အိုင္စီေဂ်မွာ ျမန္မာကို တရားစြဲထားတဲ့ကိစၥ တပ္မေတာ္ ဘယ္လို ရပ္တည္သလဲ

 တပ္မေတာ္ဟာ အစိုးရနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနတယ္လို႔ဆို
(Zawgyi)⤵⤵⤵
ကုလသမဂၢ အျပည္ျပည္ဆိုင္ရာ တရား႐ုံး ICJ မွာ ဂမ္ဘီယာက ျမန္မာကို တရားစြဲထားတဲ့ အမႈနဲ႔ ပတ္သက္ၿပီး တပ္မေတာ္ဟာ အစိုးရနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနတယ္လို႔ တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕က အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ဘီဘီစီကို ေျပာပါတယ္။

ICJ ႐ုံးစိုက္ရာ နယ္သာလန္ႏိုင္ငံ သေဟ့ဂ္ၿမိဳ႕ကို ေစလႊတ္မယ့္အဖြဲ႕ကို ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္မယ္လို႔ ေျပာထားသလို တပ္ဘက္ကလည္း လိုအပ္ရင္ တပ္ကိုယ္စားလွယ္ေတြ ပါေကာင္းပါလာႏိုင္တယ္လို႔လည္း ႏိုဝင္ဘာလ ၂၁ ရက္ မွာ သူက ေျပာပါတယ္။

ဒီအမႈကို ႏိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ ဦးစီးေဆာင္႐ြက္မယ္ဆိုၿပီး ျမန္မာအစိုးရက ႏိုဝင္ဘာလ ၂ဝ ရက္စြဲနဲ႔ ေၾကညာခဲ့ပါတယ္။

ICJ က ဒီဇင္ဘာလထဲ အမႈ႐ုံးခ်ိန္းရက္ေတြ ထုတ္ျပန္လာခဲ့အၿပီး ခ်က္ခ်င္းဆိုသလိုပဲ ျမန္မာဘက္ကလည္း အခုလိုတုံ႔ျပန္လာခဲ့တာ ျဖစ္ပါတယ္။

တပ္ခ်ဳပ္နဲ႔ ဒီရက္ပိုင္းေတြ႕မယ္လို႔ သတင္းေတြထြက္
ျမန္မာႏိုင္ငံထဲမွာ ႐ိုဟင္ဂ်ာ မြတ္ဆလင္ေတြ တိုက္ခိုက္ခံခဲ့ရတာဟာ လူမ်ိဳးတုံး သတ္ျဖတ္မႈ ေျမာက္ႏိုင္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ အစၥလာမ္မစ္ ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ OIC ကို ကိုယ္စားျပဳၿပီး အေနာက္အာဖရိက ႏိုင္ငံ ဂမ္ဘီယာက ျမန္မာကို ICJ မွာ ႏိုဝင္ဘာ ၁၁ ရက္ မွာ တရားစြဲခဲ့တာ ျဖစ္ပါတယ္။

အေနာက္အာဖရိကထဲက ဂမ္ဘီယာႏိုင္ငံဟာ ႏိုင္ငံေပါင္း ၅၇ ႏိုင္ငံပါတဲ့ အစၥလာမ္မစ္ ပူးေပါင္းေဆာင္႐ြက္ေရး အဖြဲ႕ OIC ကို ကိုယ္စားျပဳၿပီး ဒီအမႈကို ဖြင့္ခဲ့တာျဖစ္ၿပီး ဒီဇင္ဘာ ၁ဝ ရက္ကေန ၁၂ ရက္ထိ ႏွစ္ဘက္ႏိုင္ငံေတြရဲ႕ ေလွ်ာက္ထားခ်က္ေတြကို ၃ ရက္တာ ၾကားနာသြားမယ္လို႔ ICJ ဘက္က ႐ုံးခ်ိန္းရက္ေတြ ထုတ္ျပန္ထားပါတယ္။

"ကြၽန္ေတာ္တို႔ အစိုးရနဲ႔ပူးေပါင္းေဆာင္႐ြက္ေနပါတယ္၊ လိုအပ္တဲ့ အခ်က္ေတြ စုေဆာင္းတာေတြ၊ ေပးအပ္တာေတြလည္း ရွိပါတယ္။ သက္ဆိုင္ရာ တာဝန္ရွိသူေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနပါတယ္လို႔လည္း " ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ဘီဘီစီကို ေျပာပါတယ္။

 သေဟ့ဂ္ၿမိဳ႕ အေျခစိုက္ ကုလသမဂၢရဲ႕ ႏိုင္ငံတကာ တရား႐ုံး
၂၀၁၇ ခုႏွစ္မွာ ရခိုင္ျပည္နယ္အတြင္း တိုက္ခိုက္မႈေတြေၾကာင့္ ႐ိုဟင္ဂ်ာ မြတ္ဆလင္ ခုနစ္သိန္း ေလးေသာင္းေက်ာ္ ထြက္ေျပးသြားခဲ့ၾကၿပီးေတာ့ ဒါဟာ လူမ်ိဳးတုံး သတ္ျဖတ္မႈေတြနဲ႔ ဆက္စပ္ႏိုင္တယ္လို႔လည္း ႏိုင္ငံတကာက စြပ္စြဲမႈေတြ ရွိပါတယ္။

တပ္မေတာ္ဘက္ကေတာ့ အဲဒီတိုက္ခိုက္မႈေတြ စျဖစ္ပြားတာဟာ ရဲစခန္းနဲ႔ တပ္ရင္း တပ္စခန္း ေပါင္း ၃၀ ကို အာဆာလို႔ ေခၚတဲ့ မြတ္ဆလင္ အၾကမ္းဖက္ အဖြဲ႕က စတင္တိုက္ခိုက္ခဲ့တာျဖစ္ၿပီး ႏိုင္ငံတကာ မွာ အဲဒီအခ်က္ေတြ က်ယ္က်ယ္ျပန႔္ျပန႔္ ေဖာ္ျပတာ မေတြ႕ရဘူးလို႔လည္း ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

၂၀၁၈ ၾသဂုတ္ ၂၅ ရက္မွာ တပ္မေတာ္ တပ္ရင္း ဂိတ္ကင္းစခန္းတစ္ခုနဲ႔ နယ္ျခားေစာင့္ရဲကင္း စခန္းေပါင္း ၃၀ ကို အၾကမ္းဖက္အဖြဲ႕ေတြက အင္အားသုံး တိုက္ခိုက္ခဲ့လို႔ တစ္လအတြင္း ႏိုင္ငံ့ဝန္ထမ္းႏွစ္ဦး၊ ဟိႏၵဴ၊ ၿမိဳ၊ ရခိုင္၊ ဒိုင္းနက္ တိုင္းရင္းသားေတြ၊ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ ၁၃ ဦး အပါအဝင္ စုစုေပါင္း ၈၄ ဦး သတ္ျဖတ္ခံရၿပီး ၅၄ ဦး ေပ်ာက္ဆုံးခဲ့တယ္လို႔ အစိုးရဘက္က ထုတ္ျပန္ခဲ့ပါတယ္။

ဂမ္ဘီယာရဲ႕ တရားစြဲခ်က္ကို ICJ မွာ တုံ႔ျပန္ရင္ဆိုင္ဖို႔ ႏိုင္ငံတကာက ကြၽမ္းက်င္တဲ့ ဥပေဒ ပညာရွင္ေတြကိုလည္း ငွားရမ္းထားၿပီး ျဖစ္တယ္လို႔ ျမန္မာဘက္က ထုတ္ေျပာပါတယ္။

ICJ ႐ုံးစိုက္ရာ သေဟ့ဂ္ၿမိဳ႕ကို ေစလႊတ္မယ့္အဖြဲ႕ကို ေဒၚေအာင္ဆန္းစုၾကည္ အေနနဲ႔ ျပည္ေထာင္စု အစိုးရအဖြဲ႕ဝင္ ႏိုင္ငံျခားေရးဝန္ႀကီးတစ္ဦး အေနနဲ႔ ဦးေဆာင္သြားမွာ ျဖစ္တယ္လို႔လည္း ႏိုင္ငံေတာ္ အတိုင္ပင္ခံ႐ုံးက ႏိုဝင္ဘာလ ၂၀ ရက္က ထုတ္ျပန္ပါတယ္။

၂၀၁၇ မွာ ႐ိုဟင္ဂ်ာ မြတ္ဆလင္ ခုနစ္သိန္းေလးေသာင္းေက်ာ္ ထြက္ေျပးသြားခဲ့
ဂ်ီႏိုဆိုက္ ကြန္ဗင္းရွင္းလို႔ ေခၚတဲ့ လူမ်ိဳးတုံး သတ္ျဖတ္မႈကို တားဆီးေရး၊ အျပစ္ေပးေရး ကုလသမဂၢ ပဋိညာဥ္ကို ျမန္မာက လက္မွတ္ထိုးထားေပမယ့္ လိုက္နာဖို႔ ပ်က္ကြက္ခဲ့တယ္ဆိုတဲ့ စြဲခ်က္နဲ႔ ဂမ္ဘီယာက အမႈဖြင့္တာ ျဖစ္ပါတယ္။

ဒါ့အျပင္ အရပ္သားေတြကို ပစ္မွတ္ထားတဲ့ စစ္ဆင္ေရးေတြ ျမန္မာႏိုင္ငံထဲမွာ ခ်က္ခ်င္းရပ္ဖို႔ အေရးေပၚ တားဆီးမိန႔္ တစ္ရပ္ ICJ က ထုတ္ျပန္ေပးဖို႔လည္း ဂမ္ဘီယာက ထည့္သြင္း ေလွ်ာက္ထားခဲ့ပါတယ္။

ICJ က ျမန္မာႏိုင္ငံကို အခုလို တရားစြဲ ခရတာဟာ စိန္ေခၚမႈ ျဖစ္သလို အခြင့္အေရးလည္း ျဖစ္လာႏိုင္တယ္လို႔ လည္း ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

"ICJက ကုလသမဂၢ လက္ေအာက္ခံ သိကၡာရွိတဲ့ အဖြဲ႕အစည္း ျဖစ္ပါတယ္။ ျမန္မာကိုယ္စားလွယ္ အဖြဲ႕က ခုနက ေျပာသလို အေၾကာင္းအရာအမွန္ေတြ ရွင္းခြင့္ရမယ္ဆိုရင္ ႏိုင္ငံတကာက အထင္အျမင္လြဲမွားမႈေတြကို ရွင္းႏိုင္တယ္ အဲဒီ့ အခြင့္အေရး ရႏိုင္တယ္လို႔ ထင္ပါတယ္" လို႔ လည္း သူက ေျပာပါတယ္။

 "ဂမ္ဘီယာနဲ႔ ကြၽန္ေတာ္တို႔နဲ႔ ဘာမွ မဆိုင္ဘူး၊ ပတ္သက္မႈလည္း မရွိဘူး" ဦးေဟာက္ဒိုဆြမ္း
အဲဒီ ICJ ဒီဇင္ဘာ ႐ုံးခ်ိန္းရက္ေတြဟာ အေရးေပၚ တားဆီးမိန႔္ ထုတ္ျပန္ေရးအတြက္ သာမက ICJ အမႈတစ္ခုလုံးရဲ႕ လုပ္ငန္းစဥ္ အစလည္း ျဖစ္တဲ့ အတြက္ ဂ်ီႏိုဆိုက္ ကြန္ေဗးရွင္း ခ်ိဳးေဖာက္မႈ စြဲခ်က္ အမႈႀကီး တစ္ခုလုံး အတြက္လည္း ေျပာဆိုဖို႔ရာ အခြင့္အလမ္းေကာင္းလည္း ျဖစ္တယ္လို႔ ကုလသမဂၢဆိုင္ရာ ျမန္မာ သံအမတ္ ဦးေဟာက္ဒိုဆြမ္းက ေျပာပါတယ္။

ဒါ့ေၾကာင့္ ဒီကနဦး ၾကားနာပြဲေတြကို ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ တက္ေရာက္ဖို႔ ဆုံးျဖတ္တာလို႔ သူ႔အေနနဲ႔ ရႈျမင္ေၾကာင္း ဦးေဟာက္ဒိုဆြမ္းက ေျပာပါတယ္။

ဂ်ီႏိုဆိုက္ ကြန္ေဗးရွင္း ခ်ိဳးေဖာက္မႈ စြဲခ်က္ ပင္မ အမႈကေတာ့ ICJ အေနနဲ႔ အခ်ိန္ယူ စစ္ေဆးရဖြယ္ ရွိပါတယ္။

အခုလို ICJ အမႈနဲ႔ ပတ္သက္ၿပီး ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ ဦးေဆာင္ ေျဖရွင္းမယ္၊ သေဟ့ဂ္ကို ကိုယ္တိုင္သြားမယ္ ဆိုတဲ့ အခ်က္ေတြဟာ ရခိုင္ေျမာက္ပိုင္း အေရး ကိစၥနဲ႔ ပတ္သက္ၿပီး ျမန္မာ အစိုးရက ဘယ္ေလာက္ အေရးတႀကီး သေဘာထား ကိုင္တြယ္ေနသလဲ ဆိုတာကို ျပသေနတယ္လို႔လည္း ဦးေဟာက္ဒိုဆြမ္းက ေျပာပါတယ္။

ဒီလို ႀကီးေလးတဲ့ စြဲခ်က္ကို ေဒၚေအာင္ဆန္းစုၾကည္က ဦးေဆာင္ ေျဖရွင္းမယ္ ဆိုတာဟာ ႏိုင္ငံတစ္ခုလုံးရဲ႕ သိကၡာ၊ ႏိုင္ငံရဲ႕ ပုံရိပ္ကို ကာကြယ္ဖို႔ ဆိုတဲ့ စိတ္ေစတနာကို အမ်ား သိနားလည္လိမ့္မယ္လို႔ ဦးေဟာက္ဒိုဆြမ္းက ဆိုပါတယ္။

"တပ္ဘက္က ကိုယ္စားလွယ္ ပါျခင္းမပါျခင္းကေတာ့ ကြၽန္ေတာ္ မေျပာႏိုင္ေသးပါဘူး၊ ဒီၾကားထဲမွာ ညႇိႏႈိင္းေဆာင္႐ြက္မႈေတြလည္း လုပ္ေနပါတယ္။ လိုအပ္ရင္ေတာ့ ပါေကာင္းပါႏိုင္တာေပါ့ "လို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

ဘယ္သူမွ မနာတဲ့နည္း၊ အဓိက ျပည္သူမနာတဲ့ နည္းျဖစ္တဲ့ တပ္မေတာ္ အပါအဝင္ တိုင္းရင္းသား မ်ိဳးႏြယ္စု အသီးသီးၾကား အမ်ိဳးသား ျပန္လည္ သင့္ျမတ္ေရးကို ဦးစားေပး လုပ္ေဆာင္တဲ့ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ NLD ပါတီ ဦးေဆာင္တဲ့ အစိုးရရဲ႕ မူဝါဒ အတိုင္း ေဒၚေအာင္ဆန္းစုၾကည္ ေဆာင္႐ြက္တာ ျဖစ္တယ္လို႔ ဦးေဟာက္ဒိုဆြမ္းက ေျပာပါတယ္။

BBC Burmese
https://www.bbc.com
---------------
(Unicode)⤵⤵⤵
အိုင်စီဂျေမှာ မြန်မာကို တရားစွဲထားတဲ့ကိစ္စ တပ်မတော် ဘယ်လို ရပ်တည်သလဲ

Image caption တပ်မတော်ဟာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ဆို

ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ဂမ်ဘီယာက မြန်မာကို တရားစွဲထားတဲ့ အမှုနဲ့ ပတ်သက်ပြီး တပ်မတော်ဟာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

ICJ ရုံးစိုက်ရာ နယ်သာလန်နိုင်ငံ သဟေ့ဂ်မြို့ကို စေလွှတ်မယ့်အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ်လို့ ပြောထားသလို တပ်ဘက်ကလည်း လိုအပ်ရင် တပ်ကိုယ်စားလှယ်တွေ ပါကောင်းပါလာနိုင်တယ်လို့လည်း နိုဝင်ဘာလ ၂၁ ရက် မှာ သူက ပြောပါတယ်။

ဒီအမှုကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးစီးဆောင်ရွက်မယ်ဆိုပြီး မြန်မာအစိုးရက နိုဝင်ဘာလ ၂ဝ ရက်စွဲနဲ့ ကြေညာခဲ့ပါတယ်။

ICJ က ဒီဇင်ဘာလထဲ အမှုရုံးချိန်းရက်တွေ ထုတ်ပြန်လာခဲ့အပြီး ချက်ချင်းဆိုသလိုပဲ မြန်မာဘက်ကလည်း အခုလိုတုံ့ပြန်လာခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption တပ်ချုပ်နဲ့ ဒီရက်ပိုင်းတွေ့မယ်လို့ သတင်းတွေထွက်

မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာ မွတ်ဆလင်တွေ တိုက်ခိုက်ခံခဲ့ရတာဟာ လူမျိုးတုံး သတ်ဖြတ်မှု မြောက်နိုင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကို ကိုယ်စားပြုပြီး အနောက်အာဖရိက နိုင်ငံ ဂမ်ဘီယာက မြန်မာကို ICJ မှာ နိုဝင်ဘာ ၁၁ ရက် မှာ တရားစွဲခဲ့တာ ဖြစ်ပါတယ်။

အနောက်အာဖရိကထဲက ဂမ်ဘီယာနိုင်ငံဟာ နိုင်ငံပေါင်း ၅၇ နိုင်ငံပါတဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC ကို ကိုယ်စားပြုပြီး ဒီအမှုကို ဖွင့်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၁ဝ ရက်ကနေ ၁၂ ရက်ထိ နှစ်ဘက်နိုင်ငံတွေရဲ့ လျှောက်ထားချက်တွေကို ၃ ရက်တာ ကြားနာသွားမယ်လို့ ICJ ဘက်က ရုံးချိန်းရက်တွေ ထုတ်ပြန်ထားပါတယ်။

"ကျွန်တော်တို့ အစိုးရနဲ့ပူးပေါင်းဆောင်ရွက်နေပါတယ်၊ လိုအပ်တဲ့ အချက်တွေ စုဆောင်းတာတွေ၊ ပေးအပ်တာတွေလည်း ရှိပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်လို့လည်း " ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption သဟေ့ဂ်မြို့ အခြေစိုက် ကုလသမဂ္ဂရဲ့ နိုင်ငံတကာ တရားရုံး

၂၀၁၇ ခုနှစ်မှာ ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်မှုတွေကြောင့် ရိုဟင်ဂျာ မွတ်ဆလင် ခုနစ်သိန်း လေးသောင်းကျော် ထွက်ပြေးသွားခဲ့ကြပြီးတော့ ဒါဟာ လူမျိုးတုံး သတ်ဖြတ်မှုတွေနဲ့ ဆက်စပ်နိုင်တယ်လို့လည်း နိုင်ငံတကာက စွပ်စွဲမှုတွေ ရှိပါတယ်။

တပ်မတော်ဘက်ကတော့ အဲဒီတိုက်ခိုက်မှုတွေ စဖြစ်ပွားတာဟာ ရဲစခန်းနဲ့ တပ်ရင်း တပ်စခန်း ပေါင်း ၃၀ ကို အာဆာလို့ ခေါ်တဲ့ မွတ်ဆလင် အကြမ်းဖက် အဖွဲ့က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နိုင်ငံတကာ မှာ အဲဒီအချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြတာ မတွေ့ရဘူးလို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

၂၀၁၈ သြဂုတ် ၂၅ ရက်မှာ တပ်မတော် တပ်ရင်း ဂိတ်ကင်းစခန်းတစ်ခုနဲ့ နယ်ခြားစောင့်ရဲကင်း စခန်းပေါင်း ၃၀ ကို အကြမ်းဖက်အဖွဲ့တွေက အင်အားသုံး တိုက်ခိုက်ခဲ့လို့ တစ်လအတွင်း နိုင်ငံ့ဝန်ထမ်းနှစ်ဦး၊ ဟိန္ဒူ၊ မြို၊ ရခိုင်၊ ဒိုင်းနက် တိုင်းရင်းသားတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦး အပါအဝင် စုစုပေါင်း ၈၄ ဦး သတ်ဖြတ်ခံရပြီး ၅၄ ဦး ပျောက်ဆုံးခဲ့တယ်လို့ အစိုးရဘက်က ထုတ်ပြန်ခဲ့ပါတယ်။

ဂမ်ဘီယာရဲ့ တရားစွဲချက်ကို ICJ မှာ တုံ့ပြန်ရင်ဆိုင်ဖို့ နိုင်ငံတကာက ကျွမ်းကျင်တဲ့ ဥပဒေ ပညာရှင်တွေကိုလည်း ငှားရမ်းထားပြီး ဖြစ်တယ်လို့ မြန်မာဘက်က ထုတ်ပြောပါတယ်။

ICJ ရုံးစိုက်ရာ သဟေ့ဂ်မြို့ကို စေလွှတ်မယ့်အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတစ်ဦး အနေနဲ့ ဦးဆောင်သွားမှာ ဖြစ်တယ်လို့လည်း နိုင်ငံတော် အတိုင်ပင်ခံရုံးက နိုဝင်ဘာလ ၂၀ ရက်က ထုတ်ပြန်ပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ၂၀၁၇ မှာ ရိုဟင်ဂျာ မွတ်ဆလင် ခုနစ်သိန်းလေးသောင်းကျော် ထွက်ပြေးသွားခဲ့

ဂျီနိုဆိုက် ကွန်ဗင်းရှင်းလို့ ခေါ်တဲ့ လူမျိုးတုံး သတ်ဖြတ်မှုကို တားဆီးရေး၊ အပြစ်ပေးရေး ကုလသမဂ္ဂ ပဋိညာဉ်ကို မြန်မာက လက်မှတ်ထိုးထားပေမယ့် လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဂမ်ဘီယာက အမှုဖွင့်တာ ဖြစ်ပါတယ်။

ဒါ့အပြင် အရပ်သားတွေကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတွေ မြန်မာနိုင်ငံထဲမှာ ချက်ချင်းရပ်ဖို့ အရေးပေါ် တားဆီးမိန့် တစ်ရပ် ICJ က ထုတ်ပြန်ပေးဖို့လည်း ဂမ်ဘီယာက ထည့်သွင်း လျှောက်ထားခဲ့ပါတယ်။

ICJ က မြန်မာနိုင်ငံကို အခုလို တရားစွဲ ခရတာဟာ စိန်ခေါ်မှု ဖြစ်သလို အခွင့်အရေးလည်း ဖြစ်လာနိုင်တယ်လို့ လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

"ICJက ကုလသမဂ္ဂ လက်အောက်ခံ သိက္ခာရှိတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ မြန်မာကိုယ်စားလှယ် အဖွဲ့က ခုနက ပြောသလို အကြောင်းအရာအမှန်တွေ ရှင်းခွင့်ရမယ်ဆိုရင် နိုင်ငံတကာက အထင်အမြင်လွဲမှားမှုတွေကို ရှင်းနိုင်တယ် အဲဒီ့ အခွင့်အရေး ရနိုင်တယ်လို့ ထင်ပါတယ်" လို့ လည်း သူက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် MOFA
Image caption "ဂမ်ဘီယာနဲ့ ကျွန်တော်တို့နဲ့ ဘာမှ မဆိုင်ဘူး၊ ပတ်သက်မှုလည်း မရှိဘူး" ဦးဟောက်ဒိုဆွမ်း

အဲဒီ ICJ ဒီဇင်ဘာ ရုံးချိန်းရက်တွေဟာ အရေးပေါ် တားဆီးမိန့် ထုတ်ပြန်ရေးအတွက် သာမက ICJ အမှုတစ်ခုလုံးရဲ့ လုပ်ငန်းစဉ် အစလည်း ဖြစ်တဲ့ အတွက် ဂျီနိုဆိုက် ကွန်ဗေးရှင်း ချိုးဖောက်မှု စွဲချက် အမှုကြီး တစ်ခုလုံး အတွက်လည်း ပြောဆိုဖို့ရာ အခွင့်အလမ်းကောင်းလည်း ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ် ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။

ဒါ့ကြောင့် ဒီကနဦး ကြားနာပွဲတွေကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် တက်ရောက်ဖို့ ဆုံးဖြတ်တာလို့ သူ့အနေနဲ့ ရှုမြင်ကြောင်း ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။

ဂျီနိုဆိုက် ကွန်ဗေးရှင်း ချိုးဖောက်မှု စွဲချက် ပင်မ အမှုကတော့ ICJ အနေနဲ့ အချိန်ယူ စစ်ဆေးရဖွယ် ရှိပါတယ်။

အခုလို ICJ အမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင် ဖြေရှင်းမယ်၊ သဟေ့ဂ်ကို ကိုယ်တိုင်သွားမယ် ဆိုတဲ့ အချက်တွေဟာ ရခိုင်မြောက်ပိုင်း အရေး ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရက ဘယ်လောက် အရေးတကြီး သဘောထား ကိုင်တွယ်နေသလဲ ဆိုတာကို ပြသနေတယ်လို့လည်း ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။

ဒီလို ကြီးလေးတဲ့ စွဲချက်ကို ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင် ဖြေရှင်းမယ် ဆိုတာဟာ နိုင်ငံတစ်ခုလုံးရဲ့ သိက္ခာ၊ နိုင်ငံရဲ့ ပုံရိပ်ကို ကာကွယ်ဖို့ ဆိုတဲ့ စိတ်စေတနာကို အများ သိနားလည်လိမ့်မယ်လို့ ဦးဟောက်ဒိုဆွမ်းက ဆိုပါတယ်။

"တပ်ဘက်က ကိုယ်စားလှယ် ပါခြင်းမပါခြင်းကတော့ ကျွန်တော် မပြောနိုင်သေးပါဘူး၊ ဒီကြားထဲမှာ ညှိနှိုင်းဆောင်ရွက်မှုတွေလည်း လုပ်နေပါတယ်။ လိုအပ်ရင်တော့ ပါကောင်းပါနိုင်တာပေါ့ "လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဘယ်သူမှ မနာတဲ့နည်း၊ အဓိက ပြည်သူမနာတဲ့ နည်းဖြစ်တဲ့ တပ်မတော် အပါအဝင် တိုင်းရင်းသား မျိုးနွယ်စု အသီးသီးကြား အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဦးစားပေး လုပ်ဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရရဲ့ မူဝါဒ အတိုင်း ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်တာ ဖြစ်တယ်လို့ ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။

BBC Burmese
https://www.bbc.com
အိုင္စီေဂ်မွာ ျမန္မာကို တရားစြဲထားတဲ့ကိစၥ တပ္မေတာ္ ဘယ္လို ရပ္တည္သလဲ အိုင္စီေဂ်မွာ ျမန္မာကို တရားစြဲထားတဲ့ကိစၥ တပ္မေတာ္ ဘယ္လို ရပ္တည္သလဲ Reviewed by THITHTOOLWIN on 01:41 Rating: 5
Powered by Blogger.