ခ်င္းအမတ္ကိုလႊတ္မေပးရင္ AA အတြက္ ထိခိုက္မႈရွိလာႏိုင္ဟု NLD ေျပာ

အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္း ကို လႊတ္ေတာ္မွာေတြ႕ရစဥ္
Photo: Pyidaungsu Hluttaw
(Zawgyi)⤵⤵⤵
ရကၡိဳင့္တပ္ေတာ္ AA အေနနဲ႔ ပလက္ဝၿမိဳ႕နယ္ ကိုယ္စားျပဳ ခ်င္းျပည္နယ္ အမွတ္ ၁၁ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဝွ႔တင္းကို ဖမ္းဆီးထားတာကို အျမန္ဆုံးျပန္လႊတ္ေပးဖို႔နဲ႔ AA ရဲ႕ ေၾကညာခ်က္မွာပါသလို သက္ေသအေထာက္အထားေတြ ေတြ႕တယ္ဆိုရင္လည္း အမ်ားျပည္သူသိေအာင္ခ်ျပဖို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာ မ်ိဳးၫြန႔္က ေျပာပါတယ္

ဒီလိုမွမဟုတ္ဘဲ ေတာ္လွန္ေရးကာလဆိုၿပီး ကိုယ့္ဘာသာစည္းကမ္းေတြ သတ္မွတ္လုပ္သြားရင္ေတာ့ အဖြဲ႕အစည္းအတြက္ ထိခိုက္နစ္နာလိမ့္မယ္လို႔ ေဒါက္တာ မ်ိဳးၫြန႔္က ေျပာလိုက္ပါတယ္။

"ဦးေဝွ႔တင္းဟာ လႊတ္ေတာ္ကေနၿပီးေတာ့ သူ႔ရဲ႕ေမြးရပ္ဇာတိ သူ႔ရဲ႕ မဲဆႏၵနယ္ေျမကို ျပန္တာပဲျဖစ္ပါတယ္၊ အဲေတာ့ ဒီျပန္တဲ့အျပန္ခရီးမွာ အေထာက္အထားေတြ AA ကေတြ႕တယ္ဆိုရင္လည္း ဒါအမ်ားသိေအာင္ ထုတ္ေျပာသင့္ပါတယ္၊ ဒီလိုထုတ္မေျပာပဲနဲ႔ ေတာ္လွန္ေရးကာလျဖစ္တဲ့အတြက္ မိမိတို႔ လုပ္သင့္တာလုပ္မယ္လို႔ေျပာတာကေတာ့ မသင့္ေတာ္ပါဘူး၊ ဦးေဝွ႔တင္းဟာ စစ္တိုက္ေနတဲ့ စစ္သားတစ္ဦး မဟုတ္ပါဘူး၊ သူ႔အေပၚ စြပ္စြဲထားတဲ့ စြပ္စြဲခ်က္ေတြကိုလည္း သူ႔မွာ ျပန္လည္ေျဖရွင္းခြင့္ရွိသင့္ပါတယ္၊ ဒီလိုမွမဟုတ္ဘဲနဲ႔ တစ္ဖက္သတ္ စြပ္စြဲလုပ္ေဆာင္မယ္ဆိုရင္ေတာ့ ဖမ္းဆီးထားတဲ့အဖြဲ႕အစည္းဟာ အခ်ိန္ၾကာတဲ့အမွ် ဦးေဝွ႔တင္းရဲ႕ က်န္းမာေရးနဲ႔ အသက္အႏၲရာယ္အတြက္ လုံးဝတာဝန္ရွိသြားပါတယ္၊ လက္နက္ကိုင္ၿပီး ႏွစ္ဘက္တိုက္ခိုက္ေနတဲ့ အဖြဲ႕အစည္းေတြၾကားမွာေတာင္ လိုက္နာရမယ့္ စည္းကမ္းေတြရွိပါတယ္၊ ေတာ္လွန္ေရးကာလျဖစ္တဲ့အတြက္ဆိုၿပီးေတာ့ မိမိတို႔ဘာသာစည္းကမ္းေတြ သတ္မွတ္ၿပီးလုပ္သြားမယ္ဆိုရင္ေတာ့ ဒါအဖြဲ႕အစည္းအတြက္ ထိခိုက္နစ္နာပါလိမ့္မယ္လို႔ပဲ ေျပာခ်င္ပါတယ္"

ဘယ္လိုကိစၥမ်ိဳးေတြမွာ ထိခိုက္မႈေတြ ရွိလာႏိုင္လည္းဆိုတာကိုေတာ့ တိတိက်က် ေျပာဆိုတာမရွိပါဘူး။ လူ႔အခြင့္အေရးလႈပ္ရွားေနတဲ့ အဖြဲ႕ေတြကေတာ့ ဦးေဝွ႔တင္းကို ဖမ္းဆီးထားတာဟာ ႏိုင္ငံတကာ လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာ ဥပေဒေတြကို AA အဖြဲ႕က ခ်ိဳးေဖာက္ရာေရာက္ေၾကာင္း ေဝဖန္ေျပာဆိုခ်က္ေတြရွိပါတယ္။

ေဒါက္တာ မ်ိဳးၫြန႔္က ပါတီအေနနဲ႔ လုံၿခဳံေရးနဲ႔ပတ္သက္ၿပီး အထူးတလည္ လုပ္ေပးႏိုင္တာမရွိတဲ့အတြက္ ပါတီဝင္ေတြနဲ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြအေနနဲ႔ မိမိလုံၿခဳံေရးကို ကိုယ္တိုင္ဂ႐ုစိုက္ၾကဖို႔ပဲရွိတယ္လို႔လည္း ဆိုပါတယ္။

ရကၡိဳင့္တပ္ေတာ္ AA ကေတာ့ ဦးေဝွ႔တင္းကို ဖမ္းဆီးထားတာဟာ ရခိုင္၊ ခူမီး၊ ၿမိဳ၊ သက္၊ ျမ၊ လင္းႀကံတို႔အျပင္ အျခားေသာ လူနည္းစု မ်ိဳးႏြယ္စုေတြအၾကား အမုန္းစကားေတြေျပာဆိုၿပီး ေသြးခြဲလႈံ႕ေဆာ္ေနတာ၊ ရခိုင္မ်ိဳးႏြယ္စုေတြအေပၚ ႏွိပ္ကြပ္ဖို႔ႀကိဳးစားေနတာ၊ ရကၡိဳင့္တပ္ေတာ္ရဲ႕ စစ္ေရးက႑ေတြကို အေႏွာင့္အယွက္ျပဳဖို႔ႀကိဳးစားတာ၊ ပလက္ဝထဲက ရခိုင္လူမ်ိဳးေတြကို ရကၡိဳင့္တပ္ေတာ္နဲ႔ ဆက္စပ္ပတ္သက္ေနတယ္ဆိုတဲ့ တိုင္တန္းခ်က္ေတြနဲ႔ အခက္ႀကဳံေအာင္ျပဳလုပ္ေနတာ၊ ျမန္မာ့တပ္မေတာ္ရဲ႕ လက္ကိုင္တုတ္အျဖစ္ လုပ္ေဆာင္ေနတာ စတာေတြေၾကာင့္ျဖစ္တယ္လို႔ မေန႔က ေန႔စြဲနဲ႔ ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

သူလုပ္ထားတဲ့ အခ်က္အလက္ေတြနဲ႔ပတ္သက္ၿပီးေတာ့ ကြၽန္ေတာ္တို႔ သူ႔ဆီကေနၿပီးေတာ့ ခိုင္မာတဲ့အေထာက္အထားေတြကို သိမ္းဆည္းရရွိထားၿပီးျဖစ္တယ္ဆိုေတာ့ ဒီကိစၥေတြအေပၚမွာလည္း ဆက္ၿပီးေတာ့ လိုအပ္တဲ့ စုံစမ္းစစ္ေဆးမႈေတြကို ထပ္လုပ္ေနတာရွိတယ္၊ ဒီၾကားထဲမွာေတာ့ သူနဲ႔ပတ္သက္ၿပီးေတာ့ ဘယ္လိုဆုံးျဖတ္မယ္ဆိုတာေတာ့ စုံစမ္းစစ္ေဆးမႈၿပီးသြားမွပဲ ေျပာလို႔ရမယ္ဗ်၊ ကြၽန္ေတာ္တို႔က စုံစမ္းစစ္ေဆးေနဆဲကာလ ျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ အဲဒီအေထာက္အထားေတြကိစၥ ဘာမွေျပာလို႔မရေသးဘူး၊ ဒါေပမဲ့ ကြၽန္ေတာ္တို႔လက္ထဲမွာ သူလုပ္ထားတဲ့ကိစၥေတြနဲ႔ပတ္သက္ၿပီးေတာ့ အေထာက္အထားေတြ အခိုင္အမာေတာ့ ရရွိထားၿပီဆိုတာေတာ့ ေျပာလို႔ရတယ္"

ရကၡိဳင့္တပ္ေတာ္ AA ရဲ႕ ျပန္ၾကားေရးတာဝန္ခံ ခိုင္သုခ ေျပာသြားတာပါ။

ျပည္သူကေ႐ြးခ်ယ္ထားတဲ့ ကိုယ္စားလွယ္ျဖစ္လို႔ မဖမ္းဆီးရဘူးဆိုတာနဲ႔ သူေျပာတိုင္း လက္ခံရမယ္ဆိုတာကို AA ဘက္ကလက္မခံသလို AA ရဲ႕  မူဝါဒေတြျဖစ္တဲ့ ဘာသာေရးလူမ်ိဳးေရးကိုအေျခခံၿပီး ခြဲျခားတာ၊ ပဋိပကၡျဖစ္ေအာင္ ဖန္တီးတာေတြကိုလည္း လုံးဝလက္မခံေၾကာင္းနဲ႔ အဲလိုလုပ္တဲ့သူေတြကိုလည္း သည္းမခံဘဲ လိုအပ္သလို စစ္ေဆးအေရးယူတာေတြ ဆက္လုပ္ေဆာင္သြားမယ္လို႔ ခိုင္သုခ ကဆိုပါတယ္။

ဦးေဝွ႔တင္းကို ဖမ္းဆီးတာ အျမန္ဆုံးျပန္လႊတ္ေပးဖို႔ ခ်င္းလူ႔အဖြဲ႕အစည္း ၄၃ ဖြဲ႕ကလည္း မေန႔က ပူးတြဲေၾကညာခ်က္ ထုတ္ျပန္ၿပီးေတာင္းဆိုထားပါတယ္။

ဘယ္လိုအေၾကာင္းျပခ်က္နဲ႔ျဖစ္ျဖစ္ အျပစ္မဲ့ျပည္သူေတြကို ပစ္မွတ္ထားၿပီး အၾကမ္းဖက္မႈက်ဴးလြန္တာဟာ အျပည္ျပည္ဆိုင္ရာ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာဥပေဒေတြအရ ရာဇဝတ္မႈေျမာက္တယ္လို႔ ခ်င္းအလူ႔အဖြဲ႕အစည္းေတြက သတိေပးထားပါတယ္။

လက္ရွိ ခ်င္းလူမ်ိဳးေတြနဲ႔ ရခိုင္လူမ်ိဳးအၾကား ယုံၾကည္မႈလည္း ေလ်ာ့က်လာေနၿပီး မလိုလားအပ္တဲ့ လူမ်ိဳးေရးပဋိပကၡေတြ ျဖစ္လာႏိုင္တဲ့အတြက္ ဦးေဝွ႔တင္းကို အျမန္ဆုံးလႊတ္ေပးေစခ်င္တယ္လို႔ ေၾကညာခ်က္ထုတ္ျပန္ရာမွာပါဝင္တဲ့ ခ်င္းလူ႔အခြင့္အေရးအဖြဲ႕ သတင္းနဲ႔အခ်က္အလက္ရွာေဖြေရး တာဝန္ခံ ဆလိုင္းေတရက RFA ကိုေျပာပါတယ္။

"တကယ္လို႔မ်ား အဲလိုလႊတ္ေပးျခင္းမရွိပဲနဲ႔ဆိုရင္ မလိုအပ္တဲ့ျပႆနာေတြ ကြၽန္ေတာ္တို႔ ရခိုင္နဲ႔ ခ်င္းအၾကားျဖစ္မွာဆိုးတယ္၊ ကြၽန္ေတာ္တို႔ အဲဒါအရမ္းစိုးရိမ္ေနရတယ္ေပါ့ေနာ္၊ အဲဒါေၾကာင့္ျဖစ္ႏိုင္လို႔ရွိရင္ AA အဖြဲ႕အေနနဲ႔ အျမန္ဆုံးလႊတ္ေပးေစခ်င္တယ္၊ တကယ္လို႔မ်ားအဲ့တာ မလႊတ္ေပးလို႔ရွိရင္ ဟုတ္ကဲ့ေျပာလို႔မရဘူးေနာ္ လူမ်ိဳးေရးလည္းျဖစ္ႏိုင္တယ္ အဲဒါက၊ အခုဆိုလို႔ရွိရင္ ရခိုင္နဲ႔ ကြၽန္ေတာ္တို႔ ခ်င္းအၾကားမွာ ယုံၾကည္မႈလည္း ကြၽန္ေတာ္တို႔ ေလ်ာ့က်လာမယ္၊ ၿပီးေတာ့ အဲ့လိုျဖစ္ႏိုင္တာေပါ့ေနာ္"

ခ်င္းလူ႔အဖြဲ႕အစည္းေတြအေနနဲ႔ကေတာ့ ဦးေဝွ႔တင္းကို အျမန္ဆုံးလႊတ္ေပးဖို႔ ေတာင္းဆိုမႈေတြ ဆက္လက္လုပ္ေဆာင္သြားမယ္လို႔လည္း ဆလိုင္းေတရက ဆိုပါတယ္။

ဦးေဝွ႔တင္းအေနနဲ႔ AA အေပၚ  ႏိုင္ငံတကာမွာ ဂုဏ္သိကၡာ က်ဆင္းေစရန္ရည္႐ြယ္ခ်က္ေတြ Social Media ေတြေပၚမွာ မဟုတ္မမွန္ေရးသားတာ၊ တပ္မေတာ္ရဲ႕ ဝါဒျဖန႔္အေရးအသားေတြကို ထပ္ဆင့္ျဖန႔္ေဝတာ၊ ျမန္မာ့တပ္မေတာ္ရဲ႕ ပလက္ဝေဒသအတြင္း စစ္ရာဇဝတ္က်ဴးလြန္ထားတာေတြကို ဖုံးဖိထားၿပီး AA အေပၚ အျပစ္ေတြပုံခ်ဖို႔လုပ္ေဆာင္ေနတာနဲ႔ ရကၡိဳင့္တပ္ေတာ္ ဆန႔္က်င္ေရးလုပ္ငန္းေတြမွာ ပါဝင္ပတ္ေနတယ္လို႔ AA က ေၾကညာခ်က္မွာ ထည့္သြင္းစြပ္စြဲထားပါတယ္။

ဦးေဝွ႔တင္း ျပန္လြတ္ဖို႔အတြက္ တပ္မေတာ္ကပဲ လႈပ္ရွားမွရမွာျဖစ္ၿပီး ရဲတပ္ဖြဲ႕အေနနဲ႔ ဘယ္လိုမွ လႈပ္ရွားကူညီေပးလို႔မရတဲ့အတြက္ ျပည္ေထာင္စုလႊတ္ေတာ္နဲ႔ ကာကြယ္ေရးဌာန ျပည္ထဲေရးဌာနေတြဆီ စာေပးပို႔ အကူအညီေတာင္းထားတယ္လို႔ ခ်င္းျပည္နယ္အစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ စည္ပင္သာယာေရးဝန္ႀကီး ဦးစိုးထက္က ေျပာပါတယ္။

"ကြၽန္ေတာ္တို႔ ျပည္နယ္အစိုးရအဖြဲ႕အေနနဲ႔ကေတာ့ ျပည္ေထာင္စုကို တင္ထားပါတယ္ခင္ဗ်၊ ျပည္ေထာင္စုကိုတင္တယ္ တစ္ဆက္စပ္တည္းပဲ ကြၽန္ေတာ္တို႔ ကာကြယ္ေရး ျပည္ထဲေရး အဲ့လိုမ်ိဳးေတြကိုလည္း မိတၱဴေပးၿပီး တင္ျပထားပါတယ္ခင္ဗ်၊ ေျမျပင္မွာကေတာ့ ကြၽန္ေတာ္တို႔ ဒါ့ထက္ပိုလုပ္လို႔မရ၊ ကြၽန္ေတာ္တို႔အစိုးရကေနၿပီးေတာ့ သက္ဆိုင္ရာကာကြယ္ေရးတို႔ ျပည္ထဲေရးကို တာဝန္ေပးၿပီးေတာ့ ေအာက္ေျခမွာ တပ္ကလႈပ္ရွားမွရမွာ၊ တပ္ကမဟုတ္ဘဲနဲ႔ ရဲက ဘယ္လိုမွလႈပ္ရွားလို႔မရဘူး၊ အဲဒီျဖစ္စဥ္ေတြကို ဘယ္လိုမွကူညီေပးလို႔မရတဲ့ အေနအထားျဖစ္ပါတယ္"

ဦးေဝွ႔တင္း အဖမ္းခံရမႈအေပၚ ျပည္ေထာင္စုႀကံ့ခိုင္ေရးပါတီက ႏိုဝင္ဘာလ ၈ ရက္ေန႔မွာထုတ္ျပန္ခဲ့တဲ့ ေၾကညာခ်က္မွာ AA အဖြဲ႕အေနနဲ႔ ရခိုင္ျပည္နယ္မွာစၿပီးလႈပ္ရွားခ်ိန္ကတည္းက အရပ္သားေတြအေပၚ အၾကမ္းဖက္တာ၊ ဥပေဒမဲ့ဖမ္းဆီးခ်ဳပ္ေႏွာင္တာနဲ႔ သတ္ျဖတ္တာေတြကိုမ်ားစြာ လုပ္ေဆာင္ခဲ့တဲ့အတြက္ ျပည္သူလူထုရဲ႕ အသက္အိုးအိမ္ကိုကာကြယ္ေစာင့္ေရွာက္ႏိုင္ေရး အစိုးရက ထိေရာက္ျပတ္သားတဲ့အစီအမံခ်မွတ္ၿပီး အျမန္ဆုံးထိန္းခ်ဳပ္ေဆာာင္႐ြက္ဖို႔ တိုက္တြန္းထားပါတယ္။

ဒါေပမဲ့ NLD ပါတီကေတာ့ ဦးေဝွ႔တင္း အဖမ္းခံရမႈကို ျပင္းထန္စြာရႈံ႕ခ်ေၾကာင္းနဲ႔ ဖမ္းဆီးထားသူေတြအေနနဲ႔ အျမန္ဆုံးျပန္လႊတ္ေပးဖို႔ ႏိုဝင္ဘာလ ၉ ရက္ေန႔မွာ ေၾကညာခ်က္ထုတ္ျပန္တိုက္တြန္းခဲ့ေပမယ့္ AA အဖြဲ႕ဆိုတာကို ထည့္သြင္းမေဖာ္ျပခဲ့ပါဘူး။

ဦးေဝွ႔တင္းကိစၥအတြက္ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကို RFA က ဆက္သြယ္ေပမယ့္ ဖုန္းစက္ပိတ္ထားတဲ့အတြက္ ေခၚဆိုလို႔မရပါဘူး။

အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဝွ႔တင္းဟာ ႏိုဝင္ဘာ ၃ ရက္ မနက္ပိုင္းက ပလက္ဝၿမိဳ႕နယ္ကေန ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕ကိုအလာ အိႏၵိယႏိုင္ငံသားေတြနဲ႔အတူ ေက်ာက္တန္း႐ြာအနီးမွာ AA အဖြဲ႕ရဲ႕ ဖမ္းဆီးေခၚေဆာင္ျခင္းကို ခံခဲ့ရတာပါ။

ဖမ္းဆီးေခၚေဆာင္ခံခဲ့ရသူေတြထဲက အိႏၵိယႏိုင္ငံသားေတြကို ေနာက္ရက္မွာ ျပန္လႊတ္ေပးခဲ့ေပမယ့္ အဲ့ဒီအထဲက အိႏၵိယႏိုင္ငံသားတစ္ေယာက္ကေတာ့ ေသဆုံးခဲ့ပါတယ္။

တပ္မေတာ္က ရရွိထားတဲ့စာရင္းေတြအရဆိုရင္ ေ႐ႊနဒီ အျမန္ေရယာဥ္ေပၚက ဖမ္းဆီးခံထားရသူ အေယာက္ ၃၀ နီးပါးနဲ႔ NLD လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဝွ႔တင္း အပါအဝင္ ပလက္ဝဘက္က ဖမ္းဆီးထားတဲ့သူ အေယာက္ ၂၀ စုစုေပါင္း အေယာက္ ၅၀ ေက်ာ္ AA အဖြဲ႕လက္ထဲမွာ က်န္ရွိေနေသးတယ္လို႔ သိရပါတယ္။

ရခိုင္ျပည္နယ္မွာ တပ္မေတာ္နဲ႔ AA တို႔ တိုက္ပြဲေတြျဖစ္ပြားေနတာ တစ္ႏွစ္နီးပါး ရွိေနၿပီျဖစ္ၿပီး ႏွစ္ဘက္တပ္က ဖမ္းဆီးစစ္ေဆးခဲ့သူ ေဒသခံေတြ ရာနဲ႔ခ်ီ ရွိေနပါတယ္။ စာရင္းအတိအက်ကိုေတာ့ တပ္မေတာ္နဲ႔ AA က အတိအက် ထုတ္ျပန္ေျပာဆိုတာ မရွိပါဘူး။

အရပ္ဖက္အဖြဲ႕အစည္းေတြက ေကာက္ယူထားတဲ့ စာရင္းေတြအရေတာ့ တိုက္ပြဲေတြေၾကာင့္ ေဒသခံ ခုႏွစ္ေသာင္းေက်ာ္ ေနရပ္စြန႔္ခြာ ထြက္ေျပးေနရၿပီး ေသဆုံးတဲ့အရပ္သား ၉၀ နီးပါးနဲ႔ ဒဏ္ရာရရွိတဲ့အရပ္သား ၁၃၀ ေက်ာ္ရွိေနပါတယ္။

RFA Burmese
https://www.rfa.org
---------------
(Unicode)⤵⤵⤵
ချင်းအမတ်ကိုလွှတ်မပေးရင် AA အတွက် ထိခိုက်မှုရှိလာနိုင်ဟု NLD ပြော

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း ကို လွှတ်တော်မှာတွေ့ရစဉ်
Photo: Pyidaungsu Hluttaw

ရက္ခိုင့်တပ်တော် AA အနေနဲ့ ပလက်ဝမြို့နယ် ကိုယ်စားပြု ချင်းပြည်နယ် အမှတ် ၁၁ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဖမ်းဆီးထားတာကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ AA ရဲ့ ကြေညာချက်မှာပါသလို သက်သေအထောက်အထားတွေ တွေ့တယ်ဆိုရင်လည်း အများပြည်သူသိအောင်ချပြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်

ဒီလိုမှမဟုတ်ဘဲ တော်လှန်ရေးကာလဆိုပြီး ကိုယ့်ဘာသာစည်းကမ်းတွေ သတ်မှတ်လုပ်သွားရင်တော့ အဖွဲ့အစည်းအတွက် ထိခိုက်နစ်နာလိမ့်မယ်လို့ ဒေါက်တာ မျိုးညွန့်က ပြောလိုက်ပါတယ်။

"ဦးဝှေ့တင်းဟာ လွှတ်တော်ကနေပြီးတော့ သူ့ရဲ့မွေးရပ်ဇာတိ သူ့ရဲ့ မဲဆန္ဒနယ်မြေကို ပြန်တာပဲဖြစ်ပါတယ်၊ အဲတော့ ဒီပြန်တဲ့အပြန်ခရီးမှာ အထောက်အထားတွေ AA ကတွေ့တယ်ဆိုရင်လည်း ဒါအများသိအောင် ထုတ်ပြောသင့်ပါတယ်၊ ဒီလိုထုတ်မပြောပဲနဲ့ တော်လှန်ရေးကာလဖြစ်တဲ့အတွက် မိမိတို့ လုပ်သင့်တာလုပ်မယ်လို့ပြောတာကတော့ မသင့်တော်ပါဘူး၊ ဦးဝှေ့တင်းဟာ စစ်တိုက်နေတဲ့ စစ်သားတစ်ဦး မဟုတ်ပါဘူး၊ သူ့အပေါ် စွပ်စွဲထားတဲ့ စွပ်စွဲချက်တွေကိုလည်း သူ့မှာ ပြန်လည်ဖြေရှင်းခွင့်ရှိသင့်ပါတယ်၊ ဒီလိုမှမဟုတ်ဘဲနဲ့ တစ်ဖက်သတ် စွပ်စွဲလုပ်ဆောင်မယ်ဆိုရင်တော့ ဖမ်းဆီးထားတဲ့အဖွဲ့အစည်းဟာ အချိန်ကြာတဲ့အမျှ ဦးဝှေ့တင်းရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်အတွက် လုံးဝတာဝန်ရှိသွားပါတယ်၊ လက်နက်ကိုင်ပြီး နှစ်ဘက်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေကြားမှာတောင် လိုက်နာရမယ့် စည်းကမ်းတွေရှိပါတယ်၊ တော်လှန်ရေးကာလဖြစ်တဲ့အတွက်ဆိုပြီးတော့ မိမိတို့ဘာသာစည်းကမ်းတွေ သတ်မှတ်ပြီးလုပ်သွားမယ်ဆိုရင်တော့ ဒါအဖွဲ့အစည်းအတွက် ထိခိုက်နစ်နာပါလိမ့်မယ်လို့ပဲ ပြောချင်ပါတယ်"

ဘယ်လိုကိစ္စမျိုးတွေမှာ ထိခိုက်မှုတွေ ရှိလာနိုင်လည်းဆိုတာကိုတော့ တိတိကျကျ ပြောဆိုတာမရှိပါဘူး။ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေကတော့ ဦးဝှေ့တင်းကို ဖမ်းဆီးထားတာဟာ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို AA အဖွဲ့က ချိုးဖောက်ရာရောက်ကြောင်း ဝေဖန်ပြောဆိုချက်တွေရှိပါတယ်။

ဒေါက်တာ မျိုးညွန့်က ပါတီအနေနဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး အထူးတလည် လုပ်ပေးနိုင်တာမရှိတဲ့အတွက် ပါတီဝင်တွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ မိမိလုံခြုံရေးကို ကိုယ်တိုင်ဂရုစိုက်ကြဖို့ပဲရှိတယ်လို့လည်း ဆိုပါတယ်။

ရက္ခိုင့်တပ်တော် AA ကတော့ ဦးဝှေ့တင်းကို ဖမ်းဆီးထားတာဟာ ရခိုင်၊ ခူမီး၊ မြို၊ သက်၊ မြ၊ လင်းကြံတို့အပြင် အခြားသော လူနည်းစု မျိုးနွယ်စုတွေအကြား အမုန်းစကားတွေပြောဆိုပြီး သွေးခွဲလှုံ့ဆော်နေတာ၊ ရခိုင်မျိုးနွယ်စုတွေအပေါ် နှိပ်ကွပ်ဖို့ကြိုးစားနေတာ၊ ရက္ခိုင့်တပ်တော်ရဲ့ စစ်ရေးကဏ္ဍတွေကို အနှောင့်အယှက်ပြုဖို့ကြိုးစားတာ၊ ပလက်ဝထဲက ရခိုင်လူမျိုးတွေကို ရက္ခိုင့်တပ်တော်နဲ့ ဆက်စပ်ပတ်သက်နေတယ်ဆိုတဲ့ တိုင်တန်းချက်တွေနဲ့ အခက်ကြုံအောင်ပြုလုပ်နေတာ၊ မြန်မာ့တပ်မတော်ရဲ့ လက်ကိုင်တုတ်အဖြစ် လုပ်ဆောင်နေတာ စတာတွေကြောင့်ဖြစ်တယ်လို့ မနေ့က နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

သူလုပ်ထားတဲ့ အချက်အလက်တွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ သူ့ဆီကနေပြီးတော့ ခိုင်မာတဲ့အထောက်အထားတွေကို သိမ်းဆည်းရရှိထားပြီးဖြစ်တယ်ဆိုတော့ ဒီကိစ္စတွေအပေါ်မှာလည်း ဆက်ပြီးတော့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ထပ်လုပ်နေတာရှိတယ်၊ ဒီကြားထဲမှာတော့ သူနဲ့ပတ်သက်ပြီးတော့ ဘယ်လိုဆုံးဖြတ်မယ်ဆိုတာတော့ စုံစမ်းစစ်ဆေးမှုပြီးသွားမှပဲ ပြောလို့ရမယ်ဗျ၊ ကျွန်တော်တို့က စုံစမ်းစစ်ဆေးနေဆဲကာလ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဲဒီအထောက်အထားတွေကိစ္စ ဘာမှပြောလို့မရသေးဘူး၊ ဒါပေမဲ့ ကျွန်တော်တို့လက်ထဲမှာ သူလုပ်ထားတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ အထောက်အထားတွေ အခိုင်အမာတော့ ရရှိထားပြီဆိုတာတော့ ပြောလို့ရတယ်"

ရက္ခိုင့်တပ်တော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ ပြောသွားတာပါ။

ပြည်သူကရွေးချယ်ထားတဲ့ ကိုယ်စားလှယ်ဖြစ်လို့ မဖမ်းဆီးရဘူးဆိုတာနဲ့ သူပြောတိုင်း လက်ခံရမယ်ဆိုတာကို AA ဘက်ကလက်မခံသလို AA ရဲ့  မူဝါဒတွေဖြစ်တဲ့ ဘာသာရေးလူမျိုးရေးကိုအခြေခံပြီး ခွဲခြားတာ၊ ပဋိပက္ခဖြစ်အောင် ဖန်တီးတာတွေကိုလည်း လုံးဝလက်မခံကြောင်းနဲ့ အဲလိုလုပ်တဲ့သူတွေကိုလည်း သည်းမခံဘဲ လိုအပ်သလို စစ်ဆေးအရေးယူတာတွေ ဆက်လုပ်ဆောင်သွားမယ်လို့ ခိုင်သုခ ကဆိုပါတယ်။

ဦးဝှေ့တင်းကို ဖမ်းဆီးတာ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ချင်းလူ့အဖွဲ့အစည်း ၄၃ ဖွဲ့ကလည်း မနေ့က ပူးတွဲကြေညာချက် ထုတ်ပြန်ပြီးတောင်းဆိုထားပါတယ်။

ဘယ်လိုအကြောင်းပြချက်နဲ့ဖြစ်ဖြစ် အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားပြီး အကြမ်းဖက်မှုကျူးလွန်တာဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေတွေအရ ရာဇဝတ်မှုမြောက်တယ်လို့ ချင်းအလူ့အဖွဲ့အစည်းတွေက သတိပေးထားပါတယ်။

လက်ရှိ ချင်းလူမျိုးတွေနဲ့ ရခိုင်လူမျိုးအကြား ယုံကြည်မှုလည်း လျော့ကျလာနေပြီး မလိုလားအပ်တဲ့ လူမျိုးရေးပဋိပက္ခတွေ ဖြစ်လာနိုင်တဲ့အတွက် ဦးဝှေ့တင်းကို အမြန်ဆုံးလွှတ်ပေးစေချင်တယ်လို့ ကြေညာချက်ထုတ်ပြန်ရာမှာပါဝင်တဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ သတင်းနဲ့အချက်အလက်ရှာဖွေရေး တာဝန်ခံ ဆလိုင်းတေရက RFA ကိုပြောပါတယ်။

"တကယ်လို့များ အဲလိုလွှတ်ပေးခြင်းမရှိပဲနဲ့ဆိုရင် မလိုအပ်တဲ့ပြဿနာတွေ ကျွန်တော်တို့ ရခိုင်နဲ့ ချင်းအကြားဖြစ်မှာဆိုးတယ်၊ ကျွန်တော်တို့ အဲဒါအရမ်းစိုးရိမ်နေရတယ်ပေါ့နော်၊ အဲဒါကြောင့်ဖြစ်နိုင်လို့ရှိရင် AA အဖွဲ့အနေနဲ့ အမြန်ဆုံးလွှတ်ပေးစေချင်တယ်၊ တကယ်လို့များအဲ့တာ မလွှတ်ပေးလို့ရှိရင် ဟုတ်ကဲ့ပြောလို့မရဘူးနော် လူမျိုးရေးလည်းဖြစ်နိုင်တယ် အဲဒါက၊ အခုဆိုလို့ရှိရင် ရခိုင်နဲ့ ကျွန်တော်တို့ ချင်းအကြားမှာ ယုံကြည်မှုလည်း ကျွန်တော်တို့ လျော့ကျလာမယ်၊ ပြီးတော့ အဲ့လိုဖြစ်နိုင်တာပေါ့နော်"

ချင်းလူ့အဖွဲ့အစည်းတွေအနေနဲ့ကတော့ ဦးဝှေ့တင်းကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ဆလိုင်းတေရက ဆိုပါတယ်။

ဦးဝှေ့တင်းအနေနဲ့ AA အပေါ်  နိုင်ငံတကာမှာ ဂုဏ်သိက္ခာ ကျဆင်းစေရန်ရည်ရွယ်ချက်တွေ Social Media တွေပေါ်မှာ မဟုတ်မမှန်ရေးသားတာ၊ တပ်မတော်ရဲ့ ဝါဒဖြန့်အရေးအသားတွေကို ထပ်ဆင့်ဖြန့်ဝေတာ၊ မြန်မာ့တပ်မတော်ရဲ့ ပလက်ဝဒေသအတွင်း စစ်ရာဇဝတ်ကျူးလွန်ထားတာတွေကို ဖုံးဖိထားပြီး AA အပေါ် အပြစ်တွေပုံချဖို့လုပ်ဆောင်နေတာနဲ့ ရက္ခိုင့်တပ်တော် ဆန့်ကျင်ရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်နေတယ်လို့ AA က ကြေညာချက်မှာ ထည့်သွင်းစွပ်စွဲထားပါတယ်။

ဦးဝှေ့တင်း ပြန်လွတ်ဖို့အတွက် တပ်မတော်ကပဲ လှုပ်ရှားမှရမှာဖြစ်ပြီး ရဲတပ်ဖွဲ့အနေနဲ့ ဘယ်လိုမှ လှုပ်ရှားကူညီပေးလို့မရတဲ့အတွက် ပြည်ထောင်စုလွှတ်တော်နဲ့ ကာကွယ်ရေးဌာန ပြည်ထဲရေးဌာနတွေဆီ စာပေးပို့ အကူအညီတောင်းထားတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

"ကျွန်တော်တို့ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ကတော့ ပြည်ထောင်စုကို တင်ထားပါတယ်ခင်ဗျ၊ ပြည်ထောင်စုကိုတင်တယ် တစ်ဆက်စပ်တည်းပဲ ကျွန်တော်တို့ ကာကွယ်ရေး ပြည်ထဲရေး အဲ့လိုမျိုးတွေကိုလည်း မိတ္တူပေးပြီး တင်ပြထားပါတယ်ခင်ဗျ၊ မြေပြင်မှာကတော့ ကျွန်တော်တို့ ဒါ့ထက်ပိုလုပ်လို့မရ၊ ကျွန်တော်တို့အစိုးရကနေပြီးတော့ သက်ဆိုင်ရာကာကွယ်ရေးတို့ ပြည်ထဲရေးကို တာဝန်ပေးပြီးတော့ အောက်ခြေမှာ တပ်ကလှုပ်ရှားမှရမှာ၊ တပ်ကမဟုတ်ဘဲနဲ့ ရဲက ဘယ်လိုမှလှုပ်ရှားလို့မရဘူး၊ အဲဒီဖြစ်စဉ်တွေကို ဘယ်လိုမှကူညီပေးလို့မရတဲ့ အနေအထားဖြစ်ပါတယ်"

ဦးဝှေ့တင်း အဖမ်းခံရမှုအပေါ် ပြည်ထောင်စုကြံ့ခိုင်ရေးပါတီက နိုဝင်ဘာလ ၈ ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ AA အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်မှာစပြီးလှုပ်ရှားချိန်ကတည်းက အရပ်သားတွေအပေါ် အကြမ်းဖက်တာ၊ ဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်တာနဲ့ သတ်ဖြတ်တာတွေကိုများစွာ လုပ်ဆောင်ခဲ့တဲ့အတွက် ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကိုကာကွယ်စောင့်ရှောက်နိုင်ရေး အစိုးရက ထိရောက်ပြတ်သားတဲ့အစီအမံချမှတ်ပြီး အမြန်ဆုံးထိန်းချုပ်ဆောာင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

ဒါပေမဲ့ NLD ပါတီကတော့ ဦးဝှေ့တင်း အဖမ်းခံရမှုကို ပြင်းထန်စွာရှုံ့ချကြောင်းနဲ့ ဖမ်းဆီးထားသူတွေအနေနဲ့ အမြန်ဆုံးပြန်လွှတ်ပေးဖို့ နိုဝင်ဘာလ ၉ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်တိုက်တွန်းခဲ့ပေမယ့် AA အဖွဲ့ဆိုတာကို ထည့်သွင်းမဖော်ပြခဲ့ပါဘူး။

ဦးဝှေ့တင်းကိစ္စအတွက် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ပေမယ့် ဖုန်းစက်ပိတ်ထားတဲ့အတွက် ခေါ်ဆိုလို့မရပါဘူး။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းဟာ နိုဝင်ဘာ ၃ ရက် မနက်ပိုင်းက ပလက်ဝမြို့နယ်ကနေ ရခိုင်ပြည်နယ် ကျောက်တော်မြို့ကိုအလာ အိန္ဒိယနိုင်ငံသားတွေနဲ့အတူ ကျောက်တန်းရွာအနီးမှာ AA အဖွဲ့ရဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရတာပါ။

ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသူတွေထဲက အိန္ဒိယနိုင်ငံသားတွေကို နောက်ရက်မှာ ပြန်လွှတ်ပေးခဲ့ပေမယ့် အဲ့ဒီအထဲက အိန္ဒိယနိုင်ငံသားတစ်ယောက်ကတော့ သေဆုံးခဲ့ပါတယ်။

တပ်မတော်က ရရှိထားတဲ့စာရင်းတွေအရဆိုရင် ရွှေနဒီ အမြန်ရေယာဉ်ပေါ်က ဖမ်းဆီးခံထားရသူ အယောက် ၃၀ နီးပါးနဲ့ NLD လွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း အပါအဝင် ပလက်ဝဘက်က ဖမ်းဆီးထားတဲ့သူ အယောက် ၂၀ စုစုပေါင်း အယောက် ၅၀ ကျော် AA အဖွဲ့လက်ထဲမှာ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေဖြစ်ပွားနေတာ တစ်နှစ်နီးပါး ရှိနေပြီဖြစ်ပြီး နှစ်ဘက်တပ်က ဖမ်းဆီးစစ်ဆေးခဲ့သူ ဒေသခံတွေ ရာနဲ့ချီ ရှိနေပါတယ်။ စာရင်းအတိအကျကိုတော့ တပ်မတော်နဲ့ AA က အတိအကျ ထုတ်ပြန်ပြောဆိုတာ မရှိပါဘူး။

အရပ်ဖက်အဖွဲ့အစည်းတွေက ကောက်ယူထားတဲ့ စာရင်းတွေအရတော့ တိုက်ပွဲတွေကြောင့် ဒေသခံ ခုနှစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး သေဆုံးတဲ့အရပ်သား ၉၀ နီးပါးနဲ့ ဒဏ်ရာရရှိတဲ့အရပ်သား ၁၃၀ ကျော်ရှိနေပါတယ်။

RFA Burmese
https://www.rfa.org
ခ်င္းအမတ္ကိုလႊတ္မေပးရင္ AA အတြက္ ထိခိုက္မႈရွိလာႏိုင္ဟု NLD ေျပာ ခ်င္းအမတ္ကိုလႊတ္မေပးရင္ AA အတြက္ ထိခိုက္မႈရွိလာႏိုင္ဟု NLD ေျပာ Reviewed by THITHTOOLWIN on 21:39 Rating: 5
Powered by Blogger.