ဝက္ေသြးေတြေၾကာင့္ ေတာင္ကိုရီးယားကျမစ္ အနီေရာင္ေျပာင္းသြား

ဝက္ေကာင္ေရ ေသာင္းခ်ီသတ္ျဖတ္ရာက ထြက္လာတဲ့ေသြးေတြေၾကာင့္ ျမစ္ေရေတြ အနီေရာင္ေျပာင္းသြား
(Zawgyi)⤵⤵⤵
အာဖရိက ဝက္တုပ္ေကြး မျပန႔္ပြားေအာင္ ေတာင္-ေျမာက္ ကိုရီးယား နယ္စပ္နားမွာ ဝက္ေတြ သတ္ျဖတ္ရာက ထြက္လာတဲ့ ေသြးေတြလႊမ္းသြားတဲ့ ေတာင္ကိုရီးယားႏိုင္ငံက ျမစ္တစ္စင္း အနီေရာင္ေျပာင္းသြားခဲ့ပါတယ္။

ေတာင္ကိုရီးယား အာဏာပိုင္ေတြက အာဖရိက ဝက္တုပ္ေကြး မျပန႔္ပြားေအာင္ ဝက္အေကာင္ေရ ၄၇,၀၀၀ ကို သတ္ျဖတ္ဖို႔ ဆုံးျဖတ္ခဲ့ၾကတာပါ။

သတ္ျဖတ္ထားတဲ့ ဝက္ေတြကို ေျမျမႇဳပ္စြန႔္ပစ္ေပမယ့္ မိုးသည္းသည္းမဲမဲ ႐ြာခဲ့လို႔ ဝက္ေသြးေတြက အနီးအနားက အင္ဂ်င္း ျမစ္ထဲကို စီးဝင္ကုန္တာ ျဖစ္ပါတယ္။

အာဖရိက ဝက္တုပ္ေကြးဟာ ကူးစက္မႈ ျမင့္မားၿပီး ကုသလို႔ မရတဲ့ ေရာဂါ ျဖစ္ပါတယ္။ ဒီေရာဂါ ကူးစက္ခံရတဲ့ ဝက္ေတြဟာ အသက္ရွင္တယ္ဆိုတာ လုံးဝ မရွိသေလာက္ျဖစ္တဲ့ ေရာဂါပါ။ ဒါေပမဲ့ ဒီေရာဂါက လူေတြအတြက္ေတာ့ အႏၲရာယ္ မရွိပါဘူး။

ကုေဆးမရွိေသးတဲ့ ဝက္တုပ္ေကြး

အခုလို ျမစ္ထဲကို ဝက္ေသြးေတြ စီးဝင္ကုန္လို႔ တျခား တိရစာၦန္ကို ကူးစက္မွာ စိတ္ပူေနၾကေပမဲ့ ဒါမ်ိဳး မျဖစ္ႏိုင္ႏိုင္ဘူးလို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။ အခု သတ္ျဖတ္လိုက္တဲ့ ဝက္ေတြက ေရာဂါ ကူးစက္မခံရခင္ သတ္လိုက္တာျဖစ္လို႔ ဒီေသြးေတြကေန မကူးစက္ႏိုင္ဘူးလို႔ ေျပာတာ ျဖစ္ပါတယ္။

အာရွ တစ္လႊားက ကူးစက္မႈ

အခုလို ဝက္ေတြကို သုတ္သင္ရွင္းလင္းတာကို ႏိုဝင္ဘာ ၉၊ ၁၀ ရက္ေတြမွာ လုပ္ခဲ့တာပါ။ ေနာက္ ဒီဝက္ေတြကို ေတာင္-ေျမာက္ ကိုရီးယား နယ္စပ္နားက ေျမျမႇဳပ္တဲ့ေနရာဆီကို ထရပ္ကား အေတာ္မ်ားမ်ားနဲ႔ စြန႔္ပစ္ခဲ့တာပါ။

ေတာင္ကိုရီးယားမွာ အာဖရိက ဝက္တုပ္ေကြး ကူးစက္တာကို မၾကာေသးခင္ကမွ ေတြ႕ခဲ့တာ ျဖစ္ပါတယ္။ ဒီကူးစက္မႈဟာ လုံၿခဳံေရး အင္မတန္ တင္းၾကပ္ထားတဲ့ ေတာင္-ေျမာက္ နယ္စပ္အနီး စစ္မက္ကင္းစင္ဇုန္ နားက ဝက္ေတြ ေတာင္ကိုရီးယားဘက္ကို ေရာက္လာၿပီး ကူးစက္တယ္လို႔ ယူဆပါတယ္။

အလုပ္သမားေတြလည္း အကာအကြယ္ ဝတ္စုံေတြ ဝတ္ဆင္ၿပီး ဝက္ေတြကို ရွင္းလင္းခဲ့ၾကပါတယ္။
ေျမာက္ကိုရီးယားမွာေတာ့ ဒီကူးစက္မႈကို ေမလက စေတြ႕ခဲ့တာပါ။ ဒါေၾကာင့္ ေတာင္ကိုရီးယားက ဒီကူးစက္မႈကို မျပန႔္ပြားေအာင္ တင္းတင္းၾကပ္ၾကပ္ ကိုင္တြယ္ေနပါတယ္။ ဒီလို လုပ္ရာမွာ နယ္စပ္ အတားအဆီးေတြနားလည္း ပါဝင္ပါတယ္။

ဒါေၾကာင့္ ေတာင္ကိုရီးယားစစ္သားေတြကိုလည္း စစ္ကင္းမဲ့ဇုန္ကို ျဖတ္ဝင္လာမယ့္ ေတာဝက္ေတြကို သတ္ျဖတ္ပစ္ဖို႔ အမိန႔္ေပးထားၿပီး ျဖစ္ပါတယ္။

အဲဒီလို ႀကိဳတင္ ျပင္ဆင္မႈေတြ လုပ္ထားေပမဲ့လည္း ေတာင္ကိုရီးယားမွာ အာဖရိက ဝက္တုပ္ေကြး ကူးစက္တာကို စက္တင္ဘာလ ၁၇ ရက္မွာ ပထမဆုံး စေတြ႕ခဲ့ပါတယ္။ အခုဆိုရင္ ကူးစက္ခံရတာေတြ႕ရွိမႈ ၁၃ ခုထိ ရွိေနပါၿပီ။ ေတာင္ကိုရီးယားမွာ ဝက္ေမြးၿခံ ၆၇၀၀ ရွိပါတယ္။

ဒါ့အျပင္ တျခား အာရွ ႏိုင္ငံ ေတာ္ေတာ္မ်ားမ်ားမွာလည္း အာဖရိက ဝက္တုပ္ေကြး ကူးစက္ ျပန႔္ႏွံ႔ခဲ့ပါတယ္။ ဒီထဲမွာ တ႐ုတ္၊ ဗီယက္နမ္နဲ႔ ဖိလစ္ပိုင္ ႏိုင္ငံတို႔လည္း ပါပါတယ္။ ဒီျပန႔္ပြားမႈေတြေၾကာင့္ ဝက္ေတြကို သုတ္သင္ရွင္းလင္းခဲ့ရာမွာ တ႐ုတ္ တစ္ႏိုင္ငံတည္းမွာတင္ ဝက္ေကာင္ေရ တစ္သန္းေက်ာ္ကို သတ္ျဖတ္ခဲ့ပါတယ္။

BBC Burmese
https://www.bbc.com
---------------
(Unicode)⤵⤵⤵
ဝက်သွေးတွေကြောင့် တောင်ကိုရီးယားကမြစ် အနီရောင်ပြောင်းသွား

ဓာတ်ပုံ မူပိုင် Yeoncheon Imjin River Civic Network
Image caption ဝက်ကောင်ရေ သောင်းချီသတ်ဖြတ်ရာက ထွက်လာတဲ့သွေးတွေကြောင့် မြစ်ရေတွေ အနီရောင်ပြောင်းသွား

အာဖရိက ဝက်တုပ်ကွေး မပြန့်ပွားအောင် တောင်-မြောက် ကိုရီးယား နယ်စပ်နားမှာ ဝက်တွေ သတ်ဖြတ်ရာက ထွက်လာတဲ့ သွေးတွေလွှမ်းသွားတဲ့ တောင်ကိုရီးယားနိုင်ငံက မြစ်တစ်စင်း အနီရောင်ပြောင်းသွားခဲ့ပါတယ်။

တောင်ကိုရီးယား အာဏာပိုင်တွေက အာဖရိက ဝက်တုပ်ကွေး မပြန့်ပွားအောင် ဝက်အကောင်ရေ ၄၇,၀၀၀ ကို သတ်ဖြတ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

သတ်ဖြတ်ထားတဲ့ ဝက်တွေကို မြေမြှုပ်စွန့်ပစ်ပေမယ့် မိုးသည်းသည်းမဲမဲ ရွာခဲ့လို့ ဝက်သွေးတွေက အနီးအနားက အင်ဂျင်း မြစ်ထဲကို စီးဝင်ကုန်တာ ဖြစ်ပါတယ်။

အာဖရိက ဝက်တုပ်ကွေးဟာ ကူးစက်မှု မြင့်မားပြီး ကုသလို့ မရတဲ့ ရောဂါ ဖြစ်ပါတယ်။ ဒီရောဂါ ကူးစက်ခံရတဲ့ ဝက်တွေဟာ အသက်ရှင်တယ်ဆိုတာ လုံးဝ မရှိသလောက်ဖြစ်တဲ့ ရောဂါပါ။ ဒါပေမဲ့ ဒီရောဂါက လူတွေအတွက်တော့ အန္တရာယ် မရှိပါဘူး။
ကုဆေးမရှိသေးတဲ့ ဝက်တုပ်ကွေး

အခုလို မြစ်ထဲကို ဝက်သွေးတွေ စီးဝင်ကုန်လို့ တခြား တိရစ္ဆာန်ကို ကူးစက်မှာ စိတ်ပူနေကြပေမဲ့ ဒါမျိုး မဖြစ်နိုင်နိုင်ဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အခု သတ်ဖြတ်လိုက်တဲ့ ဝက်တွေက ရောဂါ ကူးစက်မခံရခင် သတ်လိုက်တာဖြစ်လို့ ဒီသွေးတွေကနေ မကူးစက်နိုင်ဘူးလို့ ပြောတာ ဖြစ်ပါတယ်။
အာရှ တစ်လွှားက ကူးစက်မှု

အခုလို ဝက်တွေကို သုတ်သင်ရှင်းလင်းတာကို နိုဝင်ဘာ ၉၊ ၁၀ ရက်တွေမှာ လုပ်ခဲ့တာပါ။ နောက် ဒီဝက်တွေကို တောင်-မြောက် ကိုရီးယား နယ်စပ်နားက မြေမြှုပ်တဲ့နေရာဆီကို ထရပ်ကား အတော်များများနဲ့ စွန့်ပစ်ခဲ့တာပါ။

တောင်ကိုရီးယားမှာ အာဖရိက ဝက်တုပ်ကွေး ကူးစက်တာကို မကြာသေးခင်ကမှ တွေ့ခဲ့တာ ဖြစ်ပါတယ်။ ဒီကူးစက်မှုဟာ လုံခြုံရေး အင်မတန် တင်းကြပ်ထားတဲ့ တောင်-မြောက် နယ်စပ်အနီး စစ်မက်ကင်းစင်ဇုန် နားက ဝက်တွေ တောင်ကိုရီးယားဘက်ကို ရောက်လာပြီး ကူးစက်တယ်လို့ ယူဆပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption အလုပ်သမားတွေလည်း အကာအကွယ် ဝတ်စုံတွေ ဝတ်ဆင်ပြီး ဝက်တွေကို ရှင်းလင်းခဲ့ကြပါတယ်။

မြောက်ကိုရီးယားမှာတော့ ဒီကူးစက်မှုကို မေလက စတွေ့ခဲ့တာပါ။ ဒါကြောင့် တောင်ကိုရီးယားက ဒီကူးစက်မှုကို မပြန့်ပွားအောင် တင်းတင်းကြပ်ကြပ် ကိုင်တွယ်နေပါတယ်။ ဒီလို လုပ်ရာမှာ နယ်စပ် အတားအဆီးတွေနားလည်း ပါဝင်ပါတယ်။

ဒါကြောင့် တောင်ကိုရီးယားစစ်သားတွေကိုလည်း စစ်ကင်းမဲ့ဇုန်ကို ဖြတ်ဝင်လာမယ့် တောဝက်တွေကို သတ်ဖြတ်ပစ်ဖို့ အမိန့်ပေးထားပြီး ဖြစ်ပါတယ်။

အဲဒီလို ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားပေမဲ့လည်း တောင်ကိုရီးယားမှာ အာဖရိက ဝက်တုပ်ကွေး ကူးစက်တာကို စက်တင်ဘာလ ၁၇ ရက်မှာ ပထမဆုံး စတွေ့ခဲ့ပါတယ်။ အခုဆိုရင် ကူးစက်ခံရတာတွေ့ရှိမှု ၁၃ ခုထိ ရှိနေပါပြီ။ တောင်ကိုရီးယားမှာ ဝက်မွေးခြံ ၆၇၀၀ ရှိပါတယ်။

ဒါ့အပြင် တခြား အာရှ နိုင်ငံ တော်တော်များများမှာလည်း အာဖရိက ဝက်တုပ်ကွေး ကူးစက် ပြန့်နှံ့ခဲ့ပါတယ်။ ဒီထဲမှာ တရုတ်၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင် နိုင်ငံတို့လည်း ပါပါတယ်။ ဒီပြန့်ပွားမှုတွေကြောင့် ဝက်တွေကို သုတ်သင်ရှင်းလင်းခဲ့ရာမှာ တရုတ် တစ်နိုင်ငံတည်းမှာတင် ဝက်ကောင်ရေ တစ်သန်းကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
ဝက္ေသြးေတြေၾကာင့္ ေတာင္ကိုရီးယားကျမစ္ အနီေရာင္ေျပာင္းသြား ဝက္ေသြးေတြေၾကာင့္ ေတာင္ကိုရီးယားကျမစ္ အနီေရာင္ေျပာင္းသြား Reviewed by THITHTOOLWIN on 20:41 Rating: 5
Powered by Blogger.