ဟန္ေဂရီ ႏိုင္ငံက 5G အေကာင္အထည္ေဖာ္မႈ အေပၚ Huawei ႏွင့္ ပူးေပါင္းသြားမည္

ဟန္ေဂရီ ႏိုင္ငံ ၊ ၿမိဳ႕ေတာ္ ဘူဒါပတ္အား ေတြ႕ရစဥ္(ဆင္ဟြာ)
(Zawgyi)⤵⤵⤵
    ဘူဒါပတ္ ၊ ႏိုဝင္ဘာ ၆ ရက္(ဆင္ဟြာ)

ဟန္ေဂရီ ႏိုင္ငံက 5G ကြန္ရက္ တည္ေဆာက္ရန္ တ႐ုတ္ ဆက္သြယ္ေရး ကုမၸဏီႀကီး ျဖစ္သည့္ Huawei ႏွင့္ ပူးေပါင္း သြားမည္ ျဖစ္ေၾကာင္း ဟန္ေဂရီ ႏိုင္ငံျခားေရး ႏွင့္ ကုန္သြယ္ေရး ဝန္ႀကီး Peter Szijjarto ၏ ေၾကညာ ခ်က္ကို ကိုးကား၍ ဟန္ေဂရီ သတင္းေအဂ်င္စီ MTI က ႏိုဝင္ဘာ ၅ ရက္တြင္ ေရးသား ေဖာ္ျပခဲ့သည္။

ဝန္ႀကီး Peter Szijjarto က ယင္းမွတ္ခ်က္ကို ႏိုဝင္ဘာ ၅ ရက္တြင္ ရွန္ဟိုင္းၿမိဳ႕၌ စတင္ က်င္းပခဲ့ေသာ ဒုတိယ အႀကိမ္ေျမာက္ တ႐ုတ္ႏိုင္ငံတကာ သြင္းကုန္ ျပပြဲ(CIIE)ႏွင့္ တၿပိဳင္တည္း က်င္းပသည့္ ဒုတိယ အႀကိမ္ Hongqiao အျပည္ျပည္ ဆိုင္ရာ စီးပြားေရး ဖိုရမ္တြင္ ေျပာၾကားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“ဟန္ေဂရီ ႏိုင္ငံက ဘယ္ကုမၸဏီကို မဆို သူတို႔ရဲ႕ လူမ်ိဳးအေပၚမွာ အေျခခံၿပီး ခြဲျခား ဆက္ဆံတာ မရွိပါဘူး။ ဟန္ေဂရီနဲ႔ စီးပြားေရး လုပ္ေဖာ္ကိုင္ဖက္ ျဖစ္လာဖို႔ အတြက္ ေဒသဆိုင္ရာ ဉပေဒေတြနဲ႔ စည္းမ်ဥ္းေတြကို လိုက္နာျခင္းကသာ တစ္ခုတည္းေသာ သတ္မွတ္ခ်က္ ျဖစ္ပါတယ္။”၎က ေၾကညာခဲ့သည္။

ဟန္ေဂရီ ႏိုင္ငံ၌ 5G ကြန္ရက္ တည္ေဆာက္ေရးတြင္ Huawei က Vodafone ၊ Deutsche Telekom တို႔ႏွင့္ အတူတကြ လုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း ဝန္ႀကီး Peter Szijjarto က ေျပာသည္။

ဟန္ေဂရီ ႏိုင္ငံမွာ ဉေရာပ သမဂၢ အဖြဲ႕ဝင္ ႏိုင္ငံမ်ား အၾကားတြင္ ဒီဂ်စ္တယ္ စနစ္ အသုံးျပဳ ေဆာင္႐ြက္ျခင္းက ေရွ႕ဆုံး၌ ရွိေနေၾကာင္း ၊ ဟန္ေဂရီ ႏိုင္ငံ အစိုးရက  ကုန္က်စရိတ္မ်ားကို ေလွ်ာ့ခ်ေနခ်ိန္တြင္ အေသးစား ႏွင့္ အလတ္စား စီးပြားေရး လုပ္ငန္းမ်ားကို တံခါးဖြင့္ေပးျခင္းျဖင့္ e-commerce ဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္ အလြန္ အေလးေပးထားေၾကာင္း ၎က ထည့္သြင္း ေျပာၾကားခဲ့သည္။

ဟန္ေဂရီ ႏိုင္ငံသည္ အခြန္စည္းၾကပ္မႈ အနည္းဆုံး ႏိုင္ငံ တစ္ခု ျဖစ္ၿပီး ႏိုင္ငံ အတြက္ နည္းပညာ အသစ္မ်ား ျဖစ္သည့္  အထူးသျဖင့္ စတုတၳေျမာက္ စက္မႈ ေတာ္လွန္ေရး (industry 4.0) ႏွင့္ အင္တာနက္ နည္းပညာမ်ား ကုမၸဏီခြဲမွ ကုမၸဏီႀကီးမ်ားစြာအထိ ကမ္းလွမ္းထားေၾကာင္း ၎က ေျပာၾကားခဲ့သည္။

(Xinhua)
http://www.xinhuamyanmar.com
--------------
(Unicode)⤵⤵⤵
ဟန်ဂေရီ နိုင်ငံက 5G အကောင်အထည်ဖော်မှု အပေါ် Huawei နှင့် ပူးပေါင်းသွားမည်

ဟန်ဂေရီ နိုင်ငံ ၊ မြို့တော် ဘူဒါပတ်အား တွေ့ရစဉ်(ဆင်ဟွာ) Europe

ဘူဒါပတ် ၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ)

ဟန်ဂေရီ နိုင်ငံက 5G ကွန်ရက် တည်ဆောက်ရန် တရုတ် ဆက်သွယ်ရေး ကုမ္ပဏီကြီး ဖြစ်သည့် Huawei နှင့် ပူးပေါင်း သွားမည် ဖြစ်ကြောင်း ဟန်ဂေရီ နိုင်ငံခြားရေး နှင့် ကုန်သွယ်ရေး ဝန်ကြီး Peter Szijjarto ၏ ကြေညာ ချက်ကို ကိုးကား၍ ဟန်ဂေရီ သတင်းအေဂျင်စီ MTI က နိုဝင်ဘာ ၅ ရက်တွင် ရေးသား ဖော်ပြခဲ့သည်။

ဝန်ကြီး Peter Szijjarto က ယင်းမှတ်ချက်ကို နိုဝင်ဘာ ၅ ရက်တွင် ရှန်ဟိုင်းမြို့၌ စတင် ကျင်းပခဲ့သော ဒုတိယ အကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန် ပြပွဲ(CIIE)နှင့် တပြိုင်တည်း ကျင်းပသည့် ဒုတိယ အကြိမ် Hongqiao အပြည်ပြည် ဆိုင်ရာ စီးပွားရေး ဖိုရမ်တွင် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဟန်ဂေရီ နိုင်ငံက ဘယ်ကုမ္ပဏီကို မဆို သူတို့ရဲ့ လူမျိုးအပေါ်မှာ အခြေခံပြီး ခွဲခြား ဆက်ဆံတာ မရှိပါဘူး။ ဟန်ဂေရီနဲ့ စီးပွားရေး လုပ်ဖော်ကိုင်ဖက် ဖြစ်လာဖို့ အတွက် ဒေသဆိုင်ရာ ဉပဒေတွေနဲ့ စည်းမျဉ်းတွေကို လိုက်နာခြင်းကသာ တစ်ခုတည်းသော သတ်မှတ်ချက် ဖြစ်ပါတယ်။”၎င်းက ကြေညာခဲ့သည်။

ဟန်ဂေရီ နိုင်ငံ၌ 5G ကွန်ရက် တည်ဆောက်ရေးတွင် Huawei က Vodafone ၊ Deutsche Telekom တို့နှင့် အတူတကွ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဝန်ကြီး Peter Szijjarto က ပြောသည်။

ဟန်ဂေရီ နိုင်ငံမှာ ဉရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ အကြားတွင် ဒီဂျစ်တယ် စနစ် အသုံးပြု ဆောင်ရွက်ခြင်းက ရှေ့ဆုံး၌ ရှိနေကြောင်း ၊ ဟန်ဂေရီ နိုင်ငံ အစိုးရက  ကုန်ကျစရိတ်များကို လျှော့ချနေချိန်တွင် အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို တံခါးဖွင့်ပေးခြင်းဖြင့် e-commerce ဖွံ့ဖြိုးတိုးတက်ရေး အတွက် အလွန် အလေးပေးထားကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ဟန်ဂေရီ နိုင်ငံသည် အခွန်စည်းကြပ်မှု အနည်းဆုံး နိုင်ငံ တစ်ခု ဖြစ်ပြီး နိုင်ငံ အတွက် နည်းပညာ အသစ်များ ဖြစ်သည့်  အထူးသဖြင့် စတုတ္ထမြောက် စက်မှု တော်လှန်ရေး (industry 4.0) နှင့် အင်တာနက် နည်းပညာများ ကုမ္ပဏီခွဲမှ ကုမ္ပဏီကြီးများစွာအထိ ကမ်းလှမ်းထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား