ႏိုင္ငံျခားသား ပါေမာကၡမ်ားႏွင့္ လဲလွယ္ရန္ တာလီဘန္ အက်ဥ္းသား ၃ ဦးကို အာဖဂန္အစိုးရ လႊတ္ေပး

တာလီဘန္မ်ားက ျပန္ေပးဆြဲထားေသာ အေမရိကန္ႏိုင္ငံသားႏွင့္ ဩစေၾတးလ်ႏိုင္ငံသား ပါေမာကၡ ႏွစ္ဦးတို႔အား ေတြ႕ရစဥ္ (ဓာတ္ပုံ-အင္တာနက္)
(Zawgyi)⤵⤵⤵
ကဘူးလ္၊ ႏိုဝင္ဘာ ၁၉ ရက္ (ဆင္ဟြာ)

အာဖဂန္နစၥတန္ အစိုးရက တာလီဘန္မ်ားမွ ျပန္ေပးဆြဲထားေသာ အေမရိကန္ႏိုင္ငံသားႏွင့္ ဩစေၾတးလ်ႏိုင္ငံသား ပါေမာကၡမ်ားႏွင့္ လဲလွယ္ရန္ Annas Haqqani အပါအဝင္ အဓိက အက်ဥ္းသား ၃ ဦးကို လႊတ္ေပးခဲ့ေၾကာင္း ေဒသခံ မီဒီယာက ႏိုဝင္ဘာ ၁၉ ရက္က ေျပာခဲ့သည္။

“Annas Haqqani နဲ႔အျခား Haqqani ကြန္ရက္အဖြဲ႕ဝင္ အက်ဥ္းသား ၂ ဦးကို ဘာဂရမ္ၿမိဳ႕ကေန လႊတ္ေပးလိုက္ၿပီး ကာတာႏိုင္ငံကို ႏိုဝင္ဘာ ၁၈ ရက္ မနက္ပိုင္းမွာ ေရာက္ရွိသြားခဲ့ပါတယ္” ဟု Tolo News TV က ထုတ္လႊင့္ခဲ့သည္။

ႏိုဝင္ဘာ ၁၂ ရက္တြင္ အာဖဂန္နစၥတန္၏ ႏိုင္ငံတကာမိတ္ဖက္မ်ားႏွင့္ ေဆြးေႏြးညႇိႏႈိင္းခဲ့ၿပီးေနာက္ တာလီဘန္ အက်ဥ္းသမား ၃ ဦး လႊတ္ေပးေရးအတြက္ ဆုံးျဖတ္ခ်က္ခ်ခဲ့ျခင္းျဖစ္ေၾကာင္း အာဖဂန္ သမၼတ မိုဟာမက္ အာရွရက္ဖ္ ဂါနီ (Mohammad Ashraf Ghani) က ေၾကညာခဲ့သည္။

ယင္းသို႔ အက်ဥ္းသားမ်ား ေစလႊတ္ျခင္းသည္ အေျခအေနအရျဖစ္ေၾကာင္းႏွင့္ ႏိုင္ငံ၏ ပဋိပကၡအတြက္ ေဆြးေႏြးညႇိႏႈိင္းအေျဖရွာေရးအတြက္ တာလီဘန္မ်ားႏွင့္ တိုက္႐ိုက္ေျပာဆိုရန္ လမ္းပြင့္သြားမည္ျဖစ္ေၾကာင္း ဂါနီက ဆိုသည္။

တာလီဘန္မ်ား ဖမ္းဆီးထားသည့္ ပါေမာကၡ ၂ ဦးသည္ အာဖဂန္နစၥတန္ရွိ အေမရိကန္တကၠသိုလ္တြင္ တာဝန္ထမ္းေဆာင္ခဲ့ၾကျခင္းျဖစ္ၿပီး ကဘူးလ္ၿမိဳ႕ အေနာက္ေတာင္ဘက္ရွိ တကၠသိုလ္ အေဆာက္အဦအနီးမွ ၂၀၁၆ ခုႏွစ္ ဩဂုတ္လက ျပန္ေပးဆြဲခံခဲ့ရျခင္းျဖစ္သည္။

သို႔ေသာ္ အဆိုပါ ပါေမာကၡ ၂ ဦး လြတ္ေျမာက္သြားျခင္းရွိမရွိကိုမူ ရွင္းရွင္းလင္းလင္း မသိရေသးေၾကာင္း ႐ုပ္ျမင္သံၾကားသတင္းအရ သိရသည္။

အက်ဥ္းသားဖလွယ္ေရးအစီအစဥ္အရ အာဖဂန္အစိုးရက လႊတ္ေပးလိုက္ေသာ Annas Haqqani သည္ ေသဆုံးသြားၿပီျဖစ္ေသာ Haqqani ကြန္ရက္ စစ္ေသြးႂကြအုပ္စုေခါင္းေဆာင္ေဟာင္း Jalaluddin Haqqani ၏ သားျဖစ္သည္။ က်န္ရွိသည့္ အျခားသူ ၂ ဦးမွာမူ Hajji Mali Khan ႏွင့္ Hafiz Rashid တို႔ျဖစ္ေၾကာင္း သိရသည္။

Annas သည္ ေနအိမ္အက်ယ္ခ်ဳပ္ျဖင့္ ကာတာႏိုင္ငံတြင္ ေနထိုင္သြားမည္ဟု ဆိုသည္။

အဆိုပါ Haqqani ကြန္ရက္ကို အၾကမ္းဖက္အဖြဲ႕အျဖစ္ အေမရိကန္ႏိုင္ငံက ၂၀၁၂ ခုႏွစ္တြင္ သတ္မွတ္ခဲ့ေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
------------------
(Unicode)⤵⤵⤵
နိုင်ငံခြားသား ပါမောက္ခများနှင့် လဲလှယ်ရန် တာလီဘန် အကျဉ်းသား ၃ ဦးကို အာဖဂန်အစိုးရ လွှတ်ပေး

တာလီဘန်များက ပြန်ပေးဆွဲထားသော အမေရိကန်နိုင်ငံသားနှင့် ဩစတြေးလျနိုင်ငံသား ပါမောက္ခ နှစ်ဦးတို့အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) Africa & Middle East

ကဘူးလ်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် အစိုးရက တာလီဘန်များမှ ပြန်ပေးဆွဲထားသော အမေရိကန်နိုင်ငံသားနှင့် ဩစတြေးလျနိုင်ငံသား ပါမောက္ခများနှင့် လဲလှယ်ရန် Annas Haqqani အပါအဝင် အဓိက အကျဉ်းသား ၃ ဦးကို လွှတ်ပေးခဲ့ကြောင်း ဒေသခံ မီဒီယာက နိုဝင်ဘာ ၁၉ ရက်က ပြောခဲ့သည်။

“Annas Haqqani နဲ့အခြား Haqqani ကွန်ရက်အဖွဲ့ဝင် အကျဉ်းသား ၂ ဦးကို ဘာဂရမ်မြို့ကနေ လွှတ်ပေးလိုက်ပြီး ကာတာနိုင်ငံကို နိုဝင်ဘာ ၁၈ ရက် မနက်ပိုင်းမှာ ရောက်ရှိသွားခဲ့ပါတယ်” ဟု Tolo News TV က ထုတ်လွှင့်ခဲ့သည်။

နိုဝင်ဘာ ၁၂ ရက်တွင် အာဖဂန်နစ္စတန်၏ နိုင်ငံတကာမိတ်ဖက်များနှင့် ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက် တာလီဘန် အကျဉ်းသမား ၃ ဦး လွှတ်ပေးရေးအတွက် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြောင်း အာဖဂန် သမ္မတ မိုဟာမက် အာရှရက်ဖ် ဂါနီ (Mohammad Ashraf Ghani) က ကြေညာခဲ့သည်။

ယင်းသို့ အကျဉ်းသားများ စေလွှတ်ခြင်းသည် အခြေအနေအရဖြစ်ကြောင်းနှင့် နိုင်ငံ၏ ပဋိပက္ခအတွက် ဆွေးနွေးညှိနှိုင်းအဖြေရှာရေးအတွက် တာလီဘန်များနှင့် တိုက်ရိုက်ပြောဆိုရန် လမ်းပွင့်သွားမည်ဖြစ်ကြောင်း ဂါနီက ဆိုသည်။

တာလီဘန်များ ဖမ်းဆီးထားသည့် ပါမောက္ခ ၂ ဦးသည် အာဖဂန်နစ္စတန်ရှိ အမေရိကန်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့ကြခြင်းဖြစ်ပြီး ကဘူးလ်မြို့ အနောက်တောင်ဘက်ရှိ တက္ကသိုလ် အဆောက်အဦအနီးမှ ၂၀၁၆ ခုနှစ် ဩဂုတ်လက ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်သည်။

သို့သော် အဆိုပါ ပါမောက္ခ ၂ ဦး လွတ်မြောက်သွားခြင်းရှိမရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ရုပ်မြင်သံကြားသတင်းအရ သိရသည်။

အကျဉ်းသားဖလှယ်ရေးအစီအစဉ်အရ အာဖဂန်အစိုးရက လွှတ်ပေးလိုက်သော Annas Haqqani သည် သေဆုံးသွားပြီဖြစ်သော Haqqani ကွန်ရက် စစ်သွေးကြွအုပ်စုခေါင်းဆောင်ဟောင်း Jalaluddin Haqqani ၏ သားဖြစ်သည်။ ကျန်ရှိသည့် အခြားသူ ၂ ဦးမှာမူ Hajji Mali Khan နှင့် Hafiz Rashid တို့ဖြစ်ကြောင်း သိရသည်။

Annas သည် နေအိမ်အကျယ်ချုပ်ဖြင့် ကာတာနိုင်ငံတွင် နေထိုင်သွားမည်ဟု ဆိုသည်။

အဆိုပါ Haqqani ကွန်ရက်ကို အကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန်နိုင်ငံက ၂၀၁၂ ခုနှစ်တွင် သတ်မှတ်ခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ႏိုင္ငံျခားသား ပါေမာကၡမ်ားႏွင့္ လဲလွယ္ရန္ တာလီဘန္ အက်ဥ္းသား ၃ ဦးကို အာဖဂန္အစိုးရ လႊတ္ေပး ႏိုင္ငံျခားသား ပါေမာကၡမ်ားႏွင့္ လဲလွယ္ရန္ တာလီဘန္ အက်ဥ္းသား ၃ ဦးကို အာဖဂန္အစိုးရ လႊတ္ေပး Reviewed by THITHTOOLWIN on 14:45 Rating: 5
Powered by Blogger.