YUPT ဘက္က ရွယ္ယာ အျမတ္ေငြ မခြဲေပးႏိုင္ေသးတဲ့အေပၚ ရွယ္ယာရွင္ေတြ ေျပာဆို

သုံးႏွစ္လုံးလုံး အျမတ္ေငြခြဲမေပးတဲ့အတြက္ ရွယ္ယာရွင္မ်ား ကန္႔ကြက္
Zawgyi
ရန္ကုန္ ၿမိဳ႕ျပ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရး အမ်ားႏွင့္ သက္ဆိုင္တဲ့ ကုမၸဏီ လီမိတက္ (YUPT Public Co.Ltd) ရဲ႕ ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္ ဒုတိယအႀကိမ္ ႏွစ္ပတ္လည္ အေထြေထြ အစည္းအေဝးပြဲကို ေအာက္တိုဘာလ ၃၀ ရက္မွာ ျပဳလုပ္ရာမွာ ရွယ္ယာရွင္ေတြက အျမတ္ေငြ ခြဲေဝဖို႔နဲ႔ ဒါ႐ိုက္တာအဖြဲ႕ဝင္ေတြကို ျပန္ေ႐ြးေကာက္ေပးဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။

ဒီေန႔လုပ္တဲ့ အစည္းအေဝးကို တက္ခဲ့တဲ့ ရွယ္ယာရွင္ တစ္ဦးျဖစ္တဲ့ ကိုေမာင္ေမာင္က " ကြၽန္ေတာ္တို႔ကို လစဥ္ေၾကး ပုံမွန္ေပးႏိုင္ရင္ေပး၊ မေပးႏိုင္ရင္ အခုကြၽန္ေတာ္တို႔ ကုမၸဏီမွာ အစိုးရက ၈၆ ရာခိုင္ႏႈန္း ၊ လုပ္ငန္းရွင္က ၁၄ ရာခိုင္ႏႈန္းျဖစ္ေနတယ္။ အစိုးရက ရွယ္ယာမ်ားေနတယ္။ အဲဒါမွ မေပးႏိုင္ဘူးဆိုလည္း ကြၽန္ေတာ္တို႔ရွယ္ယာေတြကို ဝယ္ယူလိုက္ပါ ။ ကြၽန္ေတာ္တို႔ ပိုက္ဆံေတြကို ျပန္အမ္းလိုက္ပါလို႔ ဒီႏွစ္ခ်က္ေတာင္းဆိုခဲ့တာပါ" လို႔ ေျပာပါတယ္။

ရန္ကုန္မွာ အမ်ားျပည္သူအတြက္ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ေျပးဆြဲေနတဲ့ မထသ ယာဥ္လိုင္းစနစ္ကို ဖ်က္သိမ္းၿပီး ေငြေပးေခ်တဲ့ စနစ္အပါအဝင္ နည္းပညာအကူအညီနဲ႔ ခရီးသည္လုံၿခဳံေရး ေစာင့္ၾကည့္စနစ္ေတြကို အဆင့္ဆင့္ ေျပာင္းလဲ လုပ္ေဆာင္သြားမယ္ဆိုၿပီးရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ဇန္နဝါရီလ ၁၆ ရက္ေန႔မွာ ရန္ကုန္ဘတ္စ္စကားစနစ္ (YBS) ကိုစတင္ေျပးဆြဲေစခဲ့ပါတယ္။

ကားလုပ္ငန္းပိုင္ရွင္ေတြကေတာ့ ဒီစနစ္ကို အဲဒီအခ်ိန္က ႀကိဳဆိုခဲ့ေပမယ့္ စီမံခန္႔ခြဲမႈပိုင္းမွာ လိုအပ္မႈေတြ ရွိေနတာကို ေထာက္ျပခဲ့ဖူးပါတယ္။

ဒါ့အျပင္ အက်ိဳးအျမတ္ခြဲေဝတဲ့အပိုင္းမွာ အာဏာပိုင္ေတြဘက္က စည္းကမ္းတက် ၾကပ္မတ္ေဆာင္႐ြက္ဖို႔ လိုအပ္တယ္လို႔ ေျပာၾကပါတယ္။

စတင္ေျပးဆြဲခဲ့စဥ္က ယာဥ္လိုင္းမလုံေလာက္မႈ နဲ႔ ယာဥ္စီးေရ မလုံေလာက္တဲ့ ျပႆနာအျပင္ အဆင့္ဆင့္စီးနင္းရတဲ့ လိုင္းေတြေၾကာင့္ ခရီးသည္ေတြ လမ္းေၾကာင္း မသိလို႔ အဆင္မေျပတာေတြ ျဖစ္ခဲ့ပါတယ္။

ရန္ကုန္တိုင္းအစိုးရဟာ ျပည္သူပိုင္ေငြက်ပ္ ၇၈ ဘီလီယံနဲ႔ ကားအစီးတစ္ေထာင္ဝယ္ယူခဲ့ၿပီး YBPC ကုမၸဏီကို ကားစီးေရ ၅၀ဝ၊ YUPT ကို ကားစီးေရ ၅၀ဝ ခြဲေဝကာ အမ်ားပိုင္ ကုမၸဏီ ႏွစ္ခု ထူေထာင္ၿပီး ေျပးဆြဲ မႈေတြ လုပ္ခဲ့တာျဖစ္ပါတယ္။

၂၀၁၇- ၂၀၁၈ ခုႏွစ္ ဘ႑ာေရးႏွစ္မွာ YBPC က ေငြက်ပ္ ၂၉ ၃၈ ဒသမ ၉ ၃၉ သန္း၊ YUPT က ေငြက်ပ္ ၆၀၃ ဒသမ ဝ၇၉ သန္း အရႈံးေပၚတယ္လို႔ စာရင္းစစ္ခ်ဳပ္ အစီရင္ခံစာမွာ ေဖာ္ျပထားခဲ့ပါတယ္။

ဒါ့အျပင္ အစိုးရဘက္က အခုလို က်ပ္ေငြ ဘီလီယံ ၇၀ ေက်ာ္အထိ ထည့္ဝင္ထားတဲ့ YBS ကားေတြရဲ႕ အရင္းေၾကကာလကိုေတာ့ ရွစ္ႏွစ္ကေန ငါးႏွစ္အထိ ေျပာင္းလဲ သတ္မွတ္ထားပါတယ္။

ဒီကေန႔ အစည္းအေဝးကို တက္လာတဲ့ လုပ္ငန္းရွယ္ယာရွင္ေတြကေတာ့ အခု ထည့္ထားတဲ့ ကားေတြဟာ အသစ္ေတြျဖစ္ၿပီး ျပင္ဆင္စရိတ္ေတြဖယ္ရင္ေတာင္ အရႈံးမရွိႏိုင္ဘူးလို႔ ေျပာဆိုၾကပါတယ္။

အဓိကအားျဖင့္ ဒါ႐ိုက္တာအဖြဲ႕မွာ ကားလုပ္ငန္း မကြၽမ္းက်င္သူေတြ ပါဝင္တာေၾကာင့္ ဒီဒါ႐ိုက္တာအဖြဲ႕ဝင္ေ႐ြးေကာက္ပြဲကို ျပန္လုပ္ေစခ်င္တယ္လို႔ ရွယ္ယာရွင္ တစ္ဦးက ဆိုပါတယ္။

ရွယ္ယာရွင္ေတြရဲ႕ ေတာင္းဆိုခ်က္ကို ဒါ႐ိုက္တာ အဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ ဦးထူးဟန္စိုးကို ေမးၾကည့္ေတာ့ သူ႔အေနနဲ႔ အခုအေျခအေနမွာ အျမတ္ေငြခြဲေဝမေပးႏိုင္ေသးတာပဲ ေျပာႏိုင္တယ္လို႔ ဘီဘီစီကို ေျပာပါတယ္။

ဒါ႐ိုက္တာ အဖြဲ႕မွာ အဖြဲ႕ဝင္ ၈ ဦးရွိၿပီး ေလးဦးက ရန္ကုန္တိုင္း အစိုးရက တိုက္႐ိုက္ခန္႔ထားတဲ့ YUPT ဥကၠဌ ဦးေဇာ္ထြန္း၊ အုပ္ခ်ဳပ္မႈ ဒါ႐ိုက္တာေတြျဖစ္တဲ့ ေဒၚၿပဳံးသာျမင့္၊ ဦးမိုးဟိန္း၊နဲ႔ ဦးေအာင္ျမတ္တို႔ကို ျဖစ္ၿပီး က်န္ေလးဦးကေတာ့ ရွယ္ယာရွင္ေတြက ေ႐ြးေကာက္ တင္ေျမႇာက္ထားသူေတြ ျဖစ္ပါတယ္။

ဒါေၾကာင့္ရွယ္ယာရွင္ေတြရဲ႕ ေတာင္းဆိုခ်က္အရ ေနာက္လာမယ့္ ေ႐ြးေကာက္ပြဲမွာ ရွယ္ယာရွင္ေတြ ေ႐ြးခ်ယ္တင္ေျမႇာက္တဲ့ ဘုတ္ဒါ႐ိုက္တာ ဦးေရကို ငါးဦးအထိ လက္ခံေပးမယ္လို႔ YRT အတြင္းေရးမႉး ေဒါက္တာေမာင္ေအာင္က ေျပာခဲ့တယ္လို႔ ရွယ္ယာရွင္ တစ္ဦးျဖစ္တဲ့ ကိုေမာင္ေမာင္က ေျပာပါတယ္။

ရန္ကုန္တိုင္းအစိုးရက ရင္းႏွီးထည့္ဝင္ထားသည့္ YBPC ႏွင့္YUPT အမ်ားပိုင္ကုမၸဏီႏွစ္ခုမွာ ေမာ္ေတာ္ယာဥ္ ေတြရဲ႕ တန္ဖိုးေလွ်ာ့စရိတ္ (အရင္းေၾကကာလ) ကို ၁၂ ဒသမ ၅ ရာခိုင္ႏႈန္း (အရင္းေၾကကာလ ရွစ္ႏွစ္) လို႔ ၂၀၁၆-၂၀၁၇ ဘ႑ာေရးႏွစ္ရဲ႕ တိုင္းစာရင္းစစ္ခ်ဳပ္ အစီရင္ခံစာမွာသတ္မွတ္ထားခဲ့ပါတယ္။ ဒါေပမဲ့ ဘတ္စ္ကားကုမၸဏီေတြ တေျပးညီ မွ်တမႈရွိေစဖို႔ တန္ဖိုးေလွ်ာ့စရိတ္ ၂၀ ရာခိုင္ႏႈန္း (အရင္းေၾကကာလ ငါးႏွစ္) အျဖစ္ေျပာင္းလဲ သတ္မွတ္ခဲ့ပါတယ္။

အခုအခါမွာေတာ့ YBS ယာဥ္လိုင္းမွာ ဝင္ေရာက္ေျပးဆြဲေနတဲ့ ကုမၸဏီ ၂၅ ခုရွိၿပီး ဘက္စ္ကား အစီး ေျခာက္ေထာင္ေက်ာ္ေလာက္ ရွိပါတယ္။ ေန႔စဥ္ေျပးဆြဲေနတဲ့ ဘတ္စ္ကားလိုင္းေပါင္း ၁၁၉ လိုင္းရွိတယ္လို႔ YRTA (Yangon Region Transport Authority ) ရဲ႕ စာရင္းေတြအရ သိရပါတယ္။

BBC Burmese
https://www.bbc.com
---------------------
Unicode
YUPT ဘက်က ရှယ်ယာ အမြတ်ငွေ မခွဲပေးနိုင်သေးတဲ့အပေါ် ရှယ်ယာရှင်တွေ ပြောဆို

ဓာတ်ပုံ မူပိုင် YE AUNG THU /Gettyimage
Image caption သုံးနှစ်လုံးလုံး အမြတ်ငွေခွဲမပေးတဲ့အတွက် ရှယ်ယာရှင်များ ကန့်ကွက်

ရန်ကုန် မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်တဲ့ ကုမ္ပဏီ လီမိတက် (YUPT Public Co.Ltd) ရဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဒုတိယအကြိမ် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးပွဲကို အောက်တိုဘာလ ၃၀ ရက်မှာ ပြုလုပ်ရာမှာ ရှယ်ယာရှင်တွေက အမြတ်ငွေ ခွဲဝေဖို့နဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေကို ပြန်ရွေးကောက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒီနေ့လုပ်တဲ့ အစည်းအဝေးကို တက်ခဲ့တဲ့ ရှယ်ယာရှင် တစ်ဦးဖြစ်တဲ့ ကိုမောင်မောင်က " ကျွန်တော်တို့ကို လစဉ်ကြေး ပုံမှန်ပေးနိုင်ရင်ပေး၊ မပေးနိုင်ရင် အခုကျွန်တော်တို့ ကုမ္ပဏီမှာ အစိုးရက ၈၆ ရာခိုင်နှုန်း ၊ လုပ်ငန်းရှင်က ၁၄ ရာခိုင်နှုန်းဖြစ်နေတယ်။ အစိုးရက ရှယ်ယာများနေတယ်။ အဲဒါမှ မပေးနိုင်ဘူးဆိုလည်း ကျွန်တော်တို့ရှယ်ယာတွေကို ဝယ်ယူလိုက်ပါ ။ ကျွန်တော်တို့ ပိုက်ဆံတွေကို ပြန်အမ်းလိုက်ပါလို့ ဒီနှစ်ချက်တောင်းဆိုခဲ့တာပါ" လို့ ပြောပါတယ်။

ရန်ကုန်မှာ အများပြည်သူအတွက် ဆယ်စုနှစ်ပေါင်းများစွာ ပြေးဆွဲနေတဲ့ မထသ ယာဉ်လိုင်းစနစ်ကို ဖျက်သိမ်းပြီး ငွေပေးချေတဲ့ စနစ်အပါအဝင် နည်းပညာအကူအညီနဲ့ ခရီးသည်လုံခြုံရေး စောင့်ကြည့်စနစ်တွေကို အဆင့်ဆင့် ပြောင်းလဲ လုပ်ဆောင်သွားမယ်ဆိုပြီးရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ရန်ကုန်ဘတ်စ်စကားစနစ် (YBS) ကိုစတင်ပြေးဆွဲစေခဲ့ပါတယ်။

ကားလုပ်ငန်းပိုင်ရှင်တွေကတော့ ဒီစနစ်ကို အဲဒီအချိန်က ကြိုဆိုခဲ့ပေမယ့် စီမံခန့်ခွဲမှုပိုင်းမှာ လိုအပ်မှုတွေ ရှိနေတာကို ထောက်ပြခဲ့ဖူးပါတယ်။

ဒါ့အပြင် အကျိုးအမြတ်ခွဲဝေတဲ့အပိုင်းမှာ အာဏာပိုင်တွေဘက်က စည်းကမ်းတကျ ကြပ်မတ်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြောကြပါတယ်။

စတင်ပြေးဆွဲခဲ့စဉ်က ယာဉ်လိုင်းမလုံလောက်မှု နဲ့ ယာဉ်စီးရေ မလုံလောက်တဲ့ ပြဿနာအပြင် အဆင့်ဆင့်စီးနင်းရတဲ့ လိုင်းတွေကြောင့် ခရီးသည်တွေ လမ်းကြောင်း မသိလို့ အဆင်မပြေတာတွေ ဖြစ်ခဲ့ပါတယ်။

ရန်ကုန်တိုင်းအစိုးရဟာ ပြည်သူပိုင်ငွေကျပ် ၇၈ ဘီလီယံနဲ့ ကားအစီးတစ်ထောင်ဝယ်ယူခဲ့ပြီး YBPC ကုမ္ပဏီကို ကားစီးရေ ၅၀ဝ၊ YUPT ကို ကားစီးရေ ၅၀ဝ ခွဲဝေကာ အများပိုင် ကုမ္ပဏီ နှစ်ခု ထူထောင်ပြီး ပြေးဆွဲ မှုတွေ လုပ်ခဲ့တာဖြစ်ပါတယ်။

၂၀၁၇- ၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ YBPC က ငွေကျပ် ၂၉ ၃၈ ဒသမ ၉ ၃၉ သန်း၊ YUPT က ငွေကျပ် ၆၀၃ ဒသမ ဝ၇၉ သန်း အရှုံးပေါ်တယ်လို့ စာရင်းစစ်ချုပ် အစီရင်ခံစာမှာ ဖော်ပြထားခဲ့ပါတယ်။

ဒါ့အပြင် အစိုးရဘက်က အခုလို ကျပ်ငွေ ဘီလီယံ ၇၀ ကျော်အထိ ထည့်ဝင်ထားတဲ့ YBS ကားတွေရဲ့ အရင်းကြေကာလကိုတော့ ရှစ်နှစ်ကနေ ငါးနှစ်အထိ ပြောင်းလဲ သတ်မှတ်ထားပါတယ်။

ဒီကနေ့ အစည်းအဝေးကို တက်လာတဲ့ လုပ်ငန်းရှယ်ယာရှင်တွေကတော့ အခု ထည့်ထားတဲ့ ကားတွေဟာ အသစ်တွေဖြစ်ပြီး ပြင်ဆင်စရိတ်တွေဖယ်ရင်တောင် အရှုံးမရှိနိုင်ဘူးလို့ ပြောဆိုကြပါတယ်။

အဓိကအားဖြင့် ဒါရိုက်တာအဖွဲ့မှာ ကားလုပ်ငန်း မကျွမ်းကျင်သူတွေ ပါဝင်တာကြောင့် ဒီဒါရိုက်တာအဖွဲ့ဝင်ရွေးကောက်ပွဲကို ပြန်လုပ်စေချင်တယ်လို့ ရှယ်ယာရှင် တစ်ဦးက ဆိုပါတယ်။

ရှယ်ယာရှင်တွေရဲ့ တောင်းဆိုချက်ကို ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးထူးဟန်စိုးကို မေးကြည့်တော့ သူ့အနေနဲ့ အခုအခြေအနေမှာ အမြတ်ငွေခွဲဝေမပေးနိုင်သေးတာပဲ ပြောနိုင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒါရိုက်တာ အဖွဲ့မှာ အဖွဲ့ဝင် ၈ ဦးရှိပြီး လေးဦးက ရန်ကုန်တိုင်း အစိုးရက တိုက်ရိုက်ခန့်ထားတဲ့ YUPT ဥက္ကဌ ဦးဇော်ထွန်း၊ အုပ်ချုပ်မှု ဒါရိုက်တာတွေဖြစ်တဲ့ ဒေါ်ပြုံးသာမြင့်၊ ဦးမိုးဟိန်း၊နဲ့ ဦးအောင်မြတ်တို့ကို ဖြစ်ပြီး ကျန်လေးဦးကတော့ ရှယ်ယာရှင်တွေက ရွေးကောက် တင်မြှောက်ထားသူတွေ ဖြစ်ပါတယ်။

ဒါကြောင့်ရှယ်ယာရှင်တွေရဲ့ တောင်းဆိုချက်အရ နောက်လာမယ့် ရွေးကောက်ပွဲမှာ ရှယ်ယာရှင်တွေ ရွေးချယ်တင်မြှောက်တဲ့ ဘုတ်ဒါရိုက်တာ ဦးရေကို ငါးဦးအထိ လက်ခံပေးမယ်လို့ YRT အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောခဲ့တယ်လို့ ရှယ်ယာရှင် တစ်ဦးဖြစ်တဲ့ ကိုမောင်မောင်က ပြောပါတယ်။

ရန်ကုန်တိုင်းအစိုးရက ရင်းနှီးထည့်ဝင်ထားသည့် YBPC နှင့်YUPT အများပိုင်ကုမ္ပဏီနှစ်ခုမှာ မော်တော်ယာဉ် တွေရဲ့ တန်ဖိုးလျှော့စရိတ် (အရင်းကြေကာလ) ကို ၁၂ ဒသမ ၅ ရာခိုင်နှုန်း (အရင်းကြေကာလ ရှစ်နှစ်) လို့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ရဲ့ တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာမှာသတ်မှတ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ဘတ်စ်ကားကုမ္ပဏီတွေ တပြေးညီ မျှတမှုရှိစေဖို့ တန်ဖိုးလျှော့စရိတ် ၂၀ ရာခိုင်နှုန်း (အရင်းကြေကာလ ငါးနှစ်) အဖြစ်ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။

အခုအခါမှာတော့ YBS ယာဉ်လိုင်းမှာ ဝင်ရောက်ပြေးဆွဲနေတဲ့ ကုမ္ပဏီ ၂၅ ခုရှိပြီး ဘက်စ်ကား အစီး ခြောက်ထောင်ကျော်လောက် ရှိပါတယ်။ နေ့စဉ်ပြေးဆွဲနေတဲ့ ဘတ်စ်ကားလိုင်းပေါင်း ၁၁၉ လိုင်းရှိတယ်လို့ YRTA (Yangon Region Transport Authority ) ရဲ့ စာရင်းတွေအရ သိရပါတယ်။

BBC Burmese
https://www.bbc.com
YUPT ဘက္က ရွယ္ယာ အျမတ္ေငြ မခြဲေပးႏိုင္ေသးတဲ့အေပၚ ရွယ္ယာရွင္ေတြ ေျပာဆို YUPT ဘက္က ရွယ္ယာ အျမတ္ေငြ မခြဲေပးႏိုင္ေသးတဲ့အေပၚ ရွယ္ယာရွင္ေတြ ေျပာဆို Reviewed by THITHTOOLWIN on 00:08 Rating: 5
Powered by Blogger.