ကေလးစစ္သားအသံုးျပဳမႈတားျမစ္တဲ့ CRC ေနာက္ဆက္တဲြ ျမန္မာလက္မွတ္ထိုး

ျမန္မာစစ္တပ္က အသက္မျပည့္ေသးတဲ့ ကေလးစစ္သားေတြကို မိဘထံျပန္လည္အပ္ႏွံတဲ့အခမ္းအနားတြင္ ေတြ႔ရစဥ္။
ကေလးစစ္သား စုေဆာင္းအသံုးျပဳမႈကို တားျမစ္တဲ့ ႏိုင္ငံတကာ ဥပေဒတရပ္ ျမန္မာႏို္င္ငံအေနနဲ႔ မျဖစ္မေနလိုက္နာဖို႔ သေဘာတူ လက္မွတ္ထိုး လိုက္ပါၿပီ ။ CRC optional protocol တရပ္ျဖစ္တဲ့ ကေလးသူငယ္မ်ား အခြင့္အေရး သေဘာတူညီခ်က္၊ ေနာက္ဆက္တဲြစာခ်ဳပ္မွာ ျမန္မာႏိုင္ငံအေနနဲ႔ ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ လက္မွတ္ထိုးလိုက္တာပါ။ ဒီ ေနာက္ဆက္တဲြစာခ်ဳပ္ကို လက္မွတ္ထိုးျခင္းအားျဖင့္ လူ႔အခြင့္အေရးတိုးတက္မႈေတြ ဘယ္လိုရိွလာမလဲ၊ ဒီစာခ်ဳပ္ပါအတိုင္း လုိက္နာဖို႔ ဘယ္လို အခက္အခဲေတြရိွႏိုင္မလဲ။ မေမခက စံုစမ္းေမးျမန္းထားပါတယ္။

လက္နက္ကိုင္ ပဋိပကၡေတြမွာ ကေလးသူငယ္ အသံုုးခ်ေနတာ ေတြရပ္တန္႔ ႏိုုင္ဖိုု႔ကေလးသူငယ္အခြင့္အေရးမ်ား ဆိုင္ရာ ကြန္ဗင္းရွင္း၏ ေနာက္ဆက္တြဲ အေျချပစာခ်ဳပ္ (CRC-OPAC) ကို ျမန္မာနိုင္ငံက ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ လက္မွတ္ေရးထိုုး လိုုက္တာျဖစ္ပါတယ္

စာခ်ဳပ္ပါ သေဘာတူညီခ်က္အရ အသက္ ၁၈ႏွစ္ေအာက္ ကေလးငယ္ေတြကို ႏိုင္ငံရဲ႕ ဘယ္လက္နက္ကိုင္ အဖဲြ႔အစည္းေတြမွာမဆို စစ္သားအျဖစ္ စုေဆာင္းေခၚယူတာ တားျမစ္သလို၊ ဒီ တားျမစ္ခ်က္ကို ျပည္တြင္းဥပေဒမွာလည္း ထည့္သြင္း ရမွာ ျဖစ္ပါတယ္။

ဒီလိုုထိုုးတဲ့ အေပၚမွာေတာ့ လူ႔အခြင့္အေရးလႈပ္ရွားသူေတြက ႀကိဳဆိုုၾက ပါတယ္။ ဒါေပမယ့္ ဒီလက္မွတ္ထိုုးတာက အစိုုးရတင္မဟုုတ္ဘဲ တိုင္း ျပည္တြင္းမွာရွိတဲ့ လက္နက္ကိုုင္ အဖြဲ႔ေတြမွာပါ သက္ေရာက္တာျဖစ္တဲ့ အတြက္ လက္နက္ကိုုင္အဖြဲ႔ မ်ားစြာ လႈပ္ရွားေနတဲ့ ျမန္မာႏိုုင္ငံ အတြက္ေတာ့ ဒါဟာ စိန္ေခၚမႈတခုု ျဖစ္ေစတယ္လိုု႔ သံုုးသပ္တာေတြရွိေန တာပါ။ ညီမ ွ်ျခင္းျမန္မာ က ဦးေအာင္မ်ိဳးမင္းကေတာ့ အခုုလိုုစာခ်ဳပ္လိုုက္တဲ့ အေပၚႀကိဳဆိုုလိုုက္ၿပီး စာခ်ဳပ္ပါအခ်က္ေတြ တကယ္ လိုုက္နာႏိုုင္ဖိုု႔ဘယ္လိုုအခက္အခဲေတြ ရွိေနသလဲဆိုုတာနဲ႔ပတ္သတ္လိုု႔ သူကအခုုလိုုေျပာျပလာတာပါ။

“ႏိုုင္ငံအေနနဲ႔ လက္မွတ္ထိုုးထားေပမယ့္ ကေလးစစ္သားနဲ႔ ပတ္သတ္လိုု႔ အသံုုးျပဳေနတဲ့ တပ္ရင္းေတြ တပ္ဖြဲ႔ေတြ စစ္သားစုေဆာင္းေရးမွာ ဒါကိုု အေလးမထားတဲ့ ျပႆနာ ဒါကို က်ေနာ္တို႔ ႀကံဳေနရတယ္။ ေနာက္တခုက က်ေနာ္တို႔ တိုင္းျပည္မွာက မွတ္ပံုတင္ေပါ့ေနာ္ အသက္အရြယ္ကို တကယ္တမ္း စိစစ္ႏိုင္တဲ့ Verification လုပ္ႏိုင္တဲ့ မွတ္ပံုုတင္မ်ိဳးကကေလးတိုုင္းမွာမရွိၾကဘူး။ အထူးသျဖင့္ ေက်းလက္ေဒသနဲ႔ တိုုင္းရင္းသား ေဒသေတြ၊ မတည္ၿငိမ္တဲ့ ေဒသေတြ မွာဆိုရင္ မွတ္ပံုတင္ဆိုတာလည္း မရသလို ၊ မွတ္ပံုတင္ လုပ္ရေကာင္းမွန္းလည္း မသိဘူး။ အဲဒီေတာ့ ကေလးတေယာက္က အသက္မျပည့္ပဲနဲ႔ စစ္တပ္ထဲ အေခၚခံထိတယ္ ဆိုရင္ သက္ေသခံ မွတ္ပံုတင္မရွိတာ၊ ရွိရင္လည္း တခ်ိဳ႕က ေငြေတြ အသံုးျပဳၿပီးေတာ့ မွတ္ပံုတင္ကို အတုလုပ္တာ အသက္ကို လိမ္လိုက္တာမ်ိဳး ကေလးစစ္သားဟုတ္လား မဟုတ္လား ဆိုတာအသက္ကို စိစစ္တဲ့အခ်ိန္မွာ အဓိက ၾကံဳေတြ႔ရတဲ့ ျပႆနာ ျဖစ္ပါတယ္။”

ျမန္မာနိုင္ငံကဒီလိုု ေနာက္ဆက္တြဲစာခ်ဳပ္ကိုု အတည္ျပဳလက္ခံတဲ့ ၁၆၉ ႏိုုင္ငံေျမာက္ ျဖစ္ပါတယ္။ ျမန္မာႏိုုင္ငံ အမ်ိဳးသားလူ႔အခြင့္အေရးအဖြဲ႔က ဦးစစ္ၿမိဳင္ကေတာ့ ကေလး စစ္သားပေပ်ာက္ေရးနဲ႔ ပတ္သတ္လိုု႔ လုုပ္ေဆာင္ေနတဲ့ အပိုုင္းကိုုအခုုလိုု ေျပာျပလာတာပါ။

“ က်ေနာ္တို႔ ဒီမွာ ရွင္းလင္းေဆြးေႏြးတယ္။ အခါအားေလ်ာ္စာေပးပို႔တဲ့ စာေတြမွာလည္း ထည့္ၿပီးေတာ့ ေဖာ္ျပ တိုက္တြန္းဒါေတြ အဲလိုေတြ က်ေန္တို႔ ေဆာင္ရြက္ေနတာေတြရွိပါတယ္။ တကယ္အေကာင္အထည္ေဖာ္ရမွာေတာ့ အစိုးရပါပဲ။”

ညီမ ွ်ျခင္းျမန္မာက ဦးေအာင္မ်ိဳးမင္း က ဒီလိုုလက္မွတ္ထိုုးတာမွာ အစိုးရဘက္ကေတာ့ ခၽြင္းခ်က္အေနနဲ႔ ထားၿပီး လက္မွတ္ေရးထိုုးထားတယ္လိုု႔ဆိုုပါတယ္။ ဘယ္လိုုခၽြင္းခ်က္ထားလက္မွတ္ေရးထိုုးတာလဲဆိုုတာနဲ႔ သူက

"ခၽြင္းခ်က္ဆိုတာက ဒါကို မလိုက္နာတာ မဟုတ္ဘူး ဒါေပမယ့္ တကယ္တမ္းလိုက္နာရင္ အခက္အခဲ ေတြရွိတဲ့အတြက္ ဒီကိစၥကို မွတ္ခ်က္ျပဳထားတဲ့ သေဘာမ်ိဳးပါ။ ဘာေၾကာင့္လဲဆိုေတာ့ အပိုဒ္ ၄ မွာက အစိုးရအေနနဲ႔ ကိုယ့္တပ္အတြင္းမွာ ၁၈ ႏွစ္ေအာက္ကေလးေတြကို စစ္မႈထမ္းခိုင္းတာတို႔ စုေဆာင္းတာတို႔ မလုပ္ရတဲ့အျပင္ တိုင္းျပည္အတြင္းမွာရွိတဲ့ လက္နက္ကိုင္အဖြဲ႔ မွန္သမွ်အတြင္းမွာလည္း အသက္ ၁၈ ႏွစ္ေအာက္ ကေလးေတြကို ဆႏၵပါသည္ ျဖစ္ေစ ၊ မပါသည္ျဖစ္ေစ စစ္မႈထမ္းျခင္းမျဖစ္ေအာင္ ကာကြယ္ေပးရမယ္ လိုအပ္သလို လုပ္ေဆာင္ေပးရမယ္ ဆိုတဲ့ အခ်က္ပါရွိတဲ့ အေျခအေနမွာ လက္နက္ကိုင္ တပ္ဖြဲ႔ေတြက အသံုးျပဳတာေတြရွိတယ္။ သူတို႔ကို အသံုးမျပဳဖို႔အတြက္ တားဆီးတာေတြ လုပ္ဖို႔အတြက္ အေျခအေန မရွိေသးတဲ့အတြက္ ဒီအပိုင္းကို သူတို႔အေနနဲ႔ တာ၀န္မယူႏိုင္ေသးဘူး ဆိုၿပီးေတာ့ မွတ္ခ်က္ျပဳၿပီးေတာ ့ထိုးထားတာကို ေတြ႔ရပါတယ္။”

လက္ရွိမွာေတာ့လက္နက္ကိုင္ တပ္ဖြဲ႕ေတြအမ်ားစုုက ကေလး ေတြကိုု စစ္မႈထမ္း ေစတာရပ္တန္႔ႏိုုင္ဖိုု႔ အစိုုးရလုုပ္ေဆာင္ေနဖိုု႔က အားနည္းေနၿပီး ဒါေတြကိုု လုုပ္ေဆာင္ႏိုုင္ဖိုု႔ဆိုုရင္ကေလး စစ္မႈ ထမ္းတာနဲ႔ပတ္သတ္တဲ့ ေဆြးေႏြးမႈေတြကိုု အပစ္ခတ္ရပ္စဲေရး သေဘာတူညီမႈေတြမွာပါထည္႔သြင္း လုုပ္ေဆာင္ဖိုု႔လိုုအပ္ေနတယ္လိုု႔ ညီမ ွ်ျခင္းျမန္မာ က ဦးေအာင္မ်ိဳးမင္းက ဆိုုပါတယ္။

ကုလသမဂၢ ကထုုတ္ျပန္တဲ့ ကေလးသူငယ္မ်ားကို စစ္မႈထမ္းေစျခင္း ဆိုင္ရာ အစီရင္ခံစာအရ ျမန္မာႏိုင္ငံဟာကေလးသူငယ္အသံုုးျပဳတဲ့ ဆိုုးဝါးတဲ့ ႏိုုင္ငံစာရင္းထဲမွာ ပါဝင္ေနပါတယ္။ အသက္မျပည့္ေသးေသာ ကေလးသူငယ္မ်ားအား စစ္သားအျဖစ္ စုေဆာင္းျခင္း၊ ေစခိုင္းျခင္းမ်ား က်ဴးလြန္ တဲ့ႏိုုင္ငံတခုုအေနနဲ႔ေဖာ္ျပထား ခံရတဲ့ ႏိုုင္ငံတခုုျဖစ္ပါတယ္။

လူမႈဝန္ထမ္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာနက ၿပီးခဲ့တဲ့ ေမလက ထုတ္ျပန္ခ်က္အရ ၂၀၁၄ မွ ၂၀၁၉ မတ္လအထိ အ႐ြယ္မေရာက္ေသးတဲ့ ကေလးသူငယ္ေပါင္း ၁၆၀၀ နီးပါးကို တပ္မေတာ္မွ ႏုတ္ထြက္ ခြင့္ေပးခဲ့တယ္လိုု႔ ေဖာ္ျပထားပါတယ္။

..................

ကလေးစစ်သားအသုံးပြုမှုတားမြစ်တဲ့ CRC နောက်ဆက်တွဲ မြန်မာလက်မှတ်ထိုး

ကလေးစစ်သား စုဆောင်းအသုံးပြုမှုကို တားမြစ်တဲ့ နိုင်ငံတကာ ဥပဒေတရပ် မြန်မာနိုင်ငံအနေနဲ့ မဖြစ်မနေလိုက်နာဖို့ သဘောတူ လက်မှတ်ထိုး လိုက်ပါပြီ ။ CRC optional protocol တရပ်ဖြစ်တဲ့ ကလေးသူငယ်များ အခွင့်အရေး သဘောတူညီချက်၊ နောက်ဆက်တွဲစာချုပ်မှာ မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ လက်မှတ်ထိုးလိုက်တာပါ။ ဒီ နောက်ဆက်တွဲစာချုပ်ကို လက်မှတ်ထိုးခြင်းအားဖြင့် လူ့အခွင့်အရေးတိုးတက်မှုတွေ ဘယ်လိုရှိလာမလဲ၊ ဒီစာချုပ်ပါအတိုင်း လိုက်နာဖို့ ဘယ်လို အခက်အခဲတွေရှိနိုင်မလဲ။ မမေခက စုံစမ်းမေးမြန်းထားပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေမှာ ကလေးသူငယ် အသုံးချနေတာ တွေရပ်တန့် နိုင်ဖို့ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲ အခြေပြစာချုပ် (CRC-OPAC) ကို မြန်မာနိုင်ငံက ပြီးခဲ့တဲ့ရက်ပိုင်းကပဲ လက်မှတ်ရေးထိုး လိုက်တာဖြစ်ပါတယ်

စာချုပ်ပါ သဘောတူညီချက်အရ အသက် ၁၈နှစ်အောက် ကလေးငယ်တွေကို နိုင်ငံရဲ့ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းတွေမှာမဆို စစ်သားအဖြစ် စုဆောင်းခေါ်ယူတာ တားမြစ်သလို၊ ဒီ တားမြစ်ချက်ကို ပြည်တွင်းဥပဒေမှာလည်း ထည့်သွင်း ရမှာ ဖြစ်ပါတယ်။

ဒီလိုထိုးတဲ့ အပေါ်မှာတော့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ကြိုဆိုကြ ပါတယ်။ ဒါပေမယ့် ဒီလက်မှတ်ထိုးတာက အစိုးရတင်မဟုတ်ဘဲ တိုင်း ပြည်တွင်းမှာရှိတဲ့ လက်နက်ကိုင် အဖွဲ့တွေမှာပါ သက်ရောက်တာဖြစ်တဲ့ အတွက် လက်နက်ကိုင်အဖွဲ့ များစွာ လှုပ်ရှားနေတဲ့ မြန်မာနိုင်ငံ အတွက်တော့ ဒါဟာ စိန်ခေါ်မှုတခု ဖြစ်စေတယ်လို့ သုံးသပ်တာတွေရှိနေ တာပါ။ ညီမ ျှခြင်းမြန်မာ က ဦးအောင်မျိုးမင်းကတော့ အခုလိုစာချုပ်လိုက်တဲ့ အပေါ်ကြိုဆိုလိုက်ပြီး စာချုပ်ပါအချက်တွေ တကယ် လိုက်နာနိုင်ဖို့ဘယ်လိုအခက်အခဲတွေ ရှိနေသလဲဆိုတာနဲ့ပတ်သတ်လို့ သူကအခုလိုပြောပြလာတာပါ။

“နိုင်ငံအနေနဲ့ လက်မှတ်ထိုးထားပေမယ့် ကလေးစစ်သားနဲ့ ပတ်သတ်လို့ အသုံးပြုနေတဲ့ တပ်ရင်းတွေ တပ်ဖွဲ့တွေ စစ်သားစုဆောင်းရေးမှာ ဒါကို အလေးမထားတဲ့ ပြဿနာ ဒါကို ကျနော်တို့ ကြုံနေရတယ်။ နောက်တခုက ကျနော်တို့ တိုင်းပြည်မှာက မှတ်ပုံတင်ပေါ့နော် အသက်အရွယ်ကို တကယ်တမ်း စိစစ်နိုင်တဲ့ Verification လုပ်နိုင်တဲ့ မှတ်ပုံတင်မျိုးကကလေးတိုင်းမှာမရှိကြဘူး။ အထူးသဖြင့် ကျေးလက်ဒေသနဲ့ တိုင်းရင်းသား ဒေသတွေ၊ မတည်ငြိမ်တဲ့ ဒေသတွေ မှာဆိုရင် မှတ်ပုံတင်ဆိုတာလည်း မရသလို ၊ မှတ်ပုံတင် လုပ်ရကောင်းမှန်းလည်း မသိဘူး။ အဲဒီတော့ ကလေးတယောက်က အသက်မပြည့်ပဲနဲ့ စစ်တပ်ထဲ အခေါ်ခံထိတယ် ဆိုရင် သက်သေခံ မှတ်ပုံတင်မရှိတာ၊ ရှိရင်လည်း တချို့က ငွေတွေ အသုံးပြုပြီးတော့ မှတ်ပုံတင်ကို အတုလုပ်တာ အသက်ကို လိမ်လိုက်တာမျိုး ကလေးစစ်သားဟုတ်လား မဟုတ်လား ဆိုတာအသက်ကို စိစစ်တဲ့အချိန်မှာ အဓိက ကြုံတွေ့ရတဲ့ ပြဿနာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံကဒီလို နောက်ဆက်တွဲစာချုပ်ကို အတည်ပြုလက်ခံတဲ့ ၁၆၉ နိုင်ငံမြောက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးအဖွဲ့က ဦးစစ်မြိုင်ကတော့ ကလေး စစ်သားပပျောက်ရေးနဲ့ ပတ်သတ်လို့ လုပ်ဆောင်နေတဲ့ အပိုင်းကိုအခုလို ပြောပြလာတာပါ။

“ ကျနော်တို့ ဒီမှာ ရှင်းလင်းဆွေးနွေးတယ်။ အခါအားလျော်စာပေးပို့တဲ့ စာတွေမှာလည်း ထည့်ပြီးတော့ ဖော်ပြ တိုက်တွန်းဒါတွေ အဲလိုတွေ ကျနေ်တို့ ဆောင်ရွက်နေတာတွေရှိပါတယ်။ တကယ်အကောင်အထည်ဖော်ရမှာတော့ အစိုးရပါပဲ။”

ညီမ ျှခြင်းမြန်မာက ဦးအောင်မျိုးမင်း က ဒီလိုလက်မှတ်ထိုးတာမှာ အစိုးရဘက်ကတော့ ချွင်းချက်အနေနဲ့ ထားပြီး လက်မှတ်ရေးထိုးထားတယ်လို့ဆိုပါတယ်။ ဘယ်လိုချွင်းချက်ထားလက်မှတ်ရေးထိုးတာလဲဆိုတာနဲ့ သူက

"ချွင်းချက်ဆိုတာက ဒါကို မလိုက်နာတာ မဟုတ်ဘူး ဒါပေမယ့် တကယ်တမ်းလိုက်နာရင် အခက်အခဲ တွေရှိတဲ့အတွက် ဒီကိစ္စကို မှတ်ချက်ပြုထားတဲ့ သဘောမျိုးပါ။ ဘာကြောင့်လဲဆိုတော့ အပိုဒ် ၄ မှာက အစိုးရအနေနဲ့ ကိုယ့်တပ်အတွင်းမှာ ၁၈ နှစ်အောက်ကလေးတွေကို စစ်မှုထမ်းခိုင်းတာတို့ စုဆောင်းတာတို့ မလုပ်ရတဲ့အပြင် တိုင်းပြည်အတွင်းမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့ မှန်သမျှအတွင်းမှာလည်း အသက် ၁၈ နှစ်အောက် ကလေးတွေကို ဆန္ဒပါသည် ဖြစ်စေ ၊ မပါသည်ဖြစ်စေ စစ်မှုထမ်းခြင်းမဖြစ်အောင် ကာကွယ်ပေးရမယ် လိုအပ်သလို လုပ်ဆောင်ပေးရမယ် ဆိုတဲ့ အချက်ပါရှိတဲ့ အခြေအနေမှာ လက်နက်ကိုင် တပ်ဖွဲ့တွေက အသုံးပြုတာတွေရှိတယ်။ သူတို့ကို အသုံးမပြုဖို့အတွက် တားဆီးတာတွေ လုပ်ဖို့အတွက် အခြေအနေ မရှိသေးတဲ့အတွက် ဒီအပိုင်းကို သူတို့အနေနဲ့ တာဝန်မယူနိုင်သေးဘူး ဆိုပြီးတော့ မှတ်ချက်ပြုပြီးတော့ထိုးထားတာကို တွေ့ရပါတယ်။”

လက်ရှိမှာတော့လက်နက်ကိုင် တပ်ဖွဲ့တွေအများစုက ကလေး တွေကို စစ်မှုထမ်း စေတာရပ်တန့်နိုင်ဖို့ အစိုးရလုပ်ဆောင်နေဖို့က အားနည်းနေပြီး ဒါတွေကို လုပ်ဆောင်နိုင်ဖို့ဆိုရင်ကလေး စစ်မှု ထမ်းတာနဲ့ပတ်သတ်တဲ့ ဆွေးနွေးမှုတွေကို အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုတွေမှာပါထည့်သွင်း လုပ်ဆောင်ဖို့လိုအပ်နေတယ်လို့ ညီမ ျှခြင်းမြန်မာ က ဦးအောင်မျိုးမင်းက ဆိုပါတယ်။

ကုလသမဂ္ဂ ကထုတ်ပြန်တဲ့ ကလေးသူငယ်များကို စစ်မှုထမ်းစေခြင်း ဆိုင်ရာ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာကလေးသူငယ်အသုံးပြုတဲ့ ဆိုးဝါးတဲ့ နိုင်ငံစာရင်းထဲမှာ ပါဝင်နေပါတယ်။ အသက်မပြည့်သေးသော ကလေးသူငယ်များအား စစ်သားအဖြစ် စုဆောင်းခြင်း၊ စေခိုင်းခြင်းများ ကျူးလွန် တဲ့နိုင်ငံတခုအနေနဲ့ဖော်ပြထား ခံရတဲ့ နိုင်ငံတခုဖြစ်ပါတယ်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့ မေလက ထုတ်ပြန်ချက်အရ ၂၀၁၄ မှ ၂၀၁၉ မတ်လအထိ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်ပေါင်း ၁၆၀၀ နီးပါးကို တပ်မတော်မှ နုတ်ထွက် ခွင့်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 ေမခ / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ကေလးစစ္သားအသံုးျပဳမႈတားျမစ္တဲ့ CRC ေနာက္ဆက္တဲြ ျမန္မာလက္မွတ္ထိုး ကေလးစစ္သားအသံုးျပဳမႈတားျမစ္တဲ့ CRC ေနာက္ဆက္တဲြ ျမန္မာလက္မွတ္ထိုး Reviewed by THITHTOOLWIN on 00:07 Rating: 5
Powered by Blogger.