AA ဖမ္းထားသူမ်ား ျပန္လြတ္လာေရး ရည္႐ြယ္တဲ့ မႏၲေလးၿမိဳ႕လႈပ္ရွားမႈ

AA ဖမ္းဆီးေခၚေဆာင္သြားသူေတြ ျပန္လြတ္ေျမာက္ေရးအတြက္ ရဲပရဟိတ ကူညီေရးအဖြဲ႕က ဦးေဆာင္ၿပီး မႏၲေလးၿမိဳ႕မွာ ၂၀၁၉ ႏိုဝင္ဘာ ၂၆ ရက္ေန႔က ဆုေတာင္းပြဲျပလုပ္စဥ္
(Zawgyi)⤵⤵⤵
ရကၡိဳင့္တပ္ေတာ္ AA က ဖမ္းဆီးေခၚေဆာင္သြားသူမ်ားထဲမွာ မႏၲေလးဘက္ကလည္း ပါဝင္ပါတယ္။ မႏၲေလး၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္မွာ ေနထိုင္တဲ့ ေဒၚခင္သန္းၫြန႔္က AA လက္ထဲ ေရာက္ေနတဲ့ သားျဖစ္သူ ဒုရဲအုပ္ မ်ိဳးကိုကို ရဲ႕ အေျခအေနကို စိုးရိမ္ေနပါတယ္။ အထိန္းသိမ္းခံေနရသူေတြ လြတ္ေျမာက္ေရးအတြက္ ရည္႐ြယ္တဲ့ လႈပ္ရွားမႈ တစ္ခုလည္း မႏၲေလးမွာ ဒီကေန႔ ျပဳလုပ္ခဲ့ပါတယ္။.

ေဒၚခင္သန္းၫြန႔္က သားျဖစ္သူ ဒု ရဲအုပ္ မ်ိဳးကို ကို အဲဒီလို ဖမ္းဆီးေခၚေဆာင္ခံရတာကို သတင္းမီဒီယာက တဆင့္သာ သိရွိရတယ္လို႔ ေျပာပါတယ္။

ရခိုင္ျပည္နယ္ကို ေျပာင္းေ႐ြ႕တာဝန္ထမ္းေဆာင္ေနရတာ သုံးႏွစ္ၾကာၿပီျဖစ္တဲ့  ဒုရဲအုပ္မ်ိဳးကိုကိုဟာ အဲဒီေန႔က  အေပါက္ဝရဲစခန္းကေန စစ္ေတြကို အမႈတြဲသြားပို႔တဲ့ လမ္းခရီးမွာ ဖမ္းဆီးေခၚေဆာင္ခံရတာျဖစ္တယ္၊ အခ်ိန္အားျဖင့္ ၂၈ ရက္ ၾကာသြားၿပီလို႔ ေဒၚခင္သန္းၫြန႔္က ေျပာျပပါတယ္။

“ဓာတ္ပုံေတြ တက္လာေတာ့ အသက္ရွင္လ်က္နဲ႔ရွိတယ္ဆိုတာေလးေတာ့ သိထားပါတယ္။ ေရွ႕ဆက္လည္း ဆုေတာင္းပါတယ္။ ဒီေန႔ထိလည္း စားလို႔လည္း မရဘူး၊ ေသြးစိမ္ရွင္ရွင္ထြက္သလို ခံစားရတယ္။ ေခြၽးမေလးဆို ပူေဆြးေသာကေရာက္ေနတယ္။   မႏၲေလးက ျပည္ႀကီးတံခြန္မွာေနတာပါ။ သားနဲ ျပည္သူျပည္သားေတြကို ေဒၚေအာင္ဆန္းစုၾကည္၊ ဗိုလ္ခ်ဳပ္မင္းေအာင္လႈိင္တို႔ ကယ္ေပးပါ။  တာဝန္က်တာ သုံးႏွစ္ရွိလို႔ ေျပာင္းရခါနီးၿပီ၊ အဲဒီေန႔က စစ္ေတြဘက္ကို အမႈတြဲသြားပို႔တာ။ လမ္းမွာ၊ ကားေပၚမွာ တစ္ေယာက္တည္း ဆြဲခ်ခံရတာ။ တာဝန္နဲ႔သြားရင္း ဖမ္းခံရတာ၊ တခါမွာ ဒီလိုမၾကားဖူးပါဘူး”


ရဲတပ္ဖြဲ႕ဝင္မိသားစု တစ္ေယာက္ျဖစ္တဲ့ မထားယုခိုင္ ကလည္း ဒီကေန႔ဆုေတာင္းပြဲမွာ အခုလိုေတာင္းဆို ခဲ့ပါတယ္။

"တပ္ဖြဲ႕ဝင္အခ်င္းခ်င္း စိတ္ဓာတ္သာတူညီမွ်ခံစားရပါတယ္။ အဲဒီစိတ္ဓာတ္နဲ႔ လာဝန္းရံတာပါ"

မၾကာေသးခင္က AA ဖမ္းဆီးေခၚေဆာင္သြားသူေတြထဲမွာ မီးသတ္သမားတစ္ဦး၊ အိႏၵိယႏိုင္ငံသားတစ္ဦးတို႔ ေသဆုံးခဲ့ပါတယ္။  သူတို႔ေသဆုံးတာဟာ ညႇဥ္းပန္းႏွိပ္စက္ခံရလို႔ မဟုတ္ဘဲ ေတာင္အတက္အဆင္းရွိတဲ့လမ္း ခရီးသြားၾကခ်ိန္မွာ ေသဆုံးတာလို႔ AA က ေျပာပါတယ္။ ေမယုျမစ္အတြင္း အျမန္ေရယာဥ္ေပၚကေန ဖမ္းဆီးေခၚ ေဆာင္ခံရသူေတြထဲက တခ်ိဳ႕ေသဆုံးၾကတာကေတာ့ တပ္မေတာ္က သူတို႔ကို သြားေရာက္ကယ္ဆယ္ခ်ိန္ ပစ္ခတ္မႈေတြေၾကာင့္လို႔ သိရပါတယ္။

ရခိုင္ျပည္နယ္ထဲ တာဝန္ထမ္းေဆာင္ေနတဲ့ ဌာနဆိုင္ရာ ဝန္ထမ္းတခ်ိဳ႕ဟာလည္း ရခိုင္ျပည္နယ္ တိုက္ပြဲေတြနဲ႔ ဆက္စပ္ၿပီး AA အဖြဲ႕ရဲ႕ ဖမ္းဆီးထားတာခံေနရပါတယ္။

ရဲပရဟိတအဖြဲ႕ကလည္း AA ရဲ႕ဖမ္းဆီးျခင္းခံထားရတဲ့ ႏိုင္ငံဝန္ထမ္းေတြဟာ သုံ႔ပန္းေတြမဟုတ္ပါဆိုတဲ့ ေခါင္းစဥ္နဲ႔ မႏၲေလးၿမိဳ႕၊ မဟာမုနိဘုရားႀကီးမွာ  ဒီကေန႔ မနက္ပိုင္းက ဆုေတာင္းပြဲျပဳလုပ္ခဲ့ပါတယ္။

တာဝန္ထမ္းေဆာင္ရင္း အခုလိုဖမ္းဆီးခံထားရတဲ့  ရဲဝန္ထမ္းေတြနဲ႔ ႏိုင္ငံဝန္ထမ္းေတြ အျမန္ဆုံး လြတ္ေျမာက္ ေစခ်င္တယ္လို႔ ရဲပရဟိတအဖြဲ႕ဥကၠ႒ ကိုျမတ္သူဟိန္းက ေျပာပါတယ္။

ႏိုင္ငံဝန္ထမ္းေတြက သုံ႔ပန္းေတြမဟုတ္ပါဆိုတဲ့ ေခါင္းစဥ္နဲ႔ဒီကေန႔မနက္ပိုင္းက မႏၲေလးၿမိဳ႕၊ မဟာမုနိ ဘုရားႀကီးမွာ ရဲပရဟိတအဖြဲ႕က ဆုေတာင္းပြဲျပဳလုပ္ခဲ့ပါတယ္။

ဒီကေန႔ ဆုေတာင္းပြဲကို အင္အား ၁၀၀ ခန႔္နဲ႔ ျပဳလုပ္ဖို႔ ခြင့္ျပဳမိန႔္တင္ခဲ့ေပမဲ့  ဘုရားေပၚမွာျဖစ္လို႔ ခြင့္ျပဳခ်က္ မရရွိခဲ့တာေၾကာင့္  ရဲပရဟိတအဖြဲ႕ဝင္ ၆ ေယာက္နဲ႔ ျပဳလုပ္ခဲ့ရတယ္လို႔ သိရပါတယ္။

ရခိုင္တပ္မေတာ္ေအေအနဲ႔ ျမန္မာစစ္တပ္တို႔ဟာ  အခုႏွစ္ေတြအတြင္းမွာ တိုက္ပြားျဖစ္ပြားတာေတြ ခပ္စိတ္စိတ္ ျဖစ္လာေနၿပီး  ေအေအဘက္ကလည္း အစိုးရသတင္းေပးဆိုကာ သံသယရွိသူေတြကို ဖမ္းဆီးတာေတြျပဳလုပ္ သလို ျမန္မာစစ္တပ္ဘက္ကလည္း ေအေအအဖြဲ႕နဲ႔ သက္ဆိုင္တယ္လို႔ သံသယရွိသူေတြကို ဖမ္းဆီးစစ္ေဆး တာေတြျပဳလုပ္ပါတယ္။

ၿပီးခဲ့တဲ့ႏိုဝင္ဘာ ၁၂ ရက္စြဲနဲ႔ ထုတ္ျပန္တဲ့ AA အဖြဲ႕ရဲ႕ ေၾကညာခ်က္မွာ ရဲတပ္ဖြဲ႕ဝင္ ကိုးဦး၊ တပ္မေတာ္သား ေျခာက္ဦး၊ အက်ဥ္းဦးစီးဝန္ထမ္း တစ္ဦး၊ တပ္အင္ဂ်င္နီယာ တစ္ဦး စုစုေပါင္း ၁၇ ဦးကို သုံ႔ပန္းခ်င္း လဲလွယ္ လိုေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။

သုံ႔ပန္းလဲလွယ္ေရးနဲ႔ ပတ္သက္ၿပီးေတာ့ အစိုးရနဲ႔ တပ္မေတာ္ဘက္က လက္မခံႏိုင္ဘူးလို႔ ျငင္းဆိုထားပါတယ္။

AA ရကၡိဳင့္တပ္ေတာ္ရဲ႕ လုပ္ရပ္ေတြဟာ ဥပေဒနဲ႔မညီတဲ့အတြက္ AA က ကမ္းလွမ္းထားတဲ့  သုံ႔ပန္းလဲ လွယ္ေရး အစီအစဥ္ကို လက္ခံမွာမဟုတ္ဘူးလို႔ ႏိုဝင္ဘာလ၁၅ ရက္ေန႔ကျပဳလုပ္တဲ့ သမၼတ႐ုံး သတင္းစာရွင္းလင္းပြဲမွာ သမၼတ႐ုံး ေျပာခြင့္ရသူ ဦးေဇာ္ေဌးက ေျပာဆိုထားပါတယ္။

RFA Burmese
https://www.rfa.org
---------------
(Unicode)⤵⤵⤵
AA ဖမ်းထားသူများ ပြန်လွတ်လာရေး ရည်ရွယ်တဲ့ မန္တလေးမြို့လှုပ်ရှားမှု

AA ဖမ်းဆီးခေါ်ဆောင်သွားသူတွေ ပြန်လွတ်မြောက်ရေးအတွက် ရဲပရဟိတ ကူညီရေးအဖွဲ့က ဦးဆောင်ပြီး မန္တလေးမြို့မှာ ၂၀၁၉ နိုဝင်ဘာ ၂၆ ရက်နေ့က ဆုတောင်းပွဲပြလုပ်စဉ်
Photo: Khaymani Win/RFA

ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခေါ်ဆောင်သွားသူများထဲမှာ မန္တလေးဘက်ကလည်း ပါဝင်ပါတယ်။ မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်မှာ နေထိုင်တဲ့ ဒေါ်ခင်သန်းညွန့်က AA လက်ထဲ ရောက်နေတဲ့ သားဖြစ်သူ ဒုရဲအုပ် မျိုးကိုကို ရဲ့ အခြေအနေကို စိုးရိမ်နေပါတယ်။ အထိန်းသိမ်းခံနေရသူတွေ လွတ်မြောက်ရေးအတွက် ရည်ရွယ်တဲ့ လှုပ်ရှားမှု တစ်ခုလည်း မန္တလေးမှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။.

ဒေါ်ခင်သန်းညွန့်က သားဖြစ်သူ ဒု ရဲအုပ် မျိုးကို ကို အဲဒီလို ဖမ်းဆီးခေါ်ဆောင်ခံရတာကို သတင်းမီဒီယာက တဆင့်သာ သိရှိရတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ကို ပြောင်းရွေ့တာဝန်ထမ်းဆောင်နေရတာ သုံးနှစ်ကြာပြီဖြစ်တဲ့  ဒုရဲအုပ်မျိုးကိုကိုဟာ အဲဒီနေ့က  အပေါက်ဝရဲစခန်းကနေ စစ်တွေကို အမှုတွဲသွားပို့တဲ့ လမ်းခရီးမှာ ဖမ်းဆီးခေါ်ဆောင်ခံရတာဖြစ်တယ်၊ အချိန်အားဖြင့် ၂၈ ရက် ကြာသွားပြီလို့ ဒေါ်ခင်သန်းညွန့်က ပြောပြပါတယ်။

“ဓာတ်ပုံတွေ တက်လာတော့ အသက်ရှင်လျက်နဲ့ရှိတယ်ဆိုတာလေးတော့ သိထားပါတယ်။ ရှေ့ဆက်လည်း ဆုတောင်းပါတယ်။ ဒီနေ့ထိလည်း စားလို့လည်း မရဘူး၊ သွေးစိမ်ရှင်ရှင်ထွက်သလို ခံစားရတယ်။ ချွေးမလေးဆို ပူဆွေးသောကရောက်နေတယ်။   မန္တလေးက ပြည်ကြီးတံခွန်မှာနေတာပါ။ သားနဲ ပြည်သူပြည်သားတွေကို ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မင်းအောင်လှိုင်တို့ ကယ်ပေးပါ။  တာဝန်ကျတာ သုံးနှစ်ရှိလို့ ပြောင်းရခါနီးပြီ၊ အဲဒီနေ့က စစ်တွေဘက်ကို အမှုတွဲသွားပို့တာ။ လမ်းမှာ၊ ကားပေါ်မှာ တစ်ယောက်တည်း ဆွဲချခံရတာ။ တာဝန်နဲ့သွားရင်း ဖမ်းခံရတာ၊ တခါမှာ ဒီလိုမကြားဖူးပါဘူး”


ရဲတပ်ဖွဲ့ဝင်မိသားစု တစ်ယောက်ဖြစ်တဲ့ မထားယုခိုင် ကလည်း ဒီကနေ့ဆုတောင်းပွဲမှာ အခုလိုတောင်းဆို ခဲ့ပါတယ်။

"တပ်ဖွဲ့ဝင်အချင်းချင်း စိတ်ဓာတ်သာတူညီမျှခံစားရပါတယ်။ အဲဒီစိတ်ဓာတ်နဲ့ လာဝန်းရံတာပါ"

မကြာသေးခင်က AA ဖမ်းဆီးခေါ်ဆောင်သွားသူတွေထဲမှာ မီးသတ်သမားတစ်ဦး၊ အိန္ဒိယနိုင်ငံသားတစ်ဦးတို့ သေဆုံးခဲ့ပါတယ်။  သူတို့သေဆုံးတာဟာ ညှဉ်းပန်းနှိပ်စက်ခံရလို့ မဟုတ်ဘဲ တောင်အတက်အဆင်းရှိတဲ့လမ်း ခရီးသွားကြချိန်မှာ သေဆုံးတာလို့ AA က ပြောပါတယ်။ မေယုမြစ်အတွင်း အမြန်ရေယာဉ်ပေါ်ကနေ ဖမ်းဆီးခေါ် ဆောင်ခံရသူတွေထဲက တချို့သေဆုံးကြတာကတော့ တပ်မတော်က သူတို့ကို သွားရောက်ကယ်ဆယ်ချိန် ပစ်ခတ်မှုတွေကြောင့်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်ထဲ တာဝန်ထမ်းဆောင်နေတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတချို့ဟာလည်း ရခိုင်ပြည်နယ် တိုက်ပွဲတွေနဲ့ ဆက်စပ်ပြီး AA အဖွဲ့ရဲ့ ဖမ်းဆီးထားတာခံနေရပါတယ်။

ရဲပရဟိတအဖွဲ့ကလည်း AA ရဲ့ဖမ်းဆီးခြင်းခံထားရတဲ့ နိုင်ငံဝန်ထမ်းတွေဟာ သုံ့ပန်းတွေမဟုတ်ပါဆိုတဲ့ ခေါင်းစဉ်နဲ့ မန္တလေးမြို့၊ မဟာမုနိဘုရားကြီးမှာ  ဒီကနေ့ မနက်ပိုင်းက ဆုတောင်းပွဲပြုလုပ်ခဲ့ပါတယ်။

တာဝန်ထမ်းဆောင်ရင်း အခုလိုဖမ်းဆီးခံထားရတဲ့  ရဲဝန်ထမ်းတွေနဲ့ နိုင်ငံဝန်ထမ်းတွေ အမြန်ဆုံး လွတ်မြောက် စေချင်တယ်လို့ ရဲပရဟိတအဖွဲ့ဥက္ကဋ္ဌ ကိုမြတ်သူဟိန်းက ပြောပါတယ်။

နိုင်ငံဝန်ထမ်းတွေက သုံ့ပန်းတွေမဟုတ်ပါဆိုတဲ့ ခေါင်းစဉ်နဲ့ဒီကနေ့မနက်ပိုင်းက မန္တလေးမြို့၊ မဟာမုနိ ဘုရားကြီးမှာ ရဲပရဟိတအဖွဲ့က ဆုတောင်းပွဲပြုလုပ်ခဲ့ပါတယ်။

ဒီကနေ့ ဆုတောင်းပွဲကို အင်အား ၁၀၀ ခန့်နဲ့ ပြုလုပ်ဖို့ ခွင့်ပြုမိန့်တင်ခဲ့ပေမဲ့  ဘုရားပေါ်မှာဖြစ်လို့ ခွင့်ပြုချက် မရရှိခဲ့တာကြောင့်  ရဲပရဟိတအဖွဲ့ဝင် ၆ ယောက်နဲ့ ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။

ရခိုင်တပ်မတော်အေအေနဲ့ မြန်မာစစ်တပ်တို့ဟာ  အခုနှစ်တွေအတွင်းမှာ တိုက်ပွားဖြစ်ပွားတာတွေ ခပ်စိတ်စိတ် ဖြစ်လာနေပြီး  အေအေဘက်ကလည်း အစိုးရသတင်းပေးဆိုကာ သံသယရှိသူတွေကို ဖမ်းဆီးတာတွေပြုလုပ် သလို မြန်မာစစ်တပ်ဘက်ကလည်း အေအေအဖွဲ့နဲ့ သက်ဆိုင်တယ်လို့ သံသယရှိသူတွေကို ဖမ်းဆီးစစ်ဆေး တာတွေပြုလုပ်ပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာ ၁၂ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ AA အဖွဲ့ရဲ့ ကြေညာချက်မှာ ရဲတပ်ဖွဲ့ဝင် ကိုးဦး၊ တပ်မတော်သား ခြောက်ဦး၊ အကျဉ်းဦးစီးဝန်ထမ်း တစ်ဦး၊ တပ်အင်ဂျင်နီယာ တစ်ဦး စုစုပေါင်း ၁၇ ဦးကို သုံ့ပန်းချင်း လဲလှယ် လိုကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

သုံ့ပန်းလဲလှယ်ရေးနဲ့ ပတ်သက်ပြီးတော့ အစိုးရနဲ့ တပ်မတော်ဘက်က လက်မခံနိုင်ဘူးလို့ ငြင်းဆိုထားပါတယ်။

AA ရက္ခိုင့်တပ်တော်ရဲ့ လုပ်ရပ်တွေဟာ ဥပဒေနဲ့မညီတဲ့အတွက် AA က ကမ်းလှမ်းထားတဲ့  သုံ့ပန်းလဲ လှယ်ရေး အစီအစဉ်ကို လက်ခံမှာမဟုတ်ဘူးလို့ နိုဝင်ဘာလ၁၅ ရက်နေ့ကပြုလုပ်တဲ့ သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောဆိုထားပါတယ်။

RFA Burmese
https://www.rfa.org
AA ဖမ္းထားသူမ်ား ျပန္လြတ္လာေရး ရည္႐ြယ္တဲ့ မႏၲေလးၿမိဳ႕လႈပ္ရွားမႈ AA ဖမ္းထားသူမ်ား ျပန္လြတ္လာေရး ရည္႐ြယ္တဲ့ မႏၲေလးၿမိဳ႕လႈပ္ရွားမႈ Reviewed by THITHTOOLWIN on 21:13 Rating: 5
Powered by Blogger.