အထိန္းသိမ္းခံဖလွယ္ဖို႔ AA ကမ္းလွမ္းခ်က္ တပ္မေတာ္ လက္မခံ


(Zawgyi/Unicode)

ရခိုင္လက္နက္ကိုင္ AAအဖြဲ႕က ဖမ္းဆီးထားတဲ့ စစ္ဖက္လုံၿခဳံေရးဆိုင္ရာ သုံ႔ပန္းေတြကိုလႊတ္ေပးဖို႔ စစ္သုံ႔ပန႔္ခ်င္းလဲလွယ္တဲ့အစီအစဥ္လုပ္မယ္လို႔ AA အဖြဲ႕က ကမ္းလွမ္းပါတယ္။

AA နဲ႔ ဆက္စပ္တယ္ဆိုတဲ့ သံသယနဲ႔ ျမန္မာစစ္တပ္ဖက္က ဖမ္းထားတဲ့ အရပ္သားေတြကို လႊတ္ေပးမယ္ဆိုရင္ သူတို႔ဘက္ကလည္း ဖမ္းထားတဲ့ ရဲနဲ႔စစ္ဖက္ သုံ႔ပန္းေတြကို ျပန္လႊတ္မယ္လို႔ AA ေျပာခြင့္ရက ေျပာပါတယ္။ သတင္းအျပည့္အစုံကို ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္ သတင္းေပးပို႔ထားပါတယ္။

တပ္မေတာ္က AAအဖြဲ႕နဲ႔ ဆက္စပ္ေနတယ္လို႔ စြပ္စြဲခ်က္နဲ႔ ဖမ္းစီးထားတဲ့ အရပ္သားေတြကို ျပန္လႊတ္ေပးမွသာ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕က ထိန္းသိမ္းထားတဲ့ စစ္ဖက္ဆိုင္ရာ သုံ႔ပန္း ၁၇ ဦးကို ျပန္လည္လြတ္ေပးမယ္ဆိုၿပီး AA အဖြဲ႕က ထုတ္ျပန္တာပါ။ သူတို႔ ဖမ္းဆီးထားသူ စာရင္းကို ထုတ္ျပန္ရာမွာေတာ့ တပ္မေတာ္က ၇ဦး၊ နယ္ျခားေစာင့္တပ္က ၄ ဦး၊ ရဲတပ္ဖြဲ႕က ၂ ဦးနဲ႔ အက်ဥ္းဦးစီးဌာနက တစ္ဦးတို႔ ပါဝင္ပါတယ္။ AA စာရင္းအရ တပ္မေတာ္ဖက္ကဆိုရင္ ဗိုလ္ႀကီး အဆင့္ရွိသူ တဦးနဲ႔ ရဲဖက္က ဒုရဲမႈးအဆင့္ရွိသူတဦး ပါဝင္တာ ေတြ႕ရပါတယ္။ ၾကားဝင့္ ေစ့စပ္ေပးမယ့္သူရွိရင္ သူတို႔အေနနဲ႔ သုံ႔ပန္းလဲလွယ္ေရးအစီအစဥ္ လုပ္သြားလိုတယ္လို႔ AA ေျပာခြင့္ရသူ ခိုင္သုခက ဗြီအိုေအကို ေျပာပါတယ္။

" သူတို႔ဘက္ မလႊတ္ေပးရင္ က်ေနာ္တို႔ဘက္က မလႊတ္ေပးဖို႔ပဲ ရွိတာေပါ့။ ဒါပဲ ရွိတာေပါ့။ ဒီဟာကေတာ့ သူတို႔ရဲ႕ လက္ေအာက္ငယ္သားေတြ ေပၚမွာ သူတို႔ဘက္က ဘယ္ေလာက္ထိ စာနာမႈရွိသလဲ။ ရဲေဘာ္ရဲဘက္စိတ္ ဘယ္ေလာက္ပီသသလဲ ဆိုတဲ့ ဥစၥာကို အခုေဖာ္ျပေနတာလို႔ က်ေနာ္ကေတာ့ အဲလိုပဲ ေျပာခ်င္ပါတယ္ဗ်ာ။"

အခု ဖမ္းဆီးထားခံရတဲ့ လုံၿခဳံေရးတာဝန္ရွိသူအမ်ားစုဟာ တိုက္ပြဲတြင္းမွာ ဖမ္းခံရတာမဟုတ္ပဲ၊ လမ္းခရီးသြားလာရင္း ဖမ္းခံၾကရသူေတြျဖစ္ပါတယ္။

လက္ရွိရခိုင္ျပည္နယ္အတြင္းမွာ AAအဖြဲ႕နဲ႔ တပ္မေတာ္တို႔ တိုက္ပြဲျဖစ္ပြားတာေတြ မ်ားျပားလာသလို ေဒသခံအရပ္သားေတြကို စစ္တပ္က ေခၚယူစစ္ေဆးေမးျမန္းတာေတြ ဖမ္းဆီးတာေတြလည္း မ်ားလာပါတယ္။ တဖက္မွာ AA ဖက္ကလည္း လမ္းခရီးသြားလာသူေတြကို တားဆီးစစ္ေဆးၿပီး စစ္ဖက္လုံၿခဳံေရးနဲ႔ ပတ္သက္ေနသူေတြကို ဖမ္းဆီးတာေတြလုပ္လာပါတယ္။

ၿပီးခဲ့တဲ့ ႏိုင္ဝင္ဘာလ ၃ရက္ေန႔ကလည္း ခ်င္းျပည္နယ္ အမ်ိဳးသားလြတ္ေတာ္အမတ္ ဦးေဝွ႔တင္းကို AAအဖြဲ႕က ဖမ္းဆီးစစ္ေဆးေနတာျဖစ္ၿပီး ဒီေန႔ အထိ ျပန္မလြတ္ေပးေသးပါဘူး။

ရခိုင္ျပည္နယ္ေျမာက္ပိုင္း အတြင္းမွာ ႏွစ္ဖက္တိုက္ပြဲေတြေၾကာင့္ အရပ္သားေသဆုံးသူ ၉၀ ေက်ာ္ဝန္းက်င္နဲ႔ ထိခိုက္ဒဏ္ရာရသူ ၁၂၀ ေက်ာ္ေလာက္ရွိခဲ့ၿပီး ဖမ္စီးခံရသူ ၂၀၀ နီးပါး ရွိေနတာလည္း ျဖစ္ပါတယ္။

AA ဖက္က စစ္သံု႔ပန္းလဲလွယ္မယ္ဆိုတဲ့ ကမ္းလွမ္းခ်က္ကိုေတာ့ ျမန္မာစစ္တပ္ဖက္ ပယ္ခ်ပါတယ္။ အၾကမ္းဖက္အဖဲြ႕အစည္းေတြနဲ႔ ေစ့စပ္ညိႏႈိင္းမွာမဟုတ္သလို၊ ဖမ္းခံရသူေတြကိုေတာ့ ရေအာင္ ရွာေဖြ ကယ္တယ္သြားမယ္လို႔ ေျပာပါတယ္။ ျမန္မာစစ္တပ္ဖက္က ဖမ္းထားသူေတြဆိုတာကလည္း အျပစ္ရွိတယ္ဆိုတာ ခိုင္လံုရင္ တည္ဆဲဥပေဒအရသာ တရားေရးပိုင္းက အေရးယူသြားမွာ ျဖစ္တယ္လို႔ တပ္မေတာ္ သတင္းမွန္ထုတ္ျပန္ေရးေကာ္မတီက ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ဗြီအိုေအကို အခုလို ေျပာပါတယ္။

“စစ္သံု႔ပန္း ဆိုတာသည္ အဓိပၸါယ္သတ္မွတ္ခ်က္ရွိၿပီးသားပါ။ ၂ ဘက္တိုက္ခိုက္ရင္းကေနမွ လက္နက္ကိုင္ၿပီးေတာ့ ဖမ္းဆီးရမိသည့္သူ ၊ ၿပီးရင္ စစ္ပြဲအတြင္းမွာ လက္နက္ ခ်တဲ့သူေတြ ဒါေတြကိုမွ စစ္သံု႔ပန္းလို႔ ေခၚျခင္းျဖစ္ပါတယ္။ ဒီေရႊနဒီမွာ ပါသြားတဲ့ သူေတြက စစ္ယွဥ္ၿပိဳင္ တိုက္ခိုက္ေနသူေတြ မဟုတ္ပါဘူး။ စစ္ပြဲအတြင္းမွာ ျဖစ္တဲ့ ကိစၥလည္း မဟုတ္ပါဘူး။ AA အဖြဲ႔က သူရဲေဘာဆန္ဆန္နဲ႔ စက္ေလွေပၚက လက္နက္မပါတဲသူေတြ သာမန္ခရီးသြားေနသူေတြကို ဖမ္းဆီးေခၚေဆာင္သြားျခင္းျဖစ္တယ္။ နံပတ္ ၂ အခ်က္ကေတာ့ မည္သည့္ႏိုင္ငံတကာ တပ္မေတာ္မွ အၾကမ္းဖက္အဖြဲ႔အစည္းေတြနဲ႔ ဒီလို ေစ့စပ္ညိွႏိႈင္းလုပ္တာမရွိဘူး ၊ လုပ္စရာလည္း အေၾကာင္းမရွိပါဘူး။ တကယ္ေတာ့ ႏိုင္ငံတကာ တပ္မေတာ္အခ်င္းခ်င္း စစ္ယွဥ္ၿပိဳင္တိုက္ခိုက္လို႔ စစ္သံု႔ပန္းေတြ လဲလွယ္တယ္၊ ၿပီးရင္ ႏိုင္ငံတကာ တပ္မေတာ္အခ်င္းခ်င္း စစ္ပြဲအတြင္း စစ္ယွဥ္ၿပိဳင္တိုက္ခိုက္ၿပီး ဖမ္းဆီးရမိသူေတြ လဲလွယ္တယ္ ဆိုတာပဲ ရွိတယ္။ ဒီဘက္က ဖမ္းဆီးရမိထားသူေတြနဲ႔ ပတ္သက္လို႔ က်ေနာ္ေျပာခ်င္တာက က်ေနာ္တို႔ စစ္ေဆးတာရွိတယ္၊ ထိန္းသိမ္းတာရွိတယ္။ က်ေနာ္တို႔ အေနနဲ႔ စစ္ေဆးထိန္းသိမ္းစဥ္ တရားစြဲဆိုမႈေတြ လုပ္ရတယ္။ တည္ဆဲဥပေဒေတြနဲ႔ က်ေနာ္တို႔ အျပစ္ေပးတာေတြ လုပ္ရတယ္။ တပ္မေတာ္ကေန အျပစ္ေပး အေရးယူလို႔ မရပါဘူး။ က်ေနာ္တို႔အေနနဲ႔ကေတာ့ ဖမ္းဆီးထိန္းသိမ္းခံရသူမ်ားနဲ႔ ပတ္သက္ၿပီးေတာ့ သတင္းစံုစမ္းျခင္းတို႔ ကယ္တင္ႏိုင္ေအာင္ ေဆာင္ရြက္ျခင္းတို႔ကို ဆက္လက္ေဆာင္ရြက္သြားမွာျဖစ္ပါတယ္။”

တပ္မေတာ္ သတင္းမွန္ထုတ္ျပန္ေရးေကာ္မတီက ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ဗြီအိုေအကို ေျပာသြားတာ ျဖစ္ပါတယ္။

...................

အထိန်းသိမ်းခံဖလှယ်ဖို့ AA ကမ်းလှမ်းချက် တပ်မတော် လက်မခံ
(Unicode)

ရခိုင်လက်နက်ကိုင် AAအဖွဲ့က ဖမ်းဆီးထားတဲ့ စစ်ဖက်လုံခြုံရေးဆိုင်ရာ သုံ့ပန်းတွေကိုလွှတ်ပေးဖို့ စစ်သုံ့ပန့်ချင်းလဲလှယ်တဲ့အစီအစဉ်လုပ်မယ်လို့ AA အဖွဲ့က ကမ်းလှမ်းပါတယ်။AA နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ မြန်မာစစ်တပ်ဖက်က ဖမ်းထားတဲ့ အရပ်သားတွေကို လွှတ်ပေးမယ်ဆိုရင် သူတို့ဘက်ကလည်း ဖမ်းထားတဲ့ ရဲနဲ့စစ်ဖက် သုံ့ပန်းတွေကို ပြန်လွှတ်မယ်လို့ AA ပြောခွင့်ရက ပြောပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင် သတင်းပေးပို့ထားပါတယ်။

တပ်မတော်က AAအဖွဲ့နဲ့ ဆက်စပ်နေတယ်လို့ စွပ်စွဲချက်နဲ့ ဖမ်းစီးထားတဲ့ အရပ်သားတွေကို ပြန်လွှတ်ပေးမှသာ ရခိုင်လက်နက်ကိုင် AA အဖွဲ့က ထိန်းသိမ်းထားတဲ့ စစ်ဖက်ဆိုင်ရာ သုံ့ပန်း ၁၇ ဦးကို ပြန်လည်လွတ်ပေးမယ်ဆိုပြီး AA အဖွဲ့က ထုတ်ပြန်တာပါ။ သူတို့ ဖမ်းဆီးထားသူ စာရင်းကို ထုတ်ပြန်ရာမှာတော့ တပ်မတော်က ၇ဦး၊ နယ်ခြားစောင့်တပ်က ၄ ဦး၊ ရဲတပ်ဖွဲ့က ၂ ဦးနဲ့ အကျဉ်းဦးစီးဌာနက တစ်ဦးတို့ ပါဝင်ပါတယ်။ AA စာရင်းအရ တပ်မတော်ဖက်ကဆိုရင် ဗိုလ်ကြီး အဆင့်ရှိသူ တဦးနဲ့ ရဲဖက်က ဒုရဲမှုးအဆင့်ရှိသူတဦး ပါဝင်တာ တွေ့ရပါတယ်။ ကြားဝင့် စေ့စပ်ပေးမယ့်သူရှိရင် သူတို့အနေနဲ့ သုံ့ပန်းလဲလှယ်ရေးအစီအစဉ် လုပ်သွားလိုတယ်လို့ AA ပြောခွင့်ရသူ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။

" သူတို့ဘက် မလွှတ်ပေးရင် ကျနော်တို့ဘက်က မလွှတ်ပေးဖို့ပဲ ရှိတာပေါ့။ ဒါပဲ ရှိတာပေါ့။ ဒီဟာကတော့ သူတို့ရဲ့ လက်အောက်ငယ်သားတွေ ပေါ်မှာ သူတို့ဘက်က ဘယ်လောက်ထိ စာနာမှုရှိသလဲ။ ရဲဘော်ရဲဘက်စိတ် ဘယ်လောက်ပီသသလဲ ဆိုတဲ့ ဥစ္စာကို အခုဖော်ပြနေတာလို့ ကျနော်ကတော့ အဲလိုပဲ ပြောချင်ပါတယ်ဗျာ။"

အခု ဖမ်းဆီးထားခံရတဲ့ လုံခြုံရေးတာဝန်ရှိသူအများစုဟာ တိုက်ပွဲတွင်းမှာ ဖမ်းခံရတာမဟုတ်ပဲ၊ လမ်းခရီးသွားလာရင်း ဖမ်းခံကြရသူတွေဖြစ်ပါတယ်။

လက်ရှိရခိုင်ပြည်နယ်အတွင်းမှာ AAအဖွဲ့နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားတာတွေ များပြားလာသလို ဒေသခံအရပ်သားတွေကို စစ်တပ်က ခေါ်ယူစစ်ဆေးမေးမြန်းတာတွေ ဖမ်းဆီးတာတွေလည်း များလာပါတယ်။ တဖက်မှာ AA ဖက်ကလည်း လမ်းခရီးသွားလာသူတွေကို တားဆီးစစ်ဆေးပြီး စစ်ဖက်လုံခြုံရေးနဲ့ ပတ်သက်နေသူတွေကို ဖမ်းဆီးတာတွေလုပ်လာပါတယ်။

ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ၃ရက်နေ့ကလည်း ချင်းပြည်နယ် အမျိုးသားလွတ်တော်အမတ် ဦးဝှေ့တင်းကို AAအဖွဲ့က ဖမ်းဆီးစစ်ဆေးနေတာဖြစ်ပြီး ဒီနေ့ အထိ ပြန်မလွတ်ပေးသေးပါဘူး။

ရခိုင်ပြည်နယ်မြောက်ပိုင်း အတွင်းမှာ နှစ်ဖက်တိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးသူ ၉၀ ကျော်ဝန်းကျင်နဲ့ ထိခိုက်ဒဏ်ရာရသူ ၁၂၀ ကျော်လောက်ရှိခဲ့ပြီး ဖမ်စီးခံရသူ ၂၀၀ နီးပါး ရှိနေတာလည်း ဖြစ်ပါတယ်။

AA ဖက်က စစ်သုံ့ပန်းလဲလှယ်မယ်ဆိုတဲ့ ကမ်းလှမ်းချက်ကိုတော့ မြန်မာစစ်တပ်ဖက် ပယ်ချပါတယ်။ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ စေ့စပ်ညိနှိုင်းမှာမဟုတ်သလို၊ ဖမ်းခံရသူတွေကိုတော့ ရအောင် ရှာဖွေ ကယ်တယ်သွားမယ်လို့ ပြောပါတယ်။ မြန်မာစစ်တပ်ဖက်က ဖမ်းထားသူတွေဆိုတာကလည်း အပြစ်ရှိတယ်ဆိုတာ ခိုင်လုံရင် တည်ဆဲဥပဒေအရသာ တရားရေးပိုင်းက အရေးယူသွားမှာ ဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ထုတ်ပြန်ရေးကော်မတီက ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို အခုလို ပြောပါတယ်။

“စစ်သုံ့ပန်း ဆိုတာသည် အဓိပ္ပါယ်သတ်မှတ်ချက်ရှိပြီးသားပါ။ ၂ ဘက်တိုက်ခိုက်ရင်းကနေမှ လက်နက်ကိုင်ပြီးတော့ ဖမ်းဆီးရမိသည့်သူ ၊ ပြီးရင် စစ်ပွဲအတွင်းမှာ လက်နက် ချတဲ့သူတွေ ဒါတွေကိုမှ စစ်သုံ့ပန်းလို့ ခေါ်ခြင်းဖြစ်ပါတယ်။ ဒီရွှေနဒီမှာ ပါသွားတဲ့ သူတွေက စစ်ယှဉ်ပြိုင် တိုက်ခိုက်နေသူတွေ မဟုတ်ပါဘူး။ စစ်ပွဲအတွင်းမှာ ဖြစ်တဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ AA အဖွဲ့က သူရဲဘောဆန်ဆန်နဲ့ စက်လှေပေါ်က လက်နက်မပါတဲသူတွေ သာမန်ခရီးသွားနေသူတွေကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်တယ်။ နံပတ် ၂ အချက်ကတော့ မည်သည့်နိုင်ငံတကာ တပ်မတော်မှ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဒီလို စေ့စပ်ညှိနှိုင်းလုပ်တာမရှိဘူး ၊ လုပ်စရာလည်း အကြောင်းမရှိပါဘူး။ တကယ်တော့ နိုင်ငံတကာ တပ်မတော်အချင်းချင်း စစ်ယှဉ်ပြိုင်တိုက်ခိုက်လို့ စစ်သုံ့ပန်းတွေ လဲလှယ်တယ်၊ ပြီးရင် နိုင်ငံတကာ တပ်မတော်အချင်းချင်း စစ်ပွဲအတွင်း စစ်ယှဉ်ပြိုင်တိုက်ခိုက်ပြီး ဖမ်းဆီးရမိသူတွေ လဲလှယ်တယ် ဆိုတာပဲ ရှိတယ်။ ဒီဘက်က ဖမ်းဆီးရမိထားသူတွေနဲ့ ပတ်သက်လို့ ကျနော်ပြောချင်တာက ကျနော်တို့ စစ်ဆေးတာရှိတယ်၊ ထိန်းသိမ်းတာရှိတယ်။ ကျနော်တို့ အနေနဲ့ စစ်ဆေးထိန်းသိမ်းစဉ် တရားစွဲဆိုမှုတွေ လုပ်ရတယ်။ တည်ဆဲဥပဒေတွေနဲ့ ကျနော်တို့ အပြစ်ပေးတာတွေ လုပ်ရတယ်။ တပ်မတော်ကနေ အပြစ်ပေး အရေးယူလို့ မရပါဘူး။ ကျနော်တို့အနေနဲ့ကတော့ ဖမ်းဆီးထိန်းသိမ်းခံရသူများနဲ့ ပတ်သက်ပြီးတော့ သတင်းစုံစမ်းခြင်းတို့ ကယ်တင်နိုင်အောင် ဆောင်ရွက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”

တပ်မတော် သတင်းမှန်ထုတ်ပြန်ရေးကော်မတီက ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောသွားတာ ဖြစ်ပါတယ်။

သက္ႏိုင္  / VOA Burmese
https://burmese.voanews.com
အထိန္းသိမ္းခံဖလွယ္ဖို႔ AA ကမ္းလွမ္းခ်က္ တပ္မေတာ္ လက္မခံ အထိန္းသိမ္းခံဖလွယ္ဖို႔ AA ကမ္းလွမ္းခ်က္ တပ္မေတာ္ လက္မခံ Reviewed by THITHTOOLWIN on 00:36 Rating: 5
Powered by Blogger.