ဒဂုံတကၠသိုလ္ေက်ာင္းသားအမႈက ေဖာင္ဦးစီးနဲ႔ ပြဲစားကို လူကုန္ကူးမႈနဲ႔ အမႈဖြင့္ထား၊ လုပ္ငန္းရွင္ကိုလည္း စစ္ေဆးေန

က်ားေဖာင္လုပ္ငန္းလုပ္ကိုင္ဖို႔ လူကုန္ကူးခံခဲ့ရသူ ကိုျမတ္သူရထြန္း
(Zawgyi)⤵⤵⤵
ငါးဖမ္းက်ားေဖာင္လုပ္ငန္းေတြမွာ လုပ္ကိုင္ဖို႔ လူကုန္ကူးခံခဲ့ရတဲ့ ဒဂုံတကၠသိုလ္ေက်ာင္းသား ကိုျမတ္သူရထြန္းအမႈမွာ သူ႔ကိုႏွိပ္စက္တယ္ဆိုတဲ့ က်ားေဖာင္ဦးစီးနဲ႔အတူ ပြဲစားတစ္ဦးကို ဖ်ာပုံရဲစခန္းမွာ ဖမ္းဆီးၿပီးစစ္ေဆးေနၿပီလို႔ လူကုန္ကူးမႈတားဆီး ႏွိမ္နင္းေရးရဲတပ္ဖြဲ႕၊ ဒုတိယတပ္ဖြဲ႕မႉး၊ ရဲမႉးႀကီးမ်ိဳးသူစိုးက ဘီဘီစီကိုေျပာပါတယ္။

သူတို႔ ၂ဦးနဲ႔အတူ ထြက္ေျပးေနတဲ့ ပြဲစား ၂ဦးကိုပါ အမႈစတင္ျဖစ္ပြားရာ ရန္ကုန္ၿမိဳ႕ ေက်ာက္တံတားရဲစခန္းမွာ ႏိုဝင္ဘာ ၂၂ရက္ေန႔ညက လူကုန္ကူးမႈနဲ႔ စတင္အမႈဖြင့္လိုက္ၿပီျဖစ္တယ္လို႔လည္း သိရပါတယ္။

' ' အခုကေတာ့ အမႈကိုစစစ္လို႔ရေအာင္ လူကုန္ကူးမႈနဲ႔အရင္အမႈဖြင့္လိုက္တာပါ။ လုပ္ငန္းရွင္ကိုလည္း ကြၽန္ေတာ္တို႔ ေခၚစစ္ပါတယ္။ သူတို႔ဘက္က ထြက္ခ်က္နဲ႔ ခံရသူဘက္က ထြက္ဆိုခ်က္ေပၚမူတည္ၿပီးမွ အမႈကိုဆက္ၿပီးေတာ့စစ္မွာေပါ့။ အမႈေပၚေပါက္ခ်က္အရ ထပ္ၿပီးေတာ့မွ ပါလာမယ့္သူေတြရွိဦးမွာေပါ့''လို႔ ရဲမႉးႀကီး မ်ိဳးသူစိုးကေျပာပါတယ္။

 ကိုျမတ္သူရထြန္းရဲ႕အသိေပးမႈေၾကာင့္ အလားတူလူကုန္ကူးခံရသူ၂ဦးထဲက တစ္ဦးျပန္လြတ္လာ
ဒဂုံတကၠသိုလ္ သမိုင္းဘာသာ ေနာက္ဆုံးႏွစ္ေက်ာင္းသားကိုျမတ္သူရထြန္းဟာ အမ်ိဳးသမီး ၂ဦးရဲ႕ေခၚေဆာင္မႈနဲ႔ ပင္လယ္ျပင္က က်ားေဖာင္လို႔ေခၚတဲ့ ေရလုပ္ငန္းခြင္ထဲမွာ လုပ္ကိုင္ဖို႔ ေရာင္းစားခံခဲ့ရတာျဖစ္ပါတယ္။

သူ႔ကို မိသားစုဝင္ေတြက လုပ္ငန္းရွင္ဆီကေန ေငြေပးၿပီး ျပန္ေ႐ြးယူခဲ့ရပါတယ္။

က်ားေဖာင္လုပ္ငန္းခြင္ထဲမွာ တစ္လခြဲၾကာေနထိုင္ၿပီး ျပန္လြတ္လာတဲ့ ကိုျမတ္သူရထြန္းဟာ ဒဏ္ရာအမ်ား စုနဲ႔ ျပန္ေရာက္လာခဲ့တာလည္းျဖစ္ပါတယ္။

' ' အခုက လူကုန္ကူးမႈပဲဆိုေပမယ့္ သူ႔ကို ႏွိပ္စက္တဲ့ဒဏ္ရာေတြကလည္းအမ်ားအျပားဆိုေတာ့ ညႇင္းပန္းႏွိပ္စက္မႈေတြ အျခားပုဒ္မေတြလည္း ထပ္ပါလာႏိုင္ေျခရွိပါတယ္။ ဒါ့အျပင္ သူေျပာတဲ့ ေမာင္ေမာင္စိုးနဲ႔ ေမာင္ေမာင္သက္တို႔ဆိုသူ ၂ ဦးထဲက ေမာင္ေမာင္စိုး ကိုေတာ့ အဲ့ငါးဒိုင္ကိုပဲျပန္ေခၚခိုင္းေတာ့ ျပန္ေခၚေပး တယ္။ဒီမနက္ ဖ်ာပုံ ကိုေရာက္လာၿပီ။ ေမာင္သက္ကေတာ့ ၂၄ ရက္ေန႔ေရာက္မယ္လို႔ ေျပာတယ္''လို႔ ရဲမႉးႀကီး မ်ိဳးသူစိုးက ကိုျမတ္သူရထြန္းနဲ႔အတူ က်ားေဖာင္ေတြမွာလုပ္ဖို႔ လူကုန္ကူးခံရ တယ္ဆိုတဲ့သူေတြ အေၾကာင္းကိုလည္းေျပာျပပါတယ္။

ပင္လယ္ျပင္ထဲက က်ားေဖာင္လုပ္ငန္းခြင္တစ္ခု
က်ားေဖာင္အမ်ားစုဟာ ငါး၊ပုစြန္ေတြကို ကမ္းေျခကေန စက္ေလွနဲ႔ ၁၀ နာရီေက်ာ္ၾကာေမာင္းၿပီးသြားမွေရာက္တဲ့ ေရမိုင္ ၅၀ ေက်ာ္အကြာေလာက္မွာ သြားေရာက္ၿပီးဖမ္းဆီးလုပ္ကိုင္ၾကတာျဖစ္ပါတယ္။

ဒီက်ားေဖာင္လုပ္ငန္းခြင္ေတြထဲ လုပ္ကိုင္ေနတဲ့သူေတြထဲမွာ ကိုျမတ္သူရထြန္းအျပင္ အျခားေသာ ပုံစံအမ်ိဳးမ်ိဳးနဲ႔ လူကုန္ကူးခံၿပီး လုပ္အားေခါင္းပုံျဖတ္ခံရသူေတြလည္းရွိေနပါတယ္။

' ' ဒီအမႈနဲ႔ဆက္စပ္ၿပီး အျခားဆက္စပ္ေနတာေတြရွိလည္း ထပ္ၿပီး အေရးယူႏိုင္ဖို႔ လုပ္သြားမွာပါ။ အခု ေမာင္ေမာင္စိုး ေမာင္ေမာင္သက္တို႔ လုပ္တဲ့က်ားေဖာင္ေတြမွာလည္း သူတို႔ကို ႏွိပ္စက္သလား၊ လုပ္အားခကို ဘယ္လိုလုပ္သလဲ ဒါေတြကို ဆက္ၿပီး စစ္ေဆးသြားမွာပါ''လို႔ လည္း လူကုန္ကူးမႈတားဆီး ႏွိမ္နင္းေရးရဲတပ္ဖြဲ႕၊ ဒုတိယတပ္ဖြဲ႕မႉး၊ ရဲမႉးႀကီး မ်ိဳးသူစိုးက ဘီဘီစီကိုေျပာပါတယ္။

ဒါ့အျပင္ ကိုျမတ္သူရထြန္းအမႈမွာ အဓိကက်တဲ့ ပြဲစားအမ်ိဳးသမီး ၂ဦးကို ဖမ္းဆီးရမိႏိုင္ေရးအတြက္လည္း ရဲတပ္ဖြဲ႕အေနနဲ႔ လိုက္လံစုံစမ္းေနတယ္လို႔လည္း သူကေျပာပါတယ္။

' 'ဒီအမႈကို အျမန္ဆုံးတရားစြဲတင္ႏိုင္ဖို႔လုပ္သြားမွာပါ''လို႔ လည္းသူကေျပာပါတယ္။

ဧရာဝတီတိုင္းဖ်ာပုံၿမိဳ႕နယ္ကေန ဆက္သြားရတဲ့ပင္လယ္ျပင္အတြင္းက က်ားေဖာင္လို႔ေခၚတဲ့ ပင္လယ္ျပင္ငါးဖမ္းလုပ္ငန္းေတြကေန တစ္ႏိုင္ငံလုံးစားသုံးေနတဲ့ မွ်င္ငါးပိ၊ ငါးေျခာက္၊ ပုစြန္ေျခာက္ေတြကို အဓိကထုတ္လုပ္ေပးေနတာျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ဒဂုံတက္ကသိုလ်ကျောင်းသားအမှုက ဖောင်ဦးစီးနဲ့ ပွဲစားကို လူကုန်ကူးမှုနဲ့ အမှုဖွင့်ထား၊ လုပ်ငန်းရှင်ကိုလည်း စစ်ဆေးနေ

ဓာတ်ပုံ မူပိုင် Dagon University Students' Union
Image caption ကျားဖောင်လုပ်ငန်းလုပ်ကိုင်ဖို့ လူကုန်ကူးခံခဲ့ရသူ ကိုမြတ်သူရထွန်း

ငါးဖမ်းကျားဖောင်လုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့ လူကုန်ကူးခံခဲ့ရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား ကိုမြတ်သူရထွန်းအမှုမှာ သူ့ကိုနှိပ်စက်တယ်ဆိုတဲ့ ကျားဖောင်ဦးစီးနဲ့အတူ ပွဲစားတစ်ဦးကို ဖျာပုံရဲစခန်းမှာ ဖမ်းဆီးပြီးစစ်ဆေးနေပြီလို့ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊ ဒုတိယတပ်ဖွဲ့မှူး၊ ရဲမှူးကြီးမျိုးသူစိုးက ဘီဘီစီကိုပြောပါတယ်။

သူတို့ ၂ဦးနဲ့အတူ ထွက်ပြေးနေတဲ့ ပွဲစား ၂ဦးကိုပါ အမှုစတင်ဖြစ်ပွားရာ ရန်ကုန်မြို့ ကျောက်တံတားရဲစခန်းမှာ နိုဝင်ဘာ ၂၂ရက်နေ့ညက လူကုန်ကူးမှုနဲ့ စတင်အမှုဖွင့်လိုက်ပြီဖြစ်တယ်လို့လည်း သိရပါတယ်။

' ' အခုကတော့ အမှုကိုစစစ်လို့ရအောင် လူကုန်ကူးမှုနဲ့အရင်အမှုဖွင့်လိုက်တာပါ။ လုပ်ငန်းရှင်ကိုလည်း ကျွန်တော်တို့ ခေါ်စစ်ပါတယ်။ သူတို့ဘက်က ထွက်ချက်နဲ့ ခံရသူဘက်က ထွက်ဆိုချက်ပေါ်မူတည်ပြီးမှ အမှုကိုဆက်ပြီးတော့စစ်မှာပေါ့။ အမှုပေါ်ပေါက်ချက်အရ ထပ်ပြီးတော့မှ ပါလာမယ့်သူတွေရှိဦးမှာပေါ့''လို့ ရဲမှူးကြီး မျိုးသူစိုးကပြောပါတယ်။

ဓာတ်ပုံ မူပိုင် Thaw Zin
Image caption ကိုမြတ်သူရထွန်းရဲ့အသိပေးမှုကြောင့် အလားတူလူကုန်ကူးခံရသူ၂ဦးထဲက တစ်ဦးပြန်လွတ်လာ

ဒဂုံတက္ကသိုလ် သမိုင်းဘာသာ နောက်ဆုံးနှစ်ကျောင်းသားကိုမြတ်သူရထွန်းဟာ အမျိုးသမီး ၂ဦးရဲ့ခေါ်ဆောင်မှုနဲ့ ပင်လယ်ပြင်က ကျားဖောင်လို့ခေါ်တဲ့ ရေလုပ်ငန်းခွင်ထဲမှာ လုပ်ကိုင်ဖို့ ရောင်းစားခံခဲ့ရတာဖြစ်ပါတယ်။

သူ့ကို မိသားစုဝင်တွေက လုပ်ငန်းရှင်ဆီကနေ ငွေပေးပြီး ပြန်ရွေးယူခဲ့ရပါတယ်။

ကျားဖောင်လုပ်ငန်းခွင်ထဲမှာ တစ်လခွဲကြာနေထိုင်ပြီး ပြန်လွတ်လာတဲ့ ကိုမြတ်သူရထွန်းဟာ ဒဏ်ရာအများ စုနဲ့ ပြန်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။

' ' အခုက လူကုန်ကူးမှုပဲဆိုပေမယ့် သူ့ကို နှိပ်စက်တဲ့ဒဏ်ရာတွေကလည်းအများအပြားဆိုတော့ ညှင်းပန်းနှိပ်စက်မှုတွေ အခြားပုဒ်မတွေလည်း ထပ်ပါလာနိုင်ခြေရှိပါတယ်။ ဒါ့အပြင် သူပြောတဲ့ မောင်မောင်စိုးနဲ့ မောင်မောင်သက်တို့ဆိုသူ ၂ ဦးထဲက မောင်မောင်စိုး ကိုတော့ အဲ့ငါးဒိုင်ကိုပဲပြန်ခေါ်ခိုင်းတော့ ပြန်ခေါ်ပေး တယ်။ဒီမနက် ဖျာပုံ ကိုရောက်လာပြီ။ မောင်သက်ကတော့ ၂၄ ရက်နေ့ရောက်မယ်လို့ ပြောတယ်''လို့ ရဲမှူးကြီး မျိုးသူစိုးက ကိုမြတ်သူရထွန်းနဲ့အတူ ကျားဖောင်တွေမှာလုပ်ဖို့ လူကုန်ကူးခံရ တယ်ဆိုတဲ့သူတွေ အကြောင်းကိုလည်းပြောပြပါတယ်။
Image caption ပင်လယ်ပြင်ထဲက ကျားဖောင်လုပ်ငန်းခွင်တစ်ခု

ကျားဖောင်အများစုဟာ ငါး၊ပုစွန်တွေကို ကမ်းခြေကနေ စက်လှေနဲ့ ၁၀ နာရီကျော်ကြာမောင်းပြီးသွားမှရောက်တဲ့ ရေမိုင် ၅၀ ကျော်အကွာလောက်မှာ သွားရောက်ပြီးဖမ်းဆီးလုပ်ကိုင်ကြတာဖြစ်ပါတယ်။

ဒီကျားဖောင်လုပ်ငန်းခွင်တွေထဲ လုပ်ကိုင်နေတဲ့သူတွေထဲမှာ ကိုမြတ်သူရထွန်းအပြင် အခြားသော ပုံစံအမျိုးမျိုးနဲ့ လူကုန်ကူးခံပြီး လုပ်အားခေါင်းပုံဖြတ်ခံရသူတွေလည်းရှိနေပါတယ်။

' ' ဒီအမှုနဲ့ဆက်စပ်ပြီး အခြားဆက်စပ်နေတာတွေရှိလည်း ထပ်ပြီး အရေးယူနိုင်ဖို့ လုပ်သွားမှာပါ။ အခု မောင်မောင်စိုး မောင်မောင်သက်တို့ လုပ်တဲ့ကျားဖောင်တွေမှာလည်း သူတို့ကို နှိပ်စက်သလား၊ လုပ်အားခကို ဘယ်လိုလုပ်သလဲ ဒါတွေကို ဆက်ပြီး စစ်ဆေးသွားမှာပါ''လို့ လည်း လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊ ဒုတိယတပ်ဖွဲ့မှူး၊ ရဲမှူးကြီး မျိုးသူစိုးက ဘီဘီစီကိုပြောပါတယ်။

ဒါ့အပြင် ကိုမြတ်သူရထွန်းအမှုမှာ အဓိကကျတဲ့ ပွဲစားအမျိုးသမီး ၂ဦးကို ဖမ်းဆီးရမိနိုင်ရေးအတွက်လည်း ရဲတပ်ဖွဲ့အနေနဲ့ လိုက်လံစုံစမ်းနေတယ်လို့လည်း သူကပြောပါတယ်။

' 'ဒီအမှုကို အမြန်ဆုံးတရားစွဲတင်နိုင်ဖို့လုပ်သွားမှာပါ''လို့ လည်းသူကပြောပါတယ်။

ဧရာဝတီတိုင်းဖျာပုံမြို့နယ်ကနေ ဆက်သွားရတဲ့ပင်လယ်ပြင်အတွင်းက ကျားဖောင်လို့ခေါ်တဲ့ ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းတွေကနေ တစ်နိုင်ငံလုံးစားသုံးနေတဲ့ မျှင်ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်တွေကို အဓိကထုတ်လုပ်ပေးနေတာဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ဒဂုံတကၠသိုလ္ေက်ာင္းသားအမႈက ေဖာင္ဦးစီးနဲ႔ ပြဲစားကို လူကုန္ကူးမႈနဲ႔ အမႈဖြင့္ထား၊ လုပ္ငန္းရွင္ကိုလည္း စစ္ေဆးေန ဒဂုံတကၠသိုလ္ေက်ာင္းသားအမႈက ေဖာင္ဦးစီးနဲ႔ ပြဲစားကို လူကုန္ကူးမႈနဲ႔ အမႈဖြင့္ထား၊ လုပ္ငန္းရွင္ကိုလည္း စစ္ေဆးေန Reviewed by THITHTOOLWIN on 22:03 Rating: 5
Powered by Blogger.