AAမွ ဖမ္းဆီးထားတဲ့ စစ္သုံ႔ပန္းတပ္မေတာ္သား ၁၃ဦးရဲ႕ ဓါတ္ပုံေတြကို ထုတ္ျပန္

(Zawgyi)⤵⤵⤵
ေတာင္ႀကီး၊ ႏိုဝင္ဘာ ၂၅

ရခိုင္တပ္မေတာ္(AA)မွ တပ္မေတာ္ ၁၃ဦးကို စစ္သုံ႔ပန္းအျဖစ္ဖမ္းဆီးရမိထားတယ္လို႔ဆိုကာ အဲဒီ၁၃ဦးရဲ႕ ဓါတ္ပုံေတြကို AAကၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ၂၄ရက္မွာ ထုတ္ျပန္ေၾကျငာလိုက္ပါတယ္။

အဲဒီထုတ္ျပန္ခ်က္မွာ ႏိုဝင္ဘာလ (၁၉) ရက္ေန႔ ၊ေန႔လယ္ (၁) နာရီခန႔္က ပလက္ဝၿမိဳ႕နယ္၊ ပကာဝ႐ြာ၊ အေနာက္ေတာင္ဖက္၃ ဒသမ ၇ ကီလိုမီတာ (သို႔မဟုတ္)ကာမေခ်ာင္း(ေဒသအေခၚ-ကာရမေခ်ာင္း) အေနာက္ဖက္ရွိေတာင္တန္းေပၚမွာ ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲအတြင္း ျမန္မာ့တပ္မေတာ္ တပ္မ (၇၇)လက္ေအာက္ခံ၊ ေမွာ္ဘီအေျခစိုက္၊ ခမရ (၃၁၃) မွ ဖမ္းဆီးရမိခဲ့တဲ့ စစ္သုံ႔ပန္း/ လက္နက္ခဲယမ္း‌ေတြနဲ႔ စစ္အသုံးအေဆာင္ပစၥည္းေတြလို႔ ဆိုၿပီး ဓါတ္ပုံေတြနဲ႔တကြ ေဖာ္ျပထားတာ ျဖစ္ပါတယ္။

တပ္မေတာ္ဘက္က‌ေတာ့ အဲဒီလိုဖမ္းဆီးခံရမႈ မရွိေၾကာင္း ျငင္းဆိုထားၿပီး AAမွထုတ္ျပန္လိုက္တဲ့ ဓါတ္ပုံမွာလည္း တပ္မေတာ္သားစစ္သုံ႔ပန္းေတြရဲ႕ မ်က္ႏွာကို ထင္ရွားစြာျမင္ေတြရျခင္းမရွိဘဲ ေခါင္းငုံထားတာကို ျမင္ေတြရတယ္။

AAရဲ႕ထုတ္ျပန္ခ်က္နဲ႔ပါတ္သက္ၿပီး တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕မွ ေျပာေရးဆိုခြင့့္ရွိသူ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္း (ဖုန္း-၀၉၃၉၁၀၁၅၁၂)ကို ေ႐ႊႀတိဂံေဒသ သတင္းဌာနမွ ဆက္သြယ္ေမးျမန္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ျပန္လည္ေျဖၾကားျခင္း မရွိပါဘူး။

ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
------------
(Unicode)⤵⤵⤵
AAမှ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတပ်မတော်သား ၁၃ဦးရဲ့ ဓါတ်ပုံတွေကို ထုတ်ပြန်

တောင်ကြီး၊ နိုဝင်ဘာ ၂၅

ရခိုင်တပ်မတော်(AA)မှ တပ်မတော် ၁၃ဦးကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရမိထားတယ်လို့ဆိုကာ အဲဒီ၁၃ဦးရဲ့ ဓါတ်ပုံတွေကို AAကပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ရက်မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ နိုဝင်ဘာလ (၁၉) ရက်နေ့ ၊နေ့လယ် (၁) နာရီခန့်က ပလက်ဝမြို့နယ်၊ ပကာဝရွာ၊ အနောက်တောင်ဖက်၃ ဒသမ ၇ ကီလိုမီတာ (သို့မဟုတ်)ကာမချောင်း(ဒေသအခေါ်-ကာရမချောင်း) အနောက်ဖက်ရှိတောင်တန်းပေါ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း မြန်မာ့တပ်မတော် တပ်မ (၇၇)လက်အောက်ခံ၊ မှော်ဘီအခြေစိုက်၊ ခမရ (၃၁၃) မှ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်း/ လက်နက်ခဲယမ်း‌တွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေလို့ ဆိုပြီး ဓါတ်ပုံတွေနဲ့တကွ ဖော်ပြထားတာ ဖြစ်ပါတယ်။

တပ်မတော်ဘက်က‌တော့ အဲဒီလိုဖမ်းဆီးခံရမှု မရှိကြောင်း ငြင်းဆိုထားပြီး AAမှထုတ်ပြန်လိုက်တဲ့ ဓါတ်ပုံမှာလည်း တပ်မတော်သားစစ်သုံ့ပန်းတွေရဲ့ မျက်နှာကို ထင်ရှားစွာမြင်တွေရခြင်းမရှိဘဲ ခေါင်းငုံထားတာကို မြင်တွေရတယ်။

AAရဲ့ထုတ်ပြန်ချက်နဲ့ပါတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း (ဖုန်း-၀၉၃၉၁၀၁၅၁၂)ကို ရွှေတြိဂံဒေသ သတင်းဌာနမှ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
AAမွ ဖမ္းဆီးထားတဲ့ စစ္သုံ႔ပန္းတပ္မေတာ္သား ၁၃ဦးရဲ႕ ဓါတ္ပုံေတြကို ထုတ္ျပန္ AAမွ ဖမ္းဆီးထားတဲ့ စစ္သုံ႔ပန္းတပ္မေတာ္သား ၁၃ဦးရဲ႕ ဓါတ္ပုံေတြကို ထုတ္ျပန္ Reviewed by THITHTOOLWIN on 10:57 Rating: 5
Powered by Blogger.