အိပ္ေပ်ာ္ေနေသာ ေယာဂီဝတ္အေဒၚအား တူျဖစ္သူမွ ဓားျဖင့္ထိုး၍ ေဆးဝါးကုသမႈခံယူစဥ္ရရွိေသာဒဏ္ရာျဖင့္ေသဆုံး


(Zawgyi)⤵⤵⤵
မိုးညႇင္း ႏိုဝင္ဘာ ၇

ကခ်င္ျပည္နယ္ မိုးညႇင္းၿမိဳ႕နယ္ဟိုပင္ၿမိဳ႕ နန္႔ရင္းေက်း႐ြာ ရပ္ကြက္(၁၁) ေနအိမ္တြင္အိပ္ေပ်ာ္ေနေသာေယာဂီဝတ္အေဒၚအားတူျဖစ္သူမွဓားျဖင့္ ထိုး၍ေဆးဝါးကုသမႈခံယူစဥ္ရရွိေသာဒဏ္ရာျဖင့္ေသဆုံးသြားခဲ့သည္။

ျဖစ္စဥ္မွာ ႏိုဝင္ဘာ ၅ ရက္ေန႔ည ၁၁ နာရီ ၄၅ မိနစ္ခန္႔က ဦးဟန္မင္းဦး သည္ ေနအိမ္၌ရွိေနစဥ္ ေယာဂီဝတ္ဝတ္ထားေသာအေဒၚျဖစ္သူ ေဒၚဆန္းတင့္ (ခ)ေဒၚပုဏၰမီ၊အသက္ ၅၅ ႏွစ္သည္ ၎ေနအိမ္ေအာက္ ထပ္ကုတင္ေပၚတြင္အိပ္ေပ်ာ္ေနစဥ္တစ္အိမ္တည္းအတူေနထိုင္သည့္
မင္းသူဦးကဓါးျဖင့္ထိုးခဲ့သျဖင့္ ေဒၚဆန္းတင့္(ခ)ေဒၚပုဏၰမီတြင္၊ ဝမ္းဗိုက္ ဝဲဘက္ ခ်က္အထက္တြင္(၂)လက္မခန္႔ထိုးသြင္း ဒဏ္ရာ (စိုးရိမ္ရ) ရရွိခဲ့သျဖင့္ ဦးဟန္မင္းဦး မွသက္ဆိုင္ရာသို႔အေၾကာင္းၾကားကာ ဟိုပင္ျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္ၿပီး ေဆးဝါးကုသမႈခံယူခဲ့သည္။

ထို႔ေနာက္ ေဒၚဆန္းတင့္(ခ)ေဒၚပုဏၰမီ၏ဒဏ္ရာမွာ စိုးရိမ္ရသျဖင့္ ဟိုပင္ျပည္သူ႔ေဆး႐ုံမွတဆင့္မိုးညႇင္းခ႐ိုင္ျပည္သူ႔ေဆး႐ုံသို႔လႊဲေျပာင္းကုသမႈခံယူခဲ့ရၿပီး ဓါးျဖင့္ထိုးသူ မင္းသူဦးမွာ ထြက္ေျပးတိမ္းေရွာင္ သြားခဲ့သျဖင့္ အစ္ကိုျဖစ္သူ ဦးဟန္မင္းဦးမွတရားလိုျပဳလုပ္၍ ဟိုပင္နယ္ေျမရဲစခန္းတြင္အမႈဖြင့္တိုင္ၾကားခဲ့သည္။

ျဖစ္စဥ္ေၾကာင့္ ဓားျဖင့္ထိုးသူ မင္းသူဦး(၂၄)ႏွစ္ နန္႔ရင္းေက်း႐ြာ ရပ္ကြက္(၁၁)ဟိုပင္ၿမိဳ႕ မိုးညႇင္းၿမိဳ႕နယ္ေနထိုင္သူအား ဟိုပင္နယ္ေျမရဲစခန္းက အမႈေရးဖြင့္ကာ ဖမ္းဆီးရမိေရးအတြက္ေဆာင္႐ြက္ ထားေၾကာင္းသိရသည္ ။

နီတိုး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
---------------
(Unicode)⤵⤵⤵
အိပ်ပျော်နေသော ယောဂီဝတ်အဒေါ်အား တူဖြစ်သူမှ ဓားဖြင့်ထိုး၍ ဆေးဝါးကုသမှုခံယူစဉ်ရရှိသောဒဏ်ရာဖြင့်သေဆုံး

မိုးညှင်း နိုဝင်ဘာ ၇
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ဟိုပင်မြို့ နန့်ရင်းကျေးရွာ ရပ်ကွက်(၁၁) နေအိမ်တွင်အိပ်ပျော်နေသောယောဂီဝတ်အဒေါ်အားတူဖြစ်သူမှဓားဖြင့်ထိုး၍ဆေးဝါးကုသမှုခံယူစဉ်ရရှိသောဒဏ်ရာဖြင့်သေဆုံးသွားခဲ့သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၅ ရက်နေ့ည ၁၁ နာရီ ၄၅ မိနစ်ခန့်က ဦးဟန်မင်းဦး သည် နေအိမ်၌ရှိနေစဉ် ယောဂီဝတ်ဝတ်ထားသောအဒေါ်ဖြစ်သူ ဒေါ်ဆန်းတင့် (ခ)ဒေါ်ပုဏ္ဏမီ၊အသက် ၅၅ နှစ်သည် ၎င်းနေအိမ်အောက် ထပ်ကုတင်ပေါ်တွင်အိပ်ပျော်နေစဉ်တစ်အိမ်တည်းအတူနေထိုင်သည့်မင်းသူဦးကဓါးဖြင့်ထိုးခဲ့သဖြင့် ဒေါ်ဆန်းတင့်(ခ)ဒေါ်ပုဏ္ဏမီတွင်၊ ဝမ်းဗိုက် ဝဲဘက် ချက်အထက်တွင်(၂)လက်မခန့်ထိုးသွင်း ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့သဖြင့် ဦးဟန်မင်းဦး မှသက်ဆိုင်ရာသို့အကြောင်းကြားကာ ဟိုပင်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပြီး ဆေးဝါးကုသမှုခံယူခဲ့သည်။

ထို့နောက် ဒေါ်ဆန်းတင့်(ခ)ဒေါ်ပုဏ္ဏမီ၏ဒဏ်ရာမှာ စိုးရိမ်ရသဖြင့် ဟိုပင်ပြည်သူ့ဆေးရုံမှတဆင့်မိုးညှင်းခရိုင်ပြည်သူ့ဆေးရုံသို့လွှဲပြောင်းကုသမှုခံယူခဲ့ရပြီး ဓါးဖြင့်ထိုးသူ မင်းသူဦးမှာ ထွက်ပြေးတိမ်းရှောင် သွားခဲ့သဖြင့် အစ်ကိုဖြစ်သူ ဦးဟန်မင်းဦးမှတရားလိုပြုလုပ်၍ ဟိုပင်နယ်မြေရဲစခန်းတွင်အမှုဖွင့်တိုင်ကြားခဲ့သည်။

ဖြစ်စဉ်ကြောင့် ဓားဖြင့်ထိုးသူ မင်းသူဦး(၂၄)နှစ် နန့်ရင်းကျေးရွာ ရပ်ကွက်(၁၁)ဟိုပင်မြို့ မိုးညှင်းမြို့နယ်နေထိုင်သူအား ဟိုပင်နယ်မြေရဲစခန်းက အမှုရေးဖွင့်ကာ ဖမ်းဆီးရမိရေးအတွက်ဆောင်ရွက် ထားကြောင်းသိရသည် ။

နီတိုး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အိပ္ေပ်ာ္ေနေသာ ေယာဂီဝတ္အေဒၚအား တူျဖစ္သူမွ ဓားျဖင့္ထိုး၍ ေဆးဝါးကုသမႈခံယူစဥ္ရရွိေသာဒဏ္ရာျဖင့္ေသဆုံး အိပ္ေပ်ာ္ေနေသာ ေယာဂီဝတ္အေဒၚအား တူျဖစ္သူမွ ဓားျဖင့္ထိုး၍ ေဆးဝါးကုသမႈခံယူစဥ္ရရွိေသာဒဏ္ရာျဖင့္ေသဆုံး Reviewed by THITHTOOLWIN on 00:48 Rating: 5
Powered by Blogger.