယ်။ ဦးဇင်း ဆေးရုံဆင်းရင်တော့ ဆရာတော်နဲ့ တွေ့ပြီး ဆရာတော် လမ်းညွှန်တဲ့ အတိုင်း ပဲ ဆက်လုပ်သွားမယ်” ဟု ရိုက်နှက် ခံရသည့် ဦးဇင်း က ထပ်လောင်းပြောသည်။

သျှမ်းမြောက် ကျေးရွာ အများစုတွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ များပြား ကြောင်း၊ ထိုဒေသအတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ နှင့် မကင်းနိုင်ကြောင်းလည်း ကွတ်ခိုင်မြို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မိုင်းမိုင် ကပြောသည်။

“ ဒီဒေသမှာ က လက်နက်ကိုင် တပ်ဖွဲ့တွေများတယ်။ ဘုန်းကြီးကျောင်းကို မလာနဲ့ လို့ ပြောလို့မှ မရတာ။ ဆရာတော်ကို မြင်တော့ တော်တော်လှန့်သွားတယ်။ ဆရာတော် ခန္ဓာကိုယ် တခုလုံးမှာ ဒဏ်ရာက တော်တော်များတယ်။ ဓာတ်မှန်အခြေအနေ အရတော့ အခြေအနေမစိုးရိမ်ရဘူးလို့ပြောတယ် ” ဟု မိုင်းမိုင် ကပြောသည်။

အောက်တိုဘာ ၂၀ ရက်နေ့ကလည်း သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ ခေးနင်းကျောင်း တိုက်မှ ကျောင်းထိုင်ဆရာတော် ဦးပညာဇောတ အားလည်း အမည်မသိ လက်နက်ကိုင် အဖွဲ့ က ဝင်ရောက် ပစ်ခတ်မှုကြောင့် ဆရာတော်ပွဲချင်းပြီး ပျံလွန်တော်မူခဲ့သည်။

သျှမ်းပြည် မြောက်ပိုင်းတွင် လတ်တလော သံဃာတော်များအား ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်ခြင်း၊ ရိုက်နှက်ခြင်းများရှိလာသည့်အပေါ် သျှမ်းမြောက် လူထု တရပ်လုံးကို ခြိမ်းခြောက်နေသည့် ပုံစံ ဖြစ်နေသည် ဟု သျှမ်းမြောက် ဒေသခံများက ပြောဆိုနေကြသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
ကြတ္ခိုင္ၿမိဳ႕နယ္တြင္ သံဃာေတာ္ တပါး ရုိက္ႏွက္ခံရ ကြတ္ခိုင္ၿမိဳ႕နယ္တြင္ သံဃာေတာ္ တပါး ရုိက္ႏွက္ခံရ Reviewed by THITHTOOLWIN on 00:03 Rating: 5
Powered by Blogger.