အဂတိတိုက္ဖ်က္ေရး တိုးၿပီးေဆာင္ရြက္ဖို႔ အရပ္ဘက္အဖြဲ႔အစည္း တိုက္တြန္း


(Zawgyi/Unicode)

အမ်ားျပည္သူနဲ႔ ထိေတြ႔ဆက္ဆံမႈမ်ားတဲ႔ အစိုးရဌာန ၂၉ ေက်ာ္မွာ အဂတိလိုက္စားမႈ တားဆီးကာကြယ္ေရးအဖြဲ႔ေတြဖြဲ႔ျပီး လုပ္ေဆာင္ေနေပမယ့္လည္း ထိထိေရာက္ေရာက္ အေရးယူမႈေတြ လိုအပ္ေနဆဲျဖစ္တယ္လို႔ ေလ့လာသူေတြက ေျပာပါတယ္။ ဒါေၾကာင့္လည္း အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးကို ဦးစားေပးလုပ္မယ္ဆိုတဲ့ NLD အစိုးရလက္ထက္မွာ အဂတိလိုက္စားမႈေတြဟာ အရင္အတိုင္း ဆိုးရြားေနဆဲလို႔လည္း ေျပာပါတယ္။ ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္ ေမးျမန္းေပးပို႔ထားပါတယ္။

ျမန္မာႏို္င္ငံရဲ႕ အဂတိလိုက္စားမႈ အေျခအေနဟာ ႏိုင္ငံေပါင္း ၁၈၀ မွာ အဆင့္ ၁၃၂ရွိေနၿပီး ဒါက အရင္စစ္တမ္းထက္ ႏွစ္ဆင့္နိမ့္က်သြားတာ ျဖစ္ေၾကာင္း တကမာၻလံုးက အဂတိလိုက္စားမႈ တုိက္ဖ်က္ေရး အေျခအေနေတြကို ေစာင့္ၾကည့္ေလ႔လာေနတဲ႔ Transparency International အဖြဲ႔က ဒီႏွစ္ဆန္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။ တကယ္ေတာ့ ျမန္မာႏိုင္ငံတြင္း တရားဥပေဒစိုးမိုးေရးနဲ႔ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးကို ဦးစားေပးေဆာင္ရြက္မယ္လို႔ သမၼတ ဦး၀င္းျမင့္က သူ ႏိုင္ငံေတာ္တာ၀န္ယူကတည္းက ေျပာခဲ့တာပါ။ ေျပာတဲ့အတိုင္းလည္း အဂတိလိုက္စားမႈေတြကို ေဖာ္ထုတ္အေရးယူတာေတြ ရွိေနေပမဲ့ အဂတိလိုက္စားမႈေတြကေတာ့ သိသိသာသာ က်မသြားဘူးလို႔ ေလ့လာသူေတြက သံုးသပ္ပါတယ္။

NLD အစိုးရသက္တမ္း သံုးႏွစ္ေက်ာ္ကာလမွာ အစိုးရဌာနေတြအတြင္း အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးကို ပိုျပီးလုပ္ေဆာင္လာေပမယ့္လို႔ ျပႆနာရဲ႕ အရင္းခံ အေၾကာင္းရင္းေတြကိုပါ ရွာေဖြ ေျဖရွင္းသြားဖို႔ လိုတယ္လို႔ တနသၤာရီတိုင္း တရားမ်ွတမႈ ေပါင္းစပ္ညွိႏႈိင္းေရးအဖြဲ႔ ဥကၠ႒ ဦးေအာင္ႏိုင္ဦးက ဗြီအိုေအကို ေျပာပါတယ္။

“အခုေနရာတကာမွာ ႀကိဳးနီစနစ္က ရွိတုန္းဆိုေတာ႔ ဥပမာ ဌာနအတြင္း သြားတဲ့ လာတဲ့အခါက်ရင္ မေပးရင္လည္း ဘာမွမလုပ္ဘူးဆိုတဲ႔ တခ်ိဳ႕ တခ်ိဳ႕ေသာ သူေတြက ရွိေနတယ္ဗ်ာ။ အဲဒီေတာ႔ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒမွာ ေပးတဲ႔သူကိုပါ ဖမ္းမယ္ဆိုတဲ႔ဟာကိုျပင္ မဟုတ္ဘူးဆိုရင္ မေပးလို႔ မလုပ္ဘူးဆိုတဲ႔ ပုဂၢိဳလ္ေတြကို ေသေသခ်ာခ်ာ အေရးယူဖို႔လိုတယ္၊ ဘယ္ေနရာမွာျဖစ္ျဖစ္ က်ေနာ္ေျပာတာက။ အထူးသျဖင့္ ျပည္သူေတြနဲ႔ ဆက္ဆံရတဲ႔ အမ်ားဆံုးေသာ ဌာနေတြမွာ ဘယ္ႏွစ္ရက္အတြင္းမွာ အျပီးလုပ္ေပးရမယ္ဆိုတဲ႔ အိမ္ဂရမ္တေစာင္ ထြက္လာဖို႔ဆိုရင္ ဘယ္ႏွစ္ရက္အတြင္းမွာ ျပည္သူကို အျပီးလုပ္ရမယ္။ မျပီးရင္ အေရးယူမယ့္ ကိစၥေလးေတြ က်ေနာ္တို႔က လုပ္ေပးႏိုင္မလားေပါ႔။ တဘက္က ဝန္ထမ္းေတြရဲ႕ မေလာက္ငွဘူးလို႔ ေအာ္ေနတဲ႔ လစာတိုးျမင့္ေရးအတြက္ က်ေနာ္တို႔ တျခား ဘာအစီအစဥ္ေတြ လုပ္ႏို္င္မလဲ၊ စဥ္းစားဖို႔လည္း လိုတယ္။ လုပ္ေပးဖို႔လည္း လိုတယ္လို႔ က်ေနာ္တို႔အေနနဲ႔ ေျပာခ်င္တယ္။”

အဂတိလုိက္စားမႈတုိက္ဖ်က္ေရး ေကာ္မရွင္ဟာ ဝန္ၾကီးဌာနအတြင္းက အက်င့္ပ်က္ခ်စားတာေတြကို စံုစမ္းေဖာ္ထုတ္ႏိုင္ခဲ႔ေပမဲ႔ ေကာ္မရွင္ရဲ႕ ၂၀၁၈ ႏွစ္ကုန္ပိုင္း ျမန္မာတႏိုင္ငံလံုးအတိုင္းအတာနဲ႔ ေကာက္ယူခဲ႔တဲ႔ လူထုစစ္တမ္းအရဆိုရင္ အဂတိ လိုက္စားမႈအေျခအေနက တရားဥပေဒစိုးမိုးမႈနဲ႔ အေရးယူတာ အားနည္းတာေၾကာင့္ အရင္အတိုင္း ဆိုးရြားေနဆဲျဖစ္တယ္လို႔ ေကာ္မရွင္ဥကၠ႒ ဦးေအာင္ၾကည္က ၂၀၁၉ ဧျပီလ ၂၉ ရက္ ျပည္ေထာင္စု လႊတ္ေတာ္မွာ ေျပာခဲ့ပါတယ္။

Transparency International အဖြဲ႔ရဲ႕ အၾကံျပဳခ်က္နဲ႔ ထုတ္ျပန္ခ်က္ေတြဟာ ပ်မ္းမ်ွတြက္ခ်က္မႈသာျဖစ္ျပီး၊ အဂတိလိုက္စားမႈနဲ႔ ပတ္သက္လို႔ ၾကိဳးစားေဆာင္ရြက္ေနေၾကာင္း အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္ ေျပာေရဆိုခြင့္ရွိသူ ဦးေက်ာ္စိုးက ေျပာပါတယ္။

“TI (Transparency International) ကေန ထုတ္ျပန္ထားတဲ႔ CPI index က ဘယ္လိုကိစၥရပ္ေတြပါလဲလို႔ ဆိုတဲ႔အခါက်ေတာ႔ သူတို႔ကေတာ႔ ႏိုင္ငံတႏိုင္ငံ အတြင္းမွာေပါ႔ေနာ္ အဂတိလိုက္စားမႈ တခုတည္းကိုပဲ တိုင္းတာတာ မဟုတ္ပါဘူးတဲ႔။ သူက က႑ေတြ အမ်ားၾကီးကြဲပါတယ္တဲ႔။ က်ေနာ္တုိ႔ ဒီအစိုးရရဲ႕ အုပ္ခ်ဳပ္မႈ က႑၊ ပြင့္လင္းျမင္သာမႈကိစၥ အဲဒီလိုမ်ိဳး က႑ဆယ္ခု၊ တခ်ိဳ႕ႏိုင္ငံက် ၇ခု၊ ေကာက္ျပီးေတာ႔မွ က်ေနာ္တို႔ average (ပ်မ္းမ်ွ) ျပန္လုပ္ျပီးေတာ႔မွ အမွတ္ေပးတာေပါ႔ေနာ္။ Corruption (အဂတိလိုက္စားမႈ) တခုတည္းအတြက္ေတာ႔ မဟုတ္ပါဘူးတဲ႔။”

အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒကို ၂၀၁၃၊ စက္တင္ဘာ ၁၇ရက္မွာ အတည္ျပဳခဲ႔ျပီး ရာထူး၊ တာဝန္ အလြဲသံုးစားလုပ္ျပီး လာဘ္ေပး၊ လာဘ္ယူ တာေတြကို အေရးယူႏိုင္ဖို႔ ျပ႒ာန္းခဲ႔တာပါ။ အဲဒီေနာက္ ၂၀၁၇၊ ႏိုဝင္ဘာ ၂၃ မွာ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္ကို ဖြဲ႔စည္းခဲ႔ျပီး ၂၀၁၈ အတြင္းမွာ ျပည္သူလူထုကေန ေကာ္မရွင္ကို တိုင္ၾကားလာတဲ႔ တိုင္ၾကားစာေပါင္း ၁ေသာင္းခြဲေက်ာ္ ရရွိခဲ႔တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ အစိုးရအဖဲြ႕ ၀န္ႀကီးခ်ဳပ္တဦးအပါအ၀င္ ျပည္ေထာင္စု၀န္ႀကီးအဆင့္ အထိ အဂတိလိ္ုက္စားမႈစဲြခ်က္ေတြနဲ႔ စံုစမ္းစစ္ေဆးတာေတြလုပ္ႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ႏွစ္ေပါင္းမ်ားစြာ ေအာက္ေျခအဆင့္ဆင့္ အျမစ္တြယ္ေနတဲ့ အဂတိလိုက္စားမႈေတြကို တိုက္ဖ်က္ေရးမွာ ဒီထက္ ပိုတဲ့ ဥပေဒစိုမိုးေရး အေရးယူေဆာင္ရြက္မႈေတြ လိုဦးမယ္လို႔ ေလ့လာသူေတြက ေျပာပါတယ္။

[Unicode Version]

အဂတိတိုက်ဖျက်ရေး တိုးပြီးဆောင်ရွက်ဖို့ အရပ်ဘက်အဖွဲ့အစည်း တိုက်တွန်း

အများပြည်သူနဲ့ ထိတွေ့ဆက်ဆံမှုများတဲ့ အစိုးရဌာန ၂၉ ကျော်မှာ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့တွေဖွဲ့ပြီး လုပ်ဆောင်နေပေမယ့်လည်း ထိထိရောက်ရောက် အရေးယူမှုတွေ လိုအပ်နေဆဲဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ဒါကြောင့်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ဦးစားပေးလုပ်မယ်ဆိုတဲ့ NLD အစိုးရလက်ထက်မှာ အဂတိလိုက်စားမှုတွေဟာ အရင်အတိုင်း ဆိုးရွားနေဆဲလို့လည်း ပြောပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် မေးမြန်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှု အခြေအနေဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၃၂ရှိနေပြီး ဒါက အရင်စစ်တမ်းထက် နှစ်ဆင့်နိမ့်ကျသွားတာ ဖြစ်ကြောင်း တကမ္ဘာလုံးက အဂတိလိုက်စားမှု တိုက်ဖျက်ရေး အခြေအနေတွေကို စောင့်ကြည့်လေ့လာနေတဲ့ Transparency International အဖွဲ့က ဒီနှစ်ဆန်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ တကယ်တော့ မြန်မာနိုင်ငံတွင်း တရားဥပဒေစိုးမိုးရေးနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ဦးစားပေးဆောင်ရွက်မယ်လို့ သမ္မတ ဦးဝင်းမြင့်က သူ နိုင်ငံတော်တာဝန်ယူကတည်းက ပြောခဲ့တာပါ။ ပြောတဲ့အတိုင်းလည်း အဂတိလိုက်စားမှုတွေကို ဖော်ထုတ်အရေးယူတာတွေ ရှိနေပေမဲ့ အဂတိလိုက်စားမှုတွေကတော့ သိသိသာသာ ကျမသွားဘူးလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

NLD အစိုးရသက်တမ်း သုံးနှစ်ကျော်ကာလမှာ အစိုးရဌာနတွေအတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ပိုပြီးလုပ်ဆောင်လာပေမယ့်လို့ ပြဿနာရဲ့ အရင်းခံ အကြောင်းရင်းတွေကိုပါ ရှာဖွေ ဖြေရှင်းသွားဖို့ လိုတယ်လို့ တနင်္သာရီတိုင်း တရားမျှတမှု ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ဗွီအိုအေကို ပြောပါတယ်။

“အခုနေရာတကာမှာ ကြိုးနီစနစ်က ရှိတုန်းဆိုတော့ ဥပမာ ဌာနအတွင်း သွားတဲ့ လာတဲ့အခါကျရင် မပေးရင်လည်း ဘာမှမလုပ်ဘူးဆိုတဲ့ တချို့ တချို့သော သူတွေက ရှိနေတယ်ဗျာ။ အဲဒီတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေမှာ ပေးတဲ့သူကိုပါ ဖမ်းမယ်ဆိုတဲ့ဟာကိုပြင် မဟုတ်ဘူးဆိုရင် မပေးလို့ မလုပ်ဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေကို သေသေချာချာ အရေးယူဖို့လိုတယ်၊ ဘယ်နေရာမှာဖြစ်ဖြစ် ကျနော်ပြောတာက။ အထူးသဖြင့် ပြည်သူတွေနဲ့ ဆက်ဆံရတဲ့ အများဆုံးသော ဌာနတွေမှာ ဘယ်နှစ်ရက်အတွင်းမှာ အပြီးလုပ်ပေးရမယ်ဆိုတဲ့ အိမ်ဂရမ်တစောင် ထွက်လာဖို့ဆိုရင် ဘယ်နှစ်ရက်အတွင်းမှာ ပြည်သူကို အပြီးလုပ်ရမယ်။ မပြီးရင် အရေးယူမယ့် ကိစ္စလေးတွေ ကျနော်တို့က လုပ်ပေးနိုင်မလားပေါ့။ တဘက်က ဝန်ထမ်းတွေရဲ့ မလောက်ငှဘူးလို့ အော်နေတဲ့ လစာတိုးမြင့်ရေးအတွက် ကျနော်တို့ တခြား ဘာအစီအစဉ်တွေ လုပ်နိုင်မလဲ၊ စဉ်းစားဖို့လည်း လိုတယ်။ လုပ်ပေးဖို့လည်း လိုတယ်လို့ ကျနော်တို့အနေနဲ့ ပြောချင်တယ်။”

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဟာ ဝန်ကြီးဌာနအတွင်းက အကျင့်ပျက်ချစားတာတွေကို စုံစမ်းဖော်ထုတ်နိုင်ခဲ့ပေမဲ့ ကော်မရှင်ရဲ့ ၂၀၁၈ နှစ်ကုန်ပိုင်း မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ယူခဲ့တဲ့ လူထုစစ်တမ်းအရဆိုရင် အဂတိ လိုက်စားမှုအခြေအနေက တရားဥပဒေစိုးမိုးမှုနဲ့ အရေးယူတာ အားနည်းတာကြောင့် အရင်အတိုင်း ဆိုးရွားနေဆဲဖြစ်တယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ၂၀၁၉ ဧပြီလ ၂၉ ရက် ပြည်ထောင်စု လွှတ်တော်မှာ ပြောခဲ့ပါတယ်။

Transparency International အဖွဲ့ရဲ့ အကြံပြုချက်နဲ့ ထုတ်ပြန်ချက်တွေဟာ ပျမ်းမျှတွက်ချက်မှုသာဖြစ်ပြီး၊ အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ ကြိုးစားဆောင်ရွက်နေကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ပြောရေဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောပါတယ်။

“ TI ( Transparency International) ကနေ ထုတ်ပြန်ထားတဲ့ CPI index က ဘယ်လိုကိစ္စရပ်တွေပါလဲလို့ ဆိုတဲ့အခါကျတော့ သူတို့ကတော့ နိုင်ငံတနိုင်ငံ အတွင်းမှာပေါ့နော် အဂတိလိုက်စားမှု တခုတည်းကိုပဲ တိုင်းတာတာ မဟုတ်ပါဘူးတဲ့။ သူက ကဏ္ဍတွေ အများကြီးကွဲပါတယ်တဲ့။ ကျနော်တို့ ဒီအစိုးရရဲ့ အုပ်ချုပ်မှု ကဏ္ဍ၊ ပွင့်လင်းမြင်သာမှုကိစ္စ အဲဒီလိုမျိုး ကဏ္ဍဆယ်ခု၊ တချို့နိုင်ငံကျ ၇ခု၊ ကောက်ပြီးတော့မှ ကျနော်တို့ average (ပျမ်းမျှ) ပြန်လုပ်ပြီးတော့မှ အမှတ်ပေးတာပေါ့နော်။ Corruption (အဂတိလိုက်စားမှု) တခုတည်းအတွက်တော့ မဟုတ်ပါဘူးတဲ့။”

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ၂၀၁၃၊ စက်တင်ဘာ ၁၇ရက်မှာ အတည်ပြုခဲ့ပြီး ရာထူး၊ တာဝန် အလွဲသုံးစားလုပ်ပြီး လာဘ်ပေး၊ လာဘ်ယူ တာတွေကို အရေးယူနိုင်ဖို့ ပြဋ္ဌာန်းခဲ့တာပါ။ အဲဒီနောက် ၂၀၁၇၊ နိုဝင်ဘာ ၂၃ မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး ၂၀၁၈ အတွင်းမှာ ပြည်သူလူထုကနေ ကော်မရှင်ကို တိုင်ကြားလာတဲ့ တိုင်ကြားစာပေါင်း ၁သောင်းခွဲကျော် ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အစိုးရအဖွဲ့ ဝန်ကြီးချုပ်တဦးအပါအဝင် ပြည်ထောင်စုဝန်ကြီးအဆင့် အထိ အဂတိလိုက်စားမှုစွဲချက်တွေနဲ့ စုံစမ်းစစ်ဆေးတာတွေလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နှစ်ပေါင်းများစွာ အောက်ခြေအဆင့်ဆင့် အမြစ်တွယ်နေတဲ့ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်ရေးမှာ ဒီထက် ပိုတဲ့ ဥပဒေစိုမိုးရေး အရေးယူဆောင်ရွက်မှုတွေ လိုဦးမယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ေဇာ္ထက္  / VOA Burmese
https://burmese.voanews.com
အဂတိတိုက္ဖ်က္ေရး တိုးၿပီးေဆာင္ရြက္ဖို႔ အရပ္ဘက္အဖြဲ႔အစည္း တိုက္တြန္း အဂတိတိုက္ဖ်က္ေရး တိုးၿပီးေဆာင္ရြက္ဖို႔ အရပ္ဘက္အဖြဲ႔အစည္း တိုက္တြန္း Reviewed by THITHTOOLWIN on 00:39 Rating: 5
Powered by Blogger.