ရန္ကုန္တိုင္း အစိုးရ ေျမကြက္ေလွ်ာက္လႊာေတြ ေအာက္တိုဘာ ၁၆ ရက္မွ ျပန္ေရာင္းမယ္

 လုံၿခဳံေရးက မထိန္းႏိုင္လို႔ ေလွ်ာက္လႊာ အေရာင္းရပ္သြားခဲ့
Zawgyi
ရန္ကုန္တိုင္းအစိုးရက လူတစ္ဦးကို တစ္ေစာင္ႏႈန္းနဲ႔ ေရာင္းခ်ေပးေနတဲ့ ေျမကြက္ ဝယ္ယူခြင့္ ေလွ်ာက္လႊာ ေရာင္းတာကို သီတင္းကြၽတ္ ႐ုံးပိတ္ရက္ကာလမွာရပ္ထားမွာ ျဖစ္ၿပီးေတာ့ ေအာက္တိုဘာ လ ၁၆ ရက္ေန႔ မွ ျပန္လည္ေရာင္းခ်ဖို႔ရွိတယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေစာႏိုင္က ဘီဘီစီကို ေျပာပါတယ္။

ေအာက္တိုဘာလ ၁၀ ရက္ မနက္ပိုင္းက လူအုပ္က အတင္းတိုးတာေၾကာင့္ ေလွ်ာက္လႊာေရာင္းေနတဲ့ ရန္ကုန္ အေရွ႕ပိုင္းခ႐ိုင္႐ုံး မွာ လုံၿခဳံေရး မထိန္းႏိုင္ ျဖစ္ၿပီး တန္းပ်က္သြားလို႔ ေလွ်ာက္လႊာ အေရာင္း ရပ္သြားခဲ့ၿပီးညေနပိုင္းမွာေတာ့ ျပန္ေရာင္းခဲ့ပါတယ္။

လူတခ်ိဳ႕ဟာ တစ္ညလုံး တန္းစီၿပီးေစာင့္ေနၾကတာ ျဖစ္ၿပီးေတာ့ ေလွ်ာက္လႊာအေရာင္းရပ္ သြားတာရယ္၊ အတင္းတိုးတဲ့သူေတြက ေရွ႕ေရာက္သြားတာရယ္ေၾကာင့္ အစိုးရ ရဲ႕အစီအမံကို ေဒါသတႀကီးနဲ႔ ေအာ္ဟစ္ ေဝဖန္ ခဲ့ၾကပါတယ္။

ေတာင္ဥကၠလာပ ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာေစာႏိုင္ကေတာ့ အခုလို မ်ိဳး တစ္ေနရာထဲ ေရာင္းေနမယ့္အစား ၿမိဳ႕နယ္အလိုက္ ေနရာခြဲၿပီး ေရာင္းသင့္တယ္လို႔လည္း ဘီဘီစီကို ေျပာပါတယ္။

တိုကင္ ျပန္ေရာင္းတာေတြရွိ
"ဒီမနက္က လူေတြတအားမ်ားေတာ့ တံခါးက အတင္းတိုးလို႔ ပြင့္သြားလို႔ ႐ုံးေအာက္ကို ပိတ္ထားလိုက္ၿပီးေတာ့ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြေရာက္လာတဲ့ အခါ မွာေတာ့ အားလုံးထိန္းႏိုင္ပါတယ္" လို႔လည္းေဒါက္တာေစာႏိုင္ကေျပာပါတယ္။

တိုကင္စနစ္ လုပ္ေပမယ့္လည္း သိပ္အဆင္မေျပသလို တိုကင္ျပန္လည္ေရာင္းခ်တာေတြ၊ ေနရာ ျပန္ေရာင္းတာေတြကလည္း ရန္ကုန္ အေရွ႕ပိုင္းခ႐ိုင္ ႐ုံးတဝိုက္ မွာ ရွိေနတယ္လို႔လည္း ေတာင္ဥကၠလာ ေဒသခံ ေတြ ကေျပာပါတယ္ ။

ေအာက္တိုဘာ ၁၀ရက္က ေလွ်ာက္လႊာကို ႐ုံးပိတ္ ၄ နာရီခြဲမွာ ရပ္လိုက္ၿပီးေတာ့ အျပင္က က်န္တဲ့သူေတြကို နာမည္ စာရင္း ေကာက္ထားၿပီး ေအာက္တိုဘာ လ ၁၆ ရက္ မွာ သူတို႔ကို ျပန္ေရာင္းေပးဖို႔ စီစဥ္ေပးလိုက္တယ္လို႔လည္း ေဒါက္တာေစာႏိုင္က ေျပာပါတယ္။

ရန္ကုန္တိုင္း အစိုးရက လူေနထိုင္ဖို႔ စီးပြားေရးနဲ႔ စက္မႈလုပ္ငန္းေတြအတြက္ ေျမေနရာေတြ ကိုေအာက္တိုဘာလ ၇ ရက္ေန႔ ထုတ္ေရာင္းေနတာျဖစ္ၿပီးေတာ့ ပထမအဆင့္အေနနဲ႔ ေျမကြက္ ၅၀၀ ေက်ာ္ကို ထုတ္ေရာင္းမယ္လို႔ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္က တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။
 ေျမကြက္ ၅၀၀ေက်ာ္အတြက္ တစ္ရက္တည္းကို လူႏွစ္ေထာင္ေက်ာ္လာေလွ်ာက္

ေျမေတြ ထုတ္ေရာင္းတာမွာ ဝယ္ယူႏိုင္မယ့္သူကို ကန႔္သတ္မထားဘူးလို႔ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ တြဲဖက္ အတြင္းေရးမႉး ဦးသန္းက ေျပာပါတယ္။

ဒီေျမေတြကို အဖြဲ႕အစည္းေရာ၊ ပုဂၢိဳလ္တစ္ဦးခ်င္းေရာ ဝယ္ယူႏိုင္တယ္လို႔ သူက ေျပာပါတယ္။

ေျမေတြကို တစ္ဦးခ်င္း အိမ္ေဆာက္ေနထိုင္မယ့္သူေတြနဲ႔ စီးပြားေရးလုပ္ငန္း၊ စက္မႈလုပ္ငန္း၊ အိမ္ရာစီမံကိန္း အေကာင္အထည္ ေဖာ္မယ့္သူေတြ စသျဖင့္ ထုတ္ေရာင္းသြားမယ္လို႔ သိရပါတယ္။

ရန္ကုန္အစိုးရဲ႕ စီမံခန႔္ခြဲပိုင္ခြင့္ရွိတဲ့ ေျမေနရာေတြကို ေရာင္းခ်ေနရာမွာ စုစုေပါင္း ေျမဧက တစ္ေသာင္းသာ ေရာင္းခ်ေပးႏိုင္မယ္လို႔ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ တြဲဖက္အတြင္းေရးမႉး ဦးသန္းက ေအာက္တိုဘာ ၉ရက္မွာ ဘီဘီစီကိုေျပာပါတယ္။

 ႏိုဝင္ဘာလ ၈ ရက္မွာေလွ်ာက္လႊာ ျပန္တင္ရမယ္

အဲဒီေရာင္းခ်မယ့္ ေျမဧက တစ္ေသာင္းအတြက္ ဝယ္ယူလိုသူေတြက ေလွ်ာက္လႊာေရာင္းခ်ေနတဲ့ ေအာက္တိုဘာ ၇ရက္ကစၿပီး ႏိုဝင္ဘာ ၈ရက္အထိ ေလွ်ာက္လႊာဝယ္ယူ ေလွ်ာက္ထားႏိုင္တယ္ လို႔ ဦးသန္းက ေျပာပါတယ္။

လာဝယ္သူေတြကေတာ့ အစိုးရအေနနဲ႔ ေလွ်ာက္လႊာေရာင္းတာကို စနစ္တက် ကိုင္တြယ္ ၿပီး လုပ္ေစခ်င္တယ္လို႔ေျပာပါတယ္။

ေရာင္းခ်ေရးေကာ္မတီက ေျမေလွ်ာက္လႊာတေစာင္ကို က်ပ္တစ္ေသာင္းႏႈန္းနဲ႔ ေရာင္းခ်ေနတာျဖစ္ပါတယ္။

စေရာင္းတဲ့ စက္တင္ဘာ ၇ရက္မွာပဲ ေထာင္ခ်ီတဲ့ ေလွ်ာက္လႊာတင္တဲ့သူေတြ ရွိတယ္လို႔ ပထမဆုံး ေန႔မွာပဲ ေလွ်ာက္ထားဖို႔သြားခဲ့တဲ့ အင္းစိန္ၿမိဳ႕နယ္က ေဒၚမိုးျမင့္သန္းက ဘီဘီစီကိုေျပာပါတယ္။

ေအာက္တိုဘာ လ ၁၆ ရက္ေန႔ဟာ သီတင္းကြၽတ္ ႐ုံးပိတ္ရက္ ၅ ရက္ အၿပီး ျပန္ဖြင့္တဲ့ ရက္ျဖစ္လို႔ ဝယ္သူေတြ အခုထက္မ်ားလာႏိုင္တာေၾကာင့္ ေလွ်ာက္လႊာဝယ္ဖို႔ စီစဥ္ေနသူေတြက အခုလိုမ်ိဳး လူအုပ္နဲ႔ ထပ္တိုးၿပီး တန္းပ်က္မွာကို စိုးရိမ္ေနၾကပါတယ္။

BBC Burmese
https://www.bbc.com
------------
Unicode
ရန်ကုန်တိုင်း အစိုးရ မြေကွက်လျှောက်လွှာတွေ အောက်တိုဘာ ၁၆ ရက်မှ ပြန်ရောင်းမယ်

ဓာတ်ပုံ မူပိုင် U Kyaw Soe Oo
Image caption လုံခြုံရေးက မထိန်းနိုင်လို့ လျှောက်လွှာ အရောင်းရပ်သွားခဲ့

ရန်ကုန်တိုင်းအစိုးရက လူတစ်ဦးကို တစ်စောင်နှုန်းနဲ့ ရောင်းချပေးနေတဲ့ မြေကွက် ဝယ်ယူခွင့် လျှောက်လွှာ ရောင်းတာကို သီတင်းကျွတ် ရုံးပိတ်ရက်ကာလမှာရပ်ထားမှာ ဖြစ်ပြီးတော့ အောက်တိုဘာ လ ၁၆ ရက်နေ့ မှ ပြန်လည်ရောင်းချဖို့ရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်က ဘီဘီစီကို ပြောပါတယ်။

အောက်တိုဘာလ ၁၀ ရက် မနက်ပိုင်းက လူအုပ်က အတင်းတိုးတာကြောင့် လျှောက်လွှာရောင်းနေတဲ့ ရန်ကုန် အရှေ့ပိုင်းခရိုင်ရုံး မှာ လုံခြုံရေး မထိန်းနိုင် ဖြစ်ပြီး တန်းပျက်သွားလို့ လျှောက်လွှာ အရောင်း ရပ်သွားခဲ့ပြီးညနေပိုင်းမှာတော့ ပြန်ရောင်းခဲ့ပါတယ်။

လူတချို့ဟာ တစ်ညလုံး တန်းစီပြီးစောင့်နေကြတာ ဖြစ်ပြီးတော့ လျှောက်လွှာအရောင်းရပ် သွားတာရယ်၊ အတင်းတိုးတဲ့သူတွေက ရှေ့ရောက်သွားတာရယ်ကြောင့် အစိုးရ ရဲ့အစီအမံကို ဒေါသတကြီးနဲ့ အော်ဟစ် ဝေဖန် ခဲ့ကြပါတယ်။

တောင်ဥက္ကလာပ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစောနိုင်ကတော့ အခုလို မျိုး တစ်နေရာထဲ ရောင်းနေမယ့်အစား မြို့နယ်အလိုက် နေရာခွဲပြီး ရောင်းသင့်တယ်လို့လည်း ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် U Kyaw Soe Oo
Image caption တိုကင် ပြန်ရောင်းတာတွေရှိ

"ဒီမနက်က လူတွေတအားများတော့ တံခါးက အတင်းတိုးလို့ ပွင့်သွားလို့ ရုံးအောက်ကို ပိတ်ထားလိုက်ပြီးတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရောက်လာတဲ့ အခါ မှာတော့ အားလုံးထိန်းနိုင်ပါတယ်" လို့လည်းဒေါက်တာစောနိုင်ကပြောပါတယ်။

တိုကင်စနစ် လုပ်ပေမယ့်လည်း သိပ်အဆင်မပြေသလို တိုကင်ပြန်လည်ရောင်းချတာတွေ၊ နေရာ ပြန်ရောင်းတာတွေကလည်း ရန်ကုန် အရှေ့ပိုင်းခရိုင် ရုံးတဝိုက် မှာ ရှိနေတယ်လို့လည်း တောင်ဥက္ကလာ ဒေသခံ တွေ ကပြောပါတယ် ။

အောက်တိုဘာ ၁၀ရက်က လျှောက်လွှာကို ရုံးပိတ် ၄ နာရီခွဲမှာ ရပ်လိုက်ပြီးတော့ အပြင်က ကျန်တဲ့သူတွေကို နာမည် စာရင်း ကောက်ထားပြီး အောက်တိုဘာ လ ၁၆ ရက် မှာ သူတို့ကို ပြန်ရောင်းပေးဖို့ စီစဉ်ပေးလိုက်တယ်လို့လည်း ဒေါက်တာစောနိုင်က ပြောပါတယ်။

ရန်ကုန်တိုင်း အစိုးရက လူနေထိုင်ဖို့ စီးပွားရေးနဲ့ စက်မှုလုပ်ငန်းတွေအတွက် မြေနေရာတွေ ကိုအောက်တိုဘာလ ၇ ရက်နေ့ ထုတ်ရောင်းနေတာဖြစ်ပြီးတော့ ပထမအဆင့်အနေနဲ့ မြေကွက် ၅၀၀ ကျော်ကို ထုတ်ရောင်းမယ်လို့ ရန်ကုန်မြို့တော်စည်ပင်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Aung Naing
Image caption မြေကွက် ၅၀၀ကျော်အတွက် တစ်ရက်တည်းကို လူနှစ်ထောင်ကျော်လာလျှောက်

မြေတွေ ထုတ်ရောင်းတာမှာ ဝယ်ယူနိုင်မယ့်သူကို ကန့်သတ်မထားဘူးလို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဖက် အတွင်းရေးမှူး ဦးသန်းက ပြောပါတယ်။

ဒီမြေတွေကို အဖွဲ့အစည်းရော၊ ပုဂ္ဂိုလ်တစ်ဦးချင်းရော ဝယ်ယူနိုင်တယ်လို့ သူက ပြောပါတယ်။

မြေတွေကို တစ်ဦးချင်း အိမ်ဆောက်နေထိုင်မယ့်သူတွေနဲ့ စီးပွားရေးလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ အိမ်ရာစီမံကိန်း အကောင်အထည် ဖော်မယ့်သူတွေ စသဖြင့် ထုတ်ရောင်းသွားမယ်လို့ သိရပါတယ်။

ရန်ကုန်အစိုးရဲ့ စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေနေရာတွေကို ရောင်းချနေရာမှာ စုစုပေါင်း မြေဧက တစ်သောင်းသာ ရောင်းချပေးနိုင်မယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက အောက်တိုဘာ ၉ရက်မှာ ဘီဘီစီကိုပြောပါတယ်။

ဓာတ်ပုံ မူပိုင် Aung Naing
Image caption နိုဝင်ဘာလ ၈ ရက်မှာလျှောက်လွှာ ပြန်တင်ရမယ်

အဲဒီရောင်းချမယ့် မြေဧက တစ်သောင်းအတွက် ဝယ်ယူလိုသူတွေက လျှောက်လွှာရောင်းချနေတဲ့ အောက်တိုဘာ ၇ရက်ကစပြီး နိုဝင်ဘာ ၈ရက်အထိ လျှောက်လွှာဝယ်ယူ လျှောက်ထားနိုင်တယ် လို့ ဦးသန်းက ပြောပါတယ်။

လာဝယ်သူတွေကတော့ အစိုးရအနေနဲ့ လျှောက်လွှာရောင်းတာကို စနစ်တကျ ကိုင်တွယ် ပြီး လုပ်စေချင်တယ်လို့ပြောပါတယ်။

ရောင်းချရေးကော်မတီက မြေလျှောက်လွှာတစောင်ကို ကျပ်တစ်သောင်းနှုန်းနဲ့ ရောင်းချနေတာဖြစ်ပါတယ်။

စရောင်းတဲ့ စက်တင်ဘာ ၇ရက်မှာပဲ ထောင်ချီတဲ့ လျှောက်လွှာတင်တဲ့သူတွေ ရှိတယ်လို့ ပထမဆုံး နေ့မှာပဲ လျှောက်ထားဖို့သွားခဲ့တဲ့ အင်းစိန်မြို့နယ်က ဒေါ်မိုးမြင့်သန်းက ဘီဘီစီကိုပြောပါတယ်။

အောက်တိုဘာ လ ၁၆ ရက်နေ့ဟာ သီတင်းကျွတ် ရုံးပိတ်ရက် ၅ ရက် အပြီး ပြန်ဖွင့်တဲ့ ရက်ဖြစ်လို့ ဝယ်သူတွေ အခုထက်များလာနိုင်တာကြောင့် လျှောက်လွှာဝယ်ဖို့ စီစဉ်နေသူတွေက အခုလိုမျိုး လူအုပ်နဲ့ ထပ်တိုးပြီး တန်းပျက်မှာကို စိုးရိမ်နေကြပါတယ်။

BBC Burmese
https://www.bbc.com
ရန္ကုန္တိုင္း အစိုးရ ေျမကြက္ေလွ်ာက္လႊာေတြ ေအာက္တိုဘာ ၁၆ ရက္မွ ျပန္ေရာင္းမယ္ ရန္ကုန္တိုင္း အစိုးရ ေျမကြက္ေလွ်ာက္လႊာေတြ ေအာက္တိုဘာ ၁၆ ရက္မွ ျပန္ေရာင္းမယ္ Reviewed by THITHTOOLWIN on 01:33 Rating: 5
Powered by Blogger.