ျပန္ေခၚေရးလုပ္ေပမယ့္ NVC ကို ဒုကၡသည္ေတြ လက္မခံေသး

အန္ခ်ီပရန္ ဒုကၡသည္စခန္းတြင္း ဆႏၵျပ ႐ိုဟင္ဂ်ာဒုကၡသည္ကေလးငယ္မ်ား။ (ႏိုဝင္ဘာ ၁၅၊ ၂၀၁၈)
ဘဂၤလားေဒ့ရွ္ေရာက္ဒုကၡသည္ေတြ ေနရပ္ရင္းျပန္လာရင္ ႏုိင္ငံသားစိစစ္မႈသက္ေသခံကဒ္ျပား NVC ကတ္ထုတ္ေပးၿပီးမွ အဆင့္ဆင့္ႏုိင္ငံသားျဖစ္ခြင့္အတြက္ စိစစ္ေဆာင္ရြက္သြားမယ္လို႔ အစိုးရဘက္က ေျပာဆိုေပမယ့္၊ လက္ရိွတည္ဆဲ ဥပေဒေတြအရ ႏိုင္ငံသားျဖစ္ဖို႔ခက္ခဲတဲ့အျပင္ စီစစ္ဆဲကာလမွာလည္း သြားလာေနထိုင္ခြင့္ကအစ လြတ္လပ္မႈေတြ ဆံုးရႈံးမယ္လို႔ ဒုကၡသည္ေတြဘက္က ျမင္ေနပါတယ္။ ဒါဟာ ဒုကၡသည္ေတြ ေနရပ္ျပန္ေရးအစီအစဥ္ေတြ မေအာင္ျမင္တဲ့ အႀကီးမားဆံုး အခက္အခဲတရပ္လည္းျဖစ္ေနတာပါ။ မဆုမြန္က စံုစမ္းေမးျမန္းထားပါတယ္။

ဘဂၤလားေဒ့ရွ္ေရာက္ဒုကၡသည္ေတြ ေနရပ္ျပန္လာရင္ သက္ေသခံကတ္ အရင္ထုတ္ေပးၿပီးေနာက္ နိုင္ငံသားစိစစ္မႈေတြလုပ္ႏိုင္ဖို႔ ႏိုင္ငံသားစိစစ္မႈ သက္ေသခံကတ္ျပား NVC ကတ္ (National Verification Card) ထုတ္ေပးမယ္၊ ၿပီးေတာ့မွ National ID Card အမ်ိဳးသားမွတ္ပံုတင္ ကိုင္ေဆာင္ခြင့္ရဖို႔ အဆင့္ဆင့္လုပ္ေဆာင္သြားမယ္ဆိုတဲ့ ျမန္မာအစိုးရရဲ႕ ေျပာဆိုခ်က္ေတြအေပၚမွာ ရိုဟင္ဂ်ာဒုကၡသည္ေတြဘက္က လက္မခံတာေတြ ရိွေနတုန္းပါ။ ျမန္မာအစိုးရအေနနဲ႔ ဒီ ဒုကၡသည္ေတြကို နိုင္ငံသားျဖစ္လာဖို႔ စီစစ္လုပ္ေဆာင္ေပးမယ္လို႔ ဆိုေပမယ့္လည္း ဒီလို ရွည္ရွည္ေ၀းေ၀းလုပ္ငန္းစဥ္ေတြနဲ႔၊ ရႈပ္ေထြးတဲ့အေျခအေနေတြေၾကာင့္ ဒုကၡသည္ေတြဘက္ကေတာ့ ဒီလုပ္ငန္းစဥ္အေပၚယံုၾကည္မႈမဲ့ေနေသးတယ္လို႔ဆိုရမွာပါ။

သူတို႔အေနနဲ႔ ဘဂၤလားေဒ့ရွ္ဘက္ကို တိမ္းေရွာင္ထြက္ေျပးၾကခ်ိန္ စာရြက္စာတမ္းသက္ေသ အေထာက္အထားေတြ မပါလာတာရွိသလို ေနအိမ္မီး႐ိႈ႕ ဖ်က္ဆီးမႈေတြ ပ်က္စီးမႈေတြၾကားမွာလည္း ေပ်ာက္ဆံုးသြားတာေတြရွိေနလို႔ ေနရပ္ရင္းျပန္လာတဲ့အခ်ိန္ လံုေလာက္တဲ့ အေထာက္အထားေတြ ျပႏိုင္မွာမဟုတ္ဘူးလို႔ေျပာၾကပါတယ္။

ဒါ့အျပင္ ႏိုင္ငံသားျဖစ္ခဲ့သူေတြအေနနဲ႔လည္း NVC ကဒ္ကေန တဆင့္ ႏိုင္ငံသား ျဖစ္ဖို႔ျပန္လုပ္ရမယ္ဆိုတာကို လက္မခံနိုင္ဘူး လို႔ ေကာ့ဇ္ဘဇားအနီး ဘာလုခါလီ႐ိုဟင္ဂ်ာဒုကၡသည္စခန္းေန ႐ိုဟင္ဂ်ာဒုကၡသည္ဦးအီစလံကေျပာပါတယ္။

“NVC ကဒ္ကိုက က်ေနာ္တို႔ ရိုဟင္ဂ်ာလူမ်ိဳးေတြက လံုး၀ ကိုင္ေဆာင္စရာမလိုဘူးလို႔ က်ေနာ္တို႔ ဆိုရမွာပါ။ တႏိုင္ငံလံုးအတိုင္းအတာနဲ႔ က်ေနာ္တို႔က အမ်ိဳးသားမွတ္ပံုတင္ဆိုၿပီးေတာ့ က်ေနာ္တို႔ ရိုဟင္ဂ်ာလူမ်ိဳးေတြက ရထားတဲ့ လူမ်ိဳးျဖစ္တယ္။ အခုအခ်ိန္မွာ က်ေနာ္တို႔က ဘဂၤလီဆိုၿပီးေတာ့ NVC ကဒ္ကို ကိုင္ေဆာင္ရမွာ လံုး၀ အဓိပၸါယ္မရွိဘူးလို႔ဆိုရမွာပါ။ ဘာျဖစ္လို႔ဆိုရင္ အဲဒါ က်ေနာ္တို႔ကို တမင္သပ္သပ္ ႏိုင္ငံျခားသားဆိုၿပီးေတာ့ သတ္မွတ္တဲ့ လကၡဏာတခုလို႔ ဆိုရမွာပါ။ အဲဒါေၾကာင့္မို႔လို႔ NVC ကဒ္ကို က်ေနာ္တို႔ ဘယ္ေတာ့အခါမွ လက္ခံႏိုင္စရာမရွိဘူး။ NVC ကဒ္နဲ႔ သြားရမယ့္ကိစၥ က်ေနာ္တို႔ ရိုဟင္ဂ်ာ ဒုကၡသည္ေတြက တဦးတေယာက္မွ လက္ခံတာ မရွိဘူး။”

ၾကားစခန္းေတြမွာေနထိုင္ခိုင္းၿပီး ဒီၾကားထဲမွာ ႏိုင္ငံသားစီစစ္မႈေတြလုပ္မယ္ဆိုတဲ့အေနအထားေၾကာင့္ သူတို႔ရဲ႕ သြားလာလႈပ္ရွားခြင့္လို အေျခခံအခြင့္အေရးေတြ ဆံုးရံႈးမွာကိုလည္း စိုးရိမ္ေနၾကပါတယ္။

“အေထာက္အထားစံုတဲ့လူေတြကို သူတို႔က ႏိုင္ငံသားေဆာင္ရြက္ေပးမယ္ဆိုၿပီးေတာ့ ေျပာထားတာရွိတယ္။ ေနာက္အေထာက္အထားမရွိတဲ့သူေတြကို NVC ကဒ္ထုတ္ေပးမယ္လို႔ အဲလိုေျပာတယ္။ အေထာက္အထားဆိုတာ ဘယ္အေထာက္အထားကို ဆိုလိုတာလဲ ဆိုတာ က်ေနာ္တို႔ မသိေသးဘူး။ ကိုဖီအာနန္ဦးေဆာင္တဲ့ အၾကံျပဳခ်က္မွာလည္း ၁၉၈၂ ခုႏွစ္ ႏိုင္ငံသားဥပေဒကို ျပင္ဆင္ခ်က္ေပးၿပီးေတာ့ အဲဒီအၾကံျပဳခ်က္ကိုလည္း အခုအခ်ိန္အထိ ဘာတခုမွ အေကာင္အထည္ေဖာ္တာမရွိဘူး။ ေနာက္ယေန႔အခ်ိန္ကာလအထိ စစ္ေတြ IDP စခန္းေသာ္လည္းေကာင္း တျခား IDP စခန္းေတြမွာပါ အခုအထိ အဲဒီအတိုင္း ေနတုန္းပဲ IDP စခန္းမွာ ေနတဲ့လူေတြက ဘယ္မွ သြားလာခြင့္လည္း မရွိဘူး။ ရခိုင္ျပည္နယ္ကေန ရန္ကုန္တိုင္းတို႔ မႏၱေလးတိုင္းတို႔ ၊ မေကြးတိုင္းတို႔ အဲလိုေနရာကို ရခိုင္ကေန သြားတယ္ဆိုရင္ က်ေနာ္တို႔ကို လြတ္လြတ္လပ္လပ္သြားလာခြင့္မေပးဘူး။ အဖမ္းခံၿပီးေတာ့ ေထာင္ခ်ခံရတာကို ဆန္႔က်င္ၾကပါတယ္။ အဲဒီအတြက္ေၾကာင့္ က်ေနာ္တို႔ ေနရပ္ျပန္မယ့္အစီအစဥ္ကို လံုး၀လမ္းေၾကာင္းမျမင္ပါဘူးခင္ဗ်။”

ေနရပ္ျပန္သူအခ်ိဳ႕ ဖမ္းဆီးစစ္ေဆးခံေနရတာေတြရွိလို႔ ေဘးကင္းလံုျခံဳေရး အာမခံခ်က္အတြက္လည္း စိုးရိမ္မိတယ္လို႔ ႐ိုဟင္ဂ်ာဒုကၡသည္ ဦးအီစလံကေျပာပါတယ္။

“အဓိကေတာ့ လူေတြက စိုုးရိမ္စိတ္က အမ်ားႀကီးရွိတယ္။ ဘာျဖစ္လို႔ဆိုရင္ အရင္ႏွစ္ေပါင္းမ်ားစြာ ကလည္း ဒီလို မဟုတ္မမွန္ စြပ္စြဲမႈေတြ ကိုယ္တိုင္ ခံစားခဲ့ရတယ္။ အခုလည္း ဒီကေန သြားမယ္ဆိုရင္ လက္နက္ကိုင္အဖြဲ႔အစည္းနဲ႔ ခင္ဗ်ားတို႔ ပူးေပါင္းတယ္။ ဘာညာလုပ္တယ္ဆိုၿပီး လက္နက္ကိုင္ အဖြဲ႔အစည္း ကို က်ေနာ္တို႔က ျမင္ေတာင္မျမင္ခဲ့ဘူး။ အဲဒါမ်ိဳး စြပ္စြဲခံရမွာကို လူတိုင္းက စိုးရိမ္ပါတယ္။”

အခုလို ျပန္လာမယ့္သူေတြ ႏုိင္ငံသားဟုတ္-မဟုတ္ စိစစ္ေဆာင္ရြက္မႈမွာ ဥပေဒပညာရွင္ေတြ၊ ႏုိင္ငံေရးပါတီေတြနဲ႔ အရပ္ဖက္ အဖြဲ႔အစည္းေတြနဲ႔ တိုင္ပင္ေဆာင္ရြက္သင့္သလို ၁၉၈၂ ခုႏွစ္ ျမန္မာႏုိင္ငံသားဥပေဒနဲ႔အညီ စိစစ္ေဆာင္ရြက္သင့္တယ္လို႔လည္း ANP ရခိုင္အမ်ိဳးသားပါတီအၾကီးအကဲလည္းျဖစ္ ဥပေဒပညာရွင္ေရွ႕ေနတဦးလည္းျဖစ္တဲ့ ေဒၚေအးႏုစိန္က ျမင္ပါတယ္။

“၈၂ခုႏွစ္ ႏိုင္ငံသားဥပေဒဟာ တည္ဆဲဥပေဒျဖစ္တဲ့အတြက္ အဲဒီဥပေဒမွာ ဘယ္လိုလူေတြက ႏိုင္ငံသားျဖစ္ထိုက္သလဲဆိုတာကို အဲဒီမွာ အတိအက် ျပဌာန္းထားၿပီးသား ျဖစ္ပါတယ္။ အဲဒါနဲ႔ စိစစ္ၿပီးေတာ့ ညီတယ္ဆိုရင္ ေပးေပါ့။ ဒါက က်မတို႔ ရပ္တည္ခ်က္ပါပဲ။ ဒီေဒသနဲ႔ဆိုင္တဲ့ ႏိုင္ငံေရးပါတီေတြ ေဒသခံေတြရဲ႕ ဆႏၵေတြေရာ အေလးထား သံုးသပ္ တိုင္ပင္ ေဆြးေႏြးဖို႔ လိုတယ္ေပါ့ေနာ္။ ဒီကိစၥကို ကၽြမ္းကၽြမ္းက်င္က်င္ နားလည္တဲ့လူေတြနဲ႔ ေဆြးေႏြးတိုင္ျပင္ၿပီးေတာ့ လုပ္တာက ပိုၿပီးေတာ့ အဆင္ေျပႏိုင္တာေပါ့ေလ။”

ဒါေပမယ့္လည္း ၁၉၈၂ခုႏွစ္ ႏိုင္ငံသားျဖစ္ခြင့္ဥပေဒဟာ ႏို္င္ငံသားျဖစ္ဖို႔တင္းၾကပ္ထားတဲ့ ဥပေဒျဖစ္တယ္လို႔ေ၀ဖန္ ေထာက္ျပမႈေတြလည္းရိွပါတယ္။ ရခိုင္အေရး ကိုဖီအာနန္ေကာ္မရွင္ အႀကံျပဳခ်က္ေတြထဲမွာ ၁၉၈၂ခုႏွစ္ ႏုိင္ငံသားျဖစ္ခြင့္ဥပေဒကို ျပန္လည္စိစစ္သံုးသပ္ဖို႔ ပါ၀င္ပါတယ္။ ရိုဟင္ဂ်ာဆိုတဲ့ အသံုးအႏံႈးကိုေတာ့ ျမန္မာအစိုးရဘက္က လက္သင့္မခံပါဘူး ဒါေပမယ့္လို႔ ထြက္ေျပးသြားတဲ့ဒုကၡသည္ေတြကို ျပန္လက္ခံမယ္လို႔ေတာ့ ကတိျပဳထားပါတယ္။

ျပည္ေထာင္စု၀န္ႀကီး ဦးေက်ာ္တင့္ေဆြရဲ႕ကုလ အေထြေထြညီလာခံမိန္႔ခြန္းထဲမွာေတာ့့ ျမန္မာဘက္က ထြက္ေျပးသြားတဲ့ ဒုကၡသည္ေတြကို စိစစ္ၿပီး ႏိုင္ငံသားဥပေဒအရ ႏုိင္ငံသားျဖစ္ခြင့္ ရွိသူေတြကို ႏုိင္ငံသား အသိအမွတ္ျပဳ မွတ္ပံုတင္ ထုတ္ေပးမယ္၊ က်န္တဲ့သူေတြကိုေတာ့ အေမရိကန္ ျပည္ေထာင္စုမွာ အၿမဲတမ္းေနထုိင္ခြင့္ Green Card နဲ႔ ဆင္တူတဲ့ NVC ကတ္ေတြ ထုတ္ေပးသြားမွာ ျဖစ္တယ္လို႔ ေျပာဆိုထားပါတယ္။

......................

{Unicode}

ပြန်ခေါ်ရေးလုပ်ပေမယ့် NVC ကို ဒုက္ခသည်တွေလက်မခံသေး

ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်တွေ နေရပ်ရင်းပြန်လာရင် နိုင်ငံသားစိစစ်မှုသက်သေခံကဒ်ပြား NVC ကတ်ထုတ်ပေးပြီးမှ အဆင့်ဆင့်နိုင်ငံသားဖြစ်ခွင့်အတွက် စိစစ်ဆောင်ရွက်သွားမယ်လို့ အစိုးရဘက်က ပြောဆိုပေမယ့်၊ လက်ရှိတည်ဆဲ ဥပဒေတွေအရ နိုင်ငံသားဖြစ်ဖို့ခက်ခဲတဲ့အပြင် စီစစ်ဆဲကာလမှာလည်း သွားလာနေထိုင်ခွင့်ကအစ လွတ်လပ်မှုတွေ ဆုံးရှုံးမယ်လို့ ဒုက္ခသည်တွေဘက်က မြင်နေပါတယ်။ ဒါဟာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအစီအစဉ်တွေ မအောင်မြင်တဲ့ အကြီးမားဆုံး အခက်အခဲတရပ်လည်းဖြစ်နေတာပါ။ မဆုမွန်က စုံစမ်းမေးမြန်းထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်တွေ နေရပ်ပြန်လာရင် သက်သေခံကတ် အရင်ထုတ်ပေးပြီးနောက် နိုင်ငံသားစိစစ်မှုတွေလုပ်နိုင်ဖို့ နိုင်ငံသားစိစစ်မှု သက်သေခံကတ်ပြား NVC ကတ် (National Verification Card) ထုတ်ပေးမယ်၊ ပြီးတော့မှ National ID Card အမျိုးသားမှတ်ပုံတင် ကိုင်ဆောင်ခွင့်ရဖို့ အဆင့်ဆင့်လုပ်ဆောင်သွားမယ်ဆိုတဲ့ မြန်မာအစိုးရရဲ့ ပြောဆိုချက်တွေအပေါ်မှာ ရိုဟင်ဂျာဒုက္ခသည်တွေဘက်က လက်မခံတာတွေ ရှိနေတုန်းပါ။ မြန်မာအစိုးရအနေနဲ့ ဒီ ဒုက္ခသည်တွေကို နိုင်ငံသားဖြစ်လာဖို့ စီစစ်လုပ်ဆောင်ပေးမယ်လို့ ဆိုပေမယ့်လည်း ဒီလို ရှည်ရှည်ဝေးဝေးလုပ်ငန်းစဉ်တွေနဲ့၊ ရှုပ်ထွေးတဲ့အခြေအနေတွေကြောင့် ဒုက္ခသည်တွေဘက်ကတော့ ဒီလုပ်ငန်းစဉ်အပေါ်ယုံကြည်မှုမဲ့နေသေးတယ်လို့ဆိုရမှာပါ။

သူတို့အနေနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို တိမ်းရှောင်ထွက်ပြေးကြချိန် စာရွက်စာတမ်းသက်သေ အထောက်အထားတွေ မပါလာတာရှိသလို နေအိမ်မီးရှို့ ဖျက်ဆီးမှုတွေ ပျက်စီးမှုတွေကြားမှာလည်း ပျောက်ဆုံးသွားတာတွေရှိနေလို့ နေရပ်ရင်းပြန်လာတဲ့အချိန် လုံလောက်တဲ့ အထောက်အထားတွေ ပြနိုင်မှာမဟုတ်ဘူးလို့ပြောကြပါတယ်။

ဒါ့အပြင် နိုင်ငံသားဖြစ်ခဲ့သူတွေအနေနဲ့လည်း NVC ကဒ်ကနေ တဆင့် နိုင်ငံသား ဖြစ်ဖို့ပြန်လုပ်ရမယ်ဆိုတာကို လက်မခံနိုင်ဘူး လို့ ကော့ဇ်ဘဇားအနီး ဘာလုခါလီရိုဟင်ဂျာဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည်ဦးအီစလံကပြောပါတယ်။

“NVC ကဒ်ကိုက ကျနော်တို့ ရိုဟင်ဂျာလူမျိုးတွေက လုံး၀ ကိုင်ဆောင်စရာမလိုဘူးလို့ ကျနော်တို့ ဆိုရမှာပါ။ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျနော်တို့က အမျိုးသားမှတ်ပုံတင်ဆိုပြီးတော့ ကျနော်တို့ ရိုဟင်ဂျာလူမျိုးတွေက ရထားတဲ့ လူမျိုးဖြစ်တယ်။ အခုအချိန်မှာ ကျနော်တို့က ဘင်္ဂလီဆိုပြီးတော့ NVC ကဒ်ကို ကိုင်ဆောင်ရမှာ လုံး၀ အဓိပ္ပါယ်မရှိဘူးလို့ဆိုရမှာပါ။ ဘာဖြစ်လို့ဆိုရင် အဲဒါ ကျနော်တို့ကို တမင်သပ်သပ် နိုင်ငံခြားသားဆိုပြီးတော့ သတ်မှတ်တဲ့ လက္ခဏာတခုလို့ ဆိုရမှာပါ။ အဲဒါကြောင့်မို့လို့ NVC ကဒ်ကို ကျနော်တို့ ဘယ်တော့အခါမှ လက်ခံနိုင်စရာမရှိဘူး။ NVC ကဒ်နဲ့ သွားရမယ့်ကိစ္စ ကျနော်တို့ ရိုဟင်ဂျာ ဒုက္ခသည်တွေက တဦးတယောက်မှ လက်ခံတာ မရှိဘူး။”

ကြားစခန်းတွေမှာနေထိုင်ခိုင်းပြီး ဒီကြားထဲမှာ နိုင်ငံသားစီစစ်မှုတွေလုပ်မယ်ဆိုတဲ့အနေအထားကြောင့် သူတို့ရဲ့ သွားလာလှုပ်ရှားခွင့်လို အခြေခံအခွင့်အရေးတွေ ဆုံးရှုံးမှာကိုလည်း စိုးရိမ်နေကြပါတယ်။

“အထောက်အထားစုံတဲ့လူတွေကို သူတို့က နိုင်ငံသားဆောင်ရွက်ပေးမယ်ဆိုပြီးတော့ ပြောထားတာရှိတယ်။ နောက်အထောက်အထားမရှိတဲ့သူတွေကို NVC ကဒ်ထုတ်ပေးမယ်လို့ အဲလိုပြောတယ်။ အထောက်အထားဆိုတာ ဘယ်အထောက်အထားကို ဆိုလိုတာလဲ ဆိုတာ ကျနော်တို့ မသိသေးဘူး။ ကိုဖီအာနန်ဦးဆောင်တဲ့ အကြံပြုချက်မှာလည်း ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြင်ဆင်ချက်ပေးပြီးတော့ အဲဒီအကြံပြုချက်ကိုလည်း အခုအချိန်အထိ ဘာတခုမှ အကောင်အထည်ဖော်တာမရှိဘူး။ နောက်ယနေ့အချိန်ကာလအထိ စစ်တွေ IDP စခန်းသော်လည်းကောင်း တခြား IDP စခန်းတွေမှာပါ အခုအထိ အဲဒီအတိုင်း နေတုန်းပဲ IDP စခန်းမှာ နေတဲ့လူတွေက ဘယ်မှ သွားလာခွင့်လည်း မရှိဘူး။ ရခိုင်ပြည်နယ်ကနေ ရန်ကုန်တိုင်းတို့ မန္တလေးတိုင်းတို့ ၊ မကွေးတိုင်းတို့ အဲလိုနေရာကို ရခိုင်ကနေ သွားတယ်ဆိုရင် ကျနော်တို့ကို လွတ်လွတ်လပ်လပ်သွားလာခွင့်မပေးဘူး။ အဖမ်းခံပြီးတော့ ထောင်ချခံရတာကို ဆန့်ကျင်ကြပါတယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ နေရပ်ပြန်မယ့်အစီအစဉ်ကို လုံးဝလမ်းကြောင်းမမြင်ပါဘူးခင်ဗျ။”

နေရပ်ပြန်သူအချို့ ဖမ်းဆီးစစ်ဆေးခံနေရတာတွေရှိလို့ ဘေးကင်းလုံခြုံရေး အာမခံချက်အတွက်လည်း စိုးရိမ်မိတယ်လို့ ရိုဟင်ဂျာဒုက္ခသည် ဦးအီစလံကပြောပါတယ်။

“အဓိကတော့ လူတွေက စိုးရိမ်စိတ်က အများကြီးရှိတယ်။ ဘာဖြစ်လို့ဆိုရင် အရင်နှစ်ပေါင်းများစွာ ကလည်း ဒီလို မဟုတ်မမှန် စွပ်စွဲမှုတွေ ကိုယ်တိုင် ခံစားခဲ့ရတယ်။ အခုလည်း ဒီကနေ သွားမယ်ဆိုရင် လက်နက်ကိုင်အဖွဲ့အစည်းနဲ့ ခင်ဗျားတို့ ပူးပေါင်းတယ်။ ဘာညာလုပ်တယ်ဆိုပြီး လက်နက်ကိုင် အဖွဲ့အစည်း ကို ကျနော်တို့က မြင်တောင်မမြင်ခဲ့ဘူး။ အဲဒါမျိုး စွပ်စွဲခံရမှာကို လူတိုင်းက စိုးရိမ်ပါတယ်။”

အခုလို ပြန်လာမယ့်သူတွေ နိုင်ငံသားဟုတ်-မဟုတ် စိစစ်ဆောင်ရွက်မှုမှာ ဥပဒေပညာရှင်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆောင်ရွက်သင့်သလို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့အညီ စိစစ်ဆောင်ရွက်သင့်တယ်လို့လည်း ANP ရခိုင်အမျိုးသားပါတီအကြီးအကဲလည်းဖြစ် ဥပဒေပညာရှင်ရှေ့နေတဦးလည်းဖြစ်တဲ့ ဒေါ်အေးနုစိန်က မြင်ပါတယ်။

“၈၂ခုနှစ် နိုင်ငံသားဥပဒေဟာ တည်ဆဲဥပဒေဖြစ်တဲ့အတွက် အဲဒီဥပဒေမှာ ဘယ်လိုလူတွေက နိုင်ငံသားဖြစ်ထိုက်သလဲဆိုတာကို အဲဒီမှာ အတိအကျ ပြဌာန်းထားပြီးသား ဖြစ်ပါတယ်။ အဲဒါနဲ့ စိစစ်ပြီးတော့ ညီတယ်ဆိုရင် ပေးပေါ့။ ဒါက ကျမတို့ ရပ်တည်ချက်ပါပဲ။ ဒီဒေသနဲ့ဆိုင်တဲ့ နိုင်ငံရေးပါတီတွေ ဒေသခံတွေရဲ့ ဆန္ဒတွေရော အလေးထား သုံးသပ် တိုင်ပင် ဆွေးနွေးဖို့ လိုတယ်ပေါ့နော်။ ဒီကိစ္စကို ကျွမ်းကျွမ်းကျင်ကျင် နားလည်တဲ့လူတွေနဲ့ ဆွေးနွေးတိုင်ပြင်ပြီးတော့ လုပ်တာက ပိုပြီးတော့ အဆင်ပြေနိုင်တာပေါ့လေ။”

ဒါပေမယ့်လည်း ၁၉၈၂ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေဟာ နိုင်ငံသားဖြစ်ဖို့တင်းကြပ်ထားတဲ့ ဥပဒေဖြစ်တယ်လို့ဝေဖန် ထောက်ပြမှုတွေလည်းရှိပါတယ်။ ရခိုင်အရေး ကိုဖီအာနန်ကော်မရှင် အကြံပြုချက်တွေထဲမှာ ၁၉၈၂ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေကို ပြန်လည်စိစစ်သုံးသပ်ဖို့ ပါဝင်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးကိုတော့ မြန်မာအစိုးရဘက်က လက်သင့်မခံပါဘူး ဒါပေမယ့်လို့ ထွက်ပြေးသွားတဲ့ဒုက္ခသည်တွေကို ပြန်လက်ခံမယ်လို့တော့ ကတိပြုထားပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေရဲ့ကုလ အထွေထွေညီလာခံမိန့်ခွန်းထဲမှာတော့ မြန်မာဘက်က ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို စိစစ်ပြီး နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်ခွင့် ရှိသူတွေကို နိုင်ငံသား အသိအမှတ်ပြု မှတ်ပုံတင် ထုတ်ပေးမယ်၊ ကျန်တဲ့သူတွေကိုတော့ အမေရိကန် ပြည်ထောင်စုမှာ အမြဲတမ်းနေထိုင်ခွင့် Green Card နဲ့ ဆင်တူတဲ့ NVC ကတ်တွေ ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

မဆုမြန္ / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ျပန္ေခၚေရးလုပ္ေပမယ့္ NVC ကို ဒုကၡသည္ေတြ လက္မခံေသး ျပန္ေခၚေရးလုပ္ေပမယ့္ NVC ကို ဒုကၡသည္ေတြ လက္မခံေသး Reviewed by THITHTOOLWIN on 03:46 Rating: 5
Powered by Blogger.