ဂ်ပန္ကၽြန္းနား ဒံုးစမ္းပစ္ဖို႔ ေျမာက္ကိုရီးယားၿခိမ္းေျခာက္

ေျမာက္ကုိရီးယား ဒုံးက်ည္စမ္းသပ္မႈတခု။ (ႏုိဝင္ဘာ ၂၈၊ ၂၀၁၉)

(Zawgyi / Unicode)

ပဲ့ထိန္းတပ္ မစ္ဆုိင္းဒံုးက်ည္ကို ဂ်ပန္ကြ်န္းအနီး သိပ္မၾကာခင္မွာ စမ္းသပ္ေကာင္း စမ္းသပ္မယ္လို႔ ေျမာက္ကိုရီးယားက စေနေန႔မွာ ၿခိမ္းေျခာက္ေျပာဆိုပါတယ္။

တာေ၀းပစ္ မစ္ဆုိင္းဒံုးစမ္းသပ္မႈနဲ႔ ပတ္သက္ၿပီး ဒီတႀကိမ္ဟာ တိုက္႐ုိက္အက်ဆံုး ၿခိမ္းေျခာက္ေျပာဆိုတာလည္း ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ေမလကစလို႔ ေျမာက္ကိုရီးယားက တာတိုနဲ႔ တာေ၀းပစ္ မစ္ဆုိင္းဒံုး ၁၃ ႀကိမ္ စမ္းသပ္ခဲ့ပါတယ္။

ဒီစမ္းသပ္မႈေတြ အားလံုးနီးပါးဟာ ပဲ့ထိန္းတပ္ ဒုံးနည္းပညာကို စမ္းသပ္ခဲ့တာျဖစ္ေၾကာင္းလည္း ကြ်မ္းက်င္သူေတြက ေျပာပါတယ္။ ေနာက္ဆံုးအႀကိမ္ စမ္းသပ္မႈကုိေတာ့ လြန္ခဲ့တဲ့ ၾကာသပေတးေန႔က ျပဳလုပ္ခဲ့တာျဖစ္ၿပီး ဒါဟာ ဆက္တိုက္ပစ္ခတ္လို႔ရတဲ့ ဧရာမမစ္ဆုိင္းဒံုးစနစ္ကို ဒီႏွစ္အတြင္း ၄ ႀကိမ္ေျမာက္ စမ္းသပ္ခဲ့တာပါ။

ဂ်ပန္၀န္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘးကေတာ့ ေျမာက္ကိုရီးယားဟာ ကုလသမဂၢ လံုၿခံဳေရးေကာင္စီက ခ်မွတ္ထားတဲ့ ပဲထိန္းတပ္ဒံုး မစမ္းသပ္ရဘူးဆိုတဲ့ စည္းကမ္းခ်က္ကို ေဖာက္ဖ်က္တာဆိုၿပီး ျပစ္တင္ေ၀ဖန္ပါတယ္။

ေျမာက္ကိုရီးယားကလည္း ဂ်ပန္၀န္ႀကီးခ်ဳပ္ရဲ႕ ေျပာၾကားခ်က္အေပၚ ပယ္ခ်ၿပီး ပဲထိန္းတပ္ဒံုး စမ္းသပ္တာမဟုတ္ဘဲ သာမန္ဒံုးက်ည္ စမ္းသပ္တာသာျဖစ္တယ္လို႔ ေျပာပါတယ္။

သိပ္မၾကာခင္မွာပဲ အာေဘးအေနနဲ႔ ပဲ့ထိန္းတပ္ဒံုးက်ည္ ဘာလဲဆိုတာကို နီးနီးကပ္ကပ္ ျမင္ရေကာင္း ျမင္ရလိမ့္မယ္ဆိုၿပီး ေျမာက္ကိုရီးယားပိုင္ KCNA သတင္းဌာနကေန တံု႔ျပန္သြားပါတယ္။

အေမရိကန္နဲ႔ ေျမာက္ကိုရီးယားၾကား ေဖေဖာ္၀ါရီလကတည္းက ရပ္ဆိုင္းခဲ့တဲ့ ႏ်ဴကလီးယားအေရး ေဆြးေႏြးပြဲေတြ ျပန္စဖို႔ ရက္သတ္မွတ္ထားခ်ိန္ နွစ္ကုန္ပိုင္း နီးကပ္လာခ်ိန္မွာပဲ ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim Jong Un ကိုယ္တိုင္ အနီးကပ္ႀကီးၾကပ္ၿပီး ဧရာမဒံုး စမ္းသပ္ခဲ့တာျဖစ္ပါတယ္။

------------------------------------

(Unicode)

ဂျပန်ကျွန်းနား ဒုံးစမ်းပစ်ဖို့ မြောက်ကိုရီးယားခြိမ်းခြောက်

ပဲ့ထိန်းတပ် မစ်ဆိုင်းဒုံးကျည်ကို ဂျပန်ကျွန်းအနီး သိပ်မကြာခင်မှာ စမ်းသပ်ကောင်း စမ်းသပ်မယ်လို့ မြောက်ကိုရီးယားက စနေနေ့မှာ ခြိမ်းခြောက်ပြောဆိုပါတယ်။

တာဝေးပစ် မစ်ဆိုင်းဒုံးစမ်းသပ်မှုနဲ့ ပတ်သက်ပြီး ဒီတကြိမ်ဟာ တိုက်ရိုက်အကျဆုံး ခြိမ်းခြောက်ပြောဆိုတာလည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ မေလကစလို့ မြောက်ကိုရီးယားက တာတိုနဲ့ တာဝေးပစ် မစ်ဆိုင်းဒုံး ၁၃ ကြိမ် စမ်းသပ်ခဲ့ပါတယ်။

ဒီစမ်းသပ်မှုတွေ အားလုံးနီးပါးဟာ ပဲ့ထိန်းတပ် ဒုံးနည်းပညာကို စမ်းသပ်ခဲ့တာဖြစ်ကြောင်းလည်း ကျွမ်းကျင်သူတွေက ပြောပါတယ်။ နောက်ဆုံးအကြိမ် စမ်းသပ်မှုကိုတော့ လွန်ခဲ့တဲ့ ကြာသပတေးနေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ဒါဟာ ဆက်တိုက်ပစ်ခတ်လို့ရတဲ့ ဧရာမမစ်ဆိုင်းဒုံးစနစ်ကို ဒီနှစ်အတွင်း ၄ ကြိမ်မြောက် စမ်းသပ်ခဲ့တာပါ။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကတော့ မြောက်ကိုရီးယားဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ ပဲထိန်းတပ်ဒုံး မစမ်းသပ်ရဘူးဆိုတဲ့ စည်းကမ်းချက်ကို ဖောက်ဖျက်တာဆိုပြီး ပြစ်တင်ဝေဖန်ပါတယ်။

မြောက်ကိုရီးယားကလည်း ဂျပန်ဝန်ကြီးချုပ်ရဲ့ ပြောကြားချက်အပေါ် ပယ်ချပြီး ပဲထိန်းတပ်ဒုံး စမ်းသပ်တာမဟုတ်ဘဲ သာမန်ဒုံးကျည် စမ်းသပ်တာသာဖြစ်တယ်လို့ ပြောပါတယ်။

သိပ်မကြာခင်မှာပဲ အာဘေးအနေနဲ့ ပဲ့ထိန်းတပ်ဒုံးကျည် ဘာလဲဆိုတာကို နီးနီးကပ်ကပ် မြင်ရကောင်း မြင်ရလိမ့်မယ်ဆိုပြီး မြောက်ကိုရီးယားပိုင် KCNA သတင်းဌာနကနေ တုံ့ပြန်သွားပါတယ်။

အမေရိကန်နဲ့ မြောက်ကိုရီးယားကြား ဖေဖော်ဝါရီလကတည်းက ရပ်ဆိုင်းခဲ့တဲ့ နျူကလီးယားအရေး ဆွေးနွေးပွဲတွေ ပြန်စဖို့ ရက်သတ်မှတ်ထားချိန် နှစ်ကုန်ပိုင်း နီးကပ်လာချိန်မှာပဲ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကိုယ်တိုင် အနီးကပ်ကြီးကြပ်ပြီး ဧရာမဒုံး စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

 VOA Burmese
https://burmese.voanews.com
ဂ်ပန္ကၽြန္းနား ဒံုးစမ္းပစ္ဖို႔ ေျမာက္ကိုရီးယားၿခိမ္းေျခာက္ ဂ်ပန္ကၽြန္းနား ဒံုးစမ္းပစ္ဖို႔ ေျမာက္ကိုရီးယားၿခိမ္းေျခာက္ Reviewed by THITHTOOLWIN on 22:09 Rating: 5
Powered by Blogger.