ဖမ္းခံရတဲ့ မံုးစီးရဲစခန္းမွဴးအပါအ၀င္ ရဲ ေလးဦး TNLA ျပန္လႊတ္ေပး

TNLA အဖဲြ႔
စက္တင္ဘာ ၂၉ ရက္ေန႔က ဖမ္းဆီးခံတဲ့ ကြတ္ခိုင္ၿမိဳ႕နယ္ မံုးစီးရြာ ရဲစခန္းမွဴးအပါအ၀င္ ရဲတပ္ဖဲြ႔၀င္ ၄ ဦးဟာ ဒီကေန႔ ညေန ၃နာရီေလာက္မွာ လြတ္ေျမာက္လာၿပီ ျဖစ္ပါတယ္။ ေလာေလာဆယ္သူတို႔ဟာ မူဆယ္ၿမိဳ႕ကို ေရာက္ရိွေနၿပီျဖစ္ေၾကာင္း ရွမ္းျပည္နယ္ ရဲမွဴးၾကီးက ေျပာဆုိေပမဲ့ ဖမ္းဆီးခဲ့တဲ့ TNLA ဘက္ကေတာ့ အေသးစိတ္ သတင္းထုတ္ျပန္တာ မရိွပါဘူး။ ဒီသတင္းကိုေတာ့ ဗီြအုိေအျမန္မာပိုင္းရဲ့သတင္းေထာက္ ကိုမိုးေဇာ္က တင္ျပမွာ ျဖစ္ပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳနယ္ မံုးစီးရြာက ရဲစခန္းမွဴး ရဲအုပ္ တဦး၊ ဒုရဲအုပ္ တဦး။ ရဲတပ္ၾကပ္ တစ္ဦးနဲ႔ ရဲ ဒုတပ္ၾကပ္တစ္ဦးတို႔ဟာ စက္တင္ဘာလ ၂၉ ရက္ေန႔က နမ့္ဆာရြာအနီးမွာ TNLA ေခၚ တအန္း(ပေလာင္) တပ္ဖဲြ႔က ဖမ္းဆီးခဲ့တာပါ။

ဒီကေန႔ေန႔ခင္းမွာေတာ့ ဖမ္းဆီးခံရသူေတြ အားလံုး ျပန္လည္ လြတ္ေျမာက္လာၿပီျဖစ္ေၾကာင္း ရွမ္းျပည္နယ္ ရဲတပ္ဖဲြ႔က ရဲမွဴးခ်ဳပ္ ေဇာ္ခင္ေအာင္က VOA ကို ေျပာပါတယ္။

“ျပန္လြတ္လာၿပီဗ်။ ျပန္လြတ္လာၿပီ။ က်ေနာ္တုိ႔ တအန္း (ပေလာင္) ယဥ္ေက်းမႈအဖဲြ႔တို႔ ဘာတို႔နဲ႔ ညိွႏိႈင္းၿပီးေတာ့မွ သူတုိ႔ ျပန္လႊတ္လိုက္ၿပီ။ က်ေနာ္တုိ႔ ဆီကို ေရာက္လာၿပီ။ ၿပီးခဲ့တဲ့ ၃ နာရီ ခဲြေလာက္ျဖစ္မယ္ ထင္တယ္။ အခုလက္ရိွအေနအထားေတာ့ က်ေနာ္တုိ႔ သိတာေတာ့ မူဆယ္ကို ေရာက္ေနတယ္။ မူဆယ္ကို ေရာက္ေနတယ္ေနာ္။”

မံုးစီး ရဲစခန္းမွဴးနဲ႔ အဖဲြ႔ဟာ တာ၀န္ထမ္းေဆာင္ေနစဥ္ ဖမ္းဆီးခံရတာျဖစ္ေၾကာင္း မံုးစီးရဲစခန္းက ရဲအရာရိွတစ္ဦးက ေျပာဆုိၿပီး TNLA ရဲ႕ ေျပာခြင့္ရသူကေတာ့ အရပ္၀တ္နဲ႔ သူတုိ႔ အဖဲြ႔နာမည္သံုးၿပီး ေငြေကာက္ခံတာေၾကာင္း ဖမ္းဆီးတာလို႔ ေျပာပါတယ္။

ဒီေန႔ ျပန္လႊတ္လိုက္တာနဲ႔ ပတ္သက္လုိ႔ TNLA ရဲ႕ ေျပာခြင့္ရသူ ဗိုလ္မွဴး တားအိုက္ေက်ာ္ကေတာ့ သူ႔ဆီကို သတင္းမတက္လာေသးေၾကာင္း ေျပာပါတယ္။

[Unicode Version]

စက်တင်ဘာ ၂၉ ရက်နေ့က ဖမ်းဆီးခံတဲ့ ကွတ်ခိုင်မြို့နယ် မုံးစီးရွာ ရဲစခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦးဟာ ဒီကနေ့ ညနေ ၃နာရီလောက်မှာ လွတ်မြောက်လာပြီ ဖြစ်ပါတယ်။ လောလောဆယ်သူတို့ဟာ မူဆယ်မြို့ကို ရောက်ရှိနေပြီဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲမှူးကြီးက ပြောဆိုပေမဲ့ ဖမ်းဆီးခဲ့တဲ့ TNLA ဘက်ကတော့ အသေးစိတ် သတင်းထုတ်ပြန်တာ မရှိပါဘူး။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြမှာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြိုနယ် မုံးစီးရွာက ရဲစခန်းမှူး ရဲအုပ် တဦး၊ ဒုရဲအုပ် တဦး။ ရဲတပ်ကြပ် တစ်ဦးနဲ့ ရဲ ဒုတပ်ကြပ်တစ်ဦးတို့ဟာ စက်တင်ဘာလ ၂၉ ရက်နေ့က နမ့်ဆာရွာအနီးမှာ TNLA ခေါ် တအန်း(ပလောင်) တပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။

ဒီကနေ့နေ့ခင်းမှာတော့ ဖမ်းဆီးခံရသူတွေ အားလုံး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ရဲမှူးချုပ် ဇော်ခင်အောင်က VOA ကို ပြောပါတယ်။

“ပြန်လွတ်လာပြီဗျ။ ပြန်လွတ်လာပြီ။ ကျနော်တို့ တအန်း (ပလောင်) ယဉ်ကျေးမှုအဖွဲ့တို့ ဘာတို့နဲ့ ညှိနှိုင်းပြီးတော့မှ သူတို့ ပြန်လွှတ်လိုက်ပြီ။ ကျနော်တို့ ဆီကို ရောက်လာပြီ။ ပြီးခဲ့တဲ့ ၃ နာရီ ခွဲလောက်ဖြစ်မယ် ထင်တယ်။ အခုလက်ရှိအနေအထားတော့ ကျနော်တို့ သိတာတော့ မူဆယ်ကို ရောက်နေတယ်။ မူဆယ်ကို ရောက်နေတယ်နော်။”

မုံးစီး ရဲစခန်းမှူးနဲ့ အဖွဲ့ဟာ တာဝန်ထမ်းဆောင်နေစဉ် ဖမ်းဆီးခံရတာဖြစ်ကြောင်း မုံးစီးရဲစခန်းက ရဲအရာရှိတစ်ဦးက ပြောဆိုပြီး TNLA ရဲ့ ပြောခွင့်ရသူကတော့ အရပ်ဝတ်နဲ့ သူတို့ အဖွဲ့နာမည်သုံးပြီး ငွေကောက်ခံတာကြောင်း ဖမ်းဆီးတာလို့ ပြောပါတယ်။

ဒီနေ့ ပြန်လွှတ်လိုက်တာနဲ့ပတ်သက်လို့ TNLA ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူး တားအိုက်ကျော်ကတော့ သူ့ဆီကို သတင်းမတက်လာသေးကြောင်း ပြောပါတယ်။

ကိုမိုးေဇာ္ / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ဖမ္းခံရတဲ့ မံုးစီးရဲစခန္းမွဴးအပါအ၀င္ ရဲ ေလးဦး TNLA ျပန္လႊတ္ေပး ဖမ္းခံရတဲ့ မံုးစီးရဲစခန္းမွဴးအပါအ၀င္ ရဲ ေလးဦး TNLA ျပန္လႊတ္ေပး Reviewed by THITHTOOLWIN on 08:03 Rating: 5
Powered by Blogger.