ARSA အဖြဲ႕၀င္ေတြကို လက္နက္/ခဲယမ္း၊ လက္လုပ္မိုင္းႏွင့္အတူ ဖမ္းဆီးရမိ

ဖမ္းဆီးရမိေသာ လက္နက္/ခဲယမ္း၊ လက္လုပ္မိုင္း (ဓါတ္ပုံ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး)

(Zawgyi/Unicode)

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္၊ ခေမာင္းဆိပ္႐ြာအေရွ႕ဖက္မွာ ARSA အာရကန္႐ိုဟင္ဂ်ာ ကယ္တင္ေရးတပ္ဖြဲ႕ဝင္ ေတြကို ျမန္မာစစ္တပ္ကေန ေတြ႕ရွိၿပီး ပစ္ခတ္တိုက္ခိုက္မႈအတြင္း ARSA ဘက္က က်ဆုံး အဖမ္းဆီးခံရမႈေတြ ရွိခဲ့ တယ္လို႔ တပ္မေတာ္ ေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။

ဒီလို ပစ္ခတ္ တိုက္ခုိက္မႈျဖစ္စဥ္အတြင္း ARSA အဖြဲ႕ရဲ႕ လက္နက္ ပစၥည္းေတြကိုလဲ သိမ္းဆီးရရွိခဲ့တယ္လို႔ တပ္မေတာ္ဖက္ကဆိုပါတယ္။ ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ ႏိုင္ကြန္းအိန္ က ဆက္သြယ္ေမးျမန္းသတင္းေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္မွာ လုံၿခဳံေရးေဆာင္႐ြက္ေနတဲ့ တပ္မေတာ္စစ္ေၾကာင္းကေန အာရကန္႐ိုဟင္ဂ်ာ ကယ္တင္ေရးတပ္ ARSA အဖြဲ႕ဝင္ေတြနဲ႔ ထိပ္တိုက္ရင္ဆိုင္ေတြ႕ရွိၿပီး ပစ္ခတ္ ဖမ္းဆီးရမိတယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ဗြီအိုေအကို ေျပာပါတယ္။

“မေန႔ကေတာ့ကြၽန္ေတာ္တို႔ ေမာင္ေတာ၊ ခေမာင္းဆိပ္ေက်း႐ြာရဲ႕အေနာက္ဖက္ မီတာ(၄၅၀၀)ေလာက္မွာ ARSA အၾကမ္းဖက္ ေသာင္းက်န္းသူ (၈) ဦးေတြ႕ရွိတယ္။ ကြၽန္ေတာ္တို႔ပစ္ခတ္ ဖမ္းဆီးခဲ့ပါတယ္။ အေလာင္း (၂) ေလာင္းနဲ႔ အရွင္ (၃) ေယာက္ရပါတယ္။ ကြၽန္ေတာ္တို႔ တလုံးထိုး ေသနတ္တလက္။ တူးမီးေသနတ္တလက္ ၊ က်ည္(၄)ေတာင့္ လက္လုပ္မိုင္း(၂)လုံး လက္လုပ္မိုင္းကဆြဲမိုင္းေပါ့။ ကြၽန္ေတာ္တို႔သိမ္းဆီးရထားတယ္။ အဲဒီမွာေတာ့ အခုတေလာ ကြၽန္ေတာ္တို႔ ေအာင္ဇူနယ္ေျမရဲစခန္းကို လႊဲအပ္ၿပီးေတာ့ စစ္ေဆးမႈေတြ ေဆာင္႐ြက္လွ်က္ ရွိပါတယ္။”

တပ္မေတာ္နဲ႔ ကနဦး ထိပ္တိုက္ေတြ႕ဆုံစဥ္မွာ ARSA အဖြဲ႕ဝင္ ၈ ဦးရွိခဲ့ရာက (၂) ဦးေသ၊ (၃) ဦးဖမ္းမိခဲ့တာမွာ က်န္ (၃) ဦးကေတာ့ ထြက္ေျပးလႊတ္ေျမာက္သြားခဲ့ပါတယ္။

တပ္မေတာ္အေနနဲ႔ ခေမာင္းဆိပ္နဲ႔ ေတာင္ၿပိဳလက္ဝဲအၾကားမွာ နယ္ေျမရွင္းလင္းေရး လုပ္ေဆာင္ေနတယ္လို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

ေမာင္ေတာၿမိဳ႕နယ္အတြင္း ေက်း႐ြာေတြမွာ ARSA အဖြဲ႕ေတြ ဝင္ေရာက္ လႈပ္ရွားေနေၾကာင္း သတင္းရရွိလို႔ တပ္မ ေတာ္ စစ္ေၾကာင္းက လိုအပ္တဲ့လုံၿခဳံေရး လုပ္ငန္းေတြေဆာင္႐ြက္စဥ္ ႏိုဝင္ဘာလ ၂၁ ရက္မနက္ (၉) နာရီေက်ာ္ ေလာက္မွာပစ္ခတ္ ဖမ္းဆီးႏိုင္ခဲ့တယ္လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးကေန သတင္းထုတ္ျပန္ထားပါတယ္။

ဖမ္းဆီးရမိတဲ့ ARSA အဖြဲ႕ဝင္ေတြကိုေတာ့ ရဲအေရးပိုင္ မဟုတ္တဲ့အတြက္ ေအာင္ဇူ နယ္ေျမခံ နယ္ျခားေစာင့္တပ္ ရဲစခန္းမွာဘဲ အပ္ႏွံစစ္ေဆးေနတယ္လို႔ ရခိုင္ျပည္နယ္ ရဲမႉးႀကီး ၾကည္လင္းက ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ဆီမွာေတာ့ အဲတာမရွိေသးဘူးဗ်။ အဲတာနယ္ျခားေစာင့္တပ္ဖြဲ႕က ကိုင္တယ္ဆိုေတာ့ေလ။ ရဲစခန္းဆိုတာ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕မွာဘဲ နယ္ေျမရဲစခန္းေတြရွိတယ္ဗ်။ သူတို႔အဲဒီမွာဘဲတရားစြဲၿပီး အဲဒီကေနၿပီးလုပ္ၾကမွာ။”

ေမာင္ေတာခ႐ိုင္ဦးစီးမႉး ဦးစိုးေအာင္ကေတာ့ ARSA အဖြဲ႕နဲ႔ ျမန္မာ့စစ္တပ္တို႔အၾကား ျဖစ္ပြား တဲ့ တိုက္ပြဲျဖစ္စဥ္ကို အေသးစိတ္ မသိေပမဲ့ တိုက္ပြဲျဖစ္ပြားေၾကာင္း အတည္ျပဳ ေျပာဆိုပါတယ္။

“ခေမာင္းဆိပ္မွာ မဟုတ္ဘူး။ ခေမာင္းဆိပ္ၾကားထဲမွာ ျဖစ္တာ။ျဖစ္ေတာ့ရဲကိုေတာ့ အပ္လိုက္ၿပီ ေျပာတယ္။ အဲဒီခေမာင္းဆိပ္ကလဲ တအားေဝးတယ္။”

ARSA အဖြဲ႕ေတြအေနနဲ႔ ေမာင္ေတာၿမိဳ႕နယ္အတြင္းမွာ လုံၿခဳံေရးအဖြဲ႕ေတြကို တိုက္ခိုက္တာေတြ ရွိေနတယ္လို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ဆက္ေျပာပါတယ္။

“အဲဒီဘက္ကေတာ့ ေတာင္ၿပိဳလက္ဝဲနဲ႔ အဲဒီၾကားထဲမွာ အရင္တုန္းကလဲ ကြၽန္ေတာ္တို႔ သတင္းထုတ္ျပန္တာ ရွိပါတယ္။ ရဲကား မိုင္းဆြဲခံရတာ ရွိတယ္။ ရဲကား ပစ္ခတ္ခဲ့တာရွိတယ္။ ခေမာင္းဆိပ္ကေတာ့ သူ႔ထက္နည္းနည္း က်တာေပါ့။ အဲဒီမွာေတာ့ ကြၽန္ေတာ္တို႔ ARSA အဖြဲ႕အေနနဲ႔ စိမ့္ဝင္မႈေတြ လႈပ္ရွားမႈေတြေတာ့ ရွိပါတယ္။ ”

ဘဂၤလားေဒ့ရ္ွႏိုင္ငံနယ္စပ္နဲ႔ထိစပ္ေနတဲ့ ေမာင္ေတာၿမိဳ႕နယ္အတြင္းမွာARSA အဖြဲ႕ေတြကေန ျမန္မာတပ္မေတာ္ နယ္ျခားေစာင့္ရဲအဖြဲ႕ေတြကို မၾကာခဏ ဆိုသလို ဗုံးခြဲတိုက္ခိုက္တာ ၿခဳံခို တိုက္ခိုက္တာ ျပဳလုပ္ေလ့ရွိပါတယ္။

ၿပီးခဲ့တဲ့ဇူလိုင္လမွာ ျမန္မာ ဘဂၤလားေဒ့ရ္ွ နယ္စပ္ မိုင္တိုင္ (၄၀)မွာ ျမန္မာနယ္ျခားေစာင့္ ကင္းစခန္းတခုကို ARSA အဖြဲ႕ကတိုက္ခိုက္လို႔ (၂)ဦး ေသဆုံးခဲ့သလို ဇန္နဝါရီလမွာလည္း လက္နက္ႀကီးနဲ႔ ပစ္ခတ္တိုက္ခိုက္လို႔ နယ္ျခားေစာင့္ တပ္ရဲ (၂)ဦးနဲ႔ အင္ဂ်င္နီယာတပ္က အလုပ္သမားတဦး ထိခိုက္ ဒဏ္ရာရရွိခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၇ ၾသဂုတ္လ (၂၅)ရက္ေန႔မွာ နယ္ျခားေစာင့္စခန္း (၃၀) ဝန္းက်င္ကို လက္နက္ကိုင္ေဆာင္ထားတဲ့ ARSA အမည္ခံ ႐ိုဟင္ဂ်ာအဖြဲ႕ေတြက အုပ္စုဖြဲ႕တိုက္ခိုက္ခဲ့လို႔ (၃၈) ႀကိမ္ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး တပ္မေတာ္ ရဲတပ္ဖြဲ႕ ဝင္ (၁၂)ဦး ေသဆုံးခဲ့တယ္လို႔ တပ္မေတာ္ဘက္က သတင္းထုတ္ျပန္ထားပါတယ္။

ဒီအခင္းျဖစ္ပြားၿပီးေနာက္ပိုင္း တပ္မေတာ္ဘက္က နယ္ေျမရွင္းလင္းေရးလုပ္ေဆာင္တာမွာ ေဒသခံမူဆလင္ (၆)သိန္း ေက်ာ္ ေနရပ္ကေန ဘဂၤလားေဒ့ရွ္ ႏိုင္ငံဘက္ကို တိမ္းေရွာင္ၿပီး ဒုကၡသည္အျဖစ္ ေနထိုင္ေနရပါတယ္။

ျမန္မာအစိုးရကေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့အမည္ကို လက္မခံေပမဲ့ ဒုကၡသည္ေတြ ေနရပ္ျပန္ႏိုင္ေရးကို ႏိုင္ငံတကာအဖြဲ႕ အစည္းေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနပါတယ္။

နယ္ေျမရွင္းလင္းေရး လုပ္ေဆာင္ခဲ့ရာမွာ ျမန္မာစစ္တပ္ဖက္က ေဒသခံ႐ြာသား ေတာ္ေတာ္မ်ားမ်ားကို သတ္ျဖတ္မႈ၊ ညႇဥ္းဆဲမႈ၊ ေက်း႐ြာေတြကို မီးရႈိ႕မႈေတြ ျပဳလုပ္ခဲ့တယ္လို႔ ႏိုင္ငံတကာက ေဝဖန္ေျပာဆိုမႈ ေတြ ရွိေနပါတယ္။


.....................

ARSA အဖွဲ့ဝင်တွေကိုလက်နက်/ခဲယမ်း၊ လက်လုပ်မိုင်းနှင့်အတူ ဖမ်းဆီး ရမိ

(Unicode)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ခမောင်းဆိပ်ရွာအရှေ့ဖက်မှာ ARSA အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဖွဲ့ဝင် တွေကို မြန်မာစစ်တပ်ကနေ တွေ့ရှိပြီး ပစ်ခတ်တိုက်ခိုက်မှုအတွင်း ARSA ဘက်က ကျဆုံး အဖမ်းဆီးခံရမှုတွေ ရှိခဲ့ တယ်လို့ တပ်မတော် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒီလို ပစ်ခတ် တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ARSA အဖွဲ့ရဲ့ လက်နက် ပစ္စည်းတွေကိုလဲ သိမ်းဆီးရရှိခဲ့တယ်လို့ တပ်မတော်ဖက်ကဆိုပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန် က ဆက်သွယ်မေးမြန်းသတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းကနေ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ် ARSA အဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့ရှိပြီး ပစ်ခတ် ဖမ်းဆီးရမိတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

“မနေ့ကတော့ကျွန်တော်တို့ မောင်တော၊ ခမောင်းဆိပ်ကျေးရွာရဲ့အနောက်ဖက် မီတာ(၄၅၀၀)လောက်မှာ ARSA အကြမ်းဖက် သောင်းကျန်းသူ (၈) ဦးတွေ့ရှိတယ်။ ကျွန်တော်တို့ပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။ အလောင်း (၂) လောင်းနဲ့ အရှင် (၃) ယောက်ရပါတယ်။ ကျွန်တော်တို့ တလုံးထိုး သေနတ်တလက်။ တူးမီးသေနတ်တလက် ၊ ကျည်(၄)တောင့် လက်လုပ်မိုင်း(၂)လုံး လက်လုပ်မိုင်းကဆွဲမိုင်းပေါ့။ ကျွန်တော်တို့သိမ်းဆီးရထားတယ်။ အဲဒီမှာတော့ အခုတလော ကျွန်တော်တို့ အောင်ဇူနယ်မြေရဲစခန်းကို လွှဲအပ်ပြီးတော့ စစ်ဆေးမှုတွေ ဆောင်ရွက်လျှက် ရှိပါတယ်။”

တပ်မတော်နဲ့ ကနဦး ထိပ်တိုက်တွေ့ဆုံစဉ်မှာ ARSA အဖွဲ့ဝင် ၈ ဦးရှိခဲ့ရာက (၂) ဦးသေ၊ (၃) ဦးဖမ်းမိခဲ့တာမှာ ကျန် (၃) ဦးကတော့ ထွက်ပြေးလွှတ်မြောက်သွားခဲ့ပါတယ်။

တပ်မတော်အနေနဲ့ ခမောင်းဆိပ်နဲ့ တောင်ပြိုလက်ဝဲအကြားမှာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ ဗိုလ်မှူး ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

မောင်တောမြို့နယ်အတွင်း ကျေးရွာတွေမှာ ARSA အဖွဲ့တွေ ဝင်ရောက် လှုပ်ရှားနေကြောင်း သတင်းရရှိလို့ တပ်မ တော် စစ်ကြောင်းက လိုအပ်တဲ့လုံခြုံရေး လုပ်ငန်းတွေဆောင်ရွက်စဉ် နိုဝင်ဘာလ ၂၁ ရက်မနက် (၉) နာရီကျော် လောက်မှာပစ်ခတ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ သတင်းထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးရမိတဲ့ ARSA အဖွဲ့ဝင်တွေကိုတော့ ရဲအရေးပိုင်မဟုတ်တဲ့အတွက် အောင်ဇူ နယ်မြေခံ နယ်ခြားစောင့်တပ် ရဲစခန်းမှာဘဲ အပ်နှံစစ်ဆေးနေတယ်လို့ ရခိုင်ပြည်နယ် ရဲမှူးကြီး ကြည်လင်းက ပြောပါတယ်။

“ကျွန်တော်တို့ဆီမှာတော့ အဲတာမရှိသေးဘူးဗျ။ အဲတာနယ်ခြားစောင့်တပ်ဖွဲ့က ကိုင်တယ်ဆိုတော့လေ။ ရဲစခန်းဆိုတာ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှာဘဲ နယ်မြေရဲစခန်းတွေရှိတယ်ဗျ။ သူတို့အဲဒီမှာဘဲတရားစွဲပြီး အဲဒီကနေပြီးလုပ်ကြမှာ။”

မောင်တောခရိုင်ဦးစီးမှူး ဦးစိုးအောင်ကတော့ ARSA အဖွဲ့နဲ့ မြန်မာ့စစ်တပ်တို့အကြား ဖြစ်ပွား တဲ့ တိုက်ပွဲဖြစ်စဉ်ကို အသေးစိတ် မသိပေမဲ့ တိုက်ပွဲဖြစ်ပွားကြောင်း အတည်ပြု ပြောဆိုပါတယ်။

“ခမောင်းဆိပ်မှာ မဟုတ်ဘူး။ ခမောင်းဆိပ်ကြားထဲမှာ ဖြစ်တာ။ဖြစ်တော့ရဲကိုတော့ အပ်လိုက်ပြီ ပြောတယ်။ အဲဒီခမောင်းဆိပ်ကလဲ တအားဝေးတယ်။”

ARSA အဖွဲ့တွေအနေနဲ့ မောင်တောမြို့နယ်အတွင်းမှာ လုံခြုံရေးအဖွဲ့တွေကို တိုက်ခိုက်တာတွေ ရှိနေတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆက်ပြောပါတယ်။

“အဲဒီဘက်ကတော့ တောင်ပြိုလက်ဝဲနဲ့ အဲဒီကြားထဲမှာ အရင်တုန်းကလဲ ကျွန်တော်တို့ သတင်းထုတ်ပြန်တာ ရှိပါတယ်။ ရဲကား မိုင်းဆွဲခံရတာ ရှိတယ်။ ရဲကား ပစ်ခတ်ခဲ့တာရှိတယ်။ ခမောင်းဆိပ်ကတော့ သူ့ထက်နည်းနည်း ကျတာပေါ့။ အဲဒီမှာတော့ ကျွန်တော်တို့ ARSA အဖွဲ့အနေနဲ့ စိမ့်ဝင်မှုတွေ လှုပ်ရှားမှုတွေတော့ ရှိပါတယ်။ ”

ဘင်္ဂလားဒေ့ရ်ှနိုင်ငံနယ်စပ်နဲ့ထိစပ်နေတဲ့ မောင်တောမြို့နယ်အတွင်းမှာARSA အဖွဲ့တွေကနေ မြန်မာတပ်မတော် နယ်ခြားစောင့်ရဲအဖွဲ့တွေကို မကြာခဏ ဆိုသလို ဗုံးခွဲတိုက်ခိုက်တာ ခြုံခို တိုက်ခိုက်တာ ပြုလုပ်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လမှာ မြန်မာ ဘင်္ဂလားဒေ့ရ်ှ နယ်စပ် မိုင်တိုင် (၄၀)မှာ မြန်မာနယ်ခြားစောင့် ကင်းစခန်းတခုကို ARSA အဖွဲ့ကတိုက်ခိုက်လို့ (၂)ဦး သေဆုံးခဲ့သလို ဇန်နဝါရီလမှာလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ နယ်ခြားစောင့် တပ်ရဲ (၂)ဦးနဲ့ အင်ဂျင်နီယာတပ်က အလုပ်သမားတဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ သြဂုတ်လ (၂၅)ရက်နေ့မှာ နယ်ခြားစောင့်စခန်း (၃၀) ဝန်းကျင်ကို လက်နက်ကိုင်ဆောင်ထားတဲ့ ARSA အမည်ခံ ရိုဟင်ဂျာအဖွဲ့တွေက အုပ်စုဖွဲ့တိုက်ခိုက်ခဲ့လို့ (၃၈) ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော် ရဲတပ်ဖွဲ့ ဝင် (၁၂)ဦး သေဆုံးခဲ့တယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ဒီအခင်းဖြစ်ပွားပြီးနောက်ပိုင်း တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်တာမှာ ဒေသခံမူဆလင် (၆)သိန်း ကျော် နေရပ်ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို တိမ်းရှောင်ပြီး ဒုက္ခသည်အဖြစ် နေထိုင်နေရပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့အမည်ကို လက်မခံပေမဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးကို နိုင်ငံတကာအဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ရာမှာ မြန်မာစစ်တပ်ဖက်က ဒေသခံရွာသား တော်တော်များများကို သတ်ဖြတ်မှု၊ ညှဉ်းဆဲမှု၊ ကျေးရွာတွေကို မီးရှို့မှုတွေ ပြုလုပ်ခဲ့တယ်လို့ နိုင်ငံတကာက ဝေဖန်ပြောဆိုမှု တွေ ရှိနေပါတယ်။

ႏုိင္ကြန္းအိန္/ VOA Burmese
https://burmese.voanews.com
ARSA အဖြဲ႕၀င္ေတြကို လက္နက္/ခဲယမ္း၊ လက္လုပ္မိုင္းႏွင့္အတူ ဖမ္းဆီးရမိ ARSA အဖြဲ႕၀င္ေတြကို လက္နက္/ခဲယမ္း၊ လက္လုပ္မိုင္းႏွင့္အတူ ဖမ္းဆီးရမိ Reviewed by THITHTOOLWIN on 02:13 Rating: 5
Powered by Blogger.