ဗစ္တိုးရီးယားအမႈ သက္ေသကေလး ႏွစ္ဦးကို ပယ္ဖ်က္ေပးဖို႔ မိခင္ ေတာင္းဆို

Wisdom Hill မူႀကိဳေက်ာင္း၊ ေက်ာင္းႀကီးၾကပ္ေရးမွဴး ေဒၚဥမၼာလိႈင္ ကို ၂၀၁၉၊ ေအာက္တိုဘာ ၇ ရက္ေန႔က ေတြ႔ရစဥ္
Zawgyi
ေနျပည္ေတာ္က ဗစ္တိုးရီးယားအမႈမွာ နာမည္ထြက္ေနတဲ့ Wisdom Hill မူႀကိဳေက်ာင္းက ေက်ာင္းအုပ္ခ်ဳပ္ေရးမွဴး ေဒၚဥမၼာလိႈင္ရဲ႕ သားႏွစ္ဦးကို သက္ေသအျဖစ္ကေန ပယ္ဖ်က္ေပးဖို႔ ဒကၡိဏ ခရိုင္ ဥပေဒ ရံုးကို အသနားခံစာတင္ထားတယ္လို႔ ေအာင္ႀကီးရဲ႕ေရွ႕ေန ေဒၚစုဒါလီေအာင္ရဲ႕ ဒီေန႔ တရားခြင္အတြင္း ျပန္လွန္ စစ္ေမးျမန္းခ်က္ေတြအရ သိရပါတယ္။

ေဒၚဥမၼာလိႈင္ရဲ႕ သား ႏွစ္ဦးကို ဗစ္တိုးရီးယားအမႈမွာ သက္ေသအျဖစ္ စစ္မလား ၊ ပယ္ဖ်က္ မလားဆိုတာကိုေတာ့ ဒကၡိဏခရိုင္ တရားရံုးက ဆံုးျဖတ္ရမွာပါ။

လက္ရွိတရားစြဲခံထားရတဲ့ ေဒၚစုဒါလီေအာင္ရဲ႕ ေရွ႕ေနလည္းျဖစ္၊ ကိုေအာင္ႀကီးရဲ႕ ေရွ႕ေန တစ္ဦးလည္းျဖစ္တဲ့ တရားလႊတ္ေတာ္ ေရွ႕ေန ဦးခင္ေမာင္ေဇာ္က အဲဒီအသနားခံထားတဲ့ ကိစၥကို ႀကိဳတင္မသိခဲ့ေၾကာင္း၊ သိရင္ေတာ့ ကန္႔ကြက္သြားမယ္လို႔ ေျပာပါတယ္။

လူအမ်ားစိတ္၀င္စားတဲ့ ဗစ္တိုးရီးယားကေလးငယ္ လိင္အၾကမ္းဖက္ခံရတဲ့အမႈမွာ တရားခံအျဖစ္ စြပ္စဲြဖမ္းဆီးခံထားရတဲ့ ကိုေအာင္ႀကီးရဲ႕ ေရွ႕ေန ေဒၚစုဒါလီေအာင္ကို Wisdom Hill မူႀကိဳေက်ာင္းက ေက်ာင္းအုပ္ခ်ဳပ္ေရးမွဴး ေဒၚဥမၼာလိႈင္က တရားစြဲဆိုထားတဲ့အမႈကို ဒီေန႔ စစ္ေဆးတာပါ။

ၾသဂုတ္လ ၁၄ ရက္ေန႔က ဒကၡိဏခရိုင္ တရားရံုးေရွ႔မွာ ေရွ႔ေန  ေဒၚစုဒါလီေအာင္ရဲ႕ ဘီဘီစီ ျမန္မာပိုင္း သတင္းဌာနနဲ႔ ေဖ့ဘြတ္အြန္လိုင္းကေန Live ထုတ္လႊင့္ ေျဖၾကားခ်က္ေတြဟာ မိသားစု ဂုဏ္သိကၡာနဲ႔ သားႏွစ္ဦးအတြက္ ထိခိုက္ နစ္နာေစတယ္ဆိုၿပီး ေဒၚဥမၼာလိႈင္ က ေရွ႕ေန ေဒၚစုဒါလီေအာင္ ကို ကေလးသူငယ္အခြင့္အေရးမ်ား ကာကြယ္ေရးဆိုင္ရာ ပုဒ္မ ၁၀၁ (က) ၂ နဲ႔ တရားစြဲဆိုထားတာပါ။

ဒီေန႔ ပုဗၺသီရိၿမိဳ႕နယ္ တရားရံုးမွာ တရားခံအျဖစ္ စြပ္စြဲခံထားရတဲ့ ေရွ႕ေန ေဒၚစုဒါလီေအာင္က တရားလို ေဒၚဥမၼာလိႈင္ကို ျပန္လွန္ စစ္ေမးခဲ့ပါတယ္။

ေဒၚဥမၼာလိႈင္ကို ဒီေန႔ ျပန္လွန္စစ္ေမးခဲ့ရတဲ့ အေျခအေနနဲ႔ ပတ္သက္ၿပီး ေရွ႕ေန ေဒၚစုဒါလီေအာင္ကို ေမးၾကည့္တဲ့အခါ တရားခြင္အတြင္းက သက္ေသထြက္ခ်က္ေတြကို ရွင္းျပပါတယ္။

ေရွ႕ေန ေဒၚစုဒါလီေအာင္က ဘီဘီစီ သတင္းဌာနကို အင္တာဗ်ဴး ေျဖဆိုတဲ့အထဲမွာ ေဒၚဥမၼာလိႈင္ရဲ႕ သားႏွစ္ဦး အမည္ကို ထည့္သြင္း ေျပာဆိုခဲ့တာမရွိေၾကာင္းနဲ႔ ကိုကိုနဲ႔ ညီညီလုပ္တာဆိုၿပီး ဗစ္တိုးရီယားေလးရဲ႕ ဖခင္ျဖစ္သူ ႏုတ္မွ ထြက္ဆိုခ်က္ေတြကိုသာ ျပန္ေျပာတာျဖစ္ေၾကာင္း ဒီေန႔ တရားခြင္အတြင္း ေမးျမန္းခ်က္ေတြထဲမွာ ပါရွိပါတယ္။

ေက်ာင္းအုပ္ခ်ဳပ္ေရးမွဴး ေဒၚဥမၼာလိႈင္ကလည္း ေဒၚစုဒါလီေအာင္ အေနနဲ႔ သူမရဲ႕ သားႏွစ္ဦးအမည္ကို ထုတ္ေဖာ္မေျပာဆိုခဲ့ေပမယ့္ ဘီဘီစီ သတင္းဌာနကတင္တဲ့ ေဖ့ဘြတ္အြန္လိုင္းက မွတ္ခ်က္ေတြမွာ သားႏွစ္ဦးရဲ႕ ပံုေတြကို တင္ၿပီး မဖြယ္မရာ ေျပာဆိုၾကတာေတြရွိတဲ့အတြက္ ထိခိုက္ နစ္နာမႈေတြ ရွိတယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ အဲဒီ ကိုကိုနဲ႔ ညီညီဆိုတာ သူမရဲ႕ သားနွစ္ဦးျဖစ္တယ္ဆိုၿပီး လူမႈကြန္ရက္ ေဖ့ဘြတ္စာမ်က္ႏွာက ျပစ္တင္ေျပာဆိုမူေတြေၾကာင့္ စိတ္ထိခိုက္ခံစားရၿပီး လူစည္ကားတဲ့ ေနရာေတြကို မသြားမလာရဲေအာင္ ျဖစ္ေနရတယ္လို႔ ဒီေန႔ တရားရံုးမွာ သက္ေသထြက္ဆိုခဲ့ပါတယ္။

ေဒၚဥမၼာလိႈင္ရဲ႕ ေရွ႕ေန ဦးေအာင္ရဲစိုးကေတာ့ ေဒၚစုဒါလီေအာင္ရဲ႕ ျပန္လွန္ ေမးျမန္းခ်က္ေတြနဲ႔ ပတ္သက္လို႔ ထူးထူးျခားျခား မွတ္ခ်က္ျပဳစရာ မရွိဘူးလို႔ ေျပာပါတယ္။

ေနာက္လာမယ့္ ႏို၀င္ဘာ ၄ ရက္ေန႔ ရံုးခ်ိန္းမွာ ေဒၚစုဒါလီေအာင္ကို အင္တာဗ်ဴး ေမးျမန္းခဲ့တဲ့ ဘီဘီစီ ျမန္မာပိုင္း သတင္းဌာနက သတင္းေထာက္ ကိုေအာင္သူရကို သက္ေသတစ္ဦးအျဖစ္ စစ္ေဆးဖို႔ရွိပါတယ္။

တစ္ဘက္မွာလည္း ဒီအမႈကို တရားရံုးမွာ ဆက္လက္မစစ္ေဆးဘဲ ေခ်ဖ်က္ေပးႏိုင္ေရး တိုင္းတရားလႊတ္ေတာ္ကို တင္ျပဖို႔ ေဒၚစုဒါလီေအာင္တို႔ ဘက္က စီစဥ္ေနပါတယ္ခင္ဗ်ာ။

RFA Burmese
https://www.rfa.org
--------------
Unicode
ဗစ်တိုးရီးယားအမှု သက်သေကလေး နှစ်ဦးကို ပယ်ဖျက်ပေးဖို့ မိခင် တောင်းဆို

Wisdom Hill မူကြိုကျောင်း၊ ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင် ကို ၂၀၁၉၊ အောက်တိုဘာ ၇ ရက်နေ့က တွေ့ရစဉ်
ဓါတ်ပုံ - သီဟထွန်း/ RFA

နေပြည်တော်က ဗစ်တိုးရီးယားအမှုမှာ နာမည်ထွက်နေတဲ့ Wisdom Hill မူကြိုကျောင်းက ကျောင်းအုပ်ချုပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ရဲ့ သားနှစ်ဦးကို သက်သေအဖြစ်ကနေ ပယ်ဖျက်ပေးဖို့ ဒက္ခိဏ ခရိုင် ဥပဒေ ရုံးကို အသနားခံစာတင်ထားတယ်လို့ အောင်ကြီးရဲ့ရှေ့နေ ဒေါ်စုဒါလီအောင်ရဲ့ ဒီနေ့ တရားခွင်အတွင်း ပြန်လှန် စစ်မေးမြန်းချက်တွေအရ သိရပါတယ်။

ဒေါ်ဥမ္မာလှိုင်ရဲ့ သား နှစ်ဦးကို ဗစ်တိုးရီးယားအမှုမှာ သက်သေအဖြစ် စစ်မလား ၊ ပယ်ဖျက် မလားဆိုတာကိုတော့ ဒက္ခိဏခရိုင် တရားရုံးက ဆုံးဖြတ်ရမှာပါ။

လက်ရှိတရားစွဲခံထားရတဲ့ ဒေါ်စုဒါလီအောင်ရဲ့ ရှေ့နေလည်းဖြစ်၊ ကိုအောင်ကြီးရဲ့ ရှေ့နေ တစ်ဦးလည်းဖြစ်တဲ့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က အဲဒီအသနားခံထားတဲ့ ကိစ္စကို ကြိုတင်မသိခဲ့ကြောင်း၊ သိရင်တော့ ကန့်ကွက်သွားမယ်လို့ ပြောပါတယ်။

လူအများစိတ်ဝင်စားတဲ့ ဗစ်တိုးရီးယားကလေးငယ် လိင်အကြမ်းဖက်ခံရတဲ့အမှုမှာ တရားခံအဖြစ် စွပ်စွဲဖမ်းဆီးခံထားရတဲ့ ကိုအောင်ကြီးရဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်ကို Wisdom Hill မူကြိုကျောင်းက ကျောင်းအုပ်ချုပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က တရားစွဲဆိုထားတဲ့အမှုကို ဒီနေ့ စစ်ဆေးတာပါ။

သြဂုတ်လ ၁၄ ရက်နေ့က ဒက္ခိဏခရိုင် တရားရုံးရှေ့မှာ ရှေ့နေ  ဒေါ်စုဒါလီအောင်ရဲ့ ဘီဘီစီ မြန်မာပိုင်း သတင်းဌာနနဲ့ ဖေ့ဘွတ်အွန်လိုင်းကနေ Live ထုတ်လွှင့် ဖြေကြားချက်တွေဟာ မိသားစု ဂုဏ်သိက္ခာနဲ့ သားနှစ်ဦးအတွက် ထိခိုက် နစ်နာစေတယ်ဆိုပြီး ဒေါ်ဥမ္မာလှိုင် က ရှေ့နေ ဒေါ်စုဒါလီအောင် ကို ကလေးသူငယ်အခွင့်အရေးများ ကာကွယ်ရေးဆိုင်ရာ ပုဒ်မ ၁၀၁ (က) ၂ နဲ့ တရားစွဲဆိုထားတာပါ။

ဒီနေ့ ပုဗ္ဗသီရိမြို့နယ် တရားရုံးမှာ တရားခံအဖြစ် စွပ်စွဲခံထားရတဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်က တရားလို ဒေါ်ဥမ္မာလှိုင်ကို ပြန်လှန် စစ်မေးခဲ့ပါတယ်။

ဒေါ်ဥမ္မာလှိုင်ကို ဒီနေ့ ပြန်လှန်စစ်မေးခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရှေ့နေ ဒေါ်စုဒါလီအောင်ကို မေးကြည့်တဲ့အခါ တရားခွင်အတွင်းက သက်သေထွက်ချက်တွေကို ရှင်းပြပါတယ်။

ရှေ့နေ ဒေါ်စုဒါလီအောင်က ဘီဘီစီ သတင်းဌာနကို အင်တာဗျူး ဖြေဆိုတဲ့အထဲမှာ ဒေါ်ဥမ္မာလှိုင်ရဲ့ သားနှစ်ဦး အမည်ကို ထည့်သွင်း ပြောဆိုခဲ့တာမရှိကြောင်းနဲ့ ကိုကိုနဲ့ ညီညီလုပ်တာဆိုပြီး ဗစ်တိုးရီယားလေးရဲ့ ဖခင်ဖြစ်သူ နုတ်မှ ထွက်ဆိုချက်တွေကိုသာ ပြန်ပြောတာဖြစ်ကြောင်း ဒီနေ့ တရားခွင်အတွင်း မေးမြန်းချက်တွေထဲမှာ ပါရှိပါတယ်။

ကျောင်းအုပ်ချုပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ကလည်း ဒေါ်စုဒါလီအောင် အနေနဲ့ သူမရဲ့ သားနှစ်ဦးအမည်ကို ထုတ်ဖော်မပြောဆိုခဲ့ပေမယ့် ဘီဘီစီ သတင်းဌာနကတင်တဲ့ ဖေ့ဘွတ်အွန်လိုင်းက မှတ်ချက်တွေမှာ သားနှစ်ဦးရဲ့ ပုံတွေကို တင်ပြီး မဖွယ်မရာ ပြောဆိုကြတာတွေရှိတဲ့အတွက် ထိခိုက် နစ်နာမှုတွေ ရှိတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အဲဒီ ကိုကိုနဲ့ ညီညီဆိုတာ သူမရဲ့ သားနှစ်ဦးဖြစ်တယ်ဆိုပြီး လူမှုကွန်ရက် ဖေ့ဘွတ်စာမျက်နှာက ပြစ်တင်ပြောဆိုမူတွေကြောင့် စိတ်ထိခိုက်ခံစားရပြီး လူစည်ကားတဲ့ နေရာတွေကို မသွားမလာရဲအောင် ဖြစ်နေရတယ်လို့ ဒီနေ့ တရားရုံးမှာ သက်သေထွက်ဆိုခဲ့ပါတယ်။

ဒေါ်ဥမ္မာလှိုင်ရဲ့ ရှေ့နေ ဦးအောင်ရဲစိုးကတော့ ဒေါ်စုဒါလီအောင်ရဲ့ ပြန်လှန် မေးမြန်းချက်တွေနဲ့ ပတ်သက်လို့ ထူးထူးခြားခြား မှတ်ချက်ပြုစရာ မရှိဘူးလို့ ပြောပါတယ်။

နောက်လာမယ့် နိုဝင်ဘာ ၄ ရက်နေ့ ရုံးချိန်းမှာ ဒေါ်စုဒါလီအောင်ကို အင်တာဗျူး မေးမြန်းခဲ့တဲ့ ဘီဘီစီ မြန်မာပိုင်း သတင်းဌာနက သတင်းထောက် ကိုအောင်သူရကို သက်သေတစ်ဦးအဖြစ် စစ်ဆေးဖို့ရှိပါတယ်။

တစ်ဘက်မှာလည်း ဒီအမှုကို တရားရုံးမှာ ဆက်လက်မစစ်ဆေးဘဲ ချေဖျက်ပေးနိုင်ရေး တိုင်းတရားလွှတ်တော်ကို တင်ပြဖို့ ဒေါ်စုဒါလီအောင်တို့ ဘက်က စီစဉ်နေပါတယ်ခင်ဗျာ။

RFA Burmese
https://www.rfa.org
ဗစ္တိုးရီးယားအမႈ သက္ေသကေလး ႏွစ္ဦးကို ပယ္ဖ်က္ေပးဖို႔ မိခင္ ေတာင္းဆို ဗစ္တိုးရီးယားအမႈ သက္ေသကေလး ႏွစ္ဦးကို ပယ္ဖ်က္ေပးဖို႔ မိခင္ ေတာင္းဆို Reviewed by THITHTOOLWIN on 21:05 Rating: 5
Powered by Blogger.