ေနျပည္ေတာ္ တပ္ကုန္းနဲ႔ မႏၲေလးတိုင္း ၿမိဳ႕နယ္ေပါင္း ၇ ၿမိဳ႕နယ္မွာ အီတလီနဲ႔ေပါင္းၿပီးေရနံရွာမယ္

မေကြးတိုင္းထဲက တရားမဝင္ကုန္းတြင္းေရနံလုပ္ကြက္ တစ္ခု
(Zawgyi)⤵⤵⤵
ေနျပည္ေတာ္ တပ္ကုန္းနဲ႔ မႏၲေလးတိုင္းထဲက ၿမိဳ႕နယ္ေပါင္း ၇ ၿမိဳ႕နယ္မွာ ကုန္းတြင္းေရနံလုပ္ကြက္ေတြ တူးေဖာ္ဖို႔ ျမန္မာ့ေရနံနဲ႔ သဘာဝဓာတ္ေငြလုပ္ငန္းက အီတလီအေျခစိုက္ ENI ေရနံနဲ႔ သဘာဝဓာတ္ေငြ႕ ရင္းႏွီးျမဳပ္ႏွံမႈ ကုမၸဏီနဲ႔ ပူးေပါင္းၿပီး လုပ္ငန္းေတြ စဖို႔ ျပင္ဆင္ေနပါတယ္။

ကုန္းတြင္းေရနံလုပ္ကြက္ေတြ တူးေဖာ္ဖို႔ လ်ာထားတဲ့ ေနရာေတြကေတာ့ ေနျပည္ေတာ္ တပ္ကုန္းနဲ႔ မႏၲေလးတိုင္းထဲမွာရွိတဲ့ ရမည္းသင္း၊ ေပ်ာ္ဘြယ္၊ သာစည္၊ ဝမ္းတြင္း၊ ျမစ္သား၊ ေက်ာက္ဆည္၊ စဥ့္ကိုင္ စတဲ့ ၿမိဳ႕နယ္ေပါင္း ၈ ၿမိဳ႕နယ္ထဲက ေျမဧရိယာ စတုရန္းကီလိုမီတာ ငါးေထာင္တစ္ရာေက်ာ္မွာ ျဖစ္ပါတယ္။

အဲ့ဒီေနရာေတြမွာ ေျမေအာက္ ေရနံပမာဏ ဘယ္ေလာက္ရွိႏိုင္မယ္ဆိုတာကို ျမန္မာ့ေရနံနဲ႔ သဘာဝဓာတ္ေငြလုပ္ငန္း MOGE က အီတလီအေျခစိုက္ ENI ကုမၸဏီနဲ႔ ဘူမိေဗဒ စမ္းသပ္ေလ့လာမႈေတြ စလုပ္ဖို႔ ျပင္ဆင္ေနပါတယ္။

ၿမိဳ႕နယ္ေပါင္း ၈ ၿမိဳ႕နယ္ထဲက ေက်း႐ြာအုပ္စုေပါင္း ၃၇၀ ေက်ာ္မွာ တြင္းငယ္ေပါင္း ၁၃၀၀ ေက်ာ္ေလာက္တူးၿပီးစမ္းသပ္မႈေတြလုပ္ၿပီးမွစီးပြားျဖစ္ထုတ္ႏိုင္မထုတ္ႏိုင္သိရမွာျဖစ္တယ္ဆိုၿပီးေတာ့ MOGE က ဘူမိေဗဒအရာရွိ ဦးကိုကိုဦးက ေျပာပါတယ္။

အခုေရနံလုပ္ကြက္ေတြ တူးေဖာ္ဖို႔ လ်ာထားတဲ့ ေနျပည္ေတာ္ တပ္ကုန္းနဲ႔ မႏၲေလးက ၿမိဳ႕နယ္ေတြဟာ အရင္က စီးပြားျဖစ္ေရနံတူးေဖာ္မႈေတြ မရွိခဲ့တဲ့ေနရာသစ္ေတြ ျဖစ္ပါတယ္။

ENI ဟာ၂၀၁၄ခုႏွစ္ မွာ ျမန္မာႏိုင္ငံကုန္းတြင္းလုပ္ကြက္ေတြကို ဝင္ေရာက္လုပ္ကိုင္လာ
အခု ဒီေနရာေတြမွာ ေရနံတူးေဖာ္ခြင့္ကို ႏိုင္ငံတကာကုမၸဏီေတြကို တင္ဒါေခၚခဲ့တာျဖစ္ၿပီး အဲ့ဒီကမွ အီတလီ ENI ကုမၸဏီက တင္ဒါေအာင္ျမင္ခဲ့ၿပီး ထုတ္လုပ္မႈအေပၚ ခြဲေဝခံစားျခင္း Sharing Contract နဲ႔လုပ္ငန္းအေကာင္အထည္ေဖာ္မႈ အမ္အိုေအ စာခ်ဳပ္ကို ျမန္မာ့ေရနံနဲ႔ သဘာဝဓာတ္ေငြလုပ္ငန္းMOGE နဲ႔ ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

ေျမေအာက္မွာ ေရနံနဲ႔ သဘာဝဓာတ္ေငြ႕ ဘယ္ေလာက္ရွိမလဲဆိုတာ သိႏိုင္မယ့္ ဘူမိေဗဒ စမ္းသပ္ေလ့လာမႈေတြကို တပ္ကုန္းအပါအဝင္ မႏၲေလးက ၿမိဳ႕နယ္ေပါင္း ရွစ္ၿမိဳ႕နယ္မွာ လာမယ့္ႏွစ္ ဇန္နဝါရီလဆန္းပိုင္းမွာ စလုပ္မွာ မွာျဖစ္ပါတယ္။

လတ္တေလာမွာလည္း ျမန္မာ့ေရနံနဲ႔ သဘာဝဓာတ္ေငြလုပ္ငန္း MOGE က ဦးေဆာင္ၿပီးေတာ့ လ်ာထားတဲ့ စီမံကိန္းဧရိယာထဲပါတဲ့ ၿမိဳ႕နယ္ ရွစ္ ၿမိဳ႕နယ္နဲ႔ ေက်း႐ြာေတြကို ဆင္းၿပီးေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ေဒသခံေတြနဲ႔ ေတြ႕ဆုံၿပီး စီမံကိန္းအေၾကာင္း ရွင္းျပတာေတြ လုပ္ေနပါတယ္။

ENI ဟာ၂၀၁၄ခုႏွစ္ မွာ ျမန္မာႏိုင္ငံကုန္းတြင္းလုပ္ကြက္ေတြကို ဝင္ေရာက္လုပ္ကိုင္လာတာျဖစ္ၿပီးေတာ့ ကုန္းတြင္းလုပ္ကြက္ ႏွစ္ခုကိုရွာေဖြရန္ဖို႔ထုတ္လုပ္မႈမွ်ေဝျခင္းစာခ်ဳပ္ (PSC) ႏွစ္ခုရရွိခဲ့ပါတယ္။

ENI ရထားတဲ့လုပ္ကြက္ဟာ RSF-5 လုပ္ကြက္ဟာ မေကြးတိုင္းမွာရွိၿပီး ေတာ့ ေနာက္တစ္ခုကေတာ့ ပဲခူး႐ိုးမထဲမွာတည္ရွိပါတယ္။ဒီလုပ္ကြက္ေတြကို ရွာေဖြတူးေဖာ္ေရးအဆင့္မွာ (၆) ႏွစ္ၾကာမွာျဖစ္ၿပီး(၃) ပိုင္းခြဲလုပ္မယ္လို႔လည္း ENI ကုမၸဏီက ထုတ္ျပန္ထားပါတယ္။

ျမန္မာႏိုင္ငံအတြင္း ဘူမိအနည္က်ခ်ိဳင့္ဝွမ္း ၁၇ ခုရွိၿပီး အဆိုပါ ၁၇ ခု အနက္မွ ကုန္းပိုင္း လုပ္ကြက္ ၅၃ ကြက္နဲ႔ ကမ္းလြန္လုပ္ကြက္ ၅၁ ကြက္ စုစုေပါင္းလုပ္ကြက္ ၁၀၄ ကြက္ပိုင္းျခားၿပီး ေဆာင္႐ြက္ေနေၾကာင္း၊ ကုန္းပိုင္းလုပ္ကြက္ စုစုေပါင္း ၅၃ ကြက္အနက္ ႏိုင္ငံျခား ကုမၸဏီမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ေနတဲ့ လုပ္ကြက္ ၂၅ ကြက္၊ ျမန္မာ့ေရနံ ႏွင့္သဘာဝ ဓာတ္ေငြ႕လုပ္ငန္းက ေဆာင္႐ြက္ေနတဲ့လုပ္ကြက္ ၁၀ ကြက္ႏွင့္ လစ္လပ္ေနသည့္ လုပ္ကြက္ ၁၈ ကြက္ရွိတယ္လို႔ စြမ္းအင္ဝန္ႀကီးက လႊတ္ေတာ္မွာ ၂၀၁၉ ခုႏွစ္ကေျပာခဲ့ပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
နေပြည်တော် တပ်ကုန်းနဲ့ မန္တလေးတိုင်း မြို့နယ်ပေါင်း ၇ မြို့နယ်မှာ အီတလီနဲ့ပေါင်းပြီးရေနံရှာမယ်

ဓာတ်ပုံ မူပိုင် Alamy
Image caption မကွေးတိုင်းထဲက တရားမဝင်ကုန်းတွင်းရေနံလုပ်ကွက် တစ်ခု

နေပြည်တော် တပ်ကုန်းနဲ့ မန္တလေးတိုင်းထဲက မြို့နယ်ပေါင်း ၇ မြို့နယ်မှာ ကုန်းတွင်းရေနံလုပ်ကွက်တွေ တူးဖော်ဖို့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေလုပ်ငန်းက အီတလီအခြေစိုက် ENI ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီနဲ့ ပူးပေါင်းပြီး လုပ်ငန်းတွေ စဖို့ ပြင်ဆင်နေပါတယ်။

ကုန်းတွင်းရေနံလုပ်ကွက်တွေ တူးဖော်ဖို့ လျာထားတဲ့ နေရာတွေကတော့ နေပြည်တော် တပ်ကုန်းနဲ့ မန္တလေးတိုင်းထဲမှာရှိတဲ့ ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ ကျောက်ဆည်၊ စဉ့်ကိုင် စတဲ့ မြို့နယ်ပေါင်း ၈ မြို့နယ်ထဲက မြေဧရိယာ စတုရန်းကီလိုမီတာ ငါးထောင်တစ်ရာကျော်မှာ ဖြစ်ပါတယ်။

အဲ့ဒီနေရာတွေမှာ မြေအောက် ရေနံပမာဏ ဘယ်လောက်ရှိနိုင်မယ်ဆိုတာကို မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေလုပ်ငန်း MOGE က အီတလီအခြေစိုက် ENI ကုမ္ပဏီနဲ့ ဘူမိဗေဒ စမ်းသပ်လေ့လာမှုတွေ စလုပ်ဖို့ ပြင်ဆင်နေပါတယ်။

မြို့နယ်ပေါင်း ၈ မြို့နယ်ထဲက ကျေးရွာအုပ်စုပေါင်း ၃၇၀ ကျော်မှာ တွင်းငယ်ပေါင်း ၁၃၀၀ ကျော်လောက်တူးပြီးစမ်းသပ်မှုတွေလုပ်ပြီးမှစီးပွားဖြစ်ထုတ်နိုင်မထုတ်နိုင်သိရမှာဖြစ်တယ်ဆိုပြီးတော့ MOGE က ဘူမိဗေဒအရာရှိ ဦးကိုကိုဦးက ပြောပါတယ်။

အခုရေနံလုပ်ကွက်တွေ တူးဖော်ဖို့ လျာထားတဲ့ နေပြည်တော် တပ်ကုန်းနဲ့ မန္တလေးက မြို့နယ်တွေဟာ အရင်က စီးပွားဖြစ်ရေနံတူးဖော်မှုတွေ မရှိခဲ့တဲ့နေရာသစ်တွေ ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် MOGE
Image caption ENI ဟာ၂၀၁၄ခုနှစ် မှာ မြန်မာနိုင်ငံကုန်းတွင်းလုပ်ကွက်တွေကို ဝင်ရောက်လုပ်ကိုင်လာ

အခု ဒီနေရာတွေမှာ ရေနံတူးဖော်ခွင့်ကို နိုင်ငံတကာကုမ္ပဏီတွေကို တင်ဒါခေါ်ခဲ့တာဖြစ်ပြီး အဲ့ဒီကမှ အီတလီ ENI ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ပြီး ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားခြင်း Sharing Contract နဲ့လုပ်ငန်းအကောင်အထည်ဖော်မှု အမ်အိုအေ စာချုပ်ကို မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေလုပ်ငန်းMOGE နဲ့ ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

မြေအောက်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဘယ်လောက်ရှိမလဲဆိုတာ သိနိုင်မယ့် ဘူမိဗေဒ စမ်းသပ်လေ့လာမှုတွေကို တပ်ကုန်းအပါအဝင် မန္တလေးက မြို့နယ်ပေါင်း ရှစ်မြို့နယ်မှာ လာမယ့်နှစ် ဇန်နဝါရီလဆန်းပိုင်းမှာ စလုပ်မှာ မှာဖြစ်ပါတယ်။

လတ်တလောမှာလည်း မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေလုပ်ငန်း MOGE က ဦးဆောင်ပြီးတော့ လျာထားတဲ့ စီမံကိန်းဧရိယာထဲပါတဲ့ မြို့နယ် ရှစ် မြို့နယ်နဲ့ ကျေးရွာတွေကို ဆင်းပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေ ဒေသခံတွေနဲ့ တွေ့ဆုံပြီး စီမံကိန်းအကြောင်း ရှင်းပြတာတွေ လုပ်နေပါတယ်။

ENI ဟာ၂၀၁၄ခုနှစ် မှာ မြန်မာနိုင်ငံကုန်းတွင်းလုပ်ကွက်တွေကို ဝင်ရောက်လုပ်ကိုင်လာတာဖြစ်ပြီးတော့ ကုန်းတွင်းလုပ်ကွက် နှစ်ခုကိုရှာဖွေရန်ဖို့ထုတ်လုပ်မှုမျှဝေခြင်းစာချုပ် (PSC) နှစ်ခုရရှိခဲ့ပါတယ်။

ENI ရထားတဲ့လုပ်ကွက်ဟာ RSF-5 လုပ်ကွက်ဟာ မကွေးတိုင်းမှာရှိပြီး တော့ နောက်တစ်ခုကတော့ ပဲခူးရိုးမထဲမှာတည်ရှိပါတယ်။ဒီလုပ်ကွက်တွေကို ရှာဖွေတူးဖော်ရေးအဆင့်မှာ (၆) နှစ်ကြာမှာဖြစ်ပြီး(၃) ပိုင်းခွဲလုပ်မယ်လို့လည်း ENI ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံအတွင်း ဘူမိအနည်ကျချိုင့်ဝှမ်း ၁၇ ခုရှိပြီး အဆိုပါ ၁၇ ခု အနက်မှ ကုန်းပိုင်း လုပ်ကွက် ၅၃ ကွက်နဲ့ ကမ်းလွန်လုပ်ကွက် ၅၁ ကွက် စုစုပေါင်းလုပ်ကွက် ၁၀၄ ကွက်ပိုင်းခြားပြီး ဆောင်ရွက်နေကြောင်း၊ ကုန်းပိုင်းလုပ်ကွက် စုစုပေါင်း ၅၃ ကွက်အနက် နိုင်ငံခြား ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နေတဲ့ လုပ်ကွက် ၂၅ ကွက်၊ မြန်မာ့ရေနံ နှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းက ဆောင်ရွက်နေတဲ့လုပ်ကွက် ၁၀ ကွက်နှင့် လစ်လပ်နေသည့် လုပ်ကွက် ၁၈ ကွက်ရှိတယ်လို့ စွမ်းအင်ဝန်ကြီးက လွှတ်တော်မှာ ၂၀၁၉ ခုနှစ်ကပြောခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
ေနျပည္ေတာ္ တပ္ကုန္းနဲ႔ မႏၲေလးတိုင္း ၿမိဳ႕နယ္ေပါင္း ၇ ၿမိဳ႕နယ္မွာ အီတလီနဲ႔ေပါင္းၿပီးေရနံရွာမယ္ ေနျပည္ေတာ္ တပ္ကုန္းနဲ႔ မႏၲေလးတိုင္း ၿမိဳ႕နယ္ေပါင္း ၇ ၿမိဳ႕နယ္မွာ အီတလီနဲ႔ေပါင္းၿပီးေရနံရွာမယ္ Reviewed by THITHTOOLWIN on 21:45 Rating: 5
Powered by Blogger.