လားရႈိးမွ သယ္ေဆာင္လာတဲ့ ဒီတိုေနတာ(ေဖာက္ခြဲရာမွာ အသုံးျပဳတဲ့ပစၥည္း) အေခ်ာင္းေရ၁၄၅၀၀ကို ျပင္ဦးလြင္Mobile X.Rayစစ္ေဆးေရးဂိတ္မွာ ဖမ္းဆီးရမိ

Zawgyi
ေတာင္ႀကီး၊ ေအာက္တိုဘာ ၃၀

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရႈိးၿမိဳ႕နယ္၊ လားရႈိးၿမိဳ႕ေရွာင္လမ္းမွ သယ္ေဆာင္လာတဲ့ ဒီတိုေနတာ (ေဖာက္ခြဲရာမွာ အသုံးျပဳတဲ့ပစၥည္း) အေခ်ာင္းေရ၁၄၅၀၀ကို ျပင္ဦးလြင္Mobile X.Ray စစ္ေဆးေရးဂိတ္ မွာ ေအာက္တိုဘာလ ၂၈ရက္၊ ေန႔လည္ပိုင္းအခ်ိန္က ဖမ္းဆီးရမိခဲ့ တယ္လို႔ သိရပါတယ္။

ျပင္ဦးလြင္ Mobile X.Ray စစ္ေဆးေရးဂိတ္မွာ ယာဥ္အမွတ္ MDY 7L/....ကိုစစ္ေဆးရာ ဒီတိုေနတာ(ေဖာက္ခြဲရာမွာ အသုံးျပဳတဲ့ ပစၥည္း)ေတြကို ေတြ႕ရွိခဲ့ရၿပီး (ဒီတိုနီတာ ၂၀ေခ်ာင္းပါ ၁စည္း) အစည္းေရ ၁၅၀ပါ ပီနံအိတ္ (၄)အိတ္ ၊ အစည္းေရ ၁၂၅ စည္းပါ ပီနံအိတ္ (၁)အိတ္ ၊ စုစုေပါင္း ပီနံအိတ္ (၅) အိတ္၊အစည္းေရ (၇၂၅) စည္း ၊ဒီတိုနီတာ စုစုေပါင္း အေခ်ာင္း ၁၄၅၀၀ ျဖစ္တယ္လို႔ သိရပါတယ္။

အဆိုပါယာဥ္ကို ယာဥ္ေမာင္းၿဖိဳးကိုကိုေမာင္(ခ)ကိုၿဖိဳးနဲ႔ ယာဥ္ေနာက္လိုက္ၿဖိဳးကိုကိုငယ္(ခ)ျပဴးေလး တို႔မွေမာင္းႏွင္လာ ျခင္းျဖစ္ၿပီး ယာဥ္ေပၚပါဒီတိုနီတာေတြကို ယာဥ္ပိုင္ရွင္ျဖစ္သူ ေလးမင္းရဲ႕ ခ်ိတ္ဆက္ေပးမႈနဲ႔ လား႐ိူးၿမိဳ႕ေရွာင္လမ္းမွာ အမည္မသိ အမ်ိဳးသား ၃ ဦးမွ 4 Wheel အျဖဴေရာင္ယာဥ္နဲ႔ လာေရာက္ ပို႔ေဆာင္တဲ့အတြက္ တင္ေဆာင္လာျခင္းျဖစ္တယ္လို႔ သိရပါတယ္။

အဲဒီကိစၥနဲ႔ပါတ္သက္ၿပီး ယာဥ္ေပၚပါသူ၂ဦးရဲ႕ထြက္ဆိုခ်က္အရ ယာဥ္ပိုင္ရွင္ေလးမင္းဆိုသူကို ဖုန္းနဲ႔ဆက္သြယ္ေခၚဆိုၿပီး X-Ray စက္ေနရာကိုျဖတ္သန္းၿပီးျဖစ္တယ္လို႔ ေျပာၾကားေခၚေဆာင္ေစခဲ့ ကာ ေအာက္တိုဘာ ၂၉ ရက္မွာ ေလးမင္းေရာက္ရွိလာတဲ့အတြက္ ဖမ္းဆီးထိန္းသိမ္းခဲ့ကာ ၎တို႔၃ဦးကို စစ္ေဆးလ်က္ရွိေၾကာင္း၊ ကြင္းဆက္တရားခံေတြဖမ္းဆီးရမိေရးအတြက္ ေဆာင္႐ြက္လ်က္ ရွိေၾကာင္း သိရပါတယ္။

ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
---------------
Unicode
လားရှိုးမှ သယ်ဆောင်လာတဲ့ ဒီတိုနေတာ(ဖောက်ခွဲရာမှာ အသုံးပြုတဲ့ပစ္စည်း) အချောင်းရေ၁၄၅၀၀ကို ပြင်ဦးလွင်Mobile X.Rayစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိ

တောင်ကြီး၊ အောက်တိုဘာ ၃၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ လားရှိုးမြို့ရှောင်လမ်းမှ သယ်ဆောင်လာတဲ့ ဒီတိုနေတာ (ဖောက်ခွဲရာမှာ အသုံးပြုတဲ့ပစ္စည်း) အချောင်းရေ၁၄၅၀၀ကို ပြင်ဦးလွင်Mobile X.Ray စစ်ဆေးရေးဂိတ် မှာ အောက်တိုဘာလ ၂၈ရက်၊ နေ့လည်ပိုင်းအချိန်က ဖမ်းဆီးရမိခဲ့ တယ်လို့ သိရပါတယ်။

ပြင်ဦးလွင် Mobile X.Ray စစ်ဆေးရေးဂိတ်မှာ ယာဉ်အမှတ် MDY 7L/....ကိုစစ်ဆေးရာ ဒီတိုနေတာ(ဖောက်ခွဲရာမှာ အသုံးပြုတဲ့ ပစ္စည်း)တွေကို တွေ့ရှိခဲ့ရပြီး (ဒီတိုနီတာ ၂၀ချောင်းပါ ၁စည်း) အစည်းရေ ၁၅၀ပါ ပီနံအိတ် (၄)အိတ် ၊ အစည်းရေ ၁၂၅ စည်းပါ ပီနံအိတ် (၁)အိတ် ၊ စုစုပေါင်း ပီနံအိတ် (၅) အိတ်၊အစည်းရေ (၇၂၅) စည်း ၊ဒီတိုနီတာ စုစုပေါင်း အချောင်း ၁၄၅၀၀ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါယာဉ်ကို ယာဉ်မောင်းဖြိုးကိုကိုမောင်(ခ)ကိုဖြိုးနဲ့ ယာဉ်နောက်လိုက်ဖြိုးကိုကိုငယ်(ခ)ပြူးလေး တို့မှမောင်းနှင်လာ ခြင်းဖြစ်ပြီး ယာဉ်ပေါ်ပါဒီတိုနီတာတွေကို ယာဉ်ပိုင်ရှင်ဖြစ်သူ လေးမင်းရဲ့ ချိတ်ဆက်ပေးမှုနဲ့ လားရိူးမြို့ရှောင်လမ်းမှာ အမည်မသိ အမျိုးသား ၃ ဦးမှ 4 Wheel အဖြူရောင်ယာဉ်နဲ့ လာရောက် ပို့ဆောင်တဲ့အတွက် တင်ဆောင်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။

အဲဒီကိစ္စနဲ့ပါတ်သက်ပြီး ယာဉ်ပေါ်ပါသူ၂ဦးရဲ့ထွက်ဆိုချက်အရ ယာဉ်ပိုင်ရှင်လေးမင်းဆိုသူကို ဖုန်းနဲ့ဆက်သွယ်ခေါ်ဆိုပြီး X-Ray စက်နေရာကိုဖြတ်သန်းပြီးဖြစ်တယ်လို့ ပြောကြားခေါ်ဆောင်စေခဲ့ ကာ အောက်တိုဘာ ၂၉ ရက်မှာ လေးမင်းရောက်ရှိလာတဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခဲ့ကာ ၎င်းတို့၃ဦးကို စစ်ဆေးလျက်ရှိကြောင်း၊ ကွင်းဆက်တရားခံတွေဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။

ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
လားရႈိးမွ သယ္ေဆာင္လာတဲ့ ဒီတိုေနတာ(ေဖာက္ခြဲရာမွာ အသုံးျပဳတဲ့ပစၥည္း) အေခ်ာင္းေရ၁၄၅၀၀ကို ျပင္ဦးလြင္Mobile X.Rayစစ္ေဆးေရးဂိတ္မွာ ဖမ္းဆီးရမိ လားရႈိးမွ သယ္ေဆာင္လာတဲ့ ဒီတိုေနတာ(ေဖာက္ခြဲရာမွာ အသုံးျပဳတဲ့ပစၥည္း) အေခ်ာင္းေရ၁၄၅၀၀ကို ျပင္ဦးလြင္Mobile X.Rayစစ္ေဆးေရးဂိတ္မွာ ဖမ္းဆီးရမိ Reviewed by THITHTOOLWIN on 23:41 Rating: 5
Powered by Blogger.