VOA ကို သမၼတ Donald Trump ေ၀ဖန္

(credit-M. Bush/VOA News)
အေမရိကန္ အစိုးရ အေထာက္အပ့ံခံ သတင္းဌာနေတြ ျဖစ္ၾကတဲ့ VOA အေမရိကန္အသံနဲ႔ လြတ္လပ္တဲ့ ဥေရာပအသံ Radio Free Europe တို႔ကို အစားထိုးဖြဲ႔စည္းသင့္တယ္လို႔ ၾကာသပေတးေန႔ ဖေလာ္ရီဒါလူထုကို မိန္႔ခြန္းမွာ သမၼတ Donald Trump ကေျပာၾကားလိုက္ပါတယ္။

သမၼတ Trump ကို မၾကာခဏ ေဒါသျဖစ္ေစခဲ့တဲ့ CNN သတင္းဌာနကို ေဝဖန္ေျပာၾကားရင္း အေမရိကန္ျပည္ေထာင္စုမွာ Radio Free Europe နဲ႔ VOA တို႔ ရွိခဲ့ေပမယ့္ အေမရိကန္ႏိုင္ငံအတြက္ သိပ္အလုပ္မျဖစ္ခဲ့ဘူးလို႔ ေျပာၾကားလိုက္သလို စစ္မွန္တဲ့ သတင္းေတြကို ထုတ္လႊင့္ဖို႔ ကိုယ္ပိုင္သတင္းဌာန ထူေထာင္သင့္ေၾကာင္းနဲ႔ CNN ဟာ အေမရိကန္ျပည္ေထာင္စု အတြက္ အင္မတန္ ဆိုးဝါးတယ္ လို႔လည္း ေျပာပါတယ္။

VOA အိမ္ျဖဴေတာ္ ဆိုင္ရာ သတင္းေထာက္ေတြက သတင္းစာ ရွင္းလင္းပြဲမွာ အေမရိကန္ ႏုိင္ငံျခားေရး ဝါဒနဲ႔ ပတ္သက္ၿပီး သမၼတ Trump ကို မၾကာခဏ ေမးခြန္းေတြ ေမးေနပါရက္နဲ႔ သမၼတက အတိတ္ကာလကို ညႊန္းၿပီး ရွိခဲ့တယ္လိို႔ ဘာေၾကာင့္ ေျပာတယ္ ဆိုတာေတာ့ သဲသဲကြဲကြဲ မသိရပါဘူး။

VOA ညႊန္ၾကားေရးမွဴး Amanda Bennett ကေတာ့ ၾကာသပေတးေန႔မွာပဲ ေၾကညာခ်က္ တေစာင္ ထုတ္ျပန္လိုက္ၿပီး VOA ဟာ ကမာၻတလႊားက သတင္းအခ်က္အလက္ေတြကို ဓမၼဓိ႒ာန္ က်က် တင္ျပၿပီး အေမရိကန္သတင္းေတြကို ကမာၻသိေအာင္ ေျပာၾကားေနတာ ျဖစ္တဲ့အတြက္ အၿမဲတမ္း ဂုဏ္ယူေနတယ္လို႔ ေျပာၾကားလိုက္ပါတယ္။

VOA အသံလႊင့္ဌာနကို နာဇီတို႔ရဲ႕ ဝါဒျဖန္႔မႈကို တုံ႔ျပန္ၿပီး သတင္းမွန္ေတြကို ဘက္လုိက္မႈမရွိ တင္ျပဖုိ႔အတြက္ ၁၉၄၂ ခုႏွစ္မွာ စတင္ဖြဲ႔စည္း ခဲ့တာ ျဖစ္ၿပီး အခုအခါ ဘာသာစကားေပါင္း ၄၀ ေက်ာ္နဲ႔ ကမာၻတလႊားကို အသံလႊင့္ေနတာ ျဖစ္ပါတယ္။ အပတ္စဥ္ နားေထာင္တဲ့ ပရိတ္သတ္ ကလည္း သန္းေပါင္း ၂၇၅ သန္းေက်ာ္ ရွိေနတာပါ။

.............

{Unicode}

VOA ကို သမ္မတ Donald Trump ဝေဖန်

အမေရိကန် အစိုးရ အထောက်အပံ့ခံ သတင်းဌာနတွေ ဖြစ်ကြတဲ့ VOA အမေရိကန်အသံနဲ့ လွတ်လပ်တဲ့ ဥရောပအသံ Radio Free Europe တို့ကို အစားထိုးဖွဲ့စည်းသင့်တယ်လို့ ကြာသပတေးနေ့ ဖလော်ရီဒါလူထုကို မိန့်ခွန်းမှာ သမ္မတ Donald Trump ကပြောကြားလိုက်ပါတယ်။

သမ္မတ Trump ကို မကြာခဏ ဒေါသဖြစ်စေခဲ့တဲ့ CNN သတင်းဌာနကို ဝေဖန်ပြောကြားရင်း အမေရိကန်ပြည်ထောင်စုမှာ Radio Free Europe နဲ့ VOA တို့ ရှိခဲ့ပေမယ့် အမေရိကန်နိုင်ငံအတွက် သိပ်အလုပ်မဖြစ်ခဲ့ဘူးလို့ ပြောကြားလိုက်သလို စစ်မှန်တဲ့ သတင်းတွေကို ထုတ်လွှင့်ဖို့ ကိုယ်ပိုင်သတင်းဌာန ထူထောင်သင့်ကြောင်းနဲ့ CNN ဟာ အမေရိကန်ပြည်ထောင်စု အတွက် အင်မတန် ဆိုးဝါးတယ် လို့လည်း ပြောပါတယ်။

VOA အိမ်ဖြူတော် ဆိုင်ရာ သတင်းထောက်တွေက သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေး ဝါဒနဲ့ ပတ်သက်ပြီး သမ္မတ Trump ကို မကြာခဏ မေးခွန်းတွေ မေးနေပါရက်နဲ့ သမ္မတက အတိတ်ကာလကို ညွှန်းပြီး ရှိခဲ့တယ်လို့ ဘာကြောင့် ပြောတယ် ဆိုတာတော့ သဲသဲကွဲကွဲ မသိရပါဘူး။

VOA ညွှန်ကြားရေးမှူး Amanda Bennett ကတော့ ကြာသပတေးနေ့မှာပဲ ကြေညာချက် တစောင် ထုတ်ပြန်လိုက်ပြီး VOA ဟာ ကမ္ဘာတလွှားက သတင်းအချက်အလက်တွေကို ဓမ္မဓိဋ္ဌာန် ကျကျ တင်ပြပြီး အမေရိကန်သတင်းတွေကို ကမ္ဘာသိအောင် ပြောကြားနေတာ ဖြစ်တဲ့အတွက် အမြဲတမ်း ဂုဏ်ယူနေတယ်လို့ ပြောကြားလိုက်ပါတယ်။

VOA အသံလွှင့်ဌာနကို နာဇီတို့ရဲ့ ဝါဒဖြန့်မှုကို တုံ့ပြန်ပြီး သတင်းမှန်တွေကို ဘက်လိုက်မှုမရှိ တင်ပြဖို့အတွက် ၁၉၄၂ ခုနှစ်မှာ စတင်ဖွဲ့စည်း ခဲ့တာ ဖြစ်ပြီး အခုအခါ ဘာသာစကားပေါင်း ၄၀ ကျော်နဲ့ ကမ္ဘာတလွှားကို အသံလွှင့်နေတာ ဖြစ်ပါတယ်။ အပတ်စဉ် နားထောင်တဲ့ ပရိတ်သတ် ကလည်း သန်းပေါင်း ၂၇၅ သန်းကျော် ရှိနေတာပါ။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
VOA ကို သမၼတ Donald Trump ေ၀ဖန္ VOA ကို သမၼတ Donald Trump ေ၀ဖန္ Reviewed by THITHTOOLWIN on 01:03 Rating: 5
Powered by Blogger.