DKBA ဒုဗိုလ်မှူးကြီးတစ်ဦး ပစ်ခတ် သတ်ဖြတ်ခံရ


ဘားအံ၊ အာက်တိုဘာ ၆

အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားတဲ့ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) အဖွဲ့မှ ဒုဗိုလ်မှူးကြီးတဦး ပစ်ခတ် သတ်ဖြတ်ခံရတယ်လို့ သတင်းရရှိပါတယ်။


ပစ်ခတ် သတ်ဖြတ်ခံရသူမှာ DKBA (၉၉၉) တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောဝေ့ထူး ဖြစ်ပြီး အောက်တိုဘာလ (၅) ရက်နေ့ ည (၇) နာရီခွဲအချိန်ခန့်မှာ အမည်မသိ လက်နက်ကိုင်တစ်ဦးက ပစ်ခတ်သွားခြင်းဖြစ်တယ်လို့ DKBA ကအတည်ပြုပါတယ်။


ဒုဗိုလ်မှူးကြီးစောဝေ့ထူးမှာ ပစ်ခတ်ခံရတဲ့ နေရာမှာပဲ ပွဲချင်းပြီး ကျဆုံးသွားတယ်လို့ သိရပါတယ်။

ယင်းအမည်မသိလက်နက်ကိုင်မှာ သေဆုံးသူရဲ့ ၁၀ ပေခန့်အကွာကနေ AK - 47 သေနတ်ဖြင့် ၆ ချက်ခန့်ပစ်ခတ်ခဲ့တယ်လို့ ထိုသူအားအမြန်ဆုံးစုံစမ်းဖော်ထုတ်နိုင်ရန်အတွက် မြို့နယ်/ခရိုင်ရဲတပ်ဖွဲ့များနဲ့ ပူးပေါင်းဆောင်ရွက် သွားမယ်လို့ DKBA က ပြောပါတယ်။


DKBA ဒုတိယစစ်ဦးစီးချုပ်ဗိုလ်စတီးလ် က ကျဆုံးသွားသော ဒုဗိုလ်မှူးကြီး စောဝေ့ထူးကို ယနေ့နေလည်ပိုင်းအချိန်မှာ ဈာပနအခန်းအနား ပြုလုပ်ပေးခဲ့ပြီးနောက်နောင်မှာ DKBA တပ်ဖွဲ့အနေဖြင့် လုံခြုံရေးကိုတိုးမြှင့်ဆောင်ရွက်သွားဖို့ ညွှန်ကြားသွားမယ်လို့ ဆိုပါတယ်။


DKBA အဖွဲ့ဟာ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က အခြား တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့နဲ့အတူ အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

စောလင်းခိုင်
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
DKBA ဒုဗိုလ်မှူးကြီးတစ်ဦး ပစ်ခတ် သတ်ဖြတ်ခံရ DKBA ဒုဗိုလ်မှူးကြီးတစ်ဦး ပစ်ခတ် သတ်ဖြတ်ခံရ Reviewed by THITHTOOLWIN on 01:47 Rating: 5
Powered by Blogger.