Dark Web ေပၚမွာ ကေလးငယ္ေတြရဲ႕ ညစ္ညမ္းဗီဒီယိုေတြ ျဖန႔္ခဲ့သူ အေယာက္ ၃၀၀ ေက်ာ္ကို ဖမ္းဆီး

ဝက္ဆိုက္တည္ေထာင္သူ အသက္ ၂၃ ႏွစ္အ႐ြယ္ ေတာင္ကိုရီးယားႏိုင္ငံသား ဂြၽန္ဝူဆြန္းကို ဖမ္းဆီးထား
Zawgyi
ရာနဲ႔ခ်ီတဲ့ ကေလးငယ္ေတြကို လိင္ပိုင္းဆိုင္ရာ မေတာ္မတရားျပဳက်င့္ထားတဲ့ ဓာတ္ပုံနဲ႔ ဗီဒီယိုေတြ ေရာင္းခ်တဲ့ ဝက္ဆိုက္နဲ႔ ပတ္သက္ ဆက္ႏြယ္ေနတယ္ ဆိုၿပီး ႏိုင္ငံေပါင္း ၃၈ ႏိုင္ငံက လူေပါင္း ၃၃၈ ဦးကို ဖမ္းဆီးထားတယ္လို႔ အေမရိကန္၊ ယူေကနဲ႔ ေတာင္ကိုရီးယားက စုံစမ္းစစ္ေဆးေရး အရာရွိေတြက ေျပာလိုက္ပါတယ္။

၂၀၁၈ ခုႏွစ္တုန္းက ကေလးငယ္တစ္ဦးအေပၚ လိင္ပိုင္းဆိုင္ရာ က်ဴးလြန္ခဲ့သူကို ယူေကက စုံစမ္းမႈေတြ လုပ္ခဲ့ၿပီးေနာက္မွာ 'Welcome to Video' လို႔ အမည္ေပးထားတဲ့ အဲဒီ့ဝက္ဆိုက္ကို ပိတ္သိမ္းခဲ့ပါတယ္။

ဒါေပမဲ့လည္း ဝက္ဆိုက္တည္ေထာင္သူ အသက္ ၂၃ ႏွစ္အ႐ြယ္ ေတာင္ကိုရီးယားႏိုင္ငံသား ဂြၽန္ဝူဆြန္းက ဖမ္းဆီးလိုက္ၿပီးတဲ့ေနာက္ ရဲေတြဘက္က ခုလို အေသးစိတ္ ထုတ္ျပန္လာတာ ျဖစ္ပါတယ္။

ဒီဝက္ဆိုက္မွာ လမ္းေလွ်ာက္တတ္စ ကေလးငယ္ေတြနဲ႔ ႏို႔စို႔အ႐ြယ္ ကေလးငယ္ေတြကို လိင္ပိုင္းဆိုင္ရာ မေတာ္မတရား ျပဳလုပ္ထားတဲ့ ဗီဒီယိုေတြခ်ည္း တင္ထားၿပီး အ႐ြယ္ေရာက္ၿပီးသူေတြရဲ႕ လိင္ပိုင္းဆိုင္ရာ ညစ္ညမ္းဗီဒီယိုေတြကိုေတာ့ တားျမစ္ထားပါတယ္။

ဗီဒီယိုေတြျဖန္ခဲ့တဲ့'Welcome to Video'ဝက္ဆိုဒ္ကို ၂၀၁၈ ခုႏွစ္တုန္းက ပိတ္သိမ္းခဲ့


ဝက္ဆိုက္ထဲကိုေတာ့ အဂၤလိပ္ဘာသာကို အသုံးျပဳၿပီး သက္ဆိုင္သူေတြပဲ ဖတ္လို႔ရတဲ့ ကုဒ္နဲ႔ပဲ ဝင္လို႔ရတာ ျဖစ္ပါတယ္။

ဗီဒီယိုေတြ ဝယ္ခ်င္တယ္ဆိုရင္ေတာ့ bitcoin လို႔ေခၚတဲ့ ဒစ္ဂ်စ္တယ္ လွ်ိဳ႕ဝွက္ေငြေၾကးစနစ္နဲ႔ ေငြးေပးေခ်ရတယ္လို႔ ယူေက ရာဇဝတ္မႈ ေထာက္လွမ္းေရး ေအဂ်င္စီက ေျပာပါတယ္။

Dark web မွာ ရွိေနတဲ့ ဒီဝက္ဆိုက္မွာ ကေလးငယ္ေတြကို လိင္ပိုင္းဆိုင္ရာ မဖြယ္မရာ ျပဳက်င့္ထားတဲ့ ဓာတ္ပုံေတြနဲ႔ ဗီဒီယိုဖိုင္ေတြ ၂ သိန္းေက်ာ္ ပါဝင္ေနၿပီး အဲ့ဒါေတြကို အႀကိမ္ေပါင္း တစ္သန္းေက်ာ္ ဝင္ေရာက္ ေဒါင္းလုပ္ လုပ္ခဲ့ၾကတယ္လို႔လည္း ဆိုပါတယ္။

Dark web ဆိုတာကေတာ့ သုံးစြဲသူ ဘယ္သူမွန္းမသိေအာင္ အကာအကြယ္ေပးထားၿပီး အင္တာနက္ကြန္ရက္ထဲမွာ သာမန္ရွာၾကည့္လို႔ မရတဲ့ ဝက္ဆိုက္ေတြ၊ Web Browser ဝင္ၾကည့္လို႔မရတဲ့ ကန႔္သတ္ခ်က္ေတြနဲ႔အတူ ညစ္ညမ္းဗီဒီယိုေတြ ေရာင္းခ်တဲ့ ဝက္ဆိုက္ေတြအျပင္ မူးယစ္ေဆး ေရာင္းခ်တာ၊ ေလာင္းကစားလုပ္တာ စတဲ့ ရာဇဝတ္မႈမကင္းတဲ့ တရားမဝင္ လုပ္ငန္းေတြနဲ႔ ဆက္ႏြယ္ေနတဲ့ ဝက္ဆိုက္ေတြ ရွိေနပါတယ္။

အခုေတာ့ ဒီဝက္ဆိုက္နဲ႔ ဆက္ႏြယ္ေနတဲ့ ယူေက၊ အိုင္ယာလန္၊ အေမရိကန္၊ ေတာင္ကိုရီးယား၊ ဂ်ာမနီ၊ စပိန္၊ ေဆာ္ဒီအာေရဗ်၊ အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စု၊ ခ်က္သမၼတႏိုင္ငံနဲ႔ ကေနဒါ ႏိုင္ငံေတြက သံသယရွိသူေတြကို ဖမ္းဆီးမႈေတြ လုပ္ေနတယ္လို႔ ယူေက စုံစမ္းေရးေအဂ်င္စီက ေျပာပါတယ္။

ဒီဝက္ဆိုက္ကို ျဖဳတ္ခ်ဖို႔အေရး အေမရိကန္၊ ယူေက၊ ေတာင္ကိုရီးယားနဲ႔ ဂ်ာမနီက ေအဂ်င္စီေတြ အပါအဝင္ ႏိုင္ငံတကာ အထူးတပ္ဖြဲ႕ကေန လႈပ္ရွား ေဆာင္႐ြက္ခဲ့ပါတယ္။

ေလာေလာဆယ္မွာေတာ့ အဂၤလန္က မက္သ႐ူးဖက္ဒ္လာ ဆိုသူကို Dark web ေပၚမွာ ကေလးငယ္ေတြအေပၚ လိင္ပိုင္းဆိုင္ရာ မဖြယ္မရာျပဳလုပ္တဲ့ ဓာတ္ပုံေတြနဲ႔ အခ်က္အလက္ေတြကို ျဖန႔္ေဝတာေၾကာင့္ ေထာင္ဒဏ္ ၂၅ ႏွစ္ ခ်မွတ္ထားပါတယ္။

ဒါ့အျပင္ ယူေကမွာတင္ ေနာက္ထပ္ အမ်ိဳးသား ၇ ဦးကို ဒီဝက္ဆိုက္နဲ႔ ဆက္ႏြယ္တယ္ဆိုၿပီး တရားစြဲဆို စစ္ေဆးမႈေတြ လုပ္ေနပါတယ္။

အဲ့ဒီထဲမွာ အသက္ ၅ ႏွစ္အ႐ြယ္ ေကာင္ေလးကို မုဒိမ္းက်င့္ခဲ့တာနဲ႔ ၃ ႏွစ္အ႐ြယ္ မိန္းကေလးငယ္တစ္ဦးကို လိင္ပိုင္းဆိုင္ရာ မေတာ္မတရား ျပဳမူထားတဲ့ ဗီဒီယိုကို တင္ထားခဲ့တဲ့ ကိုင္လီေဖာ့ခ္ ဆိုသူကိုေတာ့ ေထာင္ဒဏ္ ၂၂ ႏွစ္ ခ်မွတ္ထားပါတယ္။

က်န္တဲ့ သံသယျဖစ္ဖြယ္တရားခံေတြကိုေတာ့ သူတို႔ရဲ႕ ဒစ္ဂ်စ္တယ္ လွ်ိဳ႕ဝွက္ေငြေၾကး cryptocurrency နဲ႔ ေငြေပးေခ်တဲ့ လမ္းေၾကာင္းကေန ေျခရာခံၿပီး စစ္ေဆးမႈေတြ လုပ္ေနပါတယ္။

လတ္တေလာမွာ ကေလးငယ္ ၂၃ ဦးကို လိင္ပိုင္းဆိုင္ရာ ေစာ္ကားခံရတဲ့ အေျခအေနေတြကေန ကယ္တင္ထားႏိုင္ခဲ့ေပမယ့္ က်န္တဲ့ ကေလးငယ္ေတြကိုေတာ့ ဗီဒီယိုေတြကို ေျခရာခံၿပီး ကယ္ႏိုင္ဖို႔ လုပ္ေနတယ္လို႔ ယူေက ရာဇဝတ္မႈ ေထာက္လွမ္းေရးေအဂ်င္စီရဲ႕ အႀကီးအကဲ နစ္ကီ ေဟာ္လန္က ေျပာပါတယ္။

"Dark webမွာ ကေလးငယ္ေတြကို လိင္ပိုင္းဆိုင္ရာ ျပစ္မႈက်ဴးလြန္သူေတြဟာ တရားဥပေဒကေန ဘယ္လိုမွ ပုန္းေရွာင္ႏိုင္မွာ မဟုတ္ပါဘူး၊ သူတို႔ ေတြးထင္ထားသလို လုံၿခဳံမႈရွိမွာ မဟုတ္ေတာ့ဘူးဆိုတာ သိေစခ်င္ပါတယ္" လို႔ နစ္ကီေဟာ္လန္က ေျပာပါတယ္။

BBC Burmese
https://www.bbc.com
--------------------
Unicode
Dark Web ပေါ်မှာ ကလေးငယ်တွေရဲ့ ညစ်ညမ်းဗီဒီယိုတွေ ဖြန့်ခဲ့သူ အယောက် ၃၀၀ ကျော်ကို ဖမ်းဆီး

Image caption ဝက်ဆိုက်တည်ထောင်သူ အသက် ၂၃ နှစ်အရွယ် တောင်ကိုရီးယားနိုင်ငံသား ဂျွန်ဝူဆွန်းကို ဖမ်းဆီးထား

ရာနဲ့ချီတဲ့ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်ထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရောင်းချတဲ့ ဝက်ဆိုက်နဲ့ ပတ်သက် ဆက်နွယ်နေတယ် ဆိုပြီး နိုင်ငံပေါင်း ၃၈ နိုင်ငံက လူပေါင်း ၃၃၈ ဦးကို ဖမ်းဆီးထားတယ်လို့ အမေရိကန်၊ ယူကေနဲ့ တောင်ကိုရီးယားက စုံစမ်းစစ်ဆေးရေး အရာရှိတွေက ပြောလိုက်ပါတယ်။

၂၀၁၈ ခုနှစ်တုန်းက ကလေးငယ်တစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့သူကို ယူကေက စုံစမ်းမှုတွေ လုပ်ခဲ့ပြီးနောက်မှာ 'Welcome to Video' လို့ အမည်ပေးထားတဲ့ အဲဒီ့ဝက်ဆိုက်ကို ပိတ်သိမ်းခဲ့ပါတယ်။

ဒါပေမဲ့လည်း ဝက်ဆိုက်တည်ထောင်သူ အသက် ၂၃ နှစ်အရွယ် တောင်ကိုရီးယားနိုင်ငံသား ဂျွန်ဝူဆွန်းက ဖမ်းဆီးလိုက်ပြီးတဲ့နောက် ရဲတွေဘက်က ခုလို အသေးစိတ် ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ဒီဝက်ဆိုက်မှာ လမ်းလျှောက်တတ်စ ကလေးငယ်တွေနဲ့ နို့စို့အရွယ် ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုလုပ်ထားတဲ့ ဗီဒီယိုတွေချည်း တင်ထားပြီး အရွယ်ရောက်ပြီးသူတွေရဲ့ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းဗီဒီယိုတွေကိုတော့ တားမြစ်ထားပါတယ်။
ဓာတ်ပုံ မူပိုင် NCA UK
Image caption ဗီဒီယိုတွေဖြန်ခဲ့တဲ့'Welcome to Video'ဝက်ဆိုဒ်ကို ၂၀၁၈ ခုနှစ်တုန်းက ပိတ်သိမ်းခဲ့

ဝက်ဆိုက်ထဲကိုတော့ အင်္ဂလိပ်ဘာသာကို အသုံးပြုပြီး သက်ဆိုင်သူတွေပဲ ဖတ်လို့ရတဲ့ ကုဒ်နဲ့ပဲ ဝင်လို့ရတာ ဖြစ်ပါတယ်။

ဗီဒီယိုတွေ ဝယ်ချင်တယ်ဆိုရင်တော့ bitcoin လို့ခေါ်တဲ့ ဒစ်ဂျစ်တယ် လျှို့ဝှက်ငွေကြေးစနစ်နဲ့ ငွေးပေးချေရတယ်လို့ ယူကေ ရာဇဝတ်မှု ထောက်လှမ်းရေး အေဂျင်စီက ပြောပါတယ်။

Dark web မှာ ရှိနေတဲ့ ဒီဝက်ဆိုက်မှာ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုကျင့်ထားတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုဖိုင်တွေ ၂ သိန်းကျော် ပါဝင်နေပြီး အဲ့ဒါတွေကို အကြိမ်ပေါင်း တစ်သန်းကျော် ဝင်ရောက် ဒေါင်းလုပ် လုပ်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

Dark web ဆိုတာကတော့ သုံးစွဲသူ ဘယ်သူမှန်းမသိအောင် အကာအကွယ်ပေးထားပြီး အင်တာနက်ကွန်ရက်ထဲမှာ သာမန်ရှာကြည့်လို့ မရတဲ့ ဝက်ဆိုက်တွေ၊ Web Browser ဝင်ကြည့်လို့မရတဲ့ ကန့်သတ်ချက်တွေနဲ့အတူ ညစ်ညမ်းဗီဒီယိုတွေ ရောင်းချတဲ့ ဝက်ဆိုက်တွေအပြင် မူးယစ်ဆေး ရောင်းချတာ၊ လောင်းကစားလုပ်တာ စတဲ့ ရာဇဝတ်မှုမကင်းတဲ့ တရားမဝင် လုပ်ငန်းတွေနဲ့ ဆက်နွယ်နေတဲ့ ဝက်ဆိုက်တွေ ရှိနေပါတယ်။

အခုတော့ ဒီဝက်ဆိုက်နဲ့ ဆက်နွယ်နေတဲ့ ယူကေ၊ အိုင်ယာလန်၊ အမေရိကန်၊ တောင်ကိုရီးယား၊ ဂျာမနီ၊ စပိန်၊ ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ချက်သမ္မတနိုင်ငံနဲ့ ကနေဒါ နိုင်ငံတွေက သံသယရှိသူတွေကို ဖမ်းဆီးမှုတွေ လုပ်နေတယ်လို့ ယူကေ စုံစမ်းရေးအေဂျင်စီက ပြောပါတယ်။

ဒီဝက်ဆိုက်ကို ဖြုတ်ချဖို့အရေး အမေရိကန်၊ ယူကေ၊ တောင်ကိုရီးယားနဲ့ ဂျာမနီက အေဂျင်စီတွေ အပါအဝင် နိုင်ငံတကာ အထူးတပ်ဖွဲ့ကနေ လှုပ်ရှား ဆောင်ရွက်ခဲ့ပါတယ်။

လောလောဆယ်မှာတော့ အင်္ဂလန်က မက်သရူးဖက်ဒ်လာ ဆိုသူကို Dark web ပေါ်မှာ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုလုပ်တဲ့ ဓာတ်ပုံတွေနဲ့ အချက်အလက်တွေကို ဖြန့်ဝေတာကြောင့် ထောင်ဒဏ် ၂၅ နှစ် ချမှတ်ထားပါတယ်။

ဒါ့အပြင် ယူကေမှာတင် နောက်ထပ် အမျိုးသား ၇ ဦးကို ဒီဝက်ဆိုက်နဲ့ ဆက်နွယ်တယ်ဆိုပြီး တရားစွဲဆို စစ်ဆေးမှုတွေ လုပ်နေပါတယ်။

အဲ့ဒီထဲမှာ အသက် ၅ နှစ်အရွယ် ကောင်လေးကို မုဒိမ်းကျင့်ခဲ့တာနဲ့ ၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုမူထားတဲ့ ဗီဒီယိုကို တင်ထားခဲ့တဲ့ ကိုင်လီဖော့ခ် ဆိုသူကိုတော့ ထောင်ဒဏ် ၂၂ နှစ် ချမှတ်ထားပါတယ်။

ကျန်တဲ့ သံသယဖြစ်ဖွယ်တရားခံတွေကိုတော့ သူတို့ရဲ့ ဒစ်ဂျစ်တယ် လျှို့ဝှက်ငွေကြေး cryptocurrency နဲ့ ငွေပေးချေတဲ့ လမ်းကြောင်းကနေ ခြေရာခံပြီး စစ်ဆေးမှုတွေ လုပ်နေပါတယ်။

လတ်တလောမှာ ကလေးငယ် ၂၃ ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ အခြေအနေတွေကနေ ကယ်တင်ထားနိုင်ခဲ့ပေမယ့် ကျန်တဲ့ ကလေးငယ်တွေကိုတော့ ဗီဒီယိုတွေကို ခြေရာခံပြီး ကယ်နိုင်ဖို့ လုပ်နေတယ်လို့ ယူကေ ရာဇဝတ်မှု ထောက်လှမ်းရေးအေဂျင်စီရဲ့ အကြီးအကဲ နစ်ကီ ဟော်လန်က ပြောပါတယ်။

"Dark webမှာ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူတွေဟာ တရားဥပဒေကနေ ဘယ်လိုမှ ပုန်းရှောင်နိုင်မှာ မဟုတ်ပါဘူး၊ သူတို့ တွေးထင်ထားသလို လုံခြုံမှုရှိမှာ မဟုတ်တော့ဘူးဆိုတာ သိစေချင်ပါတယ်" လို့ နစ်ကီဟော်လန်က ပြောပါတယ်။

BBC Burmese
https://www.bbc.com
Dark Web ေပၚမွာ ကေလးငယ္ေတြရဲ႕ ညစ္ညမ္းဗီဒီယိုေတြ ျဖန႔္ခဲ့သူ အေယာက္ ၃၀၀ ေက်ာ္ကို ဖမ္းဆီး Dark Web ေပၚမွာ ကေလးငယ္ေတြရဲ႕ ညစ္ညမ္းဗီဒီယိုေတြ ျဖန႔္ခဲ့သူ အေယာက္ ၃၀၀ ေက်ာ္ကို ဖမ္းဆီး Reviewed by THITHTOOLWIN on 20:35 Rating: 5
Powered by Blogger.