NLD ရဲ႕ ဖယ္ဒရယ္အယူအဆ တိုင္းရင္းသားမ်ား တုံ႔ျပန္

NLD ပါတီတည္ေထာင္တဲ႔ ၃၁ႏွစ္ျပည့္ အခမ္းအနား (Photo-National League for Democracy)
ဒီမိုကေရစီစနစ္ကို ပူးေပါင္း အေကာင္အထည္ေဖာ္ဖို႔နဲ႔ လက္ရွိႏိုင္ငံေရးအေနအထားမွာ ဒီမိုကေရစီအစစ္အမွန္ မရေသးတဲ႔အတြက္ ဒါကိုေဖာ္ေဆာင္ ျပီးမွသာ တိုင္းရင္းသားေတြ ေတာင္းဆိုေနတဲ႔ ကိုယ္ပိုင္ျပ႒ာန္းခြင့္ ဖက္ဒရယ္ကို ဝိုင္းျပီးပံုေဖာ္ၾကမယ္လို႔ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD ေျပာခြင့္ရက ပါတီတည္ေထာင္တဲ႔ ၃၁ႏွစ္ျပည့္မွာ ေျပာလိုက္ပါတယ္။ အဲဒီအေပၚမွာ တိုင္းရင္းသားပါတီေတြဘက္က သူတို႔ရဲ႕ မူလ အခြင့္အေရးေတြ အရင္ရဖို႔နဲ႔ ဖက္ဒရယ္ကို ဦးစားေပးဖို႔ သံုးသပ္ေျပာဆိုတာလည္းရွိပါတယ္။ တိုင္းရင္းသားပါတီ တခ်ိဳ႕ရဲ႕ အျမင္ကို ဗြီအိုေအ သတင္းေထာက္ ကိုေဇာ္ထက္က ေမးျမန္း ေပးပို႔ထားပါတယ္။

၁၉ ၈၈ ခုႏွစ္က စတင္တည္ေထာင္ခဲ့တဲ့ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီဟာ အမ်ားျပည္သူရဲ႕ ဆႏၵနဲ႔ ကိုက္ညီျပီး အေျခခံလူ႔အခြင့္အေရးကို အာမခံတဲ႔ စစ္မွန္တဲ႔ ဒီမိုကေရစီအစိုးရတရပ္ ေပၚေပါက္လာဖို႔ ၾကိဳးစား ေနတယ္လို႔ ပါတီ ၃၁ႏွစ္ျပည့္မွာ ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ တကယ့္ ဒီမိုကေရစီ ရၿပီးမွသာ တိုင္းရင္းသားေတြ အားလံုးလိုလားတဲ႔ ဖက္ဒရယ္စနစ္ကို ဝို္င္းျပီးပံုေဖာ္ၾကမယ္လို႔ NLD ပါတီေျပာခြင့္ရ ေဒါက္တာမ်ိဳးညႊန္႔က ပါတီ ၃၁ႏွစ္ျပည့္ပြဲမွာ မီဒီယာေတြကို အခုလို ေျပာခဲ႔ပါတယ္။

“က်ေနာ္တို႔ သြားေနတဲ႔ ဒီမိုကေရစီရၿပီ ရတဲ႔အခါမွာ ဒီမိုကေရစီနည္းအရ တိုင္းရင္းသားအားလံုး စုေပါင္းျပီးေတာ႔ မိမိတို႔လိုခ်င္တဲ႔ ဖက္ဒရယ္ႏိုင္ငံရဲ႕ ပံုစံကို အဲဒီေတာ႔မွ ေဆြးေႏြးၾကမယ္။ အခုကိုယ္လိုခ်င္တာေတြကို ေတာင္းေနရင္ တဦးနဲ႔တဦး အျမင္ခ်င္းမတိုက္ဆိုင္တာ ရွိၿပီးေတာ႔ ဘယ္ေတာ႔မွ ေရွ႕ကိုေရာက္မွာ မဟုတ္ဘူး။ အဲဒီေတာ႔ ဒီမိုကေရစီရေအာင္ က်ေနာ္တို႔ ဝိုင္းျပီးေတာ႔ အားေကာင္းေကာင္းနဲ႔လုပ္မယ္ ျပီးရင္ ဖက္ဒရယ္စနစ္ကို ဝိုင္းျပီးေတာ႔ ပံုေဖာ္ၾကမယ္။”

ရန္ကုန္ၿမိဳ႕၊ ဗဟန္းၿမိဳ႕နယ္မွာရွိတဲ့ ပါတီဌာနခ်ဳပ္မွာ စက္တင္ဘာ ၂၇ ရက္ေန႔က ပါတီတည္ေထာင္ျခင္း ၃၁ ႏွစ္ျပည့္အခမ္းအနားမွာ ေဒါက္တာမ်ဳိးညြန္႔က အဲဒီလုိ ေျပာၾကားခဲ့တာပါ။

အာဏာရ NLD ပါတီေျပာခြင့္ရ ေဒါက္တာမ်ိဳးညႊန္႔ ေျပာသြားတဲ႔အေပၚမွာ တိုင္းရင္းသားေတြဘက္က သေဘာထားကြဲလြဲတာလည္းရွိပါတယ္။

ျပည္နယ္ေတြ အစုအဖြဲ႔ သေဘာတူညီမႈနဲ႔ လြတ္လပ္ေရးကိုရခဲ႔ေပမဲ႔ ျပည္နယ္တခုခ်င္းစီရဲ႕ လြတ္လပ္မႈကို မ်က္ေျချပတ္ခဲ႔လို႔ ျမန္မာႏုိင္ငံရဲ႕ အႏွစ္၇၀ေက်ာ္ ႏုိင္ငံေရးမွာ ပဋိပကၡေတြနဲ႔ ရင္ဆိုင္ေနရတာလုိ႔ တိုင္းရင္းသားပါတီေတြက ေျပာပါတယ္။ ဗမာတိုင္းရင္းသား အမ်ားစုက ကိုယ္ပိုင္ျပ႒ာန္းခြင့္ကို အထိုက္ အေလ်ာက္ ရျပီးသားျဖစ္တဲ႔ အေနအထားမွာ ဒီမိုကေရစီစနစ္ကို သြားတာဟာ မွန္ႏိုင္ေပမဲ႔ တိုင္းရင္းသားမ်ိဳးႏြယ္စုေတြကေတာ႔ ကိုယ္ပိုင္ျပ႒ာန္းခြင့္ ဒီေန႔အထိ မရေသးတဲ႔အတြက္ ဒုတိယႏုိင္ငံသား အေနအထား ျဖစ္ေနေၾကာင္း ေျပာၾကတာလည္း ရွိပါတယ္။

လူမ်ိဳးစုေတြရဲ႕ရပိုင္ခြင့္ကို လစ္လ်ဴရႈျပီး ဒီမိုကေရစီလို ႏိုင္ငံေရးစနစ္ေတြကို အရင္ဦးတည္တာဟာ မွားယြင္းေနတယ္လို႔ ကခ်င္အမ်ိဳးသား ကြန္ဂရက္ပါတီဥကၠ႒ ေဒါက္တာအမ္ေကာန္လ က ဗြီအိုေအကို ေျပာပါတယ္။

“ျဖစ္သင့္တာကေပါ႔ေနာ္ self-determination ဆိုတဲ႔ ကိုယ္ပိုင္ျပ႒ာန္း ခြင့္မွာ က်ေနာ္တို႔ ႏုိင္ငံေရးပါတယ္၊ စီးပြားေရးပါတယ္၊ လူမႈေရးပါတယ္၊ ယဥ္ေက်းမႈပါတယ္။ အဲဒါေတြမွာ ကိုယ္ပိုင္ျပ႒ာန္းခြင့္ ဆိုတဲ႔ဟာက ဒီမ်ိဳးႏြယ္စု ေတြရဲ႕မူရင္းအခြင့္အေရးျဖစ္တယ္။ အဲဒါကို အေကာင္အထည္ေဖာ္ျပီးမွ က်ေနာ္တို႔ ဒီမိုကေရစီလား၊ အရင္းရွင္စနစ္လား၊ ေနာက္ အာဏာရွင္ စနစ္လား၊ အဲလိုမ်ိဳးျပန္ျပီးေတာ႔မွ သြားရမယ္ဗ်။ အခုဟာက စနစ္ေတြကို အရင္အေကာင္အထည္ ေဖာ္တယ္။ self-determination ကိုေနာက္မွ ဆိုတဲ႔ အခါက်ေတာ႔ တကယ္တမ္း ကိုယ္ပိုင္ျပ႒ာန္းခြင့္ လိုအပ္ေနတဲ႔ မ်ိဳးႏြယ္စုေတြက ႏိုင္ငံေရးအရ မေက်လည္မႈေတြျဖစ္တယ္။ ျဖစ္လို႔လည္း ျပည္တြင္းစစ္ေတြ ျဖစ္လာတာေပါ႔ေနာ္။ ႏိုင္ငံေရးအရ စနစ္ေတြကို အတင္းအေကာင္အထည္ ေဖာ္တာက အေျခအေနအရ မမွန္ကန္ဘူးေပါ႔ေနာ္။”

လက္ရွိမွာ ျပည္ေထာင္စုျငိမ္းခ်မ္းေရးညီလာခံကို ျပန္စႏုိင္ဖို႔အစိုးရက ၾကိဳးစားေနပါတယ္။ တိုင္းရင္းသား စည္းလံုးညီညြတ္ေရးအတြက္ NLD ကုိ ေမ်ွာ္လင့္ခဲ႔ေပမဲ႔ တိုင္းရင္းသားေတြနဲ႔ မဟာမိတ္ျဖစ္မလာခဲ႔ေၾကာင္း တုိင္းရင္းသားပါတီေတြက ေဝဖန္တာလည္းရွိပါတယ္။

လက္ရွိသြားေနတဲ႔ ႏုိင္ငံေရးမွာ ဖက္ဒရယ္နဲ႔ အလွမ္းေဝးကြာလာတယ္လို႔ျမင္ေၾကာင္း ခ်င္းဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဥကၠ႒ ဆလိုင္းငိုင္ဆာ႔ခ္က ေျပာပါတယ္။

“ဒါကလက္ေတြ႔မွာ မျဖစ္ႏို္င္ဘူးထင္တယ္ NLD ေျပာတဲ႔ဟာေလ။ က်ေနာ္တို႔ ၁၉၄၇ တုန္းကလည္း ဖက္ဒရယ္ တည္ေဆာက္မယ္ ဆိုတုန္းက ဒီမိုကေရစီ အရင္ဦးတည္ျပီး တည္ေဆာက္ခဲ႔လုိက္တာ ဖက္ဒရယ္နဲ႔ ပိုပိုေဝးသြားတယ္။ ဆိုေတာ႔ လက္ေတြ႔မွာ တိုင္းျပည္တကယ္တမ္း ျငိမ္းခ်မ္းေစခ်င္တယ္၊ ျပည္တြင္းစစ္ ျငိမ္းခ်မ္းေစခ်င္တယ္ ဆိုရင္ ဖက္ဒရယ္ေရာ ဒီမိုကေရစီေရာ တျပိဳင္နက္တည္း လုပ္ရမွာ။ အထူးသျဖင့္က ဖက္ဒရယ္ကို ဦးစားေပး လုပ္လိုက္ရင္ ဒါက ဖက္ဒရယ္ႏုိင္ငံမွာ ဒီမိုကေရစီ မရွိလို႔ မရဘူးေလ အခု NLD ေျပာတဲ႔ဟာက က်ေနာ္ယူဆတာကေတာ႔ ဒီမိုကေရစီဆိုတာ အမ်ားစုက ဆံုးျဖတ္တာဆိုေတာ႔ NLD ကအမ်ားစု ရေအာင္ကိုပဲ ဦးတည္ျပီးေတာ႔ သူမဲအမ်ားဆံုး အႏိုင္ရေအာင္ ျပန္ကတိေပးတယ္လို႔ပဲ ယူဆတယ္ အဲဒါ။”

မၾကာေသးခင္ကလည္း NLD ပါတီဟာ သူ႔ရဲ႕ ဗဟိုေကာ္မတီအစည္းအေဝးမွာ တိုင္းရင္းသားေရးရာ ေကာ္မတီကို ဖြဲ႔စည္းခဲ႔ပါတယ္။ အာဏာရပါတီက တိုင္းရင္းသားပါတီေတြနဲ႔ ညွိႏႈိင္းေဆြးေႏြးတဲ႔ပံုစံ မဟုတ္ဘဲ၊ သီးျခား ေကာ္မတီ ဖြဲ႔လိုက္တာဟာ ဖက္ဒရယ္ျပည္ေထာင္စုုနဲ႔ ပိုအလွမ္းေဝးသြားတယ္လို႔ တိုင္းရင္းသား ပါတီေတြဘက္က ေျပာၾကပါတယ္။

......................

{Unicode}

NLD ရဲ့ ဖယ်ဒရယ်အယူအဆ တိုင်းရင်းသားများတုံ့ပြန်

ဒီမိုကရေစီစနစ်ကို ပူးပေါင်း အကောင်အထည်ဖော်ဖို့နဲ့ လက်ရှိနိုင်ငံရေးအနေအထားမှာ ဒီမိုကရေစီအစစ်အမှန် မရသေးတဲ့အတွက် ဒါကိုဖော်ဆောင် ပြီးမှသာ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဖက်ဒရယ်ကို ဝိုင်းပြီးပုံဖော်ကြမယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပြောခွင့်ရက ပါတီတည်ထောင်တဲ့ ၃၁နှစ်ပြည့်မှာ ပြောလိုက်ပါတယ်။ အဲဒီအပေါ်မှာ တိုင်းရင်းသားပါတီတွေဘက်က သူတို့ရဲ့ မူလ အခွင့်အရေးတွေ အရင်ရဖို့နဲ့ ဖက်ဒရယ်ကို ဦးစားပေးဖို့ သုံးသပ်ပြောဆိုတာလည်းရှိပါတယ်။ တိုင်းရင်းသားပါတီ တချို့ရဲ့ အမြင်ကို ဗွီအိုအေ သတင်းထောက် ကိုဇော်ထက်က မေးမြန်း ပေးပို့ထားပါတယ်။

၁၉ ၈၈ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ အများပြည်သူရဲ့ ဆန္ဒနဲ့ ကိုက်ညီပြီး အခြေခံလူ့အခွင့်အရေးကို အာမခံတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီအစိုးရတရပ် ပေါ်ပေါက်လာဖို့ ကြိုးစား နေတယ်လို့ ပါတီ ၃၁နှစ်ပြည့်မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ တကယ့် ဒီမိုကရေစီ ရပြီးမှသာ တိုင်းရင်းသားတွေ အားလုံးလိုလားတဲ့ ဖက်ဒရယ်စနစ်ကို ဝိုင်းပြီးပုံဖော်ကြမယ်လို့ NLD ပါတီပြောခွင့်ရ ဒေါက်တာမျိုးညွှန့်က ပါတီ ၃၁နှစ်ပြည့်ပွဲမှာ မီဒီယာတွေကို အခုလို ပြောခဲ့ပါတယ်။

“ကျနော်တို့ သွားနေတဲ့ ဒီမိုကရေစီရပြီ ရတဲ့အခါမှာ ဒီမိုကရေစီနည်းအရ တိုင်းရင်းသားအားလုံး စုပေါင်းပြီးတော့ မိမိတို့လိုချင်တဲ့ ဖက်ဒရယ်နိုင်ငံရဲ့ ပုံစံကို အဲဒီတော့မှ ဆွေးနွေးကြမယ်။ အခုကိုယ်လိုချင်တာတွေကို တောင်းနေရင် တဦးနဲ့တဦး အမြင်ချင်းမတိုက်ဆိုင်တာ ရှိပြီးတော့ ဘယ်တော့မှ ရှေ့ကိုရောက်မှာ မဟုတ်ဘူး။ အဲဒီတော့ ဒီမိုကရေစီရအောင် ကျနော်တို့ ဝိုင်းပြီးတော့ အားကောင်းကောင်းနဲ့လုပ်မယ် ပြီးရင် ဖက်ဒရယ်စနစ်ကို ဝိုင်းပြီးတော့ ပုံဖော်ကြမယ်။”

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်မှာရှိတဲ့ ပါတီဌာနချုပ်မှာ စက်တင်ဘာ ၂၇ ရက်နေ့က ပါတီတည်ထောင်ခြင်း ၃၁ နှစ်ပြည့်အခမ်းအနားမှာ ဒေါက်တာမျိုးညွန့်က အဲဒီလို ပြောကြားခဲ့တာပါ။

အာဏာရ NLD ပါတီပြောခွင့်ရ ဒေါက်တာမျိုးညွှန့် ပြောသွားတဲ့အပေါ်မှာ တိုင်းရင်းသားတွေဘက်က သဘောထားကွဲလွဲတာလည်းရှိပါတယ်။

ပြည်နယ်တွေ အစုအဖွဲ့ သဘောတူညီမှုနဲ့ လွတ်လပ်ရေးကိုရခဲ့ပေမဲ့ ပြည်နယ်တခုချင်းစီရဲ့ လွတ်လပ်မှုကို မျက်ခြေပြတ်ခဲ့လို့ မြန်မာနိုင်ငံရဲ့ အနှစ်၇၀ကျော် နိုင်ငံရေးမှာ ပဋိပက္ခတွေနဲ့ ရင်ဆိုင်နေရတာလို့ တိုင်းရင်းသားပါတီတွေက ပြောပါတယ်။ ဗမာတိုင်းရင်းသား အများစုက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အထိုက် အလျောက် ရပြီးသားဖြစ်တဲ့ အနေအထားမှာ ဒီမိုကရေစီစနစ်ကို သွားတာဟာ မှန်နိုင်ပေမဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေကတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဒီနေ့အထိ မရသေးတဲ့အတွက် ဒုတိယနိုင်ငံသား အနေအထား ဖြစ်နေကြောင်း ပြောကြတာလည်း ရှိပါတယ်။

လူမျိုးစုတွေရဲ့ရပိုင်ခွင့်ကို လစ်လျူရှုပြီး ဒီမိုကရေစီလို နိုင်ငံရေးစနစ်တွေကို အရင်ဦးတည်တာဟာ မှားယွင်းနေတယ်လို့ ကချင်အမျိုးသား ကွန်ဂရက်ပါတီဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လ က ဗွီအိုအေကို ပြောပါတယ်။

“ဖြစ်သင့်တာကပေါ့နော် self-determination ဆိုတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်မှာ ကျနော်တို့ နိုင်ငံရေးပါတယ်၊ စီးပွားရေးပါတယ်၊ လူမှုရေးပါတယ်၊ ယဉ်ကျေးမှုပါတယ်။ အဲဒါတွေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတဲ့ဟာက ဒီမျိုးနွယ်စု တွေရဲ့မူရင်းအခွင့်အရေးဖြစ်တယ်။ အဲဒါကို အကောင်အထည်ဖော်ပြီးမှ ကျနော်တို့ ဒီမိုကရေစီလား၊ အရင်းရှင်စနစ်လား၊ နောက် အာဏာရှင် စနစ်လား၊ အဲလိုမျိုးပြန်ပြီးတော့မှ သွားရမယ်ဗျ။ အခုဟာက စနစ်တွေကို အရင်အကောင်အထည် ဖော်တယ်။ self-determination ကိုနောက်မှ ဆိုတဲ့ အခါကျတော့ တကယ်တမ်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် လိုအပ်နေတဲ့ မျိုးနွယ်စုတွေက နိုင်ငံရေးအရ မကျေလည်မှုတွေဖြစ်တယ်။ ဖြစ်လို့လည်း ပြည်တွင်းစစ်တွေ ဖြစ်လာတာပေါ့နော်။ နိုင်ငံရေးအရ စနစ်တွေကို အတင်းအကောင်အထည် ဖော်တာက အခြေအနေအရ မမှန်ကန်ဘူးပေါ့နော်။”

လက်ရှိမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ပြန်စနိုင်ဖို့အစိုးရက ကြိုးစားနေပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် NLD ကို မျှော်လင့်ခဲ့ပေမဲ့ တိုင်းရင်းသားတွေနဲ့ မဟာမိတ်ဖြစ်မလာခဲ့ကြောင်း တိုင်းရင်းသားပါတီတွေက ဝေဖန်တာလည်းရှိပါတယ်။

လက်ရှိသွားနေတဲ့ နိုင်ငံရေးမှာ ဖက်ဒရယ်နဲ့ အလှမ်းဝေးကွာလာတယ်လို့မြင်ကြောင်း ချင်းဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဆလိုင်းငိုင်ဆာ့ခ်က ပြောပါတယ်။

“ဒါကလက်တွေ့မှာ မဖြစ်နိုင်ဘူးထင်တယ် NLD ပြောတဲ့ဟာလေ။ ကျနော်တို့ ၁၉၄၇ တုန်းကလည်း ဖက်ဒရယ် တည်ဆောက်မယ် ဆိုတုန်းက ဒီမိုကရေစီ အရင်ဦးတည်ပြီး တည်ဆောက်ခဲ့လိုက်တာ ဖက်ဒရယ်နဲ့ ပိုပိုဝေးသွားတယ်။ ဆိုတော့ လက်တွေ့မှာ တိုင်းပြည်တကယ်တမ်း ငြိမ်းချမ်းစေချင်တယ်၊ ပြည်တွင်းစစ် ငြိမ်းချမ်းစေချင်တယ် ဆိုရင် ဖက်ဒရယ်ရော ဒီမိုကရေစီရော တပြိုင်နက်တည်း လုပ်ရမှာ။ အထူးသဖြင့်က ဖက်ဒရယ်ကို ဦးစားပေး လုပ်လိုက်ရင် ဒါက ဖက်ဒရယ်နိုင်ငံမှာ ဒီမိုကရေစီ မရှိလို့ မရဘူးလေ အခု NLD ပြောတဲ့ဟာက ကျနော်ယူဆတာကတော့ ဒီမိုကရေစီဆိုတာ အများစုက ဆုံးဖြတ်တာဆိုတော့ NLD ကအများစု ရအောင်ကိုပဲ ဦးတည်ပြီးတော့ သူမဲအများဆုံး အနိုင်ရအောင် ပြန်ကတိပေးတယ်လို့ပဲ ယူဆတယ် အဲဒါ။”

မကြာသေးခင်ကလည်း NLD ပါတီဟာ သူ့ရဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ တိုင်းရင်းသားရေးရာ ကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။ အာဏာရပါတီက တိုင်းရင်းသားပါတီတွေနဲ့ ညှိနှိုင်းဆွေးနွေးတဲ့ပုံစံ မဟုတ်ဘဲ၊ သီးခြား ကော်မတီ ဖွဲ့လိုက်တာဟာ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ပိုအလှမ်းဝေးသွားတယ်လို့ တိုင်းရင်းသား ပါတီတွေဘက်က ပြောကြပါတယ်။

ေဇာ္ထက္/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
NLD ရဲ႕ ဖယ္ဒရယ္အယူအဆ တိုင္းရင္းသားမ်ား တုံ႔ျပန္ NLD ရဲ႕ ဖယ္ဒရယ္အယူအဆ တိုင္းရင္းသားမ်ား တုံ႔ျပန္ Reviewed by THITHTOOLWIN on 06:56 Rating: 5
Powered by Blogger.