တုိက္ပြဲမရပ္ရင္ ေျမာက္ဦး ယူနက္စကိုစာရင္း၀င္မလား

ရခိုင္ျပည္နယ္ ေျမာက္ဦးယဥ္ေက်းမႈေဒသက ေရွးေဟာင္းဘုရားပုထုိးေတြကို ေတြ႔ရစဥ္
Zawgyi
ေျမာက္ဦးက ေရွးေဟာင္းေမြအႏွစ္ေတြကုိ ကမာၻ႕အေမြအႏွစ္စာရင္း၀င္ႏုိင္ဖို႔ အဆုိျပဳမူၾကမ္း တင္သြင္းၿပီးျဖစ္လို႔ UNESCO တာ၀န္ရွိသူေတြက ၂၀၂၀ ၾသဂုတ္လမွာ ေျမာက္ဦးကို လာေရာက္ၿပီး ေရွးေဟာင္းအေမြအႏွစ္ ေစတီပုထိုးေတြနဲ႔ အေဆာက္အဦေတြကို စစ္ေဆးမွာျဖစ္သလို ေဒသခံေတြ၊ ရဟန္းသံဃာေတြ၊ ပညာရွင္ေတြနဲ႔ အစိုးရတာ၀န္ရွိသူေတြကို ေတြ႕ဆံုေမးျမန္းမွာျဖစ္ပါတယ္။

အဲဒီတရား၀င္ လာေရာက္စစ္ေဆးမႈမတိုင္ခင္မွာ သူတို႔ တာဝန္ေပးသူတခ်ဳိ႕ဟာ ခရီးသြားအေနနဲ႔ လာေရာက္ စစ္ေဆးဦးမွာျဖစ္တယ္လုိ႔လည္း သိရပါတယ္။

ဒါေပမဲ့ ေျမာက္ဦးမွာ တပ္မေတာ္နဲ႔ ရကိၡဳင့္တပ္ေတာ္ AA တို႔ တိုက္ပြဲေတြ မၾကာခဏျဖစ္ေနတဲ့အတြက္ ႀကိဳးစားထားသမွ် အလကားျဖစ္ၿပီး ကမၻာ့အေမြအႏွစ္စာရင္းမ၀င္မွာ စိုးရိမ္ေနတယ္လို႔ ေျမာက္ဦးအေမြအႏွစ္ ထိန္းသိမ္းေစာင့္ေရွာက္ေရးေကာ္မတီ ဥကၠ႒ ေဒၚခင္သန္းက RFA ကို ေျပာပါတယ္။

"တိုက္ပြဲေတြျဖစ္ေနရင္ေတာ့ ဘယ္လိုျဖစ္ၾကမလဲမသိဘူး၊ ဒါကေတာ့ အစုိးရအပိုင္းက ေဆာင္ရြက္ခ်က္ျဖစ္ေတာ့ေလ ဟုတ္ကဲ့ ကၽြန္မအေနနဲ႔ ေျပာရတာခက္ခဲပါတယ္၊ စိုးရိမ္တာေပါ့ ကၽြန္မတို႔က ဒီလိုသာ တိုက္ပြဲေတြျဖစ္ေနၿပီးေတာ့မွ ယူနက္စကိုက လက္မခံဘူးဆိုရင္ေတာ့ ကၽြန္မတို႔ဘက္က ေဆာက္ရြက္ခဲ့သမွ် အလကားျဖစ္သြားမွာေပါ့ေနာ္၊ ဆိုေတာ့ ကၽြန္မတို႔ကေတာ့ ဒီတုိက္ပြဲေတြကိုလည္း မျဖစ္ေစခ်င္ေတာ့ပါဘူးရွင့္ ဟုတ္ကဲ့"

ႏွစ္ဆန္းပိုင္းမွာ ေျမာက္ဦး ေရွးေဟာင္းနယ္ေျမထဲ တိုက္ပြဲေတြျဖစ္ပြားခဲ့သလို လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲခဲ့လို႔ ေရွးေဟာင္းဘုရားအခ်ိဳ႕နဲ႔ အေဆာက္အဦအခ်ိဳ႕ ထိခိုက္ပ်က္စီးခဲ့တာေၾကာင့္ အခုလိုစိုးရိမ္ေနတာပါ။

ႏိုင္ငံေတာ္အစိုးရအေနနဲ႔လည္း ေျမာက္ဦးေဒသကို ကမၻာ့အေမြအႏွစ္စာရင္း ၀င္ႏိုင္ဖို႔အတြက္  UNESCO အရာရိွေတြ၊ အေတြ႕အၾကံဳရိွတဲ့ ျပည္တြင္းျပည္ပ ပညာရွင္ေတြနဲ႔ ပူးေပါင္း ေဆာင္ရြက္ေနသလို တ႐ုတ္၊ အီတလီႏိုင္ငံတို႔ကလည္း နည္းပညာနဲ႔ ပစၥည္းအေထာက္အပံ့ေတြ ကူညီေပးေနတယ္လို႔ သမၼတရံုးက ေၾကညာထားပါတယ္။

ဒါေပမဲ့ တိုက္ပြဲေတြ မျဖစ္ေအာင္လည္း ႏွစ္ဖက္ညွိႏိႈင္းမႈေတြကို အစိုးရက လုပ္ေဆာင္ေနသလို လက္နက္ကိုင္ထားတဲ့ ႏွစ္ဘက္ အဖြဲ႕အစည္းေတြအေနနဲ႔လည္း ေဒသတြင္း ယဥ္ေက်းမႈအေမြအႏွစ္ မထိခိုက္ေအာင္ ေဆာက္ရြက္ဖို႔ ေမတၱာရပ္ခံတယ္လို႔ ေရွးေဟာင္းသုေတသနရံုး ညႊန္ၾကားေရးမွဴး ဦးေအာင္ေအာင္ေက်ာ္ RFA ကို ေျပာဆိုထားပါတယ္။

"ႏွစ္ဘက္ညွိႏႈိင္းမႈလုပ္ငန္းေတြလည္း အမ်ားႀကီးေဆာင္ရြက္ေနတာ ျဖစ္တဲ့အတြက္ ဒါယဥ္ေက်းမႈအေမြအႏွစ္ကို မထိခုိက္ေအာင္ ေဆာင္ရြက္ၾကဖို႔ရာအတြက္ကို လူႀကီးေတြအားလံုး ႀကိဳးစားေနၾကပါတယ္၊ ဒါဒီေနရာမွာ ႏွစ္ဘက္ဆိုေပမယ့္လည္း ႏွစ္ဘက္စလံုးက တိုင္းရင္းသားေတြပါ၊ ဒီတုိင္းရင္းသားေတြ ႏွစ္ဘက္စလံုးကလည္း ဒီယဥ္ေက်းမႈအေမြအႏွစ္ကို ထိန္းသိမ္းဖို႔ တာ၀န္ရွိပါတယ္၊ အေၾကာင္းေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္မလို႔ သေဘာထားမတိုက္ဆိုင္လို႔ ေခတၱခဏျဖစ္ေနၾကတဲ့သေဘာလို႔ပဲ ကၽြန္ေတာ့အေနနဲ႔ျမင္ပါတယ္၊ ဒီလိုျဖစ္တဲ့အခါမွာ ဒီယဥ္ေက်းမႈအေမြအႏွစ္ေတြကိုလည္း ကၽြန္ေတာ္တို႔ဒီ ႏွစ္ဘက္စလံုးေရာ ဒီႏိုင္ငံသားတိုင္း ဒါ၀ိုင္း၀န္းထိန္းသိမ္းရမယ့္ တာ၀န္အားလံုးရွိပါတယ္၊ ဒါေၾကာင့္မလို႔ အားလံုးမွာ တာ၀န္ရွိတဲ့အတြက္ ဒါသူတို႔ ဒီအေပၚမွာလည္း ခ်စ္ျမတ္ႏိုးၾကလိမ့္မယ္လို႔ ကၽြန္ေတာ့္အေနနဲ႔ထင္ပါတယ္၊ ခုနေျပာသလို သေဘာထားခ်င္း မတိုက္ဆိုင္လို႔ ရန္ျဖစ္တဲ့ဟာကို ဒီယဥ္ေက်းမႈအမြအႏွစ္ကို မထိႏိုင္ေအာင္ ေဆာင္ရြက္ႏုိင္ၾကပါေစလို႔ပဲ ကၽြန္ေတာ့အေနနဲ႔ ေမတၱာရပ္ခံ ဆုေတာင္းခ်င္ပါတယ္"

UNESCO အေမြအႏွစ္စာရင္း ၀င္ေရးအတြက္ တိုက္ပြဲေတြ မရွိဖို႔နဲ႔ မလႊဲေရွာင္သာ ထိေတြ႔တိုက္ပြဲ ျဖစ္ခဲ့ရင္လည္း ေရွးေဟာင္းအေမြအႏွစ္ကို မထိခိုက္ဖို႔ အဓိကလုိတဲ့အတြက္ တပ္မေတာ္နဲ႔ AA ကုိ RFA က ေမးျမန္းဖို႔ႀကိဳးစားခဲ့ေပမယ့္ ဒီကေန႔ညေနအထိ ဆက္သြယ္လို႔မရပါဘူး။

အေနာက္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္ တုိင္းဦးစီး ဗုိလ္မွဴးႀကီး ဝင္းေဇာ္ဦးကေတာ့ ေဒသတည္ၿငိမ္ေရးအတြက္ AA အဖြဲ႕ရွိေနသမွ် တိုက္ခုိက္မႈေတြ ဆက္ရွိမွာျဖစ္တယ္လုိ႔ ေျပာပါတယ္။

"ကၽြန္ေတာ္တို႔က ကၽြန္ေတာ္တို႔ရဲ႕အလုပ္ကိုက ဟုတ္လား ဒီဘက္မွာ တည္ၿငိမ္ေအးခ်မ္းေရး ေဒသဖြံ႕ၿဖိဳးေရး၊ ဟုတ္တယ္မလား ၿပီးလို႔ရွိရင္ တရားဥပေဒစိုးမိုးေရး အတြက္ကေတာ့ ဒါ ကၽြန္ေတာ္တို႔ရဲ႕ အဓိကအလုပ္ျဖစ္တဲ့အတြက္ေၾကာင့္မလို႔ AA ရွိေနသေရြ႕ကေတာ့ ဒါကေတာ့ လုပ္ေနမွာပဲ၊ AA ရွိေနသေရြ႕ကေတာ့ ကၽြန္ေတာ္တို႔ကဟုတ္လား AA ကေျမာက္ဦးၿမိဳ႕ႀကီးမွာ ရွိေနၿပီးေတာ့မွ ကၽြန္ေတာ္တို႔က ဒီေကာင္ေတြကို ရွင္းမထုတ္ဘူးဆိုရင္ တြက္ၾကည့္ေလ ကၽြန္ေတာ္တို႔ကို ဘယ္လို ဘယ္အေပါက္မ်ိဳးခ်ိဳးသြားမလဲ စဥ္းစားၾကည့္ေလ၊ ဟုတ္တယ္မလား၊ ကၽြန္ေတာ္တို႔ကေတာ့ ကၽြန္ေတာ္တို႔အလုပ္အတိုင္းပဲ ဆက္လုပ္မွာပဲ၊ သူ႔ဟာသူ ၀င္တာမ၀င္တာ ကၽြန္ေတာ္တို႔မသိဘူး၊ ကၽြန္ေတာ္တို႔ကေတာ့ ေဒသတည္ၿငိမ္ေအးခ်မ္းေရး တရားဥပေဒစိုးမိုးေရး ႏိုင္ငံေတာ္ရဲ႕အုပ္ခ်ဳပ္မႈယႏၱရား အဲဒါေတြကိုေတာ့ ဘယ္သူမွလာမဖ်က္ဆီးနဲ႔ လာဖ်က္ဆီးတဲ့သူရွိလုိ႔ကေတာ့ ခ်မွာပဲ"

ရခုိင္ျပည္နယ္လႊတ္ေတာ္ကလည္း ေျမာက္ဦးေဒသ  တုိက္ပြဲမျဖစ္ေအာင္ ၾကပ္မတ္ေဆာင္ရြက္ေပးဖုိ႔ ေမလ ၆ ရက္ေန႔  လႊတ္ေတာ္အစည္းအေဝးမွာ ျပည္နယ္အစုိးရကို တုိက္တြန္းခဲ့ပါတယ္။

လက္ရွိ အဆိုျပဳစာတြဲ မူၾကမ္း တင္သြင္းထားၿပီးျဖစ္လို႔ ၂၀၂၀ ႏွစ္ဆန္းပိုင္းမွာ လုိအပ္တဲ့ အခ်က္အလက္ ျဖည့္စြက္မႈေတြကို ထပ္မံ လုပ္ေဆာင္ရဦးမွာျဖစ္ၿပီး ေဒသခံေတြအတြက္ အသိပညာေပး လုပ္ငန္းေတြ ဆက္လုပ္ဖို႔လည္း ရွိေနတယ္လို႔ ေျမာက္ဦးအေမြအႏွစ္ ထိန္းသိမ္းေစာင့္ေရွာက္ေရး ေကာ္မတီ ဥကၠ႒ ေဒၚခင္သန္းက ေျပာပါတယ္။

"ကၽြန္မတို႔ awareness(အသိပညာ)ေပးဖို႔ေတာ့ အစီအစဥ္ရွိပါတယ္ရွင့္၊ ဟုတ္ကဲ့၊ ကၽြန္မတို႔ေတြ လစဥ္ဘယ္လိုေပးမယ္ ဘယ္လိုလုပ္မယ္ဆုိတာ အစီအစဥ္ေတြ ကၽြန္မတို႔ေရးဆြဲေနၾကတယ္၊ ကၽြန္မတို႔ဒီ ေအဇက္ဇုန္အတြင္းမွာရွိတဲ့ ေက်းရြာေတြေပါ့၊ ကၽြန္မတုိ႔က ေလာေလာဆယ္ေတာ့ ၿမိဳ႕ေပၚနဲ႔ေက်ာင္းကိုေတာ့ ရည္မွန္းထားပါတယ္၊ ဘာျဖစ္လုိ႔လဲဆိုေတာ့ ေက်ာင္းေတြမပိတ္ခင္ ကၽြန္မတို႔ေတြ awareness အရင္စေပးဖို႔အတြက္ တိုက္ပြဲေတြကလည္း သူ႔ဟာသူျဖစ္တာေပါ့ ကၽြန္မတို႔ကလည္း ကၽြန္မတို႔လုပ္စရာရွိတဲ့အလုပ္ကို လုပ္မယ္ေပါ့"

UNESCO  တာ၀န္ရွိသူေတြ လာေရာက္စစ္ေဆးၿပီးရင္ေတာ့ ၂၀၂၁  ဇြန္လ တရုတ္ႏိုင္ငံမွာ ျပဳလုပ္မယ့္ ၄၄ ႀကိမ္ေျမာက္ UNESCO ညီလာခံက ေျမာက္ဦးကို ကမၻာ့အေမြအႏွစ္စာရင္း၀င္/မ၀င္ မဲခြဲ ဆံုးျဖတ္ေပးမွာ ျဖစ္ပါတယ္။

ေျမာက္ဦးၿမိဳ႕ေဒသခံ ဦးေ၀လွေအာင္ ကလည္း တိုက္ပြဲေတြဆက္ျဖစ္ၿပီး ကမၻာ့အေမြအႏွစ္စာရင္း မ၀င္မွာ စိုးရိမ္ေနပါတယ္။

"ကၽြန္ေတာ္တို႔ဒီေျမာက္ဦးၿမိဳ႕က ယူနက္စကို၀င္ဖို႔အတြက္ အမ်ားႀကီး ႀကိဳးစားထားတာေတြရွိတယ္ေလ၊ ဒါေပမဲ့ တစ္ဘက္ကေျပာသလို အစိုးရဘက္ကလည္း အဲ့ယူနက္စကို၀င္ဖို႔အတြက္ အစိုးရနဲ႔ တုိက္ရိုက္သက္ဆိုင္တယ္လို႔ ထင္တာပဲဗ်ာ၊ ဘာေၾကာင့္လဲဆိုေတာ့ ဒီတိုက္ပြဲေတြ ရပ္တန္႔ေပးဖို႔အတြက္ကို အစိုးရဘက္က ဖိအားေပးတာတို႔ တစ္ခုခုလုပ္ေပးတာတို႔ လုိအပ္တယ္၊ ဒါမွလည္း ဒီယူနက္စကိုအေရးနဲ႔ပတ္သက္လုိ႔ က်ည္ဆန္ေတြ ထိမွန္တာတို႔ ဟိုဟာျဖစ္သြားမွာေလ၊ ျပည္သူေတြအေနနဲ႔လည္း ၿငိမ္းခ်မ္းေရးရသြားမယ္ ေနရထိုင္ရအဆင္ေျပမယ္၊ တုိက္ပြဲေတြ ရပ္တန္႔သြားရင္ေတာ့ ပိုၿပီးေသခ်ာတာေပါ့ ယူနက္စကို၀င္ဖို႔ဘက္ကို၊ ဒီအတိုင္းျဖစ္ေနရင္ကေတာ့ ယူနက္စကို၀င္ဖို႔ သိပ္မလြယ္ဘူး၊ အဲ့အေပၚမွာပဲ ကၽြန္ေတာ္တို႔စိုးရိမ္တာေတြရွိတယ္"

ေျမာက္ဦးဟာ ရခိုင္မင္းေနျပည္ေတာ္အျဖစ္ ႏွစ္ေပါင္းမ်ားစြာ တည္ရွိခဲ့သလို ရခိုင္ရွင္ဘုရင္ေတြ နန္းစိုက္ခဲ့ရာ နန္းေတာ္ရာကုန္းနဲ႔ ခံတပ္ႀကီးေတြနဲ႔ အထင္ကရတည္ေဆာက္ထားတဲ့ ေရွးေဟာင္းၿမိဳ႕ေတာ္လည္း ျဖစ္ပါတယ္။

သမိုင္းဝင္ဘုရားေစတီ ပုထိုးေတာ္ေတြ၊ က်ဳံးအရွင္နဲ႔ က်ဳံးေျခာက္ေတြ၊ ၿမိဳ႕ေတာ္ကို ပတ္လည္ ကာရံထားတဲ့ တံတိုင္းႀကီးေတြ၊ သၽွစ္ေသာင္းပုထိုးေတာ္၊ ထုကၠံသိမ္ပုထိုးေတာ္၊ အံေတာ္သိမ္၊ မာရ္ငါးပါး၊ ကိုးေသာင္းပုထိုးေတာ္ႀကီးနဲ႔ ၿမိဳ႕ေတာ္ရဲ႕ အေရွ႕ဘက္ဝင္ေပါက္၊ လက္ဆည္ကန္၊ အႏူမကန္တံတိုင္း၊ မင္းထြက္ေပါက္ဆည္ေရတံခါး၊ ဟာရီေတာင္ေစတီ အပါအ၀င္ ရခိုင္ေရွးေဟာင္း အေမြအႏွစ္ဗိသုကာ လက္ရာမ်ားစြာ တည္ရွိေနပါတယ္။

ျမန္မာႏိုင္ငံဟာ ၂၀၁၄ ခုႏွစ္မွာ ဗိႆနိုး၊ ဟန္လင္း၊ သေရေခတၱရာစတဲ့ ပ်ဴၿမိဳ႕ေဟာင္း သုံးၿမိဳ႕ကို ကမၻာ့အေမြအႏွစ္စာရင္းဝင္အျဖစ္သတ္မွတ္ခံထားရသလို  ဒီႏွစ္မွာလည္း ပုဂံေရွးေဟာင္း ယဥ္ေက်းမႈနယ္ေျမကို ကမၻာ့အေမြအႏွစ္အျဖစ္ သတ္မွတ္ခံထားရပါတယ္ခင္ဗ်ာ။

RFA Burmese
https://www.rfa.org
------------
Unicode
တိုက်ပွဲမရပ်ရင် မြောက်ဦး ယူနက်စကိုစာရင်းဝင်မလား

ရခိုင်ပြည်နယ် မြောက်ဦးယဉ်ကျေးမှုဒေသက ရှေးဟောင်းဘုရားပုထိုးတွေကို တွေ့ရစဉ်
Photo: RFA

မြောက်ဦးက ရှေးဟောင်းမွေအနှစ်တွေကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ဖို့ အဆိုပြုမူကြမ်း တင်သွင်းပြီးဖြစ်လို့ UNESCO တာဝန်ရှိသူတွေက ၂၀၂၀ သြဂုတ်လမှာ မြောက်ဦးကို လာရောက်ပြီး ရှေးဟောင်းအမွေအနှစ် စေတီပုထိုးတွေနဲ့ အဆောက်အဦတွေကို စစ်ဆေးမှာဖြစ်သလို ဒေသခံတွေ၊ ရဟန်းသံဃာတွေ၊ ပညာရှင်တွေနဲ့ အစိုးရတာဝန်ရှိသူတွေကို တွေ့ဆုံမေးမြန်းမှာဖြစ်ပါတယ်။

အဲဒီတရားဝင် လာရောက်စစ်ဆေးမှုမတိုင်ခင်မှာ သူတို့ တာဝန်ပေးသူတချို့ဟာ ခရီးသွားအနေနဲ့ လာရောက် စစ်ဆေးဦးမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါပေမဲ့ မြောက်ဦးမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေ မကြာခဏဖြစ်နေတဲ့အတွက် ကြိုးစားထားသမျှ အလကားဖြစ်ပြီး ကမ္ဘာ့အမွေအနှစ်စာရင်းမဝင်မှာ စိုးရိမ်နေတယ်လို့ မြောက်ဦးအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက RFA ကို ပြောပါတယ်။

"တိုက်ပွဲတွေဖြစ်နေရင်တော့ ဘယ်လိုဖြစ်ကြမလဲမသိဘူး၊ ဒါကတော့ အစိုးရအပိုင်းက ဆောင်ရွက်ချက်ဖြစ်တော့လေ ဟုတ်ကဲ့ ကျွန်မအနေနဲ့ ပြောရတာခက်ခဲပါတယ်၊ စိုးရိမ်တာပေါ့ ကျွန်မတို့က ဒီလိုသာ တိုက်ပွဲတွေဖြစ်နေပြီးတော့မှ ယူနက်စကိုက လက်မခံဘူးဆိုရင်တော့ ကျွန်မတို့ဘက်က ဆောက်ရွက်ခဲ့သမျှ အလကားဖြစ်သွားမှာပေါ့နော်၊ ဆိုတော့ ကျွန်မတို့ကတော့ ဒီတိုက်ပွဲတွေကိုလည်း မဖြစ်စေချင်တော့ပါဘူးရှင့် ဟုတ်ကဲ့"

နှစ်ဆန်းပိုင်းမှာ မြောက်ဦး ရှေးဟောင်းနယ်မြေထဲ တိုက်ပွဲတွေဖြစ်ပွားခဲ့သလို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ ရှေးဟောင်းဘုရားအချို့နဲ့ အဆောက်အဦအချို့ ထိခိုက်ပျက်စီးခဲ့တာကြောင့် အခုလိုစိုးရိမ်နေတာပါ။

နိုင်ငံတော်အစိုးရအနေနဲ့လည်း မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်နိုင်ဖို့အတွက်  UNESCO အရာရှိတွေ၊ အတွေ့အကြုံရှိတဲ့ ပြည်တွင်းပြည်ပ ပညာရှင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေသလို တရုတ်၊ အီတလီနိုင်ငံတို့ကလည်း နည်းပညာနဲ့ ပစ္စည်းအထောက်အပံ့တွေ ကူညီပေးနေတယ်လို့ သမ္မတရုံးက ကြေညာထားပါတယ်။

ဒါပေမဲ့ တိုက်ပွဲတွေ မဖြစ်အောင်လည်း နှစ်ဖက်ညှိနှိုင်းမှုတွေကို အစိုးရက လုပ်ဆောင်နေသလို လက်နက်ကိုင်ထားတဲ့ နှစ်ဘက် အဖွဲ့အစည်းတွေအနေနဲ့လည်း ဒေသတွင်း ယဉ်ကျေးမှုအမွေအနှစ် မထိခိုက်အောင် ဆောက်ရွက်ဖို့ မေတ္တာရပ်ခံတယ်လို့ ရှေးဟောင်းသုတေသနရုံး ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော် RFA ကို ပြောဆိုထားပါတယ်။

"နှစ်ဘက်ညှိနှိုင်းမှုလုပ်ငန်းတွေလည်း အများကြီးဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် ဒါယဉ်ကျေးမှုအမွေအနှစ်ကို မထိခိုက်အောင် ဆောင်ရွက်ကြဖို့ရာအတွက်ကို လူကြီးတွေအားလုံး ကြိုးစားနေကြပါတယ်၊ ဒါဒီနေရာမှာ နှစ်ဘက်ဆိုပေမယ့်လည်း နှစ်ဘက်စလုံးက တိုင်းရင်းသားတွေပါ၊ ဒီတိုင်းရင်းသားတွေ နှစ်ဘက်စလုံးကလည်း ဒီယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းဖို့ တာဝန်ရှိပါတယ်၊ အကြောင်းကြောင်းအမျိုးမျိုးကြောင့်မလို့ သဘောထားမတိုက်ဆိုင်လို့ ခေတ္တခဏဖြစ်နေကြတဲ့သဘောလို့ပဲ ကျွန်တော့အနေနဲ့မြင်ပါတယ်၊ ဒီလိုဖြစ်တဲ့အခါမှာ ဒီယဉ်ကျေးမှုအမွေအနှစ်တွေကိုလည်း ကျွန်တော်တို့ဒီ နှစ်ဘက်စလုံးရော ဒီနိုင်ငံသားတိုင်း ဒါဝိုင်းဝန်းထိန်းသိမ်းရမယ့် တာဝန်အားလုံးရှိပါတယ်၊ ဒါကြောင့်မလို့ အားလုံးမှာ တာဝန်ရှိတဲ့အတွက် ဒါသူတို့ ဒီအပေါ်မှာလည်း ချစ်မြတ်နိုးကြလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ထင်ပါတယ်၊ ခုနပြောသလို သဘောထားချင်း မတိုက်ဆိုင်လို့ ရန်ဖြစ်တဲ့ဟာကို ဒီယဉ်ကျေးမှုအမွအနှစ်ကို မထိနိုင်အောင် ဆောင်ရွက်နိုင်ကြပါစေလို့ပဲ ကျွန်တော့အနေနဲ့ မေတ္တာရပ်ခံ ဆုတောင်းချင်ပါတယ်"

UNESCO အမွေအနှစ်စာရင်း ဝင်ရေးအတွက် တိုက်ပွဲတွေ မရှိဖို့နဲ့ မလွှဲရှောင်သာ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ရင်လည်း ရှေးဟောင်းအမွေအနှစ်ကို မထိခိုက်ဖို့ အဓိကလိုတဲ့အတွက် တပ်မတော်နဲ့ AA ကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဒီကနေ့ညနေအထိ ဆက်သွယ်လို့မရပါဘူး။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ ဒေသတည်ငြိမ်ရေးအတွက် AA အဖွဲ့ရှိနေသမျှ တိုက်ခိုက်မှုတွေ ဆက်ရှိမှာဖြစ်တယ်လို့ ပြောပါတယ်။

"ကျွန်တော်တို့က ကျွန်တော်တို့ရဲ့အလုပ်ကိုက ဟုတ်လား ဒီဘက်မှာ တည်ငြိမ်အေးချမ်းရေး ဒေသဖွံ့ဖြိုးရေး၊ ဟုတ်တယ်မလား ပြီးလို့ရှိရင် တရားဥပဒေစိုးမိုးရေး အတွက်ကတော့ ဒါ ကျွန်တော်တို့ရဲ့ အဓိကအလုပ်ဖြစ်တဲ့အတွက်ကြောင့်မလို့ AA ရှိနေသရွေ့ကတော့ ဒါကတော့ လုပ်နေမှာပဲ၊ AA ရှိနေသရွေ့ကတော့ ကျွန်တော်တို့ကဟုတ်လား AA ကမြောက်ဦးမြို့ကြီးမှာ ရှိနေပြီးတော့မှ ကျွန်တော်တို့က ဒီကောင်တွေကို ရှင်းမထုတ်ဘူးဆိုရင် တွက်ကြည့်လေ ကျွန်တော်တို့ကို ဘယ်လို ဘယ်အပေါက်မျိုးချိုးသွားမလဲ စဉ်းစားကြည့်လေ၊ ဟုတ်တယ်မလား၊ ကျွန်တော်တို့ကတော့ ကျွန်တော်တို့အလုပ်အတိုင်းပဲ ဆက်လုပ်မှာပဲ၊ သူ့ဟာသူ ဝင်တာမဝင်တာ ကျွန်တော်တို့မသိဘူး၊ ကျွန်တော်တို့ကတော့ ဒေသတည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေး နိုင်ငံတော်ရဲ့အုပ်ချုပ်မှုယန္တရား အဲဒါတွေကိုတော့ ဘယ်သူမှလာမဖျက်ဆီးနဲ့ လာဖျက်ဆီးတဲ့သူရှိလို့ကတော့ ချမှာပဲ"

ရခိုင်ပြည်နယ်လွှတ်တော်ကလည်း မြောက်ဦးဒေသ  တိုက်ပွဲမဖြစ်အောင် ကြပ်မတ်ဆောင်ရွက်ပေးဖို့ မေလ ၆ ရက်နေ့  လွှတ်တော်အစည်းအဝေးမှာ ပြည်နယ်အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

လက်ရှိ အဆိုပြုစာတွဲ မူကြမ်း တင်သွင်းထားပြီးဖြစ်လို့ ၂၀၂၀ နှစ်ဆန်းပိုင်းမှာ လိုအပ်တဲ့ အချက်အလက် ဖြည့်စွက်မှုတွေကို ထပ်မံ လုပ်ဆောင်ရဦးမှာဖြစ်ပြီး ဒေသခံတွေအတွက် အသိပညာပေး လုပ်ငန်းတွေ ဆက်လုပ်ဖို့လည်း ရှိနေတယ်လို့ မြောက်ဦးအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ပြောပါတယ်။

"ကျွန်မတို့ awareness(အသိပညာ)ပေးဖို့တော့ အစီအစဉ်ရှိပါတယ်ရှင့်၊ ဟုတ်ကဲ့၊ ကျွန်မတို့တွေ လစဉ်ဘယ်လိုပေးမယ် ဘယ်လိုလုပ်မယ်ဆိုတာ အစီအစဉ်တွေ ကျွန်မတို့ရေးဆွဲနေကြတယ်၊ ကျွန်မတို့ဒီ အေဇက်ဇုန်အတွင်းမှာရှိတဲ့ ကျေးရွာတွေပေါ့၊ ကျွန်မတို့က လောလောဆယ်တော့ မြို့ပေါ်နဲ့ကျောင်းကိုတော့ ရည်မှန်းထားပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းတွေမပိတ်ခင် ကျွန်မတို့တွေ awareness အရင်စပေးဖို့အတွက် တိုက်ပွဲတွေကလည်း သူ့ဟာသူဖြစ်တာပေါ့ ကျွန်မတို့ကလည်း ကျွန်မတို့လုပ်စရာရှိတဲ့အလုပ်ကို လုပ်မယ်ပေါ့"

UNESCO  တာဝန်ရှိသူတွေ လာရောက်စစ်ဆေးပြီးရင်တော့ ၂၀၂၁  ဇွန်လ တရုတ်နိုင်ငံမှာ ပြုလုပ်မယ့် ၄၄ ကြိမ်မြောက် UNESCO ညီလာခံက မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်/မဝင် မဲခွဲ ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။

မြောက်ဦးမြို့ဒေသခံ ဦးဝေလှအောင် ကလည်း တိုက်ပွဲတွေဆက်ဖြစ်ပြီး ကမ္ဘာ့အမွေအနှစ်စာရင်း မဝင်မှာ စိုးရိမ်နေပါတယ်။

"ကျွန်တော်တို့ဒီမြောက်ဦးမြို့က ယူနက်စကိုဝင်ဖို့အတွက် အများကြီး ကြိုးစားထားတာတွေရှိတယ်လေ၊ ဒါပေမဲ့ တစ်ဘက်ကပြောသလို အစိုးရဘက်ကလည်း အဲ့ယူနက်စကိုဝင်ဖို့အတွက် အစိုးရနဲ့ တိုက်ရိုက်သက်ဆိုင်တယ်လို့ ထင်တာပဲဗျာ၊ ဘာကြောင့်လဲဆိုတော့ ဒီတိုက်ပွဲတွေ ရပ်တန့်ပေးဖို့အတွက်ကို အစိုးရဘက်က ဖိအားပေးတာတို့ တစ်ခုခုလုပ်ပေးတာတို့ လိုအပ်တယ်၊ ဒါမှလည်း ဒီယူနက်စကိုအရေးနဲ့ပတ်သက်လို့ ကျည်ဆန်တွေ ထိမှန်တာတို့ ဟိုဟာဖြစ်သွားမှာလေ၊ ပြည်သူတွေအနေနဲ့လည်း ငြိမ်းချမ်းရေးရသွားမယ် နေရထိုင်ရအဆင်ပြေမယ်၊ တိုက်ပွဲတွေ ရပ်တန့်သွားရင်တော့ ပိုပြီးသေချာတာပေါ့ ယူနက်စကိုဝင်ဖို့ဘက်ကို၊ ဒီအတိုင်းဖြစ်နေရင်ကတော့ ယူနက်စကိုဝင်ဖို့ သိပ်မလွယ်ဘူး၊ အဲ့အပေါ်မှာပဲ ကျွန်တော်တို့စိုးရိမ်တာတွေရှိတယ်"

မြောက်ဦးဟာ ရခိုင်မင်းနေပြည်တော်အဖြစ် နှစ်ပေါင်းများစွာ တည်ရှိခဲ့သလို ရခိုင်ရှင်ဘုရင်တွေ နန်းစိုက်ခဲ့ရာ နန်းတော်ရာကုန်းနဲ့ ခံတပ်ကြီးတွေနဲ့ အထင်ကရတည်ဆောက်ထားတဲ့ ရှေးဟောင်းမြို့တော်လည်း ဖြစ်ပါတယ်။

သမိုင်းဝင်ဘုရားစေတီ ပုထိုးတော်တွေ၊ ကျုံးအရှင်နဲ့ ကျုံးခြောက်တွေ၊ မြို့တော်ကို ပတ်လည် ကာရံထားတဲ့ တံတိုင်းကြီးတွေ၊ သျှစ်သောင်းပုထိုးတော်၊ ထုက္ကံသိမ်ပုထိုးတော်၊ အံတော်သိမ်၊ မာရ်ငါးပါး၊ ကိုးသောင်းပုထိုးတော်ကြီးနဲ့ မြို့တော်ရဲ့ အရှေ့ဘက်ဝင်ပေါက်၊ လက်ဆည်ကန်၊ အနူမကန်တံတိုင်း၊ မင်းထွက်ပေါက်ဆည်ရေတံခါး၊ ဟာရီတောင်စေတီ အပါအဝင် ရခိုင်ရှေးဟောင်း အမွေအနှစ်ဗိသုကာ လက်ရာများစွာ တည်ရှိနေပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၁၄ ခုနှစ်မှာ ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာစတဲ့ ပျူမြို့ဟောင်း သုံးမြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ်သတ်မှတ်ခံထားရသလို  ဒီနှစ်မှာလည်း ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံထားရပါတယ်ခင်ဗျာ။

RFA Burmese
https://www.rfa.org
တုိက္ပြဲမရပ္ရင္ ေျမာက္ဦး ယူနက္စကိုစာရင္း၀င္မလား တုိက္ပြဲမရပ္ရင္ ေျမာက္ဦး ယူနက္စကိုစာရင္း၀င္မလား Reviewed by THITHTOOLWIN on 20:54 Rating: 5
Powered by Blogger.