မွဲ႔သူေဌးလား… ဒါေတြသိထားမွ ျဖစ္မယ္ေနာ္

(Zawgyi)⤵⤵⤵
စပယ္တင္မွဲ႔၊ မ်က္ရည္ခံမွဲ႔၊ မွဲ႔စလြယ္ စသည္ျဖင့္ မွဲ႔နဲ႔ပတ္သက္တဲ့ အယူအဆ၊ အဓိပၸါယ္ေလးတ ြေျမန္မာ့အယူအဆေတြမွာ အမ်ားႀကီးရွိတတ္ၾကပါတယ္။ ဘယ္ေနရာမွာ မွဲ႔ရွိရင္ ဘုန္းကံျမင့္တယ္၊ ႀကီးပြားမယ္၊ လူခ်စ္လူခင္ေပါမယ္ ဆိုတာေတြေပါ့။ ဒါေပမယ့္ေဆးပညာဘက္ကၾကည့္ရင္ေတာ့ မွဲ႔ဆိုတာ အေရျပား ဘယ္ေနရာမွာမဆိုျဖစ္လာႏိုင္တဲ့ အစက္အေျပာက္ေလးေတြ (ေျပာရရင္ ဆဲလ္အစုေလးေတြ) ပါပဲ။

ပ်မ္းမွ်အားျဖင့္ အ႐ြယ္ေရာက္ၿပီးတဲ့လူတစ္ဦးရဲ႕ ခႏၶါကိုယ္မွာ ေသးေသးႀကီးႀကီး မွဲ႔အေရအတြက္ ၁၀ ခုကေန ၄၅ ခုအထိ ရွိေနႏိုင္ပါတယ္။ အမ်ားစုက အႏၲရာယ္မရွိဘဲ ေနာက္ပိုင္းမွာ သူ႔အလိုလို ေပ်ာက္သြားေလ့ရွိပါတယ္။ ဒါေပမယ့္ ကိုယ့္မွာရွိတဲ့ မွဲ႔က ေဘးကင္းမကင္း ဘယ္လိုခြဲျခားသိႏိုင္မလဲ။

ေက်ာမွာ မွဲ႔စလြယ္ရွိလို႔ ဘုရင္ျဖစ္မျဖစ္ေတာ့မသိဘူး၊ ကင္ဆာျဖစ္လာခဲ့ရင္ သြားၿပီေနာ္။ ဒါ့ေၾကာင့္ ကိုယ့္ရဲ႕မွဲ႔က ႐ိုး႐ိုးပဲလား၊ အႏၲရာယ္ရွိလာႏိုင္သလား သိႏိုင္မယ့္ အခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

မွဲ႔အေၾကာင္း

မွဲ႔အမ်ားစုက မ်ိဳး႐ိုးေၾကာင့္ပါ။ မိဘမွာ မွဲ႔ေတြမ်ားရင္ ကိုယ့္မွာလည္း ပါတတ္တယ္။

ေနပူထဲသြားေလ့ရွိတဲ့သူေတြဟာ အသားအေရခ်င္းတူတဲ့ ေနေရာင္ျခည္ သိပ္မထိေတြ႕သူေတြနဲ႔ယွဥ္ရင္ မွဲ႔ပိုမ်ားေလ့ရွိပါတယ္။

ေနေလာင္ျခင္းေၾကာင့္ ျဖစ္လာတဲ့ေနေလာင္ကြက္ေလးေတြက မွဲ႔မဟုတ္ပါ။

မွဲ႔အမ်ားစုက အႏၲရာယ္မရွိႏိုင္ပါဘူး။ မွဲ႔ေတြကေန အေရျပားကင္ဆာျဖစ္ေစတာ ကေတာ့ျဖစ္ခဲတဲ့အထဲ ပါဝင္ပါတယ္။

မွဲ႔ေတြရွိတယ္ဆိုရင္ သူတို႔ရဲ႕အေနအထား၊ အသြင္အျပင္၊ အ႐ြယ္အစား၊ လကၡဏာေျပာင္းလဲမႈရွိမရွိ ကိုယ့္ကိုယ္ကို ပုံမွန္စစ္ေဆးသင့္ပါတယ္။

ဘာေတြသတိထားရမလဲ

မွဲ႔က စသတိထားမိကာစအခ်ိန္နဲ႔ အ႐ြယ္အစားတူတူပဲလား

ေဘးအနားသပ္က ညီလား၊ ထင္းလား

မွဲ႔က တစ္လက္မရဲ႕ေလးပုံတစ္ပုံထက္ ပိုေသးသလား

အေရာင္က မေျပာင္းဘဲ တသမတ္တည္းရွိသလား။

ဒီအခ်က္ေတြနဲ႔ ကိုက္ညီရင္ သင့္ရဲ႕မွဲ႔က အႏၲရာယ္မရွိတဲ့ ႐ိုး႐ိုးမွဲ႔ျဖစ္ႏိုင္ပါတယ္။ မဟုတ္ရင္ေတာ့ ျပႆနာတစ္ခုခုရွိႏိုင္လို႔ ေသခ်ာသိရေအာင္ ဆရာဝန္ျပသင့္ပါတယ္။ မွဲ႔ေတြမွာ တစ္ခုခုေျပာင္းလဲလာတယ္ဆို သတိထားလို႔လြယ္ပါတယ္။

မွဲ႔နီ

မွဲ႔နီေတြဟာ အေရျပားမွာျဖစ္လာတဲ့ မွဲ႔နဲ႔ဆင္တူတဲ့ အသားပိုတစ္မ်ိဳးျဖစ္ၿပီး cherry angioma လို႔ေခၚပါတယ္။ မွဲ႔နဲ႔မတူတာက သူတို႔က အသက္ႀကီးလာရင္ အလိုလိုေပ်ာက္မသြားတတ္ပါဘူး။ ေသြးေၾကာမွ်င္ေလးေတြစုေနတာသာ ျဖစ္ၿပီး ကင္ဆာေတာ့မျဖစ္ေစႏိုင္ပါဘူး။

ဒီလကၡဏာေတြရွိေနရင္ မွဲ႔က ပုံမွန္မဟုတ္ပါ

မွဲ႔က ပုံမွန္ထက္ထူးျခားေနတယ္ဆိုတာနဲ႔ပဲ ကင္ဆာျဖစ္ႏိုင္တယ္လို႔ မဆိုလိုပါဘူး။ အေရျပားကင္ဆာ သို႔မဟုတ္ မွဲ႔ကင္ၾဆာဖစ္ေစႏိုင္တဲ့ မွဲ႔ေတြရဲ႕ လကၡဏာမွာ –

ယားတာ

နာတာ

အက္ကြဲတာ

ေသြးထြက္တာ

ေရာင္ရမ္းတာ ရွိေနတတ္ပါတယ္။

ေနာက္တစ္ခ်က္ရွိတာက ခြဲစိတ္/ဖယ္ရွားလိုက္တဲ့ မွဲ႔၊အသားပိုေတြဟာ ျပန္ျဖစ္လာဖို႔ မရွိပါဘူး။ ကင္ဆာျဖစ္ေစတဲ့မွဲ႔ဆိုရင္ေတာ့ ျပန္ျဖစ္လာတတ္ပါတယ္။

ဆရာဝန္သြားျပတဲ့အခါ

ဆရာဝန္ျပတဲ့အခါ ကိုယ့္မိသားစုမွာ ပုံမွန္မဟုတ္တဲ့ မွဲ႔ေတြရွိတဲ့သူ သို႔မဟုတ္ အေရျပားကင္ဆာရွိသူ ရွိမရွိ၊ မွဲ႔မွာ အေရာင္၊အ႐ြယ္အစားေျပာင္းလဲမႈရွိမရွိ၊ တျခားမွဲ႔ေတြ ဖယ္ရွားဖူးသလား၊ မွဲ႔က အခုမွျဖစ္တာလား၊ ဖယ္ရွားၿပီးမွ ျပန္ေပၚလာတာလား ဆိုတာေမးျမန္းပါလိမ့္မယ္။ မွဲ႔ကိုအနီးကပ္ စစ္ေဆးၾကည့္ရႈၿပီး ဖယ္ရွားပစ္ဖို႔ လိုမလို ဆရာဝန္ကဆုံးျဖတ္ေပးမွာပါ။ ကင္ဆာဟုတ္မဟုတ္ စစ္ေဆးဖို႔အတြက္ အသားစယူ စစ္ေဆးတာလည္း လုပ္ႏိုင္ပါတယ္။ ကင္ဆာဟုတ္ေနတယ္ဆို ကင္ဆာမွဲ႔ကို ခြဲစိတ္ဖယ္ရွားၿပီး သူ႔နားတဝိုက္ဧရိယာကိုပါ အနည္းငယ္ျဖတ္ထုတ္ပစ္ၿပီး ကုသေပးမွာျဖစ္ပါတယ္။

ေရးသားသူ - Yun Sandi Nan Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ - Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
----------------
(Unicode)⤵⤵⤵
မှဲ့သူဌေးလား… ဒါတွေသိထားမှ ဖြစ်မယ်နော်

စပယ်တင်မှဲ့၊ မျက်ရည်ခံမှဲ့၊ မှဲ့စလွယ် စသည်ဖြင့် မှဲ့နဲ့ပတ်သက်တဲ့ အယူအဆ၊ အဓိပ္ပါယ်လေးတ ွမြေန်မာ့အယူအဆတွေမှာ အများကြီးရှိတတ်ကြပါတယ်။ ဘယ်နေရာမှာ မှဲ့ရှိရင် ဘုန်းကံမြင့်တယ်၊ ကြီးပွားမယ်၊ လူချစ်လူခင်ပေါမယ် ဆိုတာတွေပေါ့။ ဒါပေမယ့်ဆေးပညာဘက်ကကြည့်ရင်တော့ မှဲ့ဆိုတာ အရေပြား ဘယ်နေရာမှာမဆိုဖြစ်လာနိုင်တဲ့ အစက်အပြောက်လေးတွေ (ပြောရရင် ဆဲလ်အစုလေးတွေ) ပါပဲ။

ပျမ်းမျှအားဖြင့် အရွယ်ရောက်ပြီးတဲ့လူတစ်ဦးရဲ့ ခန္ဓါကိုယ်မှာ သေးသေးကြီးကြီး မှဲ့အရေအတွက် ၁၀ ခုကနေ ၄၅ ခုအထိ ရှိနေနိုင်ပါတယ်။ အများစုက အန္တရာယ်မရှိဘဲ နောက်ပိုင်းမှာ သူ့အလိုလို ပျောက်သွားလေ့ရှိပါတယ်။ ဒါပေမယ့် ကိုယ့်မှာရှိတဲ့ မှဲ့က ဘေးကင်းမကင်း ဘယ်လိုခွဲခြားသိနိုင်မလဲ။

ကျောမှာ မှဲ့စလွယ်ရှိလို့ ဘုရင်ဖြစ်မဖြစ်တော့မသိဘူး၊ ကင်ဆာဖြစ်လာခဲ့ရင် သွားပြီနော်။ ဒါ့ကြောင့် ကိုယ့်ရဲ့မှဲ့က ရိုးရိုးပဲလား၊ အန္တရာယ်ရှိလာနိုင်သလား သိနိုင်မယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

မှဲ့အကြောင်း

မှဲ့အများစုက မျိုးရိုးကြောင့်ပါ။ မိဘမှာ မှဲ့တွေများရင် ကိုယ့်မှာလည်း ပါတတ်တယ်။

နေပူထဲသွားလေ့ရှိတဲ့သူတွေဟာ အသားအရေချင်းတူတဲ့ နေရောင်ခြည် သိပ်မထိတွေ့သူတွေနဲ့ယှဉ်ရင် မှဲ့ပိုများလေ့ရှိပါတယ်။

နေလောင်ခြင်းကြောင့် ဖြစ်လာတဲ့နေလောင်ကွက်လေးတွေက မှဲ့မဟုတ်ပါ။

မှဲ့အများစုက အန္တရာယ်မရှိနိုင်ပါဘူး။ မှဲ့တွေကနေ အရေပြားကင်ဆာဖြစ်စေတာ ကတော့ဖြစ်ခဲတဲ့အထဲ ပါဝင်ပါတယ်။

မှဲ့တွေရှိတယ်ဆိုရင် သူတို့ရဲ့အနေအထား၊ အသွင်အပြင်၊ အရွယ်အစား၊ လက္ခဏာပြောင်းလဲမှုရှိမရှိ ကိုယ့်ကိုယ်ကို ပုံမှန်စစ်ဆေးသင့်ပါတယ်။

ဘာတွေသတိထားရမလဲ

မှဲ့က စသတိထားမိကာစအချိန်နဲ့ အရွယ်အစားတူတူပဲလား

ဘေးအနားသပ်က ညီလား၊ ထင်းလား

မှဲ့က တစ်လက်မရဲ့လေးပုံတစ်ပုံထက် ပိုသေးသလား

အရောင်က မပြောင်းဘဲ တသမတ်တည်းရှိသလား။

ဒီအချက်တွေနဲ့ ကိုက်ညီရင် သင့်ရဲ့မှဲ့က အန္တရာယ်မရှိတဲ့ ရိုးရိုးမှဲ့ဖြစ်နိုင်ပါတယ်။ မဟုတ်ရင်တော့ ပြဿနာတစ်ခုခုရှိနိုင်လို့ သေချာသိရအောင် ဆရာဝန်ပြသင့်ပါတယ်။ မှဲ့တွေမှာ တစ်ခုခုပြောင်းလဲလာတယ်ဆို သတိထားလို့လွယ်ပါတယ်။

မှဲ့နီ

မှဲ့နီတွေဟာ အရေပြားမှာဖြစ်လာတဲ့ မှဲ့နဲ့ဆင်တူတဲ့ အသားပိုတစ်မျိုးဖြစ်ပြီး cherry angioma လို့ခေါ်ပါတယ်။ မှဲ့နဲ့မတူတာက သူတို့က အသက်ကြီးလာရင် အလိုလိုပျောက်မသွားတတ်ပါဘူး။ သွေးကြောမျှင်လေးတွေစုနေတာသာ ဖြစ်ပြီး ကင်ဆာတော့မဖြစ်စေနိုင်ပါဘူး။

ဒီလက္ခဏာတွေရှိနေရင် မှဲ့က ပုံမှန်မဟုတ်ပါ

မှဲ့က ပုံမှန်ထက်ထူးခြားနေတယ်ဆိုတာနဲ့ပဲ ကင်ဆာဖြစ်နိုင်တယ်လို့ မဆိုလိုပါဘူး။ အရေပြားကင်ဆာ သို့မဟုတ် မှဲ့ကင်ဆြာဖစ်စေနိုင်တဲ့ မှဲ့တွေရဲ့ လက္ခဏာမှာ –

ယားတာ

နာတာ

အက်ကွဲတာ

သွေးထွက်တာ

ရောင်ရမ်းတာ ရှိနေတတ်ပါတယ်။

နောက်တစ်ချက်ရှိတာက ခွဲစိတ်/ဖယ်ရှားလိုက်တဲ့ မှဲ့၊အသားပိုတွေဟာ ပြန်ဖြစ်လာဖို့ မရှိပါဘူး။ ကင်ဆာဖြစ်စေတဲ့မှဲ့ဆိုရင်တော့ ပြန်ဖြစ်လာတတ်ပါတယ်။

ဆရာဝန်သွားပြတဲ့အခါ

ဆရာဝန်ပြတဲ့အခါ ကိုယ့်မိသားစုမှာ ပုံမှန်မဟုတ်တဲ့ မှဲ့တွေရှိတဲ့သူ သို့မဟုတ် အရေပြားကင်ဆာရှိသူ ရှိမရှိ၊ မှဲ့မှာ အရောင်၊အရွယ်အစားပြောင်းလဲမှုရှိမရှိ၊ တခြားမှဲ့တွေ ဖယ်ရှားဖူးသလား၊ မှဲ့က အခုမှဖြစ်တာလား၊ ဖယ်ရှားပြီးမှ ပြန်ပေါ်လာတာလား ဆိုတာမေးမြန်းပါလိမ့်မယ်။ မှဲ့ကိုအနီးကပ် စစ်ဆေးကြည့်ရှုပြီး ဖယ်ရှားပစ်ဖို့ လိုမလို ဆရာဝန်ကဆုံးဖြတ်ပေးမှာပါ။ ကင်ဆာဟုတ်မဟုတ် စစ်ဆေးဖို့အတွက် အသားစယူ စစ်ဆေးတာလည်း လုပ်နိုင်ပါတယ်။ ကင်ဆာဟုတ်နေတယ်ဆို ကင်ဆာမှဲ့ကို ခွဲစိတ်ဖယ်ရှားပြီး သူ့နားတဝိုက်ဧရိယာကိုပါ အနည်းငယ်ဖြတ်ထုတ်ပစ်ပြီး ကုသပေးမှာဖြစ်ပါတယ်။

ရေးသားသူ - Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
မွဲ႔သူေဌးလား… ဒါေတြသိထားမွ ျဖစ္မယ္ေနာ္ မွဲ႔သူေဌးလား… ဒါေတြသိထားမွ ျဖစ္မယ္ေနာ္ Reviewed by THITHTOOLWIN on 20:33 Rating: 5
Powered by Blogger.