ရခိုင္ေျမာက္ပိုင္း ေမယုျမစ္ထဲ ေရတပ္နဲ႔ AA တိုက္ပြဲျပင္းထန္

ရေသ့ေတာင္ဆိပ္ကမ္းကေန ေမယုျမစ္ကို လွမ္းျမင္ရစဥ္
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္မွာ မေန႔ေန႔လယ္ပိုင္းကစၿပီး ည ၇ နာရီေက်ာ္အခ်ိန္အထိ တပ္မေတာ္နဲ႔ ေအေအအဖြဲ႕တို႔ တိုက္ပြဲအျပင္းအထန္ျဖစ္ပြားခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။

ညေန ၃ နာရီဝန္းက်င္ေလာက္မွာ ရေသ့ေတာင္ၿမိဳ႕နဲ႔တစ္မိုင္ဝန္းက်င္ခန႔္အကြာ ေမယုျမစ္ထဲမွာ တပ္မေတာ္ ေရယာဥ္နဲ႔ ေအေအအဖြဲ႕တို႔ တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။

ဒီတိုက္ခိုက္မႈနဲ႔ပတ္သက္လို႔ ရကၡိဳင့္တပ္ေတာ္ AA ရဲ႕ေျပာခြင့္ရသူ ခိုင္သုခက အခုလိုေျပာပါတယ္။

“ရေသ့ေတာင္ၿမိဳ႕ရဲ႕အထက္နားေလးေပါ့ေနာ္၊ ရေသ့ေတာင္ၿမိဳ႕နဲ႔ တစ္မိုင္ခြဲ တစ္မိုင္ေလာက္အကြာမွာရွိတဲ့ ေရတပ္သေဘၤာတစ္စီးကို ကြၽန္ေတာ္တို႔ဘက္က ပစ္ခတ္တိုက္ခိုက္မႈေတြလုပ္ခဲ့တာရွိတယ္ဆိုေတာ့ အဲဒီမွာ သေဘၤာကို ေကာင္းေကာင္းထိတာေပါ့။ သေဘၤာကေတာ့ မီးခိုးေတြအူၿပီးေတာ့မွ ညေနပိုင္းအထိေအာင္အထိ သူတို႔ လက္နက္ႀကီးေတြနဲ႔ ရမ္းသမ္းပစ္ခတ္မႈေတြကိုလုပ္ေနခဲ့တယ္ဗ်။ သေဘၤာေပၚမွာ အထိအခိုက္ အက်အဆုံးေတြကေတာ့ ေသခ်ာေပါက္ရွိႏိုင္တယ္။ ဘယ္ႏွစ္ေယာက္လဲဆိုတဲ့ဥစၥာကေတာ့ ေလာေလာဆယ္ ေျပာဖို႔ခက္တာေပါ့”

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီးဝင္းေဇာ္ဦးက အခုလိုေျပာပါတယ္။

“ရေသ့ေတာင္ဘက္ျခမ္းက ရပ္ထားတဲ့ ကြၽန္ေတာ္တို႔ ကမ္းထိုးေရယာဥ္ေပါ့ေနာ္။ အဲဒီနားမွာ နယ္ေျမရွင္းလင္းေရး လုပ္ေနတဲ့ ကမ္းထိုးေရယာဥ္ကို ေရွာ့တိုက္ဒုံးနဲ႔တစ္လုံးေတာ့ပစ္တယ္။ ဘာမွေတာ့မျဖစ္ဘူး”

ေအေအအဖြဲ႕က တိုက္ခိုက္ခဲ့တဲ့ တပ္မေတာ္ေရယာဥ္ဟာ ရေသ့ေတာင္ၿမိဳ႕ တပ္မေတာ္တပ္ရင္းနဲ႔ မလွမ္းမကမ္းေနရာမွာျဖစ္ပါတယ္။

ညေန ၆ နာရီဝန္းက်င္ေလာက္မွာေတာ့ တပ္မေတာ္ဘက္က ရေသ့ေတာင္ၿမိဳ႕ အေနာက္ဘက္ မယူကမ္းဘက္ ေက်း႐ြာေတြဘက္ကို လက္နက္ႀကီးေတြနဲ႔ မိနစ္သုံးဆယ္ခန႔္ၾကာေအာင္ ဆက္တိုက္ပစ္ခတ္ခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။

ေမယုကမ္းေက်း႐ြာေတြျဖစ္တဲ့  ျပာပင္ရင္း၊ လုံးတင္၊ ေျခေထာက္ေခ်ာင္း၊ ရန္ေအာင္ျပင္၊ သာစည္၊ မိညိဳေထာင့္၊ ကညင္ေခ်ာင္း စတဲ့႐ြာအနီးဝန္းက်င္ေတြကို အဓိကပစ္ခတ္ခဲ့တာလို႔လည္းေဒသခံေတြက ေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သက္လို႔ လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ေဒသခံတစ္ဦးက အခုလိုေျပာပါတယ္။

“မေန႔ကညေန ၆ နာရီပတ္ဝန္းက်င္ေလာက္မွာ ကြၽန္ေတာ္တို႔က အိမ္မွာထမင္းစားေနၾကတယ္။ အဲဒီအခ်ိန္မွာ ကြၽန္ေတာ္တို႔ ဒီရေသ့ေတာင္ဘက္ကေနၿပီး ကြၽန္ေတာ္တို႔ ကမ္းဘက္ကို လက္နက္ႀကီးေတြနဲ႔ လွမ္းပစ္တယ္။ ဘယ္ကိုပစ္မွန္းလဲမသိ။ ကြၽန္ေတာ္တို႔ပတ္ဝန္းက်င္ ကြၽန္ေတာ္တို႔႐ြာကဆိုလို႔ရွိရင္ ကြၽန္ေတာ္က သာစည္၊ အဲဒီကြၽန္ေတာ္တို႔႐ြာအေရွ႕ဘက္က လယ္ကြင္းေတြ၊ ဘုန္းႀကီးေက်ာင္းနားက ေရကန္နားေတြ အဲဒီေနရာေတြကို လက္နက္ႀကီးက်ည္ေတြလာက်တယ္။ အဲဒီလက္နက္ႀကီးေတြပစ္တာက ရေသ့ေတာင္ၿမိဳ႕ဘက္ကမ္းက ေရတပ္ ပစ္တယ္လို႔ယူဆတယ္။ အဲဒီဘက္မွာ ေရတပ္ပဲရွိတယ္။ စစ္တပ္ရွိတယ္၊ ေရတပ္ရွိတယ္။ အဲဒီဘက္ကေန ကြၽန္ေတာ္တို႔ ေမယုကမ္းဘက္တစ္ခြင္လုံးကို လွမ္းပစ္တာ”

ဒီပစ္ခတ္မႈေၾကာင့္ လူေတြအထိအခိုက္မရွိေပမယ့္ ကညင္ေခ်ာင္းနဲ႔ သာစည္ေက်း႐ြာၾကားက လူေနတဲအိမ္တစ္လုံး မီးေလာင္သြားတယ္လို႔လည္းဆိုပါတယ္။

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းဦးစီး ဗိုလ္မႉးႀကီးဝင္းေဇာ္ဦးက မေန႔က တပ္မေတာ္ေရယာဥ္ကို ေအေအက ညေန ၂ နာရီေက်ာ္ခန႔္နဲ႔ ၆ နာရီခန႔္ မွာ တိုက္ခိုက္ရာကေန ျဖစ္ပြားခဲ့တာလို႔ ေျပာပါတယ္။

ရကၡိဳင့္တပ္ေတာ္ AA ရဲ႕ေျပာခြင့္ရသူ ခိုင္သုခက ညေနပိုင္းမွာ တိုက္ပြဲျဖစ္ပြားတာမရွိဘဲ တပ္မေတာ္ဘက္က လက္နက္ႀကီးေတြနဲ႔ ရမ္းသမ္းပစ္ခတ္မႈေတြ လုပ္ေဆာင္ခဲ့တာလို႔တုံ႔ျပန္ပါတယ္။

မေန႔ကေန႔လယ္ပိုင္းမွာလည္း ေက်ာက္တန္းနဲ႔လိုင္ဂြင္ေက်း႐ြာၾကား၊ အမ်က္ေတာင္နဲ႔ ဇီးေခါင္း႐ြာၾကား ေနရာေတြမွာ ႏွစ္ဘက္တိုက္ပြဲျပင္းထန္ခဲ့ပါတယ္။

ရကၡိဳင့္တပ္ေတာ္ AA ရဲ႕ေျပာခြင့္ရသူ ခိုင္သုခကေတာ့ ရေသ့ေတာင္ၿမိဳ႕နယ္ေျမာက္ပိုင္းက အမ်က္ေတာင္ေက်း႐ြာ ဝန္းက်င္မွာ တိုက္ပြဲျပင္းထန္ေနတာ ၄ ရက္ေလာက္ရွိၿပီ ျဖစ္သလို ဒီေန႔မွာလည္း ဆက္လက္ျဖစ္ပြားေနတယ္လို႔ ေျပာပါတယ္။

ေျမာက္ဦးၿမိဳ႕နယ္ အေရွ႕ဘက္ ေက်ာင္းေတာင္ေက်း႐ြာအနီးမွာလည္း ဒီေန႔ ေန႔လယ္ကစၿပီး ႏွစ္ဘက္ တိုက္ခိုက္မႈ ရွိၿပီး ေက်း႐ြာသားအခ်ိဳ႕ကို RFA က ဆက္သြယ္ေမးျမန္းတဲ့ ဒီေန႔ညေန ၅ နာရီခြဲအခ်ိန္အထိ လက္နက္ႀကီးနဲ႔ ပစ္ခတ္သံေတြကို ၾကားေနရပါတယ္။

ဒီအေတာအတြင္း ေျမာက္ဦးၿမိဳ႕နယ္ အိုးထိန္းေက်း႐ြာကို ဒီေန႔မနက္ပိုင္းက အင္အားရာဂဏန္းနီးပါး ရွိတဲ့ တပ္မေတာ္စစ္ေၾကာင္းတစ္ခု ဝင္ေရာက္လာၿပီး မသကၤာတဲ့ေနအိမ္တခ်ိဳ႕ကို ဝင္ေရာက္ရွာေဖြေနတယ္လို႔ လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ႐ြာသားတစ္ဦးက ေျပာပါတယ္။

လူအခ်ိဳ႕ကို ဘုန္းေတာ္ႀကီးေက်ာင္းမွာ စုခိုင္းထားၿပီး လူငယ္၊ လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားေတြကေတာ့ ထြက္ေျပးတိမ္းေရွာင္ေနၾကရတယ္လို႔ဆိုပါတယ္။

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီးဗိုလ္မႉးႀကီးဝင္းေဇာ္ဦး ကေတာ့ အိုးထိန္းေက်း႐ြာအနီးမွာ တပ္မေတာ္ စစ္ေၾကာင္းေတြ မၾကာခဏတိုက္ခိုက္ခံရတာ၊ မိုင္းဆြဲတိုက္ခိုက္ခံရတာေတြရွိေနသလို ေအေအအဖြဲ႕ရဲ႕အမာခံေတြ ႐ြာထဲမွာရွိေနတယ္လို႔ သတင္းေပးတာေတြရွိတဲ့အတြက္ ဝင္ေရာက္စစ္ေဆးတာလို႔ေျပာပါတယ္။

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ တပ္မေတာ္နဲ႔ ေအေအအဖြဲ႕တို႔ရဲ႕ တိုက္ပြဲေတြဟာ ပိုမိုျပင္းထန္လာေနပါတယ္။

တိုက္ပြဲေတြနဲ႔ဆက္ႏြယ္ၿပီးေတာ့ ထြက္ေျပးတိမ္းေရွာင္ရသူ အေရအတြက္ဟာလည္း ကိုးေသာင္းေက်ာ္အထိ တိုးလာေနတယ္လို႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ားအစည္းအ႐ုံး RECက ေျပာပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
ရခိုင်မြောက်ပိုင်း မေယုမြစ်ထဲ ရေတပ်နဲ့ AA တိုက်ပွဲပြင်းထန်

ရသေ့တောင်ဆိပ်ကမ်းကနေ မေယုမြစ်ကို လှမ်းမြင်ရစဉ်
ဓါတ်ပုံ - မင်းသိန်းအောင်/ RFA

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ မနေ့နေ့လယ်ပိုင်းကစပြီး ည ၇ နာရီကျော်အချိန်အထိ တပ်မတော်နဲ့ အေအေအဖွဲ့တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ညနေ ၃ နာရီဝန်းကျင်လောက်မှာ ရသေ့တောင်မြို့နဲ့တစ်မိုင်ဝန်းကျင်ခန့်အကွာ မေယုမြစ်ထဲမှာ တပ်မတော် ရေယာဉ်နဲ့ အေအေအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ပြောခွင့်ရသူ ခိုင်သုခက အခုလိုပြောပါတယ်။

“ရသေ့တောင်မြို့ရဲ့အထက်နားလေးပေါ့နော်၊ ရသေ့တောင်မြို့နဲ့ တစ်မိုင်ခွဲ တစ်မိုင်လောက်အကွာမှာရှိတဲ့ ရေတပ်သင်္ဘောတစ်စီးကို ကျွန်တော်တို့ဘက်က ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်ခဲ့တာရှိတယ်ဆိုတော့ အဲဒီမှာ သင်္ဘောကို ကောင်းကောင်းထိတာပေါ့။ သင်္ဘောကတော့ မီးခိုးတွေအူပြီးတော့မှ ညနေပိုင်းအထိအောင်အထိ သူတို့ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကိုလုပ်နေခဲ့တယ်ဗျ။ သင်္ဘောပေါ်မှာ အထိအခိုက် အကျအဆုံးတွေကတော့ သေချာပေါက်ရှိနိုင်တယ်။ ဘယ်နှစ်ယောက်လဲဆိုတဲ့ဥစ္စာကတော့ လောလောဆယ် ပြောဖို့ခက်တာပေါ့”

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက အခုလိုပြောပါတယ်။

“ရသေ့တောင်ဘက်ခြမ်းက ရပ်ထားတဲ့ ကျွန်တော်တို့ ကမ်းထိုးရေယာဉ်ပေါ့နော်။ အဲဒီနားမှာ နယ်မြေရှင်းလင်းရေး လုပ်နေတဲ့ ကမ်းထိုးရေယာဉ်ကို ရှော့တိုက်ဒုံးနဲ့တစ်လုံးတော့ပစ်တယ်။ ဘာမှတော့မဖြစ်ဘူး”

အေအေအဖွဲ့က တိုက်ခိုက်ခဲ့တဲ့ တပ်မတော်ရေယာဉ်ဟာ ရသေ့တောင်မြို့ တပ်မတော်တပ်ရင်းနဲ့ မလှမ်းမကမ်းနေရာမှာဖြစ်ပါတယ်။

ညနေ ၆ နာရီဝန်းကျင်လောက်မှာတော့ တပ်မတော်ဘက်က ရသေ့တောင်မြို့ အနောက်ဘက် မယူကမ်းဘက် ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ မိနစ်သုံးဆယ်ခန့်ကြာအောင် ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

မေယုကမ်းကျေးရွာတွေဖြစ်တဲ့  ပြာပင်ရင်း၊ လုံးတင်၊ ခြေထောက်ချောင်း၊ ရန်အောင်ပြင်၊ သာစည်၊ မိညိုထောင့်၊ ကညင်ချောင်း စတဲ့ရွာအနီးဝန်းကျင်တွေကို အဓိကပစ်ခတ်ခဲ့တာလို့လည်းဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

“မနေ့ကညနေ ၆ နာရီပတ်ဝန်းကျင်လောက်မှာ ကျွန်တော်တို့က အိမ်မှာထမင်းစားနေကြတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ ဒီရသေ့တောင်ဘက်ကနေပြီး ကျွန်တော်တို့ ကမ်းဘက်ကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်။ ဘယ်ကိုပစ်မှန်းလဲမသိ။ ကျွန်တော်တို့ပတ်ဝန်းကျင် ကျွန်တော်တို့ရွာကဆိုလို့ရှိရင် ကျွန်တော်က သာစည်၊ အဲဒီကျွန်တော်တို့ရွာအရှေ့ဘက်က လယ်ကွင်းတွေ၊ ဘုန်းကြီးကျောင်းနားက ရေကန်နားတွေ အဲဒီနေရာတွေကို လက်နက်ကြီးကျည်တွေလာကျတယ်။ အဲဒီလက်နက်ကြီးတွေပစ်တာက ရသေ့တောင်မြို့ဘက်ကမ်းက ရေတပ် ပစ်တယ်လို့ယူဆတယ်။ အဲဒီဘက်မှာ ရေတပ်ပဲရှိတယ်။ စစ်တပ်ရှိတယ်၊ ရေတပ်ရှိတယ်။ အဲဒီဘက်ကနေ ကျွန်တော်တို့ မေယုကမ်းဘက်တစ်ခွင်လုံးကို လှမ်းပစ်တာ”

ဒီပစ်ခတ်မှုကြောင့် လူတွေအထိအခိုက်မရှိပေမယ့် ကညင်ချောင်းနဲ့ သာစည်ကျေးရွာကြားက လူနေတဲအိမ်တစ်လုံး မီးလောင်သွားတယ်လို့လည်းဆိုပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက မနေ့က တပ်မတော်ရေယာဉ်ကို အေအေက ညနေ ၂ နာရီကျော်ခန့်နဲ့ ၆ နာရီခန့် မှာ တိုက်ခိုက်ရာကနေ ဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။

ရက္ခိုင့်တပ်တော် AA ရဲ့ပြောခွင့်ရသူ ခိုင်သုခက ညနေပိုင်းမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာလို့တုံ့ပြန်ပါတယ်။

မနေ့ကနေ့လယ်ပိုင်းမှာလည်း ကျောက်တန်းနဲ့လိုင်ဂွင်ကျေးရွာကြား၊ အမျက်တောင်နဲ့ ဇီးခေါင်းရွာကြား နေရာတွေမှာ နှစ်ဘက်တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

ရက္ခိုင့်တပ်တော် AA ရဲ့ပြောခွင့်ရသူ ခိုင်သုခကတော့ ရသေ့တောင်မြို့နယ်မြောက်ပိုင်းက အမျက်တောင်ကျေးရွာ ဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေတာ ၄ ရက်လောက်ရှိပြီ ဖြစ်သလို ဒီနေ့မှာလည်း ဆက်လက်ဖြစ်ပွားနေတယ်လို့ ပြောပါတယ်။

မြောက်ဦးမြို့နယ် အရှေ့ဘက် ကျောင်းတောင်ကျေးရွာအနီးမှာလည်း ဒီနေ့ နေ့လယ်ကစပြီး နှစ်ဘက် တိုက်ခိုက်မှု ရှိပြီး ကျေးရွာသားအချို့ကို RFA က ဆက်သွယ်မေးမြန်းတဲ့ ဒီနေ့ညနေ ၅ နာရီခွဲအချိန်အထိ လက်နက်ကြီးနဲ့ ပစ်ခတ်သံတွေကို ကြားနေရပါတယ်။

ဒီအတောအတွင်း မြောက်ဦးမြို့နယ် အိုးထိန်းကျေးရွာကို ဒီနေ့မနက်ပိုင်းက အင်အားရာဂဏန်းနီးပါး ရှိတဲ့ တပ်မတော်စစ်ကြောင်းတစ်ခု ဝင်ရောက်လာပြီး မသင်္ကာတဲ့နေအိမ်တချို့ကို ဝင်ရောက်ရှာဖွေနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက ပြောပါတယ်။

လူအချို့ကို ဘုန်းတော်ကြီးကျောင်းမှာ စုခိုင်းထားပြီး လူငယ်၊ လူလတ်ပိုင်းအရွယ် အမျိုးသားတွေကတော့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဆိုပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီးဝင်းဇော်ဦး ကတော့ အိုးထိန်းကျေးရွာအနီးမှာ တပ်မတော် စစ်ကြောင်းတွေ မကြာခဏတိုက်ခိုက်ခံရတာ၊ မိုင်းဆွဲတိုက်ခိုက်ခံရတာတွေရှိနေသလို အေအေအဖွဲ့ရဲ့အမာခံတွေ ရွာထဲမှာရှိနေတယ်လို့ သတင်းပေးတာတွေရှိတဲ့အတွက် ဝင်ရောက်စစ်ဆေးတာလို့ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တပ်မတော်နဲ့ အေအေအဖွဲ့တို့ရဲ့ တိုက်ပွဲတွေဟာ ပိုမိုပြင်းထန်လာနေပါတယ်။

တိုက်ပွဲတွေနဲ့ဆက်နွယ်ပြီးတော့ ထွက်ပြေးတိမ်းရှောင်ရသူ အရေအတွက်ဟာလည်း ကိုးသောင်းကျော်အထိ တိုးလာနေတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး RECက ပြောပါတယ်။

RFA Burmese
https://www.rfa.org
ရခိုင္ေျမာက္ပိုင္း ေမယုျမစ္ထဲ ေရတပ္နဲ႔ AA တိုက္ပြဲျပင္းထန္ ရခိုင္ေျမာက္ပိုင္း ေမယုျမစ္ထဲ ေရတပ္နဲ႔ AA တိုက္ပြဲျပင္းထန္ Reviewed by THITHTOOLWIN on 21:11 Rating: 5
Powered by Blogger.