ဘာဘ္ဘယ္မုန္တိုင္း - လူတစ္သိန္းကို ဘဂၤလားေဒ့ရွ္ ကယ္ထုတ္

အိမ္ေတြကေန ထြက္ခြာၾကဖို႔ မုန္တိုင္းေဒသက လူေတြကို မုန္တိုင္းႀကိဳျပင္ဆင္ေရး အဖြဲ႕ တာဝန္ရွိသူေတြက ႏိုဝင္ဘာ ၉ရက္မွာ လိုက္ႏႈိးေဆာ္ေနၾကပါတယ္။
(Zawgyi)⤵⤵⤵
ဆိုင္ကလုန္း မုန္တိုင္း ဘာဘ္ဘယ္ ဝင္ေရာက္မယ့္ ကမ္း႐ိုးတန္း ေဒသမွာ ေနထိုင္တဲ့ လူတစ္သိန္းေလာက္ကို ေနရာေတြကေန ထြက္ခြာၾကဖို႔ ဘဂၤလားေဒ့ရွ္ အစိုးရက ထုတ္ျပန္ထားပါတယ္။

ႏိုဝင္ဘာလ ၉ ရက္ စေနေန႔ ေဒသ စံေတာ္ခ်ိန္ ညေနပိုင္းေလာက္မွာ မုန္တိုင္းအရွိန္ေၾကာင့္ ေျမၿပိဳမႈေတြ ျဖစ္ၿပီး ဒီေရေတြလည္း ၇ ေပေလာက္အထိ တက္မယ္လို႔ ခန႔္မွန္းထားတာ ျဖစ္ပါတယ္။

ကမ္း႐ိုးတန္း ေဒသက ေျမမ်က္ႏွာျပင္ အနိမ့္ပိုင္း ခ႐ိုင္ ၁၀ ခုထက္မကဟာ မုန္တိုင္း ျဖတ္သန္းဝင္ေရာက္ဖြယ္ရွိတဲ့ လမ္းေၾကာင္းမွာ ရွိေနပါတယ္။

ဒါေၾကာင့္ မြန္ဂ္လနဲ႔ စစ္တေကာင္းစတဲ့ ပင္လယ္ဆိပ္ကမ္းေတြမွာ မုန္တိုင္း အထူး သတိေပးတာေတြ လုပ္ထားပါတယ္။

ဒီမုန္တိုင္းေၾကာင့္ ဆန္ဒရာဘန္းနဲ႔ အနီးတစ္ဝိုက္မွာ ေျမၿပိဳတာေတြ ျဖစ္မယ္လို႔ ခန႔္မွန္းထားပါတယ္။

အဲဒီေနရာဟာ ကမာၻ႔အႀကီးဆုံး ဒီေရေတာ ေဒသႀကီး ျဖစ္ၿပီး မ်ိဳးတုန္းေပ်ာက္ကြယ္ေတာ့မယ့္ ဘဂၤလားက်ားေတြ ေနတဲ့ ေနရာျဖစ္ပါတယ္။


မုန္တိုင္းဟာ ေလတိုက္ႏႈန္း တစ္နာရီ ၇၅ မိုင္အထိ ရွိၿပီး ကမ္း႐ိုးတန္းတစ္ေလွ်ာက္က ပင္လယ္နဲ႔ ျမစ္ေတြထဲမွာ မုန္တိုင္းဒီေရေတြ တက္မယ္လို႔ ဘဂၤလားေဒ့ရွ္ မိုးေလဝသ ဌာနက ေျပာပါတယ္။

ေစတနာ့ ဝန္ထမ္း ေထာင္ေပါင္းမ်ားစြာက မုန္တိုင္းက်မယ့္ေနရာက လူေတြဆီ အိမ္တိုင္ရာေရာက္သြားၿပီး မုန္တိုင္း သတိေပးတာေတြ လုပ္ၾကမွာ ျဖစ္ပါတယ္။

ဘဂၤလားေဒ့ရွ္ကို အရင္ႏွစ္ေတြကတည္းက ဆိုင္ကလုန္းမုန္တိုင္းေတြ မၾကာခဏ တိုက္ေလ့ ရွိပါတယ္။ ဒီမုန္တိုင္းေတြေၾကာင့္လည္း လူေတြ ေထာင္ခ်ီ ေသဆုံးခဲ့ပါတယ္။

ဒါေပမဲ့ အခုႏွစ္ပိုင္းေတြမွာေတာ့ ပိုေကာင္းတဲ့ မုန္တိုင္းႀကိဳ ကယ္ဆယ္ေရး လုပ္ငန္းေတြ ေၾကာင့္ လူအသက္ထိခိုက္ဆုံးရႈံးမႈေတြ သိသိသာသာေလ်ာ့လာေအာင္ ဘဂၤလားေဒ့ရွ္ အစိုးရက ေအာင္ေအာင္ျမင္ျမင္ လုပ္ႏိုင္ခဲ့ပါတယ္။

မုန္တိုင္းအႀကိဳ သတိေပး စနစ္ေတြ တိုးတက္လာၿပီး အာဏာပိုင္ေတြ လူေတြကို ကယ္ထုတ္ဖို႔ အခ်ိန္ပိုရေအာင္ လုပ္ႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ မုန္တိုင္းခို အေဆာက္အအုံေတြလည္း တည္ေဆာက္ထားႏိုင္ခဲ့ပါတယ္။

အခု မုန္တိုင္း အႀကိဳ သတိေပးအေနနဲ႔ေတာ့ သတ္မွတ္ထားတဲ့ မုန္တိုင္းခို အေဆာက္အအုံေတြ အျပင္ ေက်ာင္းေတြနဲ႔ ဗလီေတြကိုပါ မုန္တိုင္းခို အျဖစ္ သုံးဖို႔ ေဒသ အာဏာပိုင္ေတြက အသိေပးထားပါတယ္။

BBC Burmese
https://www.bbc.com
--------------------
(Unicode)⤵⤵⤵
ဘာဘ်ဘယ်မုန်တိုင်း - လူတစ်သိန်းကို ဘင်္ဂလားဒေ့ရှ် ကယ်ထုတ်

Image caption အိမ်တွေကနေ ထွက်ခွာကြဖို့ မုန်တိုင်းဒေသက လူတွေကို မုန်တိုင်းကြိုပြင်ဆင်ရေး အဖွဲ့ တာဝန်ရှိသူတွေက နိုဝင်ဘာ ၉ရက်မှာ လိုက်နှိုးဆော်နေကြပါတယ်။

ဆိုင်ကလုန်း မုန်တိုင်း ဘာဘ်ဘယ် ဝင်ရောက်မယ့် ကမ်းရိုးတန်း ဒေသမှာ နေထိုင်တဲ့ လူတစ်သိန်းလောက်ကို နေရာတွေကနေ ထွက်ခွာကြဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၉ ရက် စနေနေ့ ဒေသ စံတော်ချိန် ညနေပိုင်းလောက်မှာ မုန်တိုင်းအရှိန်ကြောင့် မြေပြိုမှုတွေ ဖြစ်ပြီး ဒီရေတွေလည်း ၇ ပေလောက်အထိ တက်မယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။

ကမ်းရိုးတန်း ဒေသက မြေမျက်နှာပြင် အနိမ့်ပိုင်း ခရိုင် ၁၀ ခုထက်မကဟာ မုန်တိုင်း ဖြတ်သန်းဝင်ရောက်ဖွယ်ရှိတဲ့ လမ်းကြောင်းမှာ ရှိနေပါတယ်။

ဒါကြောင့် မွန်ဂ်လနဲ့ စစ်တကောင်းစတဲ့ ပင်လယ်ဆိပ်ကမ်းတွေမှာ မုန်တိုင်း အထူး သတိပေးတာတွေ လုပ်ထားပါတယ်။

ဒီမုန်တိုင်းကြောင့် ဆန်ဒရာဘန်းနဲ့ အနီးတစ်ဝိုက်မှာ မြေပြိုတာတွေ ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

အဲဒီနေရာဟာ ကမ္ဘာ့အကြီးဆုံး ဒီရေတော ဒေသကြီး ဖြစ်ပြီး မျိုးတုန်းပျောက်ကွယ်တော့မယ့် ဘင်္ဂလားကျားတွေ နေတဲ့ နေရာဖြစ်ပါတယ်။

မုန်တိုင်းဟာ လေတိုက်နှုန်း တစ်နာရီ ၇၅ မိုင်အထိ ရှိပြီး ကမ်းရိုးတန်းတစ်လျှောက်က ပင်လယ်နဲ့ မြစ်တွေထဲမှာ မုန်တိုင်းဒီရေတွေ တက်မယ်လို့ ဘင်္ဂလားဒေ့ရှ် မိုးလေဝသ ဌာနက ပြောပါတယ်။

စေတနာ့ ဝန်ထမ်း ထောင်ပေါင်းများစွာက မုန်တိုင်းကျမယ့်နေရာက လူတွေဆီ အိမ်တိုင်ရာရောက်သွားပြီး မုန်တိုင်း သတိပေးတာတွေ လုပ်ကြမှာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို အရင်နှစ်တွေကတည်းက ဆိုင်ကလုန်းမုန်တိုင်းတွေ မကြာခဏ တိုက်လေ့ ရှိပါတယ်။ ဒီမုန်တိုင်းတွေကြောင့်လည်း လူတွေ ထောင်ချီ သေဆုံးခဲ့ပါတယ်။

ဒါပေမဲ့ အခုနှစ်ပိုင်းတွေမှာတော့ ပိုကောင်းတဲ့ မုန်တိုင်းကြို ကယ်ဆယ်ရေး လုပ်ငန်းတွေ ကြောင့် လူအသက်ထိခိုက်ဆုံးရှုံးမှုတွေ သိသိသာသာလျော့လာအောင် ဘင်္ဂလားဒေ့ရှ် အစိုးရက အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့ပါတယ်။

မုန်တိုင်းအကြို သတိပေး စနစ်တွေ တိုးတက်လာပြီး အာဏာပိုင်တွေ လူတွေကို ကယ်ထုတ်ဖို့ အချိန်ပိုရအောင် လုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် မုန်တိုင်းခို အဆောက်အအုံတွေလည်း တည်ဆောက်ထားနိုင်ခဲ့ပါတယ်။

အခု မုန်တိုင်း အကြို သတိပေးအနေနဲ့တော့ သတ်မှတ်ထားတဲ့ မုန်တိုင်းခို အဆောက်အအုံတွေ အပြင် ကျောင်းတွေနဲ့ ဗလီတွေကိုပါ မုန်တိုင်းခို အဖြစ် သုံးဖို့ ဒေသ အာဏာပိုင်တွေက အသိပေးထားပါတယ်။

BBC Burmese
https://www.bbc.com
ဘာဘ္ဘယ္မုန္တိုင္း - လူတစ္သိန္းကို ဘဂၤလားေဒ့ရွ္ ကယ္ထုတ္ ဘာဘ္ဘယ္မုန္တိုင္း - လူတစ္သိန္းကို ဘဂၤလားေဒ့ရွ္ ကယ္ထုတ္ Reviewed by THITHTOOLWIN on 10:13 Rating: 5
Powered by Blogger.