ရွမ္းျပည္နယ္ေျမာက္ပိုင္းက လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ AI ထုတ္ျပန္

အစိုးရတပ္မေတာ္နဲ႔ RCSS/SSA တို႔ရဲ႕ တိုက္ပြဲေတြေၾကာင့္ ထြက္ေျပးေနရတဲ့ ဒုကၡသည္ေတြကို ၂ဝ၁၈ ခုႏွစ္ ဇူလိုင္လ ၁၃ ရက္ေန႔က ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ အစိုးရတပ္မေတာ္ေရာ၊ တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႕ေတြကပါ ႏိုင္ငံတကာလူ႔အခြင့္အေရးဥပေဒနဲ႔ လူသားခ်င္းစာနာမႈဆိုင္ရာ ဥပေဒေတြကို ခ်ိဳးေဖာက္ေနတယ္လို႔ အျပည္ျပည္ဆိုင္ရာလြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႕- AI က ပုံျပရွင္းလင္းခ်က္တခုကို ဒီေန႔ထုတ္ျပန္လိုက္ပါတယ္။

“ ၾကားညပ္ခံေနရျခင္း” ဆိုတဲ့ အဲဒီပုံျပရွင္းလင္းခ်က္ထဲမွာ တပ္မေတာ္ဘက္က က်ဴးလြန္တယ္လို႔ ေဖာ္ျပထားတဲ့အခ်က္ (၅) ခ်က္ကေတာ့ - တရားဥပေဒမဲ့ ထင္ရာစိုင္းဖမ္းဆီးတာ၊ စစ္စခန္းေတြမွာ ဖမ္းထားတဲ့သူေတြကို မိသားစုေတြနဲ႔ အဆက္အသြယ္ျဖတ္ထားတာ၊ ညႇင္းပမ္းႏွိပ္စက္စစ္ေဆးတာ၊ အရပ္သားေတြကို ေသေၾကထိခိုက္ေစတဲ့ တိုက္ခိုက္မႈေတြလုပ္တာ၊ အရပ္သားေတြရဲ႕ ပိုင္ဆိုင္မႈေတြကို မတရားသိမ္းယူတာေတြျဖစ္ပါတယ္။ ဒီလုပ္ရပ္ေတြကို အမွတ္ (၉၉) ေျချမန္တပ္မက အႀကိမ္ႀကိမ္က်ဴးလြန္တယ္လို႔ အရပ္သားေတြကစြပ္စြဲထားတယ္လို႔ ေဖာ္ျပပါတယ္။

ဒီလိုလူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ စြပ္စြဲခ်က္ေတြနဲ႔ ပတ္သက္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက....


"လက္နက္ကိုင္ပဋိပကၡေတြ ျဖစ္ပြားတဲ့ေနရာေတြမွာ ဆုံးျဖတ္ခ်က္ျမန္ျမန္နဲ႔ လုပ္ရတာေတြရွိတယ္။ ေျခာက္ျပစ္ကင္း သဲလဲစင္ေတာ့ မျဖစ္ႏိုင္ဘူး။ ဒါေတြနဲ႔ ပက္သက္ၿပီး ရွိခဲ့လို႔ရွိရင္လည္း တပ္မေတာ္အေနနဲ႔ လုပ္သင့္လုပ္ထိုက္တာေတြကို ေဆာင္႐ြက္လ်က္ရွိတယ္။ တပ္မေတာ္အေနနဲ႔ လူ႔အခြင့္အေရး ျဖစ္ျဖစ္ ႏိုင္ငံတကာ စံခ်ိန္စံၫႊန္းနဲ႔ဆိုရင္ လိုက္နာရမယ့္ စည္းမ်ဥ္းစည္းကမ္းေတြကို က်င့္ဝတ္ေတြဘဲျဖစ္ျဖစ္ က်ေနာ္တို႔က အတတ္ႏိုင္ဆုံး လိုက္နာေဆာင္႐ြက္ေနပါတယ္"လို႔ ၿပီးခဲ့တဲ့ ေအာက္တိုဘာလက RFA ကို ေျပာထားပါတယ္။

လက္နက္ကိုင္တိုင္းရင္းသားေတြဘက္က က်ဴးလြန္တယ္လို႔ ေဖာ္ျပထားတဲ့ အခ်က္ (၅) ခ်က္ကေတာ့ - ျပန္ေပးဆြဲတာနဲ႔ ဖမ္းဆီးထိန္းသိမ္းတာ၊ ႏွိပ္စက္ညႇင္းပမ္းတာ၊ အဓမၼလုပ္အားေပးခိုင္းတာ၊ ၿခိမ္းေျခာက္ေငြေတာင္းတာနဲ႔ အတင္းအၾကပ္အခြန္ေဆာင္ခိုင္းတာ၊ အရပ္သားေတြအတြက္ အႏၲရာယ္က်ေရာက္ေစတာလို႔ ေဖာ္ျပထားပါတယ္။ အဲဒီလိုက်ဴးလြန္တဲ့အဖြဲ႕ေတြက KIA ကခ်င္လြတ္ေျမာက္ေရးတပ္၊ SSA ေျမာက္ပိုင္းတပ္နဲ႔ ေတာင္ပိုင္းတပ္၊ TNLA တအာင္းလြတ္ေျမာက္ေရးတပ္တို႔ ျဖစ္တယ္လို႔ဆိုပါတယ္။

အခုလို ရွမ္းျပည္နယ္ေျမာက္ပိုင္းက လူ႔အခြင့္အေရးအေျခအေနနဲ႔ပတ္သက္လို႔ RCSS ေျပာေရး ဆိုခြင့္ရွိ သူ ဒုဗိုလ္မႉးႀကီး စိုင္းဦးက - "က်ေနာ္တို႔လည္း ေအာက္ေျခတပ္သားေတြကို လူ႔အခြင့္ေရးဆိုင္ရာေတြ ဘာေတြ အသိပညာေပးထားတာေတြရွိပါတယ္၊ တပ္မႉးေတြကလည္း ေအာက္ေျခကို ထိန္းသိမ္းေနပါတယ္"လို႔ ေအာက္တိုဘာလ ၁ ရက္ေန႔က RFA ကို ေျပာထားပါတယ္။

အခုျဖစ္ရပ္ေတြကို သီေပါ၊ ေက်ာက္မဲ၊ နမၼတူ၊ လားရႈိး၊ သိႏၷီ၊ ကြတ္ခိုင္၊ နမ္းခမ္း၊ မူဆယ္ ဆိုတဲ့ ၈ ၿမိဳ႕နယ္က ျဖစ္ရပ္ေတြကို AI အဖြဲ႕က မွတ္တမ္းတင္ထားတာလို႔ ေဖာ္ျပထားပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
ရှမ်းပြည်နယ်မြောက်ပိုင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေ AI ထုတ်ပြန်

အစိုးရတပ်မတော်နဲ့ RCSS/SSA တို့ရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေကို ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်မတော်ရော၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကပါ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်နေတယ်လို့ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့- AI က ပုံပြရှင်းလင်းချက်တခုကို ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

“ ကြားညပ်ခံနေရခြင်း” ဆိုတဲ့ အဲဒီပုံပြရှင်းလင်းချက်ထဲမှာ တပ်မတော်ဘက်က ကျူးလွန်တယ်လို့ ဖော်ပြထားတဲ့အချက် (၅) ချက်ကတော့ - တရားဥပဒေမဲ့ ထင်ရာစိုင်းဖမ်းဆီးတာ၊ စစ်စခန်းတွေမှာ ဖမ်းထားတဲ့သူတွေကို မိသားစုတွေနဲ့ အဆက်အသွယ်ဖြတ်ထားတာ၊ ညှင်းပမ်းနှိပ်စက်စစ်ဆေးတာ၊ အရပ်သားတွေကို သေကြေထိခိုက်စေတဲ့ တိုက်ခိုက်မှုတွေလုပ်တာ၊ အရပ်သားတွေရဲ့ ပိုင်ဆိုင်မှုတွေကို မတရားသိမ်းယူတာတွေဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေကို အမှတ် (၉၉) ခြေမြန်တပ်မက အကြိမ်ကြိမ်ကျူးလွန်တယ်လို့ အရပ်သားတွေကစွပ်စွဲထားတယ်လို့ ဖော်ပြပါတယ်။

ဒီလိုလူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက....


"လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားတဲ့နေရာတွေမှာ ဆုံးဖြတ်ချက်မြန်မြန်နဲ့ လုပ်ရတာတွေရှိတယ်။ ခြောက်ပြစ်ကင်း သဲလဲစင်တော့ မဖြစ်နိုင်ဘူး။ ဒါတွေနဲ့ ပက်သက်ပြီး ရှိခဲ့လို့ရှိရင်လည်း တပ်မတော်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို ဆောင်ရွက်လျက်ရှိတယ်။ တပ်မတော်အနေနဲ့ လူ့အခွင့်အရေး ဖြစ်ဖြစ် နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ဆိုရင် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ကျင့်ဝတ်တွေဘဲဖြစ်ဖြစ် ကျနော်တို့က အတတ်နိုင်ဆုံး လိုက်နာဆောင်ရွက်နေပါတယ်"လို့ ပြီးခဲ့တဲ့ အောက်တိုဘာလက RFA ကို ပြောထားပါတယ်။

လက်နက်ကိုင်တိုင်းရင်းသားတွေဘက်က ကျူးလွန်တယ်လို့ ဖော်ပြထားတဲ့ အချက် (၅) ချက်ကတော့ - ပြန်ပေးဆွဲတာနဲ့ ဖမ်းဆီးထိန်းသိမ်းတာ၊ နှိပ်စက်ညှင်းပမ်းတာ၊ အဓမ္မလုပ်အားပေးခိုင်းတာ၊ ခြိမ်းခြောက်ငွေတောင်းတာနဲ့ အတင်းအကြပ်အခွန်ဆောင်ခိုင်းတာ၊ အရပ်သားတွေအတွက် အန္တရာယ်ကျရောက်စေတာလို့ ဖော်ပြထားပါတယ်။ အဲဒီလိုကျူးလွန်တဲ့အဖွဲ့တွေက KIA ကချင်လွတ်မြောက်ရေးတပ်၊ SSA မြောက်ပိုင်းတပ်နဲ့ တောင်ပိုင်းတပ်၊ TNLA တအာင်းလွတ်မြောက်ရေးတပ်တို့ ဖြစ်တယ်လို့ဆိုပါတယ်။

အခုလို ရှမ်းပြည်နယ်မြောက်ပိုင်းက လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်လို့ RCSS ပြောရေး ဆိုခွင့်ရှိ သူ ဒုဗိုလ်မှူးကြီး စိုင်းဦးက - "ကျနော်တို့လည်း အောက်ခြေတပ်သားတွေကို လူ့အခွင့်ရေးဆိုင်ရာတွေ ဘာတွေ အသိပညာပေးထားတာတွေရှိပါတယ်၊ တပ်မှူးတွေကလည်း အောက်ခြေကို ထိန်းသိမ်းနေပါတယ်"လို့ အောက်တိုဘာလ ၁ ရက်နေ့က RFA ကို ပြောထားပါတယ်။

အခုဖြစ်ရပ်တွေကို သီပေါ၊ ကျောက်မဲ၊ နမ္မတူ၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ နမ်းခမ်း၊ မူဆယ် ဆိုတဲ့ ၈ မြို့နယ်က ဖြစ်ရပ်တွေကို AI အဖွဲ့က မှတ်တမ်းတင်ထားတာလို့ ဖော်ပြထားပါတယ်။

RFA Burmese
https://www.rfa.org
ရွမ္းျပည္နယ္ေျမာက္ပိုင္းက လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ AI ထုတ္ျပန္ ရွမ္းျပည္နယ္ေျမာက္ပိုင္းက လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ AI ထုတ္ျပန္ Reviewed by THITHTOOLWIN on 01:29 Rating: 5
Powered by Blogger.