ဖ်ာပုံ-အမာ ဆက္သြယ္ေရး ကားလမ္းမေပၚရွိ ေခ်ာင္းကူးတံတား ကုန္တင္ကား ျဖတ္ေမာင္းစဥ္ ၿပိဳက်

ၿပိဳက်မႈ ျဖစ္ပြားခဲ့ေသာ ဆိပ္မေဘလီ ေခ်ာင္းကူး တံတားအား ေတြ႕ရစဥ္(ဓာတ္ပုံ - MOI)
(Zawgyi)⤵⤵⤵
    ရန္ကုန္ ၊ ႏိုဝင္ဘာ ၁၀ ရက္(ဆင္ဟြာ)

    ဖ်ာပုံၿမိဳ႕ႏွင့္ အမာၿမိဳ႕ကို ဆက္သြယ္ထားေသာ ကားလမ္းမေပၚရွိ ဆိပ္မေဘလီ ေခ်ာင္းကူး တံတား၌ ႏိုဝင္ဘာ ၉ ရက္ ည ၁၂ နာရီ အခ်ိန္ခန႔္တြင္ ကုန္တင္ကားတစ္စီး ျဖတ္ေမာင္းေနစဥ္ ၿပိဳက်မႈ ျဖစ္ပြားခဲ့ေၾကာင္း ျပန္ၾကားေရး ဝန္ႀကီးဌာနမွ ထုတ္ျပန္ေသာ သတင္း အရ သိရသည္။

အမာၿမိဳ႕ဘက္မွ ကားတစ္စီးမွာ ျဖတ္ေမာင္းေနစဥ္ တံတားအလယ္ေရာက္၌ ေရလယ္တိုင္ က်ိဳးက်ၿပီး အဆိုပါ ေခ်ာင္းကူးတံတား ၿပိဳက်ခဲ့ျခင္း ျဖစ္ေၾကာင္း ၊ တံတားၿပိဳက်မႈ ေၾကာင့္ ျဖတ္ေမာင္းေနသည့္ ကုန္တင္ကား ေရထဲနစ္ျမဳပ္ခဲ့ၿပီး လူေသေၾက ဒဏ္ရာရရွိမႈ မရွိခဲ့ေၾကာင္း သိရသည္။

တံတား ၿပိဳက်ေနစဥ္အတြင္း သြားလာမႈ အဆင္ေျပေစေရးအတြက္ တာဝန္ရွိသူမ်ားက ကြင္းဆင္း ၾကည့္ရႈ၍ ကူးတို႔ေလွ ၃ စီးျဖင့္ စီစဥ္ထားေၾကာင္း၊ လမ္းဦးစီးမွ တစ္ဆင့္ တံတားအထူးအဖြဲ႕သို႔ ခ်ိတ္ဆက္ကာ ျပန္လည္ ေဆာက္လုပ္ႏိုင္ေရး စီစဥ္ ေဆာင္႐ြက္ ေနေၾကာင္း သိရသည္။

ဆိပ္မေခ်ာင္းကူးတံတားကို ၁၉၉၇ ခုႏွစ္က ေဆာက္လုပ္ၿပီးစီး၍ စတင္အသုံးျပဳခဲ့ၿပီး ၂၀၀၉ ခုႏွစ္က တစ္ႀကိမ္ ၿပိဳက် ခဲ့ဖူးေၾကာင္း ၊ တံတားအထူးအဖြဲ႕မွ ျပန္လည္ျပင္ဆင္ တည္ေဆာက္ခဲ့၍ သြားလာမႈ အဆင္ေျပေခ်ာေမြ႕ခဲ့ၿပီး ယခုတစ္ဖန္ ၿပိဳက်ပ်က္စီးခဲ့ျခင္း ျဖစ္ေၾကာင္း ၊ ဆိပ္မေခ်ာင္းကူးတံတားသည္ ေဘလီအမ်ိဳးအစားျဖစ္ၿပီး အလ်ား ၂၈၀ ေပ အနံ ၁၂.၄ ေပရွိၿပီး မိုင္တိုင္အမွတ္ (၃၆/၂) တြင္ တည္ေဆာက္ထား၍ တံတားအမွတ္ (၁/၃၇) ျဖစ္ေၾကာင္း သိရသည္။
(Xinhua)
http://www.xinhuamyanmar.com
-------------------
(Unicode)⤵⤵⤵
ဖျာပုံ-အမာ ဆက်သွယ်ရေး ကားလမ်းမပေါ်ရှိ ချောင်းကူးတံတား ကုန်တင်ကား ဖြတ်မောင်းစဉ် ပြိုကျ


ပြိုကျမှု ဖြစ်ပွားခဲ့သော ဆိပ်မဘေလီ ချောင်းကူး တံတားအား တွေ့ရစဉ်(ဓာတ်ပုံ - MOI)
    ရန်ကုန် ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ)

    ဖျာပုံမြို့နှင့် အမာမြို့ကို ဆက်သွယ်ထားသော ကားလမ်းမပေါ်ရှိ ဆိပ်မဘေလီ ချောင်းကူး တံတား၌ နိုဝင်ဘာ ၉ ရက် ည ၁၂ နာရီ အချိန်ခန့်တွင် ကုန်တင်ကားတစ်စီး ဖြတ်မောင်းနေစဉ် ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်း အရ သိရသည်။

အမာမြို့ဘက်မှ ကားတစ်စီးမှာ ဖြတ်မောင်းနေစဉ် တံတားအလယ်ရောက်၌ ရေလယ်တိုင် ကျိုးကျပြီး အဆိုပါ ချောင်းကူးတံတား ပြိုကျခဲ့ခြင်း ဖြစ်ကြောင်း ၊ တံတားပြိုကျမှု ကြောင့် ဖြတ်မောင်းနေသည့် ကုန်တင်ကား ရေထဲနစ်မြုပ်ခဲ့ပြီး လူသေကြေ ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။

တံတား ပြိုကျနေစဉ်အတွင်း သွားလာမှု အဆင်ပြေစေရေးအတွက် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှု၍ ကူးတို့လှေ ၃ စီးဖြင့် စီစဉ်ထားကြောင်း၊ လမ်းဦးစီးမှ တစ်ဆင့် တံတားအထူးအဖွဲ့သို့ ချိတ်ဆက်ကာ ပြန်လည် ဆောက်လုပ်နိုင်ရေး စီစဉ် ဆောင်ရွက် နေကြောင်း သိရသည်။

ဆိပ်မချောင်းကူးတံတားကို ၁၉၉၇ ခုနှစ်က ဆောက်လုပ်ပြီးစီး၍ စတင်အသုံးပြုခဲ့ပြီး ၂၀၀၉ ခုနှစ်က တစ်ကြိမ် ပြိုကျ ခဲ့ဖူးကြောင်း ၊ တံတားအထူးအဖွဲ့မှ ပြန်လည်ပြင်ဆင် တည်ဆောက်ခဲ့၍ သွားလာမှု အဆင်ပြေချောမွေ့ခဲ့ပြီး ယခုတစ်ဖန် ပြိုကျပျက်စီးခဲ့ခြင်း ဖြစ်ကြောင်း ၊ ဆိပ်မချောင်းကူးတံတားသည် ဘေလီအမျိုးအစားဖြစ်ပြီး အလျား ၂၈၀ ပေ အနံ ၁၂.၄ ပေရှိပြီး မိုင်တိုင်အမှတ် (၃၆/၂) တွင် တည်ဆောက်ထား၍ တံတားအမှတ် (၁/၃၇) ဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ဖ်ာပုံ-အမာ ဆက္သြယ္ေရး ကားလမ္းမေပၚရွိ ေခ်ာင္းကူးတံတား ကုန္တင္ကား ျဖတ္ေမာင္းစဥ္ ၿပိဳက် ဖ်ာပုံ-အမာ ဆက္သြယ္ေရး ကားလမ္းမေပၚရွိ ေခ်ာင္းကူးတံတား ကုန္တင္ကား ျဖတ္ေမာင္းစဥ္ ၿပိဳက် Reviewed by THITHTOOLWIN on 02:00 Rating: 5
Powered by Blogger.