ေက်ာက္မဲၿမိဳ႕နယ္အတြင္း ပစ္ခတ္မွဳပစ္ပြါးသည့္ရြာအနီး အမ်ိဳးသားတဦး မုိင္းနင္းမိ


(Zawgyi)⤵⤵⤵
ႏုိဝင္ဘာလ ၂၁ ရက္ ၂၀၁၉

သွ်မ္းျပည္ ေျမာက္ပိုင္း တုိက္ပြဲျဖစ္ပြားေနသည့္ ေက်ာက္မဲၿမိဳ႕နယ္ မိုင္းေငါ့ၿမိဳ႕ နယ္ခြဲ မန္ေခါက္ေက်းရြာ တြင္ အသက္ ၂၅ ႏွစ္ အရြယ္ အမ်ိဳးသားတဦး မုိင္းနင္းမိကာ ဒဏ္ရာရရွိေၾကာင္း သတင္းရရွိသည္။

ႏုိဝင္ဘာလ ၁၉ ရက္ မနက္ ၆ နာရီက အသက္ ၂၅ ႏွစ္ အရြယ္ ရွိ မိုင္းအိုက္လူသည္ မန္ကန္ရြာ ႏွင့္ နားေလြရြာ ၾကားရွိ ေတာင္ယာ စုိက္ခင္း တြင္ ညအိပ္ၿပီးအိမ္အျပန္လမ္း၌ မုိင္းထိမိျပီး ဒဏ္ရာရရွိခဲ့ေၾကာင္း အုိမ္တေမာဝ္ လူမႈကူညီေရး အသင္း မွ ကိုအဘမ္း က သွ်မ္းသံေတာ္ဆင့္ သုိ့ေျပာသည္။

“ က်ေနာ္တုိ႔ ကို ဆက္သြယ္လာလုိ႔ က်ေနာ္တုိ႔သြားေခၚၿပီး ေက်ာက္မဲေဆးရုံကုိပုိ့ထားပါတယ္။ ဒဏ္ရာကေတာ့ ေျခ ၂ဖက္ ၊ လက္ နဲ႔ တင္ပါးထိသြားတယ္။ အရိုး ပါထိသြားတယ္” ဟု ကိုအဘမ္း က ဆုိသည္။

ယာခင္းသြားအိပ္ေစာင့္သည့္ မုိင္းအုိက္လူသည္ ေနအိမ္ျပန္ျပီး စပါးရိတ္သိမ္းရင္း ရိကၡာ ယူရန္အတြက္ အျပန္ ျမန္မာ့တပ္မေတာ္ႏွင့္ တအာင္း(ပေလာင္) တပ္တုိ့ ႏိုဝင္ဘာ ၁၁ ရက္ေန႔မွ စတင္ကာ တုိက္ပြဲ ျပင္းထန္ခဲ့သည့္ေနရာအေရာက္ မုိင္းနင္းမိသျဖင့္ ဒဏ္ရာျပင္းထန္စြာရရွိကာ လက္ရွိတြင္ ေက်ာက္မဲေဆးရုံ ၌ေဆးကုသမွဳခံယူေနေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕နယ္ အတြင္း စက္တင္ဘာ မွစတင္ကာ ယေန႔တုိင္ ေျမျမဳပ္မိုင္း နင္းမိသည့္ ဦးေရ ၂၀ ဝန္းက်င္ ရွိျပီျဖစ္ေၾကာင္း သတင္းရရွိသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
--------------
(Unicode)⤵⤵⤵
ကျောက်မဲမြို့နယ်အတွင်း ပစ်ခတ်မှုပစ်ပွါးသည့်ရွာအနီး အမျိုးသားတဦး မိုင်းနင်းမိ

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

နိုဝင်ဘာလ ၂၁ ရက် ၂၀၁၉

သျှမ်းပြည် မြောက်ပိုင်း တိုက်ပွဲဖြစ်ပွားနေသည့် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ နယ်ခွဲ မန်ခေါက်ကျေးရွာ တွင် အသက် ၂၅ နှစ် အရွယ် အမျိုးသားတဦး မိုင်းနင်းမိကာ ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

နိုဝင်ဘာလ ၁၉ ရက် မနက် ၆ နာရီက အသက် ၂၅ နှစ် အရွယ် ရှိ မိုင်းအိုက်လူသည် မန်ကန်ရွာ နှင့် နားလွေရွာ ကြားရှိ တောင်ယာ စိုက်ခင်း တွင် ညအိပ်ပြီးအိမ်အပြန်လမ်း၌ မိုင်းထိမိပြီး ဒဏ်ရာရရှိခဲ့ကြောင်း အိုမ်တမောဝ် လူမှုကူညီရေး အသင်း မှ ကိုအဘမ်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ ကျနော်တို့ ကို ဆက်သွယ်လာလို့ ကျနော်တို့သွားခေါ်ပြီး ကျောက်မဲဆေးရုံကိုပို့ထားပါတယ်။ ဒဏ်ရာကတော့ ခြေ ၂ဖက် ၊ လက် နဲ့ တင်ပါးထိသွားတယ်။ အရိုး ပါထိသွားတယ်” ဟု ကိုအဘမ်း က ဆိုသည်။

ယာခင်းသွားအိပ်စောင့်သည့် မိုင်းအိုက်လူသည် နေအိမ်ပြန်ပြီး စပါးရိတ်သိမ်းရင်း ရိက္ခာ ယူရန်အတွက် အပြန် မြန်မာ့တပ်မတော်နှင့် တအာင်း(ပလောင်) တပ်တို့ နိုဝင်ဘာ ၁၁ ရက်နေ့မှ စတင်ကာ တိုက်ပွဲ ပြင်းထန်ခဲ့သည့်နေရာအရောက် မိုင်းနင်းမိသဖြင့် ဒဏ်ရာပြင်းထန်စွာရရှိကာ လက်ရှိတွင် ကျောက်မဲဆေးရုံ ၌ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ကျောက်မဲမြို့နယ် အတွင်း စက်တင်ဘာ မှစတင်ကာ ယနေ့တိုင် မြေမြုပ်မိုင်း နင်းမိသည့် ဦးရေ ၂၀ ဝန်းကျင် ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
ေက်ာက္မဲၿမိဳ႕နယ္အတြင္း ပစ္ခတ္မွဳပစ္ပြါးသည့္ရြာအနီး အမ်ိဳးသားတဦး မုိင္းနင္းမိ ေက်ာက္မဲၿမိဳ႕နယ္အတြင္း ပစ္ခတ္မွဳပစ္ပြါးသည့္ရြာအနီး အမ်ိဳးသားတဦး မုိင္းနင္းမိ Reviewed by THITHTOOLWIN on 19:33 Rating: 5
Powered by Blogger.