ကြတ္ခိုင္ၿမိဳ႕နယ္ အရပ္သား တဦး ေသနတ္ပစ္ခံရ

(Zawgyi)⤵⤵⤵
ႏိုဝင္ဘာ ၆၊၂၀၁၉

သွ်မ္းျပည္ ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္ ပန္ေလာ့ေက်းရြာ တြင္ ယမန္ေန႔ က အမ်ိဳးသားတဦး ေသနတ္ပစ္ခံရေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ႏိုဝင္ဘာ ၅ ရက္ ည ၈နာရီ က ကြတ္ခုိင္ၿမိဳ႕နယ္ ပန္ကုိင္၊ပန္ေလာ့ေက်းရြာအုပ္စု ပန္ေလာ့ေက်းရြာ တြင္ အသက္ ၄၄ႏွစ္ အရြယ္ အမ်ိဳးသားတဦး ေနအိမ္ထဲ ၌ အမည္မသိ လက္နက္ကိုင္ မွ ေသနတ္ဝင္ေရာက္ ပစ္ခတ္ခဲ့ေၾကာင္း ေသနတ္ပတ္ခံရသည့္သူကို လုိက္ပါကူညီေပးေနသည့္ ဆရာမ မထြယ္ က သွ်မ္းသံေတာ္ဆင့္သို႔ေျပာသည္။

“ မေန႔ည ၈နာရီဝန္းက်င္မွာ သူ႔ ေနအိမ္မွာ ပစ္ခံရတယ္။ သူတို႔ရြာက နမ့္ဖတ္ကာ နဲ႔နီးေတာ့ နမ့္ဖတ္ကာ ေဆး႐ံုကို ေရာက္လာတယ္။ ဒဏ္ရာကေတာ့ နားေအာက္ လည္ပင္း အထက္နားတခ်က္ပါပဲ။ ည၉ နာရီေတာ့ မူဆယ္ေဆး႐ံုကို ပို႔ေဆာင္ေပးခဲ့တယ္” ဟု ဆရာမ မထြယ္ က ေျပာသည္။

လက္ရွိ ေသနတ္ပစ္ခံရသည့္ အမ်ိဳးသားသည္ မူဆယ္ၿမိဳ႕ျပည္သူ႔ေဆး႐ံုတြင္ ေဆးကုသေနေၾကာင္း၊ ဒဏ္ရာ အေျခအေနမွာ စိုးရိမ္စရာမရွိေၾကာင္း လည္း မူဆယ္ေဆး႐ံုသို႔ ကူညီ ပို႔ေဆာင္ေပးသည့္ အမ်ိဳးသား တဦး က ေျပာသည္။

“ မေန႔ည က မူဆယ္ေဆး႐ံုကို ေရာက္တယ္။ ဆရာဝန္ ေတြေတာ့ လာမၾကည့္ေသးဘူး။ ဆရာမေတြ ပဲ ၾကည့္ေပးထားတယ္။ ဒီမနက္ထိပဲ။ ဆရာဝန္ေတြ ကို ေစာင့္ေနတာပါ။ က်ည္ထိမွန္တဲ့သူကေတာ့ ဒီမနက္ စကားနည္းနည္းပါးပါးေျပာတယ္” ဟု ၎ အမ်ိဳးသား က ေျပာသည္။

ေသနတ္ပစ္ခံရသူ ၏ ဒဏ္ရာထဲတြင္ က်ည္ဆံ ရွိ၊ မရွိ၊ ခြဲစိတ္မႈ ျပဳလုပ္ရွိ၊ မရွိ အေျဖကို ေစာင့္ဆုိင္းေနရေၾကာင္း၊ မနက္အခ်ိန္ထိ မူဆယ္ၿမိဳ႕ တာဝန္က် ဆရာဝန္မ်ား လာေရာက္ ၾကည့္ေပးျခင္း မရွိေသးေၾကာင္း သိရသည္။

ထုိ ေသနတ္က်ည္ဒဏ္ရာရရွိသည့္အမ်ိဳးသား သတင္းႏွင့္ ပတ္သက္ၿပီး မူဆယ္ျပည္သူ႔ ေဆး႐ံုကို သွ်မ္းသံေတာ္ဆင့္ မွ ဆက္သြယ္ေမးျမန္းရာ မရရွိခဲ့ေပ။

ေသနတ္ပစ္ခံရသည့္ အသက္ ၄၄ႏွစ္ အမ်ိဳးသားသည္ ေနအိမ္တြင္ ကုန္စံုဆိုင္၊ ေခါက္ဆြဲဆိုင္ ဖြင့္ထားသည့္ သူ တဦးျဖစ္ၿပီး၊ ရပ္ရြာ လူမႈေရးတြင္ တက္ၾကြစြာ ပါဝင္ ေဆာင္ရြက္သူ တဦးျဖစ္သည္။

ယခုလ အတြင္း သွ်မ္းျပည္ ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕ လည္ေခါင္ စားေသာက္ဆုိင္ တခုတြင္ ေန႔လည္ လူသြားလာမ်ားသည့္ အခ်ိန္၌ မိုင္းတင္း ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး၊ နားမြန္းေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ႏွင့္ အမ်ိဳးသား တဦး ေသနတ္ပစ္သတ္ခံခဲ့ရသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
---------------
(Unicode)⤵⤵⤵
ကွတ်ခိုင်မြို့နယ် အရပ်သား တဦး သေနတ်ပစ်ခံရ

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

နိုဝင်ဘာ ၆၊၂၀၁၉

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပန်လော့ကျေးရွာ တွင် ယမန်နေ့ က အမျိုးသားတဦး သေနတ်ပစ်ခံရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၅ ရက် ည ၈နာရီ က ကွတ်ခိုင်မြို့နယ် ပန်ကိုင်၊ပန်လော့ကျေးရွာအုပ်စု ပန်လော့ကျေးရွာ တွင် အသက် ၄၄နှစ် အရွယ် အမျိုးသားတဦး နေအိမ်ထဲ ၌ အမည်မသိ လက်နက်ကိုင် မှ သေနတ်ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း သေနတ်ပတ်ခံရသည့်သူကို လိုက်ပါကူညီပေးနေသည့် ဆရာမ မထွယ် က သျှမ်းသံတော်ဆင့်သို့ပြောသည်။

“ မနေ့ည ၈နာရီဝန်းကျင်မှာ သူ့ နေအိမ်မှာ ပစ်ခံရတယ်။ သူတို့ရွာက နမ့်ဖတ်ကာ နဲ့နီးတော့ နမ့်ဖတ်ကာ ဆေးရုံကို ရောက်လာတယ်။ ဒဏ်ရာကတော့ နားအောက် လည်ပင်း အထက်နားတချက်ပါပဲ။ ည၉ နာရီတော့ မူဆယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်” ဟု ဆရာမ မထွယ် က ပြောသည်။

လက်ရှိ သေနတ်ပစ်ခံရသည့် အမျိုးသားသည် မူဆယ်မြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသနေကြောင်း၊ ဒဏ်ရာ အခြေအနေမှာ စိုးရိမ်စရာမရှိကြောင်း လည်း မူဆယ်ဆေးရုံသို့ ကူညီ ပို့ဆောင်ပေးသည့် အမျိုးသား တဦး က ပြောသည်။

“ မနေ့ည က မူဆယ်ဆေးရုံကို ရောက်တယ်။ ဆရာဝန် တွေတော့ လာမကြည့်သေးဘူး။ ဆရာမတွေ ပဲ ကြည့်ပေးထားတယ်။ ဒီမနက်ထိပဲ။ ဆရာဝန်တွေ ကို စောင့်နေတာပါ။ ကျည်ထိမှန်တဲ့သူကတော့ ဒီမနက် စကားနည်းနည်းပါးပါးပြောတယ်” ဟု ၎င်း အမျိုးသား က ပြောသည်။

သေနတ်ပစ်ခံရသူ ၏ ဒဏ်ရာထဲတွင် ကျည်ဆံ ရှိ၊ မရှိ၊ ခွဲစိတ်မှု ပြုလုပ်ရှိ၊ မရှိ အဖြေကို စောင့်ဆိုင်းနေရကြောင်း၊ မနက်အချိန်ထိ မူဆယ်မြို့ တာဝန်ကျ ဆရာဝန်များ လာရောက် ကြည့်ပေးခြင်း မရှိသေးကြောင်း သိရသည်။

ထို သေနတ်ကျည်ဒဏ်ရာရရှိသည့်အမျိုးသား သတင်းနှင့် ပတ်သက်ပြီး မူဆယ်ပြည်သူ့ ဆေးရုံကို သျှမ်းသံတော်ဆင့် မှ ဆက်သွယ်မေးမြန်းရာ မရရှိခဲ့ပေ။

သေနတ်ပစ်ခံရသည့် အသက် ၄၄နှစ် အမျိုးသားသည် နေအိမ်တွင် ကုန်စုံဆိုင်၊ ခေါက်ဆွဲဆိုင် ဖွင့်ထားသည့် သူ တဦးဖြစ်ပြီး၊ ရပ်ရွာ လူမှုရေးတွင် တက်ကြွစွာ ပါဝင် ဆောင်ရွက်သူ တဦးဖြစ်သည်။

ယခုလ အတွင်း သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ လည်ခေါင် စားသောက်ဆိုင် တခုတွင် နေ့လည် လူသွားလာများသည့် အချိန်၌ မိုင်းတင်း ကျေးရွာ အုပ်ချုပ်ရေးမှူး၊ နားမွန်းကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် အမျိုးသား တဦး သေနတ်ပစ်သတ်ခံခဲ့ရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
ကြတ္ခိုင္ၿမိဳ႕နယ္ အရပ္သား တဦး ေသနတ္ပစ္ခံရ ကြတ္ခိုင္ၿမိဳ႕နယ္ အရပ္သား တဦး ေသနတ္ပစ္ခံရ Reviewed by THITHTOOLWIN on 20:49 Rating: 5
Powered by Blogger.