Facebook ေပၚက ဆက္သြယ္မႈေတြ ေထာက္လွမ္းခြင့္ရေရး ႏုိင္ငံႀကီးတခ်ဳိ႕ေတာင္းဆုိ


Facebook ကုမၸဏီက Message ပို႔ႏုိင္ဖို႔ ဝန္ေဆာင္မႈေပးေနတဲ့ Facebook Messenger နဲ႔ Instagram တို႔မွာတေယာက္နဲ႔ တေယာက္ပို႔ၾကတဲ့ Message ေတြကို ၾကားေဖါက္ခိုးယူလို႔မရႏိုင္ေအာင္ encryption လုပ္ဖို႔ စီစဥ္ေနခ်ိန္မွာ တခ်ဳိ႕ Message ေတြကို ၾကားဝင္ေထာက္လွမ္းႏိုင္ခြင့္ေပးဖုိ႔ အေမရိကန္၊ ၿဗိတိန္နဲ႔ Australia အစိုးရက Facebook ကုမၸဏီကို ေတာင္းဆိုလိုက္ပါတယ္။

တရားဥပေဒစိုးမိုးေရးေဆာင္႐ြက္သူေတြဖက္က လိုအပ္လုိ႔ေတာင္းဆိုတဲ့ Message ေတြကို ဖတ္လို႔ရႏိုင္မယ့္ပံုစံနဲ႔လုပ္ေပးဖို႔ အေမရိကန္အစိုးရေ႐ွ႕ေနခ်ဳပ္ William Barr၊ ၊ ၿဗိတိန္ျပည္ထဲေရးဝန္ႀကီး Priti Patel နဲ႔ Australia ျပည္ထဲေရးဝန္ႀကီး Peter Dutton တို႔က Facebook ကုမၸဏီအႀကီးအကဲ Mark Zuckerberg ကိုအိတ္ဖြင့္ေပးစာေပးပို႔ခဲ့ပါတယ္။

အၾကမ္းဖက္ဝါဒ အေျခခံတဲ့လုပ္ရပ္ေတြ၊ ကေလးငယ္ေတြအေပၚ လိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္တဲ့လုပ္ရပ္ေတြလို တရားမဝင္လုပ္ရပ္ေတြကို Facebook ဝန္ေဆာင္မႈေတြ သံုးၿပီးလုပ္ေနၾကသူေတြကို ေဖာ္ထုတ္ဖုိ႔ ခက္ခဲသြားႏိုင္တယ္လို႔ဆိုၿပီး အစိုးရတာဝန္႐ွိသူေတြက ေထာက္ျပေနၾကတာပါ။

Facebook Messenger နဲ႔ Instagram တို႔ေပၚက ေပးပို႔တဲ့ Message ေတြကို ၾကားဝင္ဘယ္လိုမွ ဖတ္လို႔မရႏိုင္ေအာင္ end-to-end encryption နည္းပညာနဲ႔ ေျပာင္းလဲဖုိ႔ Facebook ကျပင္ဆင္ေနပါတယ္။ Message ကိုၾကားဝင္ခိုးၾကည့္သူေတြအေနနဲ႔ ျမင္ရတဲ့ စာလံုးေတြကို ဘယ္လိုမွအဓိပၸါယ္ဖြင့္လို႔ မရေအာင္ လုပ္လိုက္မွာျဖစ္ပါတယ္။ Facebook ပိုင္ WhatsApp မွာေတာ့ ဒီနည္းကို သံုးေနတာၾကာပါၿပီ။ လူေတြတေယာက္နဲ႔ တေယာက္ၾကား Online ေပၚမွာပို႔တဲ့ Message ေတြအေနနဲ႔ တျခားသူမသိေအာင္ ကာကြယ္ခြင့္႐ွိရမယ္လို႔ Zuckerberg ကၾကာသပေတးေန႔က ေျပာၾကားၿပီး သူတုိ႔အစီအစဥ္ကို ကာကြယ္တံု႔ျပန္ခဲ့ပါတယ္။

Message ေတြ ၾကားေဖာက္ေထာက္လွမ္းႏိုင္ေအာင္ အေမရိကန္၊ ၿဗိတိန္နဲ႔ Australia ကေတာင္းဆိုေနတဲ့အတြက္ အမ်ားျပည္သူလံုၿခံဳေရးနဲ႔ ကိုယ္ေရးအခ်က္အလက္လံုၿခံဳေရးၾကား ဘယ္လိုခ်ိန္ခြင္လွ်ာညွိမလည္းဆိုတာ ေဆြးေႏြး ေမးခြန္းထုတ္စရာ ျဖစ္ေနပါတယ္။

..................

{Unicode}

Facebook ပေါ်က ဆက်သွယ်မှုတွေ ထောက်လှမ်းခွင့်ရရေး နိုင်ငံကြီးတချို့တောင်းဆို

Facebook ကုမ္ပဏီက Message ပို့နိုင်ဖို့ ဝန်ဆောင်မှုပေးနေတဲ့ Facebook Messenger နဲ့ Instagram တို့မှာတယောက်နဲ့ တယောက်ပို့ကြတဲ့ Message တွေကို ကြားဖေါက်ခိုးယူလို့မရနိုင်အောင် encryption လုပ်ဖို့ စီစဉ်နေချိန်မှာ တချို့ Message တွေကို ကြားဝင်ထောက်လှမ်းနိုင်ခွင့်ပေးဖို့ အမေရိကန်၊ ဗြိတိန်နဲ့ Australia အစိုးရက Facebook ကုမ္ပဏီကို တောင်းဆိုလိုက်ပါတယ်။

တရားဥပဒေစိုးမိုးရေးဆောင်ရွက်သူတွေဖက်က လိုအပ်လို့တောင်းဆိုတဲ့ Message တွေကို ဖတ်လို့ရနိုင်မယ့်ပုံစံနဲ့လုပ်ပေးဖို့ အမေရိကန်အစိုးရရှေ့နေချုပ် William Barr၊ ဗြိတိန်ပြည်ထဲရေးဝန်ကြီး Priti Patel နဲ့ Australia ပြည်ထဲရေးဝန်ကြီး Peter Dutton တို့က Facebook ကုမ္ပဏီအကြီးအကဲ Mark Zuckerberg ကိုအိတ်ဖွင့်ပေးစာပေးပို့ခဲ့ပါတယ်။

အကြမ်းဖက်ဝါဒ အခြေခံတဲ့လုပ်ရပ်တွေ၊ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တဲ့လုပ်ရပ်တွေလို တရားမဝင်လုပ်ရပ်တွေကို Facebook ဝန်ဆောင်မှုတွေ သုံးပြီးလုပ်နေကြသူတွေကို ဖော်ထုတ်ဖို့ ခက်ခဲသွားနိုင်တယ်လို့ဆိုပြီး အစိုးရတာဝန်ရှိသူတွေက ထောက်ပြနေကြတာပါ။

Facebook Messenger နဲ့ Instagram တို့ပေါ်က ပေးပို့တဲ့ Message တွေကို ကြားဝင်ဘယ်လိုမှ ဖတ်လို့မရနိုင်အောင် end-to-end encryption နည်းပညာနဲ့ ပြောင်းလဲဖို့ Facebook ကပြင်ဆင်နေပါတယ်။ Message ကိုကြားဝင်ခိုးကြည့်သူတွေအနေနဲ့ မြင်ရတဲ့ စာလုံးတွေကို ဘယ်လိုမှအဓိပ္ပါယ်ဖွင့်လို့ မရအောင် လုပ်လိုက်မှာဖြစ်ပါတယ်။ Facebook ပိုင် WhatsApp မှာတော့ ဒီနည်းကို သုံးနေတာကြာပါပြီ။ လူတွေတယောက်နဲ့ တယောက်ကြား Online ပေါ်မှာပို့တဲ့ Message တွေအနေနဲ့ တခြားသူမသိအောင် ကာကွယ်ခွင့်ရှိရမယ်လို့ Zuckerberg ကကြာသပတေးနေ့က ပြောကြားပြီး သူတို့အစီအစဉ်ကို ကာကွယ်တုံ့ပြန်ခဲ့ပါတယ်။

Message တွေ ကြားဖောက်ထောက်လှမ်းနိုင်အောင် အမေရိကန်၊ ဗြိတိန်နဲ့ Australia ကတောင်းဆိုနေတဲ့အတွက် အများပြည်သူလုံခြုံရေးနဲ့ ကိုယ်ရေးအချက်အလက်လုံခြုံရေးကြား ဘယ်လိုချိန်ခွင်လျှာညှိမလည်းဆိုတာ ဆွေးနွေး မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
Facebook ေပၚက ဆက္သြယ္မႈေတြ ေထာက္လွမ္းခြင့္ရေရး ႏုိင္ငံႀကီးတခ်ဳိ႕ေတာင္းဆုိ Facebook ေပၚက ဆက္သြယ္မႈေတြ ေထာက္လွမ္းခြင့္ရေရး ႏုိင္ငံႀကီးတခ်ဳိ႕ေတာင္းဆုိ Reviewed by THITHTOOLWIN on 01:04 Rating: 5
Powered by Blogger.