ေျမာက္ဦးတိုက္ပြဲ ဒဏ္ရာရေဒသခံကို ကူညီသူတို႔ အပစ္ခံရ

ပစ္ခတ္ခံရတဲ့ ေျမာက္ဦးၿမိဳ႕နယ္ ေက်ာင္းေတာင္ေက်း႐ြာက ကိုသိန္းထြန္းေက်ာ္ ၂၀၁၉၊ ႏိုဝင္ဘာ ၂၇ ရက္ေန႔က ‌ေျမာက္ဦး‌ေဆး႐ုံကို ေရာက္ရွိလာစဥ္
ဓါတ္ပုံ - နန္းရိပ္က႐ုဏာ ေအာက္ဆီဂ်င္အခမဲ့ကူညီေရးအဖြဲ႕
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္ ေက်ာင္းေတာင္ေက်း႐ြာအနီးမွာ တပ္မေတာ္နဲ႔ AA အဖြဲ႕တို႔တိုက္ပြဲျပင္းထန္ေနၿပီး ဒီေန႔မနက္က ႐ြာသားတစ္ဦး ပစ္ခတ္ခံရလို႔ ေဆး႐ုံကို အေရးေပၚ ပို႔ေဆာင္လိုက္ရပါတယ္။

ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္ ေလးၿမိဳ႕ျမစ္အေရွ႕ဘက္ကမ္း ေက်ာင္းေတာင္ေက်း႐ြာမွာ အသက္ ၃၂ ႏွစ္အ႐ြယ္ ကိုသိန္းထြန္းေက်ာ္ဟာ မနက္ ၁၀ နာရီေလာက္မွာ ခ်ည္ထားတဲ့ႏြားကိုလႊတ္ဖို႔ သြားရာမွာ က်ည္ဆန္ထိမွန္ခဲ့တာပါ။

က်ည္ဆန္က သူ႔ယာဘက္ေပါင္ ေဖာက္ဝင္သြားတယ္၊ ေျမာက္ဦးေဆး႐ုံကို ပို႔ေဆာင္လိုက္ရတယ္လို႔ သူ႔ရဲ႕ အေဒၚ ေဒၚခင္ေအးၾကည္က ေျပာျပပါတယ္။

“ဒီေန႔ ႐ြာေျမာက္ဘက္က ပစ္သံၾကားပါတယ္။ မနက္ ၆ နာရီေလာက္ကပါ။ မနက္ထမင္းစားၿပီးတာနဲ႔ ႐ြာအေနာက္ဘက္မွာ ခ်ည္ထားတဲ့ႏြားကို လႊတ္ဖို႔သြားပါတယ္။ အိမ္ေတြနားမွာပါ။ ႏြားလႊတ္ေနတုန္းမွာ ႐ြာေျမာက္ဘက္ကေန လွမ္းပစ္ပါတယ္။ က်ည္ထိလို႔ ႐ြာသားေတြသြားယူဖို႔လုပ္တဲ့အခါမွာလည္း လိုက္ၿပီးေတာ့ပစ္ပါတယ္။ ေနာက္တစ္ႀကိမ္သြားမွ ယူလို႔ရခဲ့တာပါ”

တိုက္ပြဲျဖစ္တဲ့ေနရာဟာ ေက်ာင္းေတာင္႐ြာရဲ႕ေျမာက္ဘက္ တစ္မိုင္ေက်ာ္ခန႔္အကြာမွာျဖစ္ၿပီး ကိုသိန္းထြန္းေက်ာ္ ႏြားလႊတ္ဖို႔ သြားတဲ့ေနရာက ႐ြာအေနာက္ဘက္ ေနအိမ္တန္းနားမွာျဖစ္ပါတယ္။

ဒဏ္ရာရသူဆီသြားမယ့္  ႐ြာသားေတြလည္း အပစ္ခံရတယ္လို႔ ဆိုပါတယ္။

ပစ္ခတ္မႈေတြရွိတာေၾကာင့္ ေခတၱေစာင့္ဆိုင္းၿပီးမွ ဒဏ္ရာရသူကို သြားေရာက္ေခၚယူႏိုင္ခဲ့တယ္လို႔  သိရပါတယ္။

႐ြာအနီးမွာ ဒီေန႔မနက္ ၆ နာရီေက်ာ္အခ်ိန္ေလာက္ကစၿပီး ႏွစ္ဘက္တိုက္ပြဲေတြ ျပင္းထန္ေနတာေၾကာင့္ ကိုသိန္းထြန္းေက်ာ္ကို ပစ္တာ ဘယ္အဖြဲ႕ရဲ႕ လက္ခ်က္ဆိုတာကို တိတိက်က်သိဖို႔ ခဲယဥ္းတယ္လို႔ မိသားစုဝင္ေတြနဲ႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။

ေက်ာင္းေတာင္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးသိန္းေ႐ႊေမာင္က တပ္မေတာ္က လက္နက္ႀကီးေတြနဲ႔ လွမ္းပစ္ေနတာေၾကာင့္ အရပ္သားေတြအတြက္ စိုးရိမ္ေနရတယ္လို႔ ေျပာပါတယ္။

“႐ြာနဲ႔နီးနီးေလးမွာျဖစ္တာ ဒီတစ္ႀကိမ္ပဲရွိတယ္။ အခုက ႏွစ္ဘက္ပစ္ခတ္ေနၾကတာဆိုေတာ့ ကြၽန္ေတာ္ကေတာ့ အခုလိုပစ္တာကို ဘယ္သူပစ္တယ္ဆိုတာကို မစြပ္စြဲရဲဘူး။ ႐ြာမွာလည္း စိုးရိမ္ရတယ္။ လက္နက္ႀကီးေတြက ပန္းေျမာင္း႐ြာအနီး ေတာင္ျဖဴေတာင္ကေန လက္နက္ႀကီးေတြနဲ႔ လွမ္းပစ္ေနတယ္။ လက္နက္ႀကီးက အခုလည္းပစ္ေနတုန္းပါ”

ဒီေန႔မနက္က လက္နက္ငယ္က်ည္ေတြဟာ ေက်း႐ြာအတြင္းက ေနအိမ္တစ္လုံးကိုပါ က်ေရာက္ခဲ့တယ္လို႔ အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။

ေက်း႐ြာသားေတြကေတာ့ ဒီေန႔မနက္ပိုင္းကေနျဖစ္ပြားေနတဲ့ တိုက္ပြဲမွာ တပ္မေတာ္က အေျမာက္ႀကီးေတြနဲ႔ လွမ္းပစ္ေနသလို ရဟတ္ယာဥ္သုံးၿပီး တိုက္ခိုက္ေနတယ္လို႔ေျပာပါတယ္။

ရကၡိဳင့္တပ္ေတာ္(AA)ရဲ႕ ေျပာခြင့္ရသူ ခိုင္သုခကေတာ့ မေန႔က ေန႔လယ္ ႏွစ္နာရီဝန္းက်င္ေလာက္မွာ ေက်ာင္းေတာင္႐ြာရဲ႕ ေျမာက္ဘက္ တစ္ကီလိုမီတာခန႔္အကြာမွာရွိတဲ့ ရကၡိဳင့္တပ္ေတာ္ရွိတဲ့ေနရာကို တပ္မေတာ္ဘက္က ထိုးစစ္ဆင္လာတဲ့အတြက္ ႏွစ္ဘက္တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ဒီေန႔လည္း အဲဒီေနရာမွာပဲ ႏွစ္ဘက္တိုက္ပြဲျပင္းထန္ေနတာလို႔ ဆိုပါတယ္။

အရပ္သားတစ္ေယာက္ပစ္ခတ္ခံရလို႔ ဒဏ္ရာရတဲ့ကိစၥနဲ႔ပတ္သက္လို႔ ခိုင္သုခက အခုလိုေျပာပါတယ္။

“ေျမာက္ဦးၿမိဳ႕နယ္ ေက်ာင္းေတာင္႐ြာနားမွာ ႐ြာသားတစ္ေယာက္ ႏြားသြားလႊတ္တာကို ဗမာစစ္တပ္ဘက္က ေနၿပီးေတာ့ လွမ္းၿပီးေတာ့ပစ္တာ အဲဒီ႐ြာသားဒဏ္ရာရသြားတာလို႔ သိရတယ္ဗ်”

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ႏွစ္ဘက္တိုက္ပြဲဟာ ညေနပိုင္းအထိ ဆက္ျဖစ္ၿပီး တပ္မေတာ္က လက္နက္ႀကီးပစ္ကူေပးေနတာ ရွိေပမယ့္ ရဟတ္ယာဥ္သုံးၿပီး တိုက္ခိုက္တာ မရွိေၾကာင္း ေျပာပါတယ္။

ဒီေန႔မနက္က အရပ္သားတစ္ဦး ပစ္ခတ္ခံရတဲ့ကိစၥနဲ႔ ပတ္သက္လို႔ ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက -

“ကြၽန္ေတာ္တို႔ကေတာ့စစ္ဆင္ေရးနယ္ေျမမွာ ခ်မွာပဲေလ ကိုယ့္ကိုပစ္လို႔ကေတာ့။ အခုကစစ္တိုက္တာေလ။ စစ္တိုက္တယ္ဆိုကတည္းက ခ်မွာပဲေလ။ ကိုယ့္ဟာကိုယ္ အဲဒီတိုက္ပြဲနယ္ေျမထဲမွာေတာ့ မလာနဲ႔ေလ။ ကြၽန္ေတာ္တို႔က ႐ြာထဲမွာျဖစ္တာလည္းမဟုတ္ဘူး။ ႐ြာနဲ႔အေဝးႀကီးမွာျဖစ္တာ။ ေနာက္တစ္ခါ ဒီလိုမျဖစ္ေအာင္ ေအေအကိုေျပာလိုက္ပါ ေအေအ ဒီမွာမေနေတာ့နဲ႔လို႔။ အဲလိုဆို တိုက္ပြဲျဖစ္စရာအေၾကာင္းလည္းမရွိဘူး”

ေက်ာင္းေတာင္ေက်း႐ြာမွာ အိမ္ေျခ ၆၀၀ ေက်ာ္ရွိၿပီး အဲဒီအထဲက အိမ္ေျခ ၁၀၀ ဝန္းက်င္ကလူေတြဟာ နီးစပ္ရာေက်း႐ြာေတြကို အရင္ကတည္းက ထြက္ေျပးတိမ္းေရွာင္ေနၾကရပါတယ္။

ရခိုင္ျပည္နယ္မွာ အရပ္သား ထိခိုက္ေသဆုံးတာေတြဟာ တစ္ေန႔ထက္တစ္ေန႔ မ်ားျပားလာေနပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလကေန အခုလက္ရွိအခ်ိန္အထိ ေသဆုံးတဲ့ အရပ္သား ၉၀ ေက်ာ္နဲ႔ ထိခိုက္ဒဏ္ရာရသူ အေရအတြက္ဟာ ၁၄၀ ေက်ာ္ေလာက္အထိ ရွိႏိုင္တယ္လို႔ ေဒသခံေတြက ခန႔္မွန္းၾကပါတယ္။

RFA Burmese
https://www.rfa.org
---------------
(Unicode)⤵⤵⤵
မြောက်ဦးတိုက်ပွဲ ဒဏ်ရာရဒေသခံကို ကူညီသူတို့ အပစ်ခံရ

ပစ်ခတ်ခံရတဲ့ မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာက ကိုသိန်းထွန်းကျော် ၂၀၁၉၊ နိုဝင်ဘာ ၂၇ ရက်နေ့က ‌မြောက်ဦး‌ဆေးရုံကို ရောက်ရှိလာစဉ်
ဓါတ်ပုံ - နန်းရိပ်ကရုဏာ အောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာအနီးမှာ တပ်မတော်နဲ့ AA အဖွဲ့တို့တိုက်ပွဲပြင်းထန်နေပြီး ဒီနေ့မနက်က ရွာသားတစ်ဦး ပစ်ခတ်ခံရလို့ ဆေးရုံကို အရေးပေါ် ပို့ဆောင်လိုက်ရပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လေးမြို့မြစ်အရှေ့ဘက်ကမ်း ကျောင်းတောင်ကျေးရွာမှာ အသက် ၃၂ နှစ်အရွယ် ကိုသိန်းထွန်းကျော်ဟာ မနက် ၁၀ နာရီလောက်မှာ ချည်ထားတဲ့နွားကိုလွှတ်ဖို့ သွားရာမှာ ကျည်ဆန်ထိမှန်ခဲ့တာပါ။

ကျည်ဆန်က သူ့ယာဘက်ပေါင် ဖောက်ဝင်သွားတယ်၊ မြောက်ဦးဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ သူ့ရဲ့ အဒေါ် ဒေါ်ခင်အေးကြည်က ပြောပြပါတယ်။

“ဒီနေ့ ရွာမြောက်ဘက်က ပစ်သံကြားပါတယ်။ မနက် ၆ နာရီလောက်ကပါ။ မနက်ထမင်းစားပြီးတာနဲ့ ရွာအနောက်ဘက်မှာ ချည်ထားတဲ့နွားကို လွှတ်ဖို့သွားပါတယ်။ အိမ်တွေနားမှာပါ။ နွားလွှတ်နေတုန်းမှာ ရွာမြောက်ဘက်ကနေ လှမ်းပစ်ပါတယ်။ ကျည်ထိလို့ ရွာသားတွေသွားယူဖို့လုပ်တဲ့အခါမှာလည်း လိုက်ပြီးတော့ပစ်ပါတယ်။ နောက်တစ်ကြိမ်သွားမှ ယူလို့ရခဲ့တာပါ”

တိုက်ပွဲဖြစ်တဲ့နေရာဟာ ကျောင်းတောင်ရွာရဲ့မြောက်ဘက် တစ်မိုင်ကျော်ခန့်အကွာမှာဖြစ်ပြီး ကိုသိန်းထွန်းကျော် နွားလွှတ်ဖို့ သွားတဲ့နေရာက ရွာအနောက်ဘက် နေအိမ်တန်းနားမှာဖြစ်ပါတယ်။

ဒဏ်ရာရသူဆီသွားမယ့်  ရွာသားတွေလည်း အပစ်ခံရတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုတွေရှိတာကြောင့် ခေတ္တစောင့်ဆိုင်းပြီးမှ ဒဏ်ရာရသူကို သွားရောက်ခေါ်ယူနိုင်ခဲ့တယ်လို့  သိရပါတယ်။

ရွာအနီးမှာ ဒီနေ့မနက် ၆ နာရီကျော်အချိန်လောက်ကစပြီး နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ကိုသိန်းထွန်းကျော်ကို ပစ်တာ ဘယ်အဖွဲ့ရဲ့ လက်ချက်ဆိုတာကို တိတိကျကျသိဖို့ ခဲယဉ်းတယ်လို့ မိသားစုဝင်တွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ကျောင်းတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းရွှေမောင်က တပ်မတော်က လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာကြောင့် အရပ်သားတွေအတွက် စိုးရိမ်နေရတယ်လို့ ပြောပါတယ်။

“ရွာနဲ့နီးနီးလေးမှာဖြစ်တာ ဒီတစ်ကြိမ်ပဲရှိတယ်။ အခုက နှစ်ဘက်ပစ်ခတ်နေကြတာဆိုတော့ ကျွန်တော်ကတော့ အခုလိုပစ်တာကို ဘယ်သူပစ်တယ်ဆိုတာကို မစွပ်စွဲရဲဘူး။ ရွာမှာလည်း စိုးရိမ်ရတယ်။ လက်နက်ကြီးတွေက ပန်းမြောင်းရွာအနီး တောင်ဖြူတောင်ကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတယ်။ လက်နက်ကြီးက အခုလည်းပစ်နေတုန်းပါ”

ဒီနေ့မနက်က လက်နက်ငယ်ကျည်တွေဟာ ကျေးရွာအတွင်းက နေအိမ်တစ်လုံးကိုပါ ကျရောက်ခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ကျေးရွာသားတွေကတော့ ဒီနေ့မနက်ပိုင်းကနေဖြစ်ပွားနေတဲ့ တိုက်ပွဲမှာ တပ်မတော်က အမြောက်ကြီးတွေနဲ့ လှမ်းပစ်နေသလို ရဟတ်ယာဉ်သုံးပြီး တိုက်ခိုက်နေတယ်လို့ပြောပါတယ်။

ရက္ခိုင့်တပ်တော်(AA)ရဲ့ ပြောခွင့်ရသူ ခိုင်သုခကတော့ မနေ့က နေ့လယ် နှစ်နာရီဝန်းကျင်လောက်မှာ ကျောင်းတောင်ရွာရဲ့ မြောက်ဘက် တစ်ကီလိုမီတာခန့်အကွာမှာရှိတဲ့ ရက္ခိုင့်တပ်တော်ရှိတဲ့နေရာကို တပ်မတော်ဘက်က ထိုးစစ်ဆင်လာတဲ့အတွက် နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီနေ့လည်း အဲဒီနေရာမှာပဲ နှစ်ဘက်တိုက်ပွဲပြင်းထန်နေတာလို့ ဆိုပါတယ်။

အရပ်သားတစ်ယောက်ပစ်ခတ်ခံရလို့ ဒဏ်ရာရတဲ့ကိစ္စနဲ့ပတ်သက်လို့ ခိုင်သုခက အခုလိုပြောပါတယ်။

“မြောက်ဦးမြို့နယ် ကျောင်းတောင်ရွာနားမှာ ရွာသားတစ်ယောက် နွားသွားလွှတ်တာကို ဗမာစစ်တပ်ဘက်က နေပြီးတော့ လှမ်းပြီးတော့ပစ်တာ အဲဒီရွာသားဒဏ်ရာရသွားတာလို့ သိရတယ်ဗျ”

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက နှစ်ဘက်တိုက်ပွဲဟာ ညနေပိုင်းအထိ ဆက်ဖြစ်ပြီး တပ်မတော်က လက်နက်ကြီးပစ်ကူပေးနေတာ ရှိပေမယ့် ရဟတ်ယာဉ်သုံးပြီး တိုက်ခိုက်တာ မရှိကြောင်း ပြောပါတယ်။

ဒီနေ့မနက်က အရပ်သားတစ်ဦး ပစ်ခတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက -

“ကျွန်တော်တို့ကတော့စစ်ဆင်ရေးနယ်မြေမှာ ချမှာပဲလေ ကိုယ့်ကိုပစ်လို့ကတော့။ အခုကစစ်တိုက်တာလေ။ စစ်တိုက်တယ်ဆိုကတည်းက ချမှာပဲလေ။ ကိုယ့်ဟာကိုယ် အဲဒီတိုက်ပွဲနယ်မြေထဲမှာတော့ မလာနဲ့လေ။ ကျွန်တော်တို့က ရွာထဲမှာဖြစ်တာလည်းမဟုတ်ဘူး။ ရွာနဲ့အဝေးကြီးမှာဖြစ်တာ။ နောက်တစ်ခါ ဒီလိုမဖြစ်အောင် အေအေကိုပြောလိုက်ပါ အေအေ ဒီမှာမနေတော့နဲ့လို့။ အဲလိုဆို တိုက်ပွဲဖြစ်စရာအကြောင်းလည်းမရှိဘူး”

ကျောင်းတောင်ကျေးရွာမှာ အိမ်ခြေ ၆၀၀ ကျော်ရှိပြီး အဲဒီအထဲက အိမ်ခြေ ၁၀၀ ဝန်းကျင်ကလူတွေဟာ နီးစပ်ရာကျေးရွာတွေကို အရင်ကတည်းက ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ရခိုင်ပြည်နယ်မှာ အရပ်သား ထိခိုက်သေဆုံးတာတွေဟာ တစ်နေ့ထက်တစ်နေ့ များပြားလာနေပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကနေ အခုလက်ရှိအချိန်အထိ သေဆုံးတဲ့ အရပ်သား ၉၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရသူ အရေအတွက်ဟာ ၁၄၀ ကျော်လောက်အထိ ရှိနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းကြပါတယ်။

RFA Burmese
https://www.rfa.org
ေျမာက္ဦးတိုက္ပြဲ ဒဏ္ရာရေဒသခံကို ကူညီသူတို႔ အပစ္ခံရ ေျမာက္ဦးတိုက္ပြဲ ဒဏ္ရာရေဒသခံကို ကူညီသူတို႔ အပစ္ခံရ Reviewed by THITHTOOLWIN on 23:24 Rating: 5
Powered by Blogger.