၁၃ ဦး လက္နက္ခ်ေၾကာင္း AA ထုတ္ျပန္ခ်က္ကို တပ္က ျငင္းဆို

၂၀၁၉၊ ႏိုဝင္ဘာ ၁၉ ေန႔လယ္ ၁ နာရီမွာ တိုက္ပြဲျဖစ္ပြားခဲ့တဲ့ေနရာကို ရကၡိဳင့္တပ္ေတာ္ (AA)က ေဖာ္ျပထားတာကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ ပကာဝ႐ြာ အေနာက္ေတာင္ဘက္မွာ တပ္မ (၇၇) လက္ေအာက္ခံ ခမရ (၃၁၃) က စစ္ေၾကာင္းတစ္ခုနဲ႔ ရကၡိဳင့္တပ္ေတာ္(AA)တို႔ မေန႔က ေန႔လယ္ ၁ နာရီမွာ တိုက္ပြဲျဖစ္ခဲ့တာလို႔ ေအေအရဲ႕ မေန႔ညက ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

မိနစ္ ၃၀ ၾကာျမင့္ခဲ့တဲ့ အဲဒီတိုက္ပြဲမွာ တပ္မေတာ္ဘက္က ကိုးဦး က်ဆုံးခဲ့သလို ေသနတ္ ၁၄ လက္နဲ႔ လက္နက္ခဲယမ္း တခ်ိဳ႕ကိုလည္း သိမ္းဆည္းရမိခဲ့တယ္လို႔ ေအေအရဲ႕ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

အဲဒီစစ္ေၾကာင္းမွာပါတဲ့ အရာရွိ ႏွစ္ဦး အပါအဝင္ ၁၃ ဦး လက္နက္ခ်လို႔ ဖမ္းဆီးလိုက္တာလို႔ ရကၡိဳင့္တပ္ေတာ္(AA)ရဲ႕ ေျပာခြင့္ရသူ ခိုင္သုခက ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ ရကၡိဳင့္တပ္ေတာ္ရွိတဲ့ေနရာကို ထိုးစစ္ဆင္တိုက္ခိုက္လာတဲ့အတြက္ေၾကာင့္မို႔လို႔ အဲဒီမွာ တိုက္ပြဲအျပင္းအထန္ျဖစ္တာရွိတယ္။ ေန႔လယ္ ၁ နာရီေလာက္ကေနၿပီး တိုက္ပြဲစျဖစ္တာ။ ဆိုေတာ့ ေန႔လယ္ ၁ နာရီခြဲေလာက္မွာေတာ့ တိုက္ပြဲရပ္သြားတာေပါ့ေနာ္။ အဲဒီတိုက္ပြဲအတြင္းမွာ ရန္သူ႔ဘက္က ကိုးဦးက်ဆုံးၿပီးေတာ့ လက္နက္ခ်အညံ့ခံတာကေတာ့ ၁၃ ေယာက္ရွိတယ္ဗ်။ အဲဒီလိုလက္နက္ခ်တဲ့ ဥစၥာမွာ ဗိုလ္ တစ္ဦးရယ္၊ ေနာက္ အရာခံဗိုလ္ တစ္ဦး၊ ၿပီးလို႔ရွိရင္ အျခားအဆင့္ ၁၁ ေယာက္ေပါ့ေနာ္ အကုန္လုံး ၁၃ ေယာက္။ အဲဒီ ၁၃ ေယာက္ကို ကြၽန္ေတာ္တို႔ စစ္ေျမျပင္ကေနၿပီးေတာ့ လက္ရဖမ္းဆီးရမိတာရွိတယ္”

ဒီထုတ္ျပန္ခ်က္နဲ႔ပတ္သက္လို႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦး ကေတာ့ လြန္ခဲ့တဲ့ ၂၀၁၇ ခုႏွစ္က အေၾကာင္းအရာသာျဖစ္တယ္လို႔ တုံ႔ျပန္ပါတယ္။

“အဲဒါကေတာ့ ဟို ၂၀၁၇ ကေလာက္ဟာႀကီးကို ျပန္တင္ထားတဲ့ဟာႀကီးပါဗ်။ အဲဒီဘက္မွာ မေန႔ကတိုက္ပြဲျဖစ္တာမရွိဘူးဗ်။ တိုက္ပြဲျဖစ္တာဆိုလို႔ မေန႔က ေျမပုံဘက္မွာပဲရွိတယ္”

မေန႔က အဲဒီေနရာဘက္မွာ တိုက္ပြဲျဖစ္၊ မျဖစ္ဆိုတဲ့အခ်က္ကိုေတာ့ တယ္လီဖုန္းဆက္သြယ္ေရး အခက္အခဲေတြေၾကာင့္ RFA က သီးျခား အတည္ျပဳႏိုင္ျခင္းမရွိပါဘူး။

ခိုင္သုခကေတာ့  သူတို႔ရဲ႕ စစ္သုံ႔ပန္းဆိုင္ရာစည္းမ်ဥ္းေတြ၊ ႏိုင္ငံတကာ ဥပေဒေတြနဲ႔ အညီ ထိန္းသိမ္းထားမယ္လို႔ ဆိုပါတယ္။

တပ္မေတာ္နဲ႔ပတ္သက္လို႔ ဖမ္းဆီးထိန္းသိမ္းထားသူ အေရအတြက္ကိုေတာ့ စစ္ေရးဆိုင္ရာ ကိစၥရပ္ေတြျဖစ္လို႔ ထုတ္ေဖာ္ေျပာဆိုဖို႔ ျငင္းဆန္ပါတယ္။

မၾကာေသးခင္ကေတာ့  ဖမ္းဆီးထိန္းသိမ္းထားတဲ့ တပ္မေတာ္သားေတြနဲ႔ ရဲတပ္ဖြဲ႕ဝင္ ၁၇ ဦး ရွိတယ္လို႔  ေအေအအဖြဲ႕က ႏိုဝင္ဘာ ၁၂ ရက္ေန႔မွာ ထုတ္ျပန္ခဲ့ပါတယ္။

ပုဒ္မအမ်ိဳးမ်ိဳးနဲ႔ ဖမ္းဆီးခံေနရသူေတြ၊ ရကၡိဳင့္တပ္ေတာ္(AA)ဆက္စပ္ေနတယ္ဆိုတဲ့ သံသယနဲ႔ဖမ္းဆီး ထားသူေတြျပန္လႊတ္ေပးမယ္ဆိုရင္ အဲဒီသုံ႔ပန္းေတြကိုပါ ျပန္လႊတ္ေပးမယ္လို႔လည္း ထုတ္ျပန္ခ်က္က ဆိုပါတယ္။

AA ရဲ႕ ကမ္းလွမ္းခ်က္ကို လက္ခံစဥ္းစားမွာ မဟုတ္ဘူးလို႔ အစိုးရနဲ႔တပ္မေတာ္ေျပာခြင့္ရသူေတြက တုံ႔ျပန္ထားၾကပါတယ္။

ဒီတုံ႔ျပန္ခ်က္ေတြအေပၚ သေဘာထားဘယ္လိုရွိသလဲဆိုတာ ခိုင္သုခကို RFA ကေမးျမန္းခဲ့ပါတယ္။

“သူတို႔ရဲ႕ ရဲေဘာ္ရဲဘက္ေတြအေပၚမွာ ေနာ္ သူတို႔က ဘယ္ေလာက္အထိ စာနာစိတ္ရွိသလဲ၊ ဘယ္ေလာက္အထိ ရဲေဘာ္ရဲဘက္စိတ္ရွိသလဲဆိုတဲ့ဥစၥာကို ကြက္ကြက္ကြင္းကြင္း ျပည္သူေတြအားလုံး ျမင္ရတာေပါ့ဗ်ာ။ သူတို႔ဘက္က လႊတ္မေပးဘူးဆိုလို႔ရွိရင္ေတာ့ ကြၽန္ေတာ္တို႔ကလည္း သူတို႔ရဲ႕စစ္သုံ႔ပန္းေတြကိုေတာ့ ဆက္လက္ၿပီးေတာ့ ထိန္းသိမ္းထားမွာေပါ့ဗ်ာ”

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးကေတာ့ ေအေအအဖြဲ႕ရဲ႕ လက္ထဲမွာ ရွိေနတဲ့ သုံ႔ပန္းေတြအေရးနဲ႔ပတ္သက္လို႔ တစ္စုံတရာမွတ္ခ်က္မေပးလိုဘူးလို႔ ေျပာပါတယ္။

“ကြၽန္ေတာ္ကေတာ့ အဲဒီဟာကို ဘာမွမွတ္ခ်က္မေပးလိုဘူး။ ကြၽန္ေတာ္တို႔ကေတာ့ နယ္ေျမရွင္းလင္းေရးပဲ ဆက္လုပ္မွာေပါ့”

ဒီအေတာအတြင္း ရခိုင္ေဒသမွာ ေန႔စဥ္ ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြေၾကာင့္ အရပ္သား အမ်ားအျပား ထိခိုက္၊ ဒဏ္ရာရေနပါတယ္။ ေသဆုံးတဲ့ ျဖစ္ရပ္တခ်ိဳ႕လည္း ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းမွာပဲ ေပၚေပါက္ခဲ့ပါတယ္။

ရခိုင္ျပည္နယ္မွာ အခုႏွစ္အတြင္း စစ္ပြဲေတြနဲ႔ဆက္ႏြယ္ၿပီးေတာ့ ထြက္ေျပးရသူအေရအတြက္ဟာ အခုလက္ရွိအခ်ိန္အထိ ရွစ္ေသာင္းခြဲေလာက္အထိ ရွိလာေနၿပီလို႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံးကေျပာပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
၁၃ ဦး လက်နက်ချကြောင်း AA ထုတ်ပြန်ချက်ကို တပ်က ငြင်းဆို

၂၀၁၉၊ နိုဝင်ဘာ ၁၉ နေ့လယ် ၁ နာရီမှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာကို ရက္ခိုင့်တပ်တော် (AA)က ဖော်ပြထားတာကို တွေ့ရစဉ်
Photo: Arakan Army

ချင်းပြည်နယ် ပလက်ဝမြို့နယ် ပကာဝရွာ အနောက်တောင်ဘက်မှာ တပ်မ (၇၇) လက်အောက်ခံ ခမရ (၃၁၃) က စစ်ကြောင်းတစ်ခုနဲ့ ရက္ခိုင့်တပ်တော်(AA)တို့ မနေ့က နေ့လယ် ၁ နာရီမှာ တိုက်ပွဲဖြစ်ခဲ့တာလို့ အေအေရဲ့ မနေ့ညက ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မိနစ် ၃၀ ကြာမြင့်ခဲ့တဲ့ အဲဒီတိုက်ပွဲမှာ တပ်မတော်ဘက်က ကိုးဦး ကျဆုံးခဲ့သလို သေနတ် ၁၄ လက်နဲ့ လက်နက်ခဲယမ်း တချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ အေအေရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီစစ်ကြောင်းမှာပါတဲ့ အရာရှိ နှစ်ဦး အပါအဝင် ၁၃ ဦး လက်နက်ချလို့ ဖမ်းဆီးလိုက်တာလို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။

“ကျွန်တော်တို့ ရက္ခိုင့်တပ်တော်ရှိတဲ့နေရာကို ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက်ကြောင့်မို့လို့ အဲဒီမှာ တိုက်ပွဲအပြင်းအထန်ဖြစ်တာရှိတယ်။ နေ့လယ် ၁ နာရီလောက်ကနေပြီး တိုက်ပွဲစဖြစ်တာ။ ဆိုတော့ နေ့လယ် ၁ နာရီခွဲလောက်မှာတော့ တိုက်ပွဲရပ်သွားတာပေါ့နော်။ အဲဒီတိုက်ပွဲအတွင်းမှာ ရန်သူ့ဘက်က ကိုးဦးကျဆုံးပြီးတော့ လက်နက်ချအညံ့ခံတာကတော့ ၁၃ ယောက်ရှိတယ်ဗျ။ အဲဒီလိုလက်နက်ချတဲ့ ဥစ္စာမှာ ဗိုလ် တစ်ဦးရယ်၊ နောက် အရာခံဗိုလ် တစ်ဦး၊ ပြီးလို့ရှိရင် အခြားအဆင့် ၁၁ ယောက်ပေါ့နော် အကုန်လုံး ၁၃ ယောက်။ အဲဒီ ၁၃ ယောက်ကို ကျွန်တော်တို့ စစ်မြေပြင်ကနေပြီးတော့ လက်ရဖမ်းဆီးရမိတာရှိတယ်”

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကတော့ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က အကြောင်းအရာသာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

“အဲဒါကတော့ ဟို ၂၀၁၇ ကလောက်ဟာကြီးကို ပြန်တင်ထားတဲ့ဟာကြီးပါဗျ။ အဲဒီဘက်မှာ မနေ့ကတိုက်ပွဲဖြစ်တာမရှိဘူးဗျ။ တိုက်ပွဲဖြစ်တာဆိုလို့ မနေ့က မြေပုံဘက်မှာပဲရှိတယ်”

မနေ့က အဲဒီနေရာဘက်မှာ တိုက်ပွဲဖြစ်၊ မဖြစ်ဆိုတဲ့အချက်ကိုတော့ တယ်လီဖုန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် RFA က သီးခြား အတည်ပြုနိုင်ခြင်းမရှိပါဘူး။

ခိုင်သုခကတော့  သူတို့ရဲ့ စစ်သုံ့ပန်းဆိုင်ရာစည်းမျဉ်းတွေ၊ နိုင်ငံတကာ ဥပဒေတွေနဲ့ အညီ ထိန်းသိမ်းထားမယ်လို့ ဆိုပါတယ်။

တပ်မတော်နဲ့ပတ်သက်လို့ ဖမ်းဆီးထိန်းသိမ်းထားသူ အရေအတွက်ကိုတော့ စစ်ရေးဆိုင်ရာ ကိစ္စရပ်တွေဖြစ်လို့ ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆန်ပါတယ်။

မကြာသေးခင်ကတော့  ဖမ်းဆီးထိန်းသိမ်းထားတဲ့ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင် ၁၇ ဦး ရှိတယ်လို့  အေအေအဖွဲ့က နိုဝင်ဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးခံနေရသူတွေ၊ ရက္ခိုင့်တပ်တော်(AA)ဆက်စပ်နေတယ်ဆိုတဲ့ သံသယနဲ့ဖမ်းဆီး ထားသူတွေပြန်လွှတ်ပေးမယ်ဆိုရင် အဲဒီသုံ့ပန်းတွေကိုပါ ပြန်လွှတ်ပေးမယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

AA ရဲ့ ကမ်းလှမ်းချက်ကို လက်ခံစဉ်းစားမှာ မဟုတ်ဘူးလို့ အစိုးရနဲ့တပ်မတော်ပြောခွင့်ရသူတွေက တုံ့ပြန်ထားကြပါတယ်။

ဒီတုံ့ပြန်ချက်တွေအပေါ် သဘောထားဘယ်လိုရှိသလဲဆိုတာ ခိုင်သုခကို RFA ကမေးမြန်းခဲ့ပါတယ်။

“သူတို့ရဲ့ ရဲဘော်ရဲဘက်တွေအပေါ်မှာ နော် သူတို့က ဘယ်လောက်အထိ စာနာစိတ်ရှိသလဲ၊ ဘယ်လောက်အထိ ရဲဘော်ရဲဘက်စိတ်ရှိသလဲဆိုတဲ့ဥစ္စာကို ကွက်ကွက်ကွင်းကွင်း ပြည်သူတွေအားလုံး မြင်ရတာပေါ့ဗျာ။ သူတို့ဘက်က လွှတ်မပေးဘူးဆိုလို့ရှိရင်တော့ ကျွန်တော်တို့ကလည်း သူတို့ရဲ့စစ်သုံ့ပန်းတွေကိုတော့ ဆက်လက်ပြီးတော့ ထိန်းသိမ်းထားမှာပေါ့ဗျာ”

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ အေအေအဖွဲ့ရဲ့ လက်ထဲမှာ ရှိနေတဲ့ သုံ့ပန်းတွေအရေးနဲ့ပတ်သက်လို့ တစ်စုံတရာမှတ်ချက်မပေးလိုဘူးလို့ ပြောပါတယ်။

“ကျွန်တော်ကတော့ အဲဒီဟာကို ဘာမှမှတ်ချက်မပေးလိုဘူး။ ကျွန်တော်တို့ကတော့ နယ်မြေရှင်းလင်းရေးပဲ ဆက်လုပ်မှာပေါ့”

ဒီအတောအတွင်း ရခိုင်ဒေသမှာ နေ့စဉ် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သား အများအပြား ထိခိုက်၊ ဒဏ်ရာရနေပါတယ်။ သေဆုံးတဲ့ ဖြစ်ရပ်တချို့လည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ ပေါ်ပေါက်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ အခုနှစ်အတွင်း စစ်ပွဲတွေနဲ့ဆက်နွယ်ပြီးတော့ ထွက်ပြေးရသူအရေအတွက်ဟာ အခုလက်ရှိအချိန်အထိ ရှစ်သောင်းခွဲလောက်အထိ ရှိလာနေပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးကပြောပါတယ်။

RFA Burmese
https://www.rfa.org
၁၃ ဦး လက္နက္ခ်ေၾကာင္း AA ထုတ္ျပန္ခ်က္ကို တပ္က ျငင္းဆို ၁၃ ဦး လက္နက္ခ်ေၾကာင္း AA ထုတ္ျပန္ခ်က္ကို တပ္က ျငင္းဆို Reviewed by THITHTOOLWIN on 21:06 Rating: 5
Powered by Blogger.