ဒါ႐ိုက္တာမင္းထင္ကိုကိုႀကီးလႊတ္ေပးေရး AI ေတာင္းဆို

တပ္မေတာ္က အမႈဖြင့္လို႔ ဖမ္းဆီးတရားစြဲခံထားရတဲ့ ဒါ႐ိုက္တာ မင္းထင္ကိုကိုႀကီးကို အင္းစိန္ၿမိဳ႕နယ္ တရား႐ုံးမွာ ၂ဝ၁၉ ၾသဂုတ္ ၂၉ ရက္ေန႔က ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
တပ္မေတာ္ကို ေဝဖန္တဲ့စာတိုေတြ ေဖ့စ္ဘြတ္မွာ ေရးတင္လို႔ ေထာင္တႏွစ္ခ်ခံထားရတဲ့ ႐ုပ္ရွင္ဒါ႐ိုက္တာ မင္းထင္ကိုကိုႀကီးကို အမႈအားလုံးကေန ႐ုပ္သိမ္းၿပီး ႁခြင္းခ်က္မရွိျပန္လႊတ္ေပးဖို႔ အျပည္ျပည္ဆိုင္ရာ လြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႕- AI က သမၼတဦးဝင္းျမင့္ဆီ အိတ္ဖြင့္ေပးစာတေစာင္ ဒီေန႔ ႏိုဝင္ဘာလ ၂ဝ ရက္ေန႔စြဲနဲ႔ ေရးသားေတာင္းဆိုလိုက္ပါတယ္။

သူ႔ဟာ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ကို အသုံးျပဳတာနဲ႔တင္ ေထာင္ခ်ခံရတာျဖစ္တဲ့အတြက္ သူ႔ကို ယုံၾကည္ခ်က္အက်ဥ္းသားအျဖစ္ AI အဖြဲ႕က သတ္မွတ္တယ္လို႔ဆိုပါတယ္။ မင္းထင္ကိုကိုႀကီးဟာ အသည္းကင္ဆာေရာဂါအတြက္ ခြဲစိတ္ကုသခံထားရသူျဖစ္ၿပီး ေနာက္ဆက္တြဲေဆးကုရမယ့္အေၾကာင္းေတြ ရွိတာေၾကာင့္ သူ႔က်န္းမာေရးအတြက္ စိုးရိမ္ပူပန္မိတယ္လို႔လည္း AI အဖြဲ႕ကေျပာပါတယ္။

ဒါ့အျပင္ ပုဒ္မ ၅၀၅ (က) နဲ႔ ၆၆ (ဃ) တို႔ကို ႏိုင္ငံတကာလူ႔အခြင့္အေရးဥပေဒေတြ စံခ်ိန္စံၫႊန္းေတြနဲ႔ ကိုက္ညီေအာင္ ျပင္ဆင္ဖို႔ကိုလည္း AI အဖြဲ႕က တိုက္တြန္းလိုက္ပါတယ္။

ဒါ႐ိုက္တာမင္းထင္ကိုကိုႀကီးကို အင္းစိန္ေထာင္၊ အေဆာင္အမွတ္ (၅) ဝင္းထဲက သီးသန႔္တိုက္ခန္းတြဲမွာ ထည့္ထားတယ္လို႔ RFA က စုံစမ္းသိရွိရပါတယ္။

ေဖေဖာ္ဝါရီလ ၁၅ ရက္ေန႔ကေန မတ္လ ၂၂ ရက္ေန႔ၾကားမွာ ဒါ႐ိုက္တာမင္းထင္ကိုကိုႀကီးက သူရဲ႕ Facebook လူမႈကြန္ရက္စာမ်က္ႏွာမွာ ေရးသားခဲ့တာေတြဟာ တပ္မေတာ္ကို ဂုဏ္သိကၡာက်ေစတယ္ဆိုၿပီး ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္က ဒုဗိုလ္မႉးႀကီးလင္းထြန္းက တရားလိုလုပ္ၿပီး ပုဒ္မ၅ဝ၅ (က) နဲ႔ တရားစြဲဆိုခဲ့ၿပီး၊ ဧၿပီလကတည္းက ဖမ္းဆီးထိန္းသိမ္းခဲ့ပါတယ္။ ဩဂုတ္လ ၂၉ ရက္ေန႔မွာေတာ့ ရန္ကုန္တိုင္း အင္းစိန္ၿမိဳ႕နယ္ တရား႐ုံးကေန ေထာင္တႏွစ္အမိန႔္ခ်လိုက္တာျဖစ္ပါတယ္။

အဲဒီအျပင္ သူ႔ကို ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၆(ဃ)နဲ႔ ဖြင့္ထားတဲ့အမႈကိုေတာ့ ရဲစခန္းက အာမခံေပးထားပါ တယ္။ ဒီအမႈကို အေရးယူဖို႔ ဆက္သြယ္ေရးဝန္ႀကီးဌာနက ခြင့္ျပဳလိုက္မယ္ဆိုရင္ မင္းထင္ကိုကိုႀကီးဟာ အဲဒီအမႈအတြက္ ထပ္ၿပီး တရားရင္ဆိုင္ရဖို႔ ရွိေနပါတယ္။

ဒါေၾကာင့္ အဲဒီလိုက်န္ေနေသးတဲ့အမႈေတြကိုလည္း အၿပီး႐ုပ္သိမ္းေပးဖို႔ AI အဖြဲ႕က ဒီေန႔ထုတ္ျပန္ခ်က္မွာ တိုက္တြန္းထားပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
ဒါရိုက်တာမင်းထင်ကိုကိုကြီးလွှတ်ပေးရေး AI တောင်းဆို

တပ်မတော်က အမှုဖွင့်လို့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အင်းစိန်မြို့နယ် တရားရုံးမှာ ၂ဝ၁၉ သြဂုတ် ၂၉ ရက်နေ့က တွေ့ရစဉ်
Photo: Thant Zin Oo/RFA

တပ်မတော်ကို ဝေဖန်တဲ့စာတိုတွေ ဖေ့စ်ဘွတ်မှာ ရေးတင်လို့ ထောင်တနှစ်ချခံထားရတဲ့ ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အမှုအားလုံးကနေ ရုပ်သိမ်းပြီး ခြွင်းချက်မရှိပြန်လွှတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့- AI က သမ္မတဦးဝင်းမြင့်ဆီ အိတ်ဖွင့်ပေးစာတစောင် ဒီနေ့ နိုဝင်ဘာလ ၂ဝ ရက်နေ့စွဲနဲ့ ရေးသားတောင်းဆိုလိုက်ပါတယ်။

သူ့ဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အသုံးပြုတာနဲ့တင် ထောင်ချခံရတာဖြစ်တဲ့အတွက် သူ့ကို ယုံကြည်ချက်အကျဉ်းသားအဖြစ် AI အဖွဲ့က သတ်မှတ်တယ်လို့ဆိုပါတယ်။ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါအတွက် ခွဲစိတ်ကုသခံထားရသူဖြစ်ပြီး နောက်ဆက်တွဲဆေးကုရမယ့်အကြောင်းတွေ ရှိတာကြောင့် သူ့ကျန်းမာရေးအတွက် စိုးရိမ်ပူပန်မိတယ်လို့လည်း AI အဖွဲ့ကပြောပါတယ်။

ဒါ့အပြင် ပုဒ်မ ၅၀၅ (က) နဲ့ ၆၆ (ဃ) တို့ကို နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတွေ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီအောင် ပြင်ဆင်ဖို့ကိုလည်း AI အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

ဒါရိုက်တာမင်းထင်ကိုကိုကြီးကို အင်းစိန်ထောင်၊ အဆောင်အမှတ် (၅) ဝင်းထဲက သီးသန့်တိုက်ခန်းတွဲမှာ ထည့်ထားတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကနေ မတ်လ ၂၂ ရက်နေ့ကြားမှာ ဒါရိုက်တာမင်းထင်ကိုကိုကြီးက သူရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့တာတွေဟာ တပ်မတော်ကို ဂုဏ်သိက္ခာကျစေတယ်ဆိုပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီးလင်းထွန်းက တရားလိုလုပ်ပြီး ပုဒ်မ၅ဝ၅ (က) နဲ့ တရားစွဲဆိုခဲ့ပြီး၊ ဧပြီလကတည်းက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ဩဂုတ်လ ၂၉ ရက်နေ့မှာတော့ ရန်ကုန်တိုင်း အင်းစိန်မြို့နယ် တရားရုံးကနေ ထောင်တနှစ်အမိန့်ချလိုက်တာဖြစ်ပါတယ်။

အဲဒီအပြင် သူ့ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နဲ့ ဖွင့်ထားတဲ့အမှုကိုတော့ ရဲစခန်းက အာမခံပေးထားပါ တယ်။ ဒီအမှုကို အရေးယူဖို့ ဆက်သွယ်ရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်မယ်ဆိုရင် မင်းထင်ကိုကိုကြီးဟာ အဲဒီအမှုအတွက် ထပ်ပြီး တရားရင်ဆိုင်ရဖို့ ရှိနေပါတယ်။

ဒါကြောင့် အဲဒီလိုကျန်နေသေးတဲ့အမှုတွေကိုလည်း အပြီးရုပ်သိမ်းပေးဖို့ AI အဖွဲ့က ဒီနေ့ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

RFA Burmese
https://www.rfa.org
ဒါ႐ိုက္တာမင္းထင္ကိုကိုႀကီးလႊတ္ေပးေရး AI ေတာင္းဆို ဒါ႐ိုက္တာမင္းထင္ကိုကိုႀကီးလႊတ္ေပးေရး AI ေတာင္းဆို Reviewed by THITHTOOLWIN on 01:27 Rating: 5
Powered by Blogger.