စိတ္ၾကြေဆး ၅ သန္းနဲ႔အတူ မသကၤာသူတခ်ဳိ႕ UWSA ဖမ္းဆီး

သတင္းဓာတ္ပံု - UWSA
UWSA ဝတပ္ဖြဲ႕ ထိန္းခ်ဳပ္ရာ ထိုင္း၊ ျမန္မာနယ္စပ္ မိုင္းတုံၿမိဳ႕နယ္အတြင္းမွာ ဒီလအတြင္း စိတ္ႂကြေဆးျပား ငါး သန္းနီးပါး ဖမ္းဆီးရမိသလို မူးယစ္ေဆး ေမွာင္ခိုသမားေတြအျဖစ္ သံသယရွိသူ ရွစ္ ဦးအေသနဲ႔ ကိုး ဦးကို အရွင္ဖမ္းဆီးထားေၾကာင္း UWSA ရဲ႕ လားရႈိးဆက္ဆံေရး႐ုံး တာဝန္ခံက ေျပာပါတယ္။ ႏိုင္ငံတကာက မူးယစ္ေဆးဝါး ထုတ္လုပ္တယ္လို႔ စြပ္စြဲခံေနရတဲ့ UWSA ဟာ ဒီႏွစ္ပိုင္းေတြအတြင္းမွာ မူးယစ္ေဆး ဖမ္းဆီးတာေတြကို ထိထိေရာက္ေရာက္ ေဆာင္႐ြက္လာၿပီး ၿပီးခဲ့တဲ့လေတြကလည္း စိတ္ႂကြေဆးျပား သန္းနဲ႔ခ်ီ ဖမ္းဆီးခဲ့ပါတယ္။ ဒီသတင္းကို ဗြီအိုေအျမန္မာပိုင္းရဲ႕ သတင္းေထာက္ ကိုမိုးေဇာ္က တင္ျပထားပါတယ္။

ဝျပည္ေသြး စည္းညီၫြတ္ေရး တပ္မေတာ္ UWSA ဟာ ၂၀၀၅ ခုႏွစ္တည္းကေန ဘိန္း စိုက္ပ်ိဳးထုတ္လုပ္တာေတြ ပေပ်ာက္ၿပီ ျဖစ္ေၾကာင္း ႏိုင္ငံတကာကို ေၾကညာခဲ့ေပမဲ့ ထိုင္းျမန္မာနယ္စပ္ ၀ ေတာင္ပိုင္းေခၚ UWSA ရဲ႕ ၁၇၁ စစ္ေဒသမွာေတာ့ မူးယစ္ေဆးနဲ႔ စိတ္ႂကြေဆး ထုတ္လုပ္ေနေၾကာင္း ႏိုင္ငံတကာက ထုတ္ျပန္တဲ့ အစီရင္ခံစာေတြမွာ ေဖာ္ျပခဲ့ပါတယ္။

ဒီလပိုင္းေတြအတြင္းမွာေတာ့ ၁၇၁ စစ္ေဒသျဖစ္တဲ့ မိုင္းတုံ၊ မိုင္းဆတ္ နယ္ေျမအတြင္းမွာ ဝတပ္ဖြဲ႕ စိတ္ႂကြေဆးျပား အမ်ားအျပားဖမ္းဆီးရမိတဲ့ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။

ဒီရက္ပိုင္းအတြင္း စိတ္ႂကြေဆးျပား ဖမ္းဆီးရမိတဲ့အေျခအေနကို UWSA ရဲ႕ လားရႈိးဆက္ဆံေရး႐ုံးတာဝန္ခံ ဦးညီရန္းက အခုလို ေျပာပါတယ္။

“ေအာက္တိုဘာ ၁ ရက္ေန႔က ပထမ ၁၈ သိန္း က်ေနာ္တို႔ ဖမ္းဆီးရမိထားတာေပါ့။ လူအားျဖင့္လည္း ၁၀ေယာက္ဝန္းက်င္ဆိုတာ အားလုံးသိၿပီးသားပဲ။ ထြက္ေျပးလြတ္ေျမာက္တဲ့သူကို က်ေနာ္တို႔ တေလ်ာက္လိုက္တဲ့အခ်ိန္မွာ ၂ရက္ေန႔၊ ၃ရက္ေန႔ေပါ့ေနာ္။ မေန႔က အထိ ေနာက္ထပ္သိန္း ၃၀ က်ေနာ္တို႔ ဖမ္းဆီး ရမိထားတာေပါ့ေနာ္။ ဖမ္းဆီးတဲ့အခ်ိန္မွာ ပစ္ခတ္တိုက္ခိုက္မႈ ျဖစ္တဲ့အခါက်ေတာ့ ဒီမူးယစ္ေမွာင္ခိုအဖြဲ႕ေတြက အေလာင္း ေျခာက္ ေလာင္းရယ္၊ ၿပီးေတာ့ အရွင္ တ ေယာက္က က်ေနာ္တို႔ ဖမ္းမိထားတယ္။ ဒီ ေအာက္တိုဘာ ၁ ရက္ေန႔၊ ၂ ရက္ေန႔၊ ၃ ရက္ေန႔အထိ ဆိုရင္ေတာ့ ၄၈ သိန္းေပါ့၊ ၄.၈သန္း အလုံးေရ က်ေနာ္တို႔ ဖမ္းမိထားတာေပါ့။”

ဖမ္းဆီးမႈမွာ လက္နက္ခဲယမ္းေတြလည္း ပါဝင္တာျဖစ္ပါတယ္။

သတင္းဓာတ္ပံု - UWSA
၁ ရက္ေန႔ ဖမ္းဆီးမႈမွာ အေသ ႏွစ္ ဦးနဲ႔ အရွင္ ရွစ္ ဦး ဖမ္းဆီးရမိတာျဖစ္ၿပီး မူးယစ္ေဆးဂိုဏ္းေတြဟာ နယ္စပ္အေျခစိုက္ ျပည္သူ႔စစ္အဖြဲ႕ေတြနဲ႔ ဆက္စပ္ေနေၾကာင္းနဲ႔ ဖမ္းဆီးရမိတဲ့ စိတ္ႂကြေဆးေတြနဲ႔ မူးယစ္ဂိုဏ္းဝင္ေတြကို အစိုးရဆီလြဲွ၊ မလြဲဆိုတာ အထက္လူႀကီးေတြက ဆုံးျဖတ္မွာျဖစ္ေၾကာင္း ေျပာပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္လကုန္ပိုင္းကလည္း စိတ္ႂကြေဆးျပား ခုနစ္ သန္းေလာက္နဲ႔ မူးယစ္ဂိုဏ္းအဖြဲ႕ဝင္ ၅၃ ဦး ဖမ္းဆီးခဲ့ပါတယ္။ ဒီ ၅၃ ဦးမွာ ျမန္မာႏိုင္ငံသား ၃၉ ဦးနဲ႔ ထိုင္းႏိုင္ငံသား ၁၄ ဦးတို႔ ပါဝင္ပါတယ္။

လက္ရွိ UWSA ရဲ႕ မူးယစ္ေဆးဝါး ႏွိမ္နင္းေရးအေျခအေနကိုလည္း ဦးညီရန္းက အခုလို ဆက္ေျပာပါတယ္။

“ဒီေနာက္ပိုင္းဆိုရင္လည္း က်ေနာ္တို႔ ဗဟိုဌာနခ်ဳပ္ကေနၿပီးမွ မူးယစ္ေဆးဝါး အထူးစီမံခ်က္၊ ႏွိပ္နင္းေရးအဖြဲ႕ဆို ဖြဲ႕စည္းလာၿပီးတဲ့ေနာက္ပိုင္းမွာ က်ေနာ္တို႔ အတတ္ႏိုင္ဆုံးေပါ့ေနာ္ ကင္းလွည့္တာေတြ၊ ေစာင့္ဖမ္းတာေတြ၊ သတင္းရရင္ ရသလို ပိုက္စိတ္တိုက္လ ိုက္ရွာေနတယ္။ ဒီ ဝျပည္ေတာင္ပိုင္းမွာ ယိုးဒယားနဲ႔ ထိစပ္တဲ့ ဧရိယာက ၄၀၀ ကီလိုမီတာေလာက္ ရွည္တဲ့အခါက်ေတာ့ေလ က်ေနာ္တို႔ လုံး၀ hundred percent တားဆီးဖို႔ ဆိုတာက အင္မတန္မွ ခက္ခဲတာေပါ့ေနာ္။ က်ေနာ္တို႔ တစ္ဖြဲ႕တည္း အင္အားဆိုတာက ဘယ္လိုမွ မလုံေလာက္ဘူးေလေနာ္။ အားလုံးဝိုင္းဝန္းၿပီးမွ လုပ္ေဆာင္မွ၊ တားဆီးမွ၊ ႏွိမ္နင္းမွ ပိုၿပီးမွ ေအာင္ျမင္မယ္လို႔ က်ေနာ္တို႔ ယုံၾကည္ပါတယ္ေနာ္။”

ထိုင္း၊ ျမန္မာနယ္စပ္ေဒသမွာ မၾကာခနဆိုသလို ထိုင္းနယ္ျခားေစာင့္တပ္နဲ႔ ရဲတပ္ဖြဲ႕ဟာ မူးယစ္ဂိုဏ္းေတြကို ပစ္ခတ္ ဖမ္းဆီးတာေတြ ရွိပါတယ္။ ဒီလို ဖမ္းဆီးရမိတဲ့အခါေတြမွာ မူးယစ္ေဆးေတြဟာ ဝတပ္ဖြဲ႕နဲ႔ ဆက္စပ္ေၾကာင္း သတင္းထုတ္ျပန္ေလ့ရွိတာ ျဖစ္ပါတယ္။

ရွမ္းျပည္ မူးယစ္ေဆးဝါး ေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕ရဲ႕ နာယက ဦးခြန္ဆိုင္းကေတာ့ လက္ရွိ ၀ ေတာင္ပိုင္း စိတ္ႂကြေဆး ဖမ္းဆီးမႈအေပၚ အခုလို သုံးသပ္ပါတယ္။

“ဒီတဝိုက္မွာေတာ့ သုံးစြဲတာကိုေတာ့ သူတို႔ ေတာ္ေတာ္ႀကီး ဟန႔္တားတယ္လို႔ ေျပာတာေပါ့ေနာ္။ ဒါေပမဲ့ အခု ေရာင္း ဝယ္တဲ့ ကိစၥ၊ ေရာင္းဝယ္တယ္ဆိုတာထက္ သူတို႔နယ္ထဲ ျဖတ္ၿပီးေတာ့ သယ္ယူတဲ့ ကိစၥကိုေတာ့ အခုဒီလို တင္းက်ပ္လာတာေတာ့ ဒီတစ္ေခါက္ပဲ က်ေနာ္တို႔ စၾကားတာေပါ့ဗ်ာေနာ္။ အရင္တုန္းကေတာ့ မၾကားပါဘူးဗ်ာေနာ္။ ဒီကိစၥကလည္း ဟို တဘက္ကလည္း image ႐ုပ္သြင္းကို ျမႇင့္တင္ခ်င္တာလည္း ပါမယ္။ ေနာက္တစ္ခုကေတာ့ ဒီ မူးယစ္ေဆးသမားေတြကို လုပ္ခ်င္ရင္ ဒီျပင္နယ္ေတြမွာ သြားလုပ္ ငါတို႔နယ္ထဲ မလာနဲ႔ဆို သတိေပးတဲ့ပုံစံလည္း ျဖစ္ႏိုင္တယ္။”

ႏိုင္ငံတကာက ရွမ္းျပည္နယ္အေရွ႕ပိုင္း ေ႐ႊႀတိဂံေဒသကိုမူးယစ္ေဆး အမ်ားဆုံးထုတ္လုပ္တဲ့ ေဒသအျဖစ္ သတ္မွတ္ထားၿပီး၂၀၁၅ခုႏွစ္ ဇူလိုင္လအတြင္း ရန္ကုန္ၿမိဳ႕ မဂၤလာဒုံက ေဇကမာၻဝင္းအတြင္း စိတ္ႂကြေဆးျပား ၂၆ သန္း (အေမရိကန္ေဒၚလာ သန္း ၁၀၀ေက်ာ္ဖိုး) ကို ကြန္တိန္နာ ကုန္တင္ယာဥ္ တစီးေပၚကေန ပိုင္ရွင္မဲ့ ဖမ္းဆီးမႈကေတာ့ အျမင့္ဆုံး ဖမ္းဆီးရမိမႈ တခု ျဖစ္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံ မွာ ၁၉၉၉-၂၀၀၀ ခုႏွစ္ကစၿပီး မူးယစ္ေဆးဝါး ကင္းစင္ေရးအတြက္ ၁၅ ႏွစ္ စီမံကိန္း ခ်မွတ္ အေကာင္အထည္ေဖာ္ခဲ့ရာမွာ၂၀၁၄ အထိ ဘိန္းနဲ႔ စိတ္ႂကြေဆး ထုတ္လုပ္မႈ ပမာဏ ဆက္လက္ ျမင့္လာေနတဲ့အတြက္ စီမံကိန္းကာလကို ေနာက္ထပ္ ငါး ႏွစ္ တိုးျမႇင့္ထားရပါတယ္။

သမၼတ ဦးဝင္းျမင့္ တာဝန္ယူၿပီးေနာက္မွာေတာ့ မူးယစ္ေဆးဝါး တိုက္ဖ်က္ေရးကို အထူးစီမံခ်က္နဲ႔ ေဆာင္႐ြက္ေနၿပီး မူူးယစ္ေဆးနဲ႔ပတ္သက္လို႔ သတင္းေပးသူေတြကို ဆုေငြခ်ီးျမႇင့္ဖို႔ပါ ထုတ္ျပန္ထားပါတယ္။

[Unicode Version]

UWSA ဝတပ်ဖွဲ့ ထိန်းချုပ်ရာ ထိုင်း၊ မြန်မာနယ်စပ် မိုင်းတုံမြို့နယ်အတွင်းမှာ ဒီလအတွင်း စိတ်ကြွဆေးပြား ငါး သန်းနီးပါး ဖမ်းဆီးရမိသလို မူးယစ်ဆေး မှောင်ခိုသမားတွေအဖြစ် သံသယရှိသူ ရှစ် ဦးအသေနဲ့ ကိုး ဦးကို အရှင်ဖမ်းဆီးထားကြောင်း UWSA ရဲ့ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံက ပြောပါတယ်။ နိုင်ငံတကာက မူးယစ်ဆေးဝါး ထုတ်လုပ်တယ်လို့ စွပ်စွဲခံနေရတဲ့ UWSA ဟာ ဒီနှစ်ပိုင်းတွေအတွင်းမှာ မူးယစ်ဆေး ဖမ်းဆီးတာတွေကို ထိထိရောက်ရောက် ဆောင်ရွက်လာပြီး ပြီးခဲ့တဲ့လတွေကလည်း စိတ်ကြွဆေးပြား သန်းနဲ့ချီ ဖမ်းဆီးခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဝပြည်သွေး စည်းညီညွတ်ရေး တပ်မတော် UWSA ဟာ ၂၀၀၅ ခုနှစ်တည်းကနေ ဘိန်း၊ စိုက်ပျိုးထုတ်လုပ်တာတွေ ပပျောက်ပြီ ဖြစ်ကြောင်း နိုင်ငံတကာကို ကြေညာခဲ့ပေမဲ့ ထိုင်းမြန်မာနယ်စပ် ၀ တောင်ပိုင်းခေါ် UWSA ရဲ့ ၁၇၁ စစ်ဒေသမှာတော့ မူးယစ်ဆေးနဲ့ စိတ်ကြွဆေး ထုတ်လုပ်နေကြောင်း နိုင်ငံတကာက ထုတ်ပြန်တဲ့ အစီရင်ခံစာတွေမှာ ဖော်ပြခဲ့ပါတယ်။

ဒီလပိုင်းတွေအတွင်းမှာတော့ ၁၇၁ စစ်ဒေသဖြစ်တဲ့ မိုင်းတုံ၊ မိုင်းဆတ် နယ်မြေအတွင်းမှာ ဝတပ်ဖွဲ့ စိတ်ကြွဆေးပြား အများအပြားဖမ်းဆီးရမိတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်း စိတ်ကြွဆေးပြား ဖမ်းဆီးရမိတဲ့အခြေအနေကို UWSA ရဲ့ လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက အခုလို ပြောပါတယ်။

“အောက်တိုဘာ ၁ ရက်နေ့က ပထမ ၁၈ သိန်း ကျနော်တို့ ဖမ်းဆီးရမိထားတာပေါ့။ လူအားဖြင့်လည်း ၁၀ယောက်ဝန်းကျင်ဆိုတာ အားလုံးသိပြီးသားပဲ။ ထွက်ပြေးလွတ်မြောက်တဲ့သူကို ကျနော်တို့ တလျောက်လိုက်တဲ့အချိန်မှာ ၂ရက်နေ့၊ ၃ရက်နေ့ပေါ့နော်။ မနေ့က အထိ နောက်ထပ်သိန်း ၃၀ ကျနော်တို့ ဖမ်းဆီး ရမိထားတာပေါ့နော်။ ဖမ်းဆီးတဲ့အချိန်မှာ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်တဲ့အခါကျတော့ ဒီမူးယစ်မှောင်ခိုအဖွဲ့တွေက အလောင်း ခြောက် လောင်းရယ်၊ ပြီးတော့ အရှင် တ ယောက်က ကျနော်တို့ ဖမ်းမိထားတယ်။ ဒီ အောက်တိုဘာ ၁ ရက်နေ့၊ ၂ ရက်နေ့၊ ၃ ရက်နေ့အထိ ဆိုရင်တော့ ၄၈ သိန်းပေါ့၊ ၄.၈သန်း အလုံးရေ ကျနော်တို့ ဖမ်းမိထားတာပေါ့။”

ဖမ်းဆီးမှုမှာ လက်နက်ခဲယမ်းတွေလည်း ပါဝင်တာဖြစ်ပါတယ်။

၁ရက်နေ့ ဖမ်းဆီးမှုမှာ အသေ နှစ် ဦးနဲ့ အရှင် ရှစ် ဦး ဖမ်းဆီးရမိတာဖြစ်ပြီး မူးယစ်ဆေးဂိုဏ်းတွေဟာ နယ်စပ်အခြေစိုက် ပြည်သူ့စစ်အဖွဲ့တွေနဲ့ ဆက်စပ်နေကြောင်းနဲ့ ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးတွေနဲ့ မူးယစ်ဂိုဏ်းဝင်တွေကို အစိုးရဆီလွဲှ၊ မလွဲဆိုတာ အထက်လူကြီးတွေက ဆုံးဖြတ်မှာဖြစ်ကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းကလည်း စိတ်ကြွဆေးပြား ခုနစ် သန်းလောက်နဲ့ မူးယစ်ဂိုဏ်းအဖွဲ့ဝင် ၅၃ ဦး ဖမ်းဆီးခဲ့ပါတယ်။ ဒီ ၅၃ ဦးမှာ မြန်မာနိုင်ငံသား ၃၉ ဦးနဲ့ ထိုင်းနိုင်ငံသား ၁၄ ဦးတို့ ပါဝင်ပါတယ်။

လက်ရှိ UWSA ရဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးအခြေအနေကိုလည်း ဦးညီရန်းက အခုလို ဆက်ပြောပါတယ်။

“ဒီနောက်ပိုင်းဆိုရင်လည်း ကျနော်တို့ ဗဟိုဌာနချုပ်ကနေပြီးမှ မူးယစ်ဆေးဝါး အထူးစီမံချက်၊ နှိပ်နင်းရေးအဖွဲ့ဆို ဖွဲ့စည်းလာပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့ အတတ်နိုင်ဆုံးပေါ့နော် ကင်းလှည့်တာတွေ၊ စောင့်ဖမ်းတာတွေ၊ သတင်းရရင် ရသလို ပိုက်စိတ်တိုက်လ ိုက်ရှာနေတယ်။ ဒီ ဝပြည်တောင်ပိုင်းမှာ ယိုးဒယားနဲ့ ထိစပ်တဲ့ ဧရိယာက ၄၀၀ ကီလိုမီတာလောက် ရှည်တဲ့အခါကျတော့လေ ကျနော်တို့ လုံး၀ hundred percent တားဆီးဖို့ ဆိုတာက အင်မတန်မှ ခက်ခဲတာပေါ့နော်။ ကျနော်တို့ တစ်ဖွဲ့တည်း အင်အားဆိုတာက ဘယ်လိုမှ မလုံလောက်ဘူးလေနော်။ အားလုံးဝိုင်းဝန်းပြီးမှ လုပ်ဆောင်မှ၊ တားဆီးမှ၊ နှိမ်နင်းမှ ပိုပြီးမှ အောင်မြင်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်နော်။”

ထိုင်း၊ မြန်မာနယ်စပ်ဒေသမှာ မကြာခနဆိုသလို ထိုင်းနယ်ခြားစောင့်တပ်နဲ့ ရဲတပ်ဖွဲ့ဟာ မူးယစ်ဂိုဏ်းတွေကို ပစ်ခတ် ဖမ်းဆီးတာတွေ ရှိပါတယ်။ ဒီလို ဖမ်းဆီးရမိတဲ့အခါတွေမှာ မူးယစ်ဆေးတွေဟာ ဝတပ်ဖွဲ့နဲ့ ဆက်စပ်ကြောင်း သတင်းထုတ်ပြန်လေ့ရှိတာ ဖြစ်ပါတယ်။

ရှမ်းပြည် မူးယစ်ဆေးဝါး စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ နာယက ဦးခွန်ဆိုင်းကတော့ လက်ရှိ ၀ တောင်ပိုင်း စိတ်ကြွဆေး ဖမ်းဆီးမှုအပေါ် အခုလို သုံးသပ်ပါတယ်။

“ဒီတဝိုက်မှာတော့ သုံးစွဲတာကိုတော့ သူတို့ တော်တော်ကြီး ဟန့်တားတယ်လို့ ပြောတာပေါ့နော်။ ဒါပေမဲ့ အခု ရောင်း ဝယ်တဲ့ ကိစ္စ၊ ရောင်းဝယ်တယ်ဆိုတာထက် သူတို့နယ်ထဲ ဖြတ်ပြီးတော့ သယ်ယူတဲ့ ကိစ္စကိုတော့ အခုဒီလို တင်းကျပ်လာတာတော့ ဒီတစ်ခေါက်ပဲ ကျနော်တို့ စကြားတာပေါ့ဗျာနော်။ အရင်တုန်းကတော့ မကြားပါဘူးဗျာနော်။ ဒီကိစ္စကလည်း ဟို တဘက်ကလည်း image ရုပ်သွင်းကို မြှင့်တင်ချင်တာလည်း ပါမယ်။ နောက်တစ်ခုကတော့ ဒီ မူးယစ်ဆေးသမားတွေကို လုပ်ချင်ရင် ဒီပြင်နယ်တွေမှာ သွားလုပ် ငါတို့နယ်ထဲ မလာနဲ့ဆို သတိပေးတဲ့ပုံစံလည်း ဖြစ်နိုင်တယ်။”

နိုင်ငံတကာက ရှမ်းပြည်နယ်အရှေ့ပိုင်း ရွှေတြိဂံဒေသကိုမူးယစ်ဆေး အများဆုံးထုတ်လုပ်တဲ့ ဒေသအဖြစ် သတ်မှတ်ထားပြီး၂၀၁၅ခုနှစ် ဇူလိုင်လအတွင်း ရန်ကုန်မြို့ မင်္ဂလာဒုံက ဇေကမ္ဘာဝင်းအတွင်း စိတ်ကြွဆေးပြား ၂၆ သန်း (အမေရိကန်ဒေါ်လာ သန်း ၁၀၀ကျော်ဖိုး) ကို ကွန်တိန်နာ ကုန်တင်ယာဉ်တစ်စီးပေါ်ကနေ ပိုင်ရှင်မဲ့ ဖမ်းဆီးမှုကတော့ အမြင့်ဆုံး ဖမ်းဆီးရမိမှု တခု ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ မှာ ၁၉၉၉-၂၀၀၀ ခုနှစ်ကစပြီး မူးယစ်ဆေးဝါး ကင်းစင်ရေးအတွက် ၁၅ နှစ် စီမံကိန်း ချမှတ် အကောင်အထည်ဖော်ခဲ့ရာမှာ၂၀၁၄ အထိ ဘိန်းနဲ့ စိတ်ကြွဆေး ထုတ်လုပ်မှု ပမာဏ ဆက်လက် မြင့်လာနေတဲ့အတွက် စီမံကိန်းကာလကို နောက်ထပ် ငါး နှစ် တိုးမြှင့်ထားရပါတယ်။

သမ္မတ ဦးဝင်းမြင့် တာဝန်ယူပြီးနောက်မှာတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အထူးစီမံချက်နဲ့ ဆောင်ရွက်နေပြီး မူူးယစ်ဆေးနဲ့ပတ်သက်လို့ သတင်းပေးသူတွေကို ဆုငွေချီးမြှင့်ဖို့ပါ ထုတ်ပြန်ထားပါတယ်။

ကိုမိုးေဇာ္/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
စိတ္ၾကြေဆး ၅ သန္းနဲ႔အတူ မသကၤာသူတခ်ဳိ႕ UWSA ဖမ္းဆီး စိတ္ၾကြေဆး ၅ သန္းနဲ႔အတူ မသကၤာသူတခ်ဳိ႕ UWSA ဖမ္းဆီး Reviewed by THITHTOOLWIN on 23:58 Rating: 5
Powered by Blogger.