ေအာက္စ္ဖို႔ဒ္ ဆု ကိစၥ ရွင္းစရာမလို လို႔ ေဒါက္တာဝင္းျမတ္ေအး တုံ႔ျပန္

 စေကာ့တလန္ဂလက္စကို ေတာ္ဝင္ေဆးတကၠသိုလ္က ၂၀၁၆ ခုႏွစ္ ေတာ္ဝင္သမားေတာ္အဖြဲ႕ဝင္ ျဖစ္
Zawgyi
လူမႈဝန္ထမ္းကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန ဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးက ဆုအတု လက္ခံထားသူလို႔ သူ႔ကို ေဝဖန္ထားတဲ့ ကိစၥအေပၚ ရွင္းစရာ မလိုဘူးလို႔ ေနျပည္ေတာ္က ဘီဘီစီသတင္းေထာက္ကို ေျပာပါတယ္ ။

အင္တာနက္စာမ်က္ႏွာေပၚ ေဝဖန္ထားတဲ့ ေအာက္စ္ဖို႔ဒ္ ဆု ကိစၥ နဲ႔ပတ္သက္လို႔ ဘီဘီစီသတင္းေထာက္ ေအာက္တိုဘာလ ၁၈ ရက္ေန႔ ကေမးျမန္းရာမွာ သူက အခုလို ေျပာသြားတာျဖစ္ပါတယ္။

"အဲဒါက နဂို ကတည္းက ရွင္းၿပီးသားျဖစ္လို႔ ရွင္းစရာ မလိုဘူး ကြၽန္ေတာ့္ကို ထပ္မေမးနဲ႔ ဘာျဖစ္လို႔လဲဆိုေတာ့ ရွင္းစရာမလိုဘူး" လို႔ ေဒါက္တာဝင္းျမတ္ေအးကေျပာပါတယ္ ။

ေအာက္စ္ဖို႔ဒ္ တကၠသိုလ္မွာ အန္အယ္လ္ဒီ အစိုးရ ျပည္ေထာင္စုဝန္ႀကီး ခန႔္အပ္မႈေတြကို သုေတသနျပဳ ေလ့လာခဲ့သူ ကိုေနယံဦးက အခုကိစၥကို သူ႔ကိုယ္ပိုင္ လူမႈကြန္ရက္စာမ်က္ႏွာကေန ေရးသားခဲ့တာ ျဖစ္ၿပီး၊ ေအာက္တိုဘာ တတိယပတ္အတြင္း ဒီသတင္းေတြ ပ်ံႏွံ႔ေနခဲ့တာျဖစ္ပါတယ္။
 ေအာက္စ္ဖိုဒ့္မွာက်င္းပတဲ့ EBA ေခါင္းေဆာင္းမ်ားထိပ္သီးအစည္းအေဝး
ေအာက္စဖို႔ဒ္ နံမည္တပ္ လက္ခံထားတဲ့ဒီဆုက အတုလား

ေဒါက္တာ ဝင္းျမတ္ေအးရဲ႕ ကိုယ္ေရးရာဇဝင္ထဲမွာေတာ့ ယူေကႏိုင္ငံ၊ ေအာက္စဖို႔ဒ္ ေခါင္းေဆာင္မ်ား ထိပ္သီး အစည္းအေဝးကေပးတဲ့ ဆု ႏွစ္ခုကို ၂ဝ၁၃ ခုႏွစ္က လက္ခံရရွိခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။ အဲဒီအခ်ိန္က သူ ပါေမာကၡခ်ဳပ္ အေနနဲ႔ တာဝန္ ထမ္းေဆာင္ေနတဲ့ မေကြး ေဆးတကၠသိုလ္ အေနနဲ႔ေရာ၊ သူကိုယ္တိုင္ လူပုဂၢိဳလ္အေနနဲ႔ပါ ရရွိခဲ့တာလို႔ ဆိုထားပါတယ္။

ဒီဆုေတြဟာ ေအာက္စ္ဖို႔ဒ္ တကၠသိုလ္ကေပးတဲ့ ဆု အစစ္ေတြ မဟုတ္ဘူးလို႔ ကိုေနယံဦးကေတာ့ ေျပာထားပါတယ္။

ဝန္ႀကီးရဲ႕ ကိုယ္ေရးရာဇဝင္ထဲ ေအာက္စ္ဖို႔ဒ္က ဆုေတြ အေနနဲ႔ ေဖာ္ျပထားတာကို သတိထားမိရာက ဆုေတြကို ဘယ္အဖြဲ႕အစည္း၊ ဘယ္တကၠသိုလ္က ေပးတာလဲ ဆိုတာကို စိတ္ဝင္တစားနဲ႔ ေလ့လာျဖစ္ခဲ့တယ္လို႔ ကိုေနယံဦးက ဆိုပါတယ္။

ဆုအတု ဆိုၿပီး ကိုေနယံဦးက သုံးစြဲေပမယ့္၊ ဘြဲ႕အတုလိုမ်ိဳး တကယ္ စာသင္ယူ ေလ့လာခဲ့ျခင္း စာတမ္းျပဳစုခဲ့ျခင္း မရွိပဲ ဘြဲ႕လက္မွတ္သက္သက္ ရယူတဲ့ သေဘာေတာ့ မဟုတ္ပါဘူး။

နာမည္ရစ စီးပြားေရး လုပ္ငန္းရွင္ေတြ၊ ဖြံၿဖိဳးဆဲႏိုင္ငံေတြက ႏိုင္ငံေရးသမားေတြ အေပၚ ေအာက္စဖို႔ဒ္ ဆိုတဲ့ နာမည္သုံးၿပီး ညာခ်တဲ့ လိမ္လည္မႈ တမ်ိဳးပါ။

ေဒါက္တာဝင္းျမတ္ေအးဟာ သူ႔ရဲ႕ ေဆးပညာရပ္ပိုင္း ဆိုင္ရာ အေနနဲ႔ကေတာ့ စေကာ့တလန္ ဂလက္စကို ေတာ္ဝင္ေဆးတကၠသိုလ္က ေတာ္ဝင္ သမားေတာ္မ်ား အဖြဲ႕ဝင္ အျဖစ္ ၂၀၁၆ ခုႏွစ္ မွာ အသိမွတ္ျပဳ ခံထားရသူ ျဖစ္ပါတယ္။

ဒီအသိမွတ္ျပဳ မႈဟာ ေအာက္စ္ဖို႔ဒ္ကဆု လက္ခံအၿပီး ၃ ႏွစ္ အၾကာမွာ ရရွိထားသူလည္းျဖစ္ပါတယ္။
ဘယ္ကေပးတာလဲ

ဝန္ႀကီးရဲ႕ ကိုယ္ေရးထဲ ပါဝင္တဲ့ ေအာက္စ္ဖို႔ဒ္က ေပးတဲ့ ဆုဆိုတာ ယူကရိန္းက စီးပြားေရးလုပ္ငန္းရွင္ေတြ လာဖြင့္ထားတဲ့ Europe Business Asembly EBA က ေပးတာလို႔ ေလ့လာသူ ကိုေနယံဦးက ေျပာပါတယ္။

အဲဒီ Europe Business Assembly ဆိုတာ ဖြံၿဖိဳးဆဲႏိုင္ငံေတြကို ပစ္မွတ္ထားၿပီး ဆုေတြ လိုက္ေရာင္းေနတာ ျဖစ္တယ္လို႔လည္း သူကဆိုပါတယ္။

ကိုေနယံဦးဟာ လက္ရွိ ျမန္မာ အစိုးရ အဖြဲ႕ဝင္ေတြနဲ႔ ဆက္စပ္ေနတဲ့ ႏိုင္ငံတကာ ဆုအတုေတြ အေၾကာင္း ေဖာ္ထုတ္ေနတာ ေတြ႕ေနခဲ့ရၿပီး၊ အခု ေထာက္ျပတာ တတိယ အႀကိမ္ေျမာက္ ျဖစ္ပါတယ္။

ျပည္ေထာင္စု ရာထူးဝန္အဖြဲ႕ဥကၠ႒ ဦးဝင္းသိမ္းရဲ႕ ေဒါက္တာ ဘြဲ႕အတု ကိစၥ၊ ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာနရဲ႕ စီစဥ္မႈနဲ႔ ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူက ခရီးသြားဆုအတု လက္ခံယူရေတာ့မယ့္ ကိစၥ ေတြကို ေဖာ္ထုတ္ ေရးသားခဲ့သူလည္း ျဖစ္ပါတယ္။

ရွင္းၿပီးသား အေၾကာင္းရာျဖစ္လို႔ထပ္ ရွင္းစ ရာမရွိဘူးလို႔ေျပာ

ဝန္ႀကီးက ဘယ္လို တုံ႔ျပန္လဲ

ကိုေနယံဦး ကေတာ့ အခုလို အစိုးရ အဖြဲ႕ ဝင္ ျပည္ေထာင္စု ဝန္ႀကီးေတြ ဟာ ဒီလိုဆုေတြကို လက္ခံမိတာ ႐ိုး႐ိုးသားသား မသိလို႔ မွားယြင္းလက္ခံတာလည္း ျဖစ္ႏိုင္တယ္လို႔ ေျပာပါတယ္။

သူက အဓိက ေထာက္ျပခ်င္တာ တာဝန္ခံမႈ ရွိဖို႔ လိုေၾကာင္း ေျပာခ်င္တာ ျဖစ္ၿပီး၊ မွားရင္ မွားယြင္းေၾကာင္း လက္ခံလို႔ ျပည္သူလူထုကို ရွင္းျပလိုတယ္လို႔ ကိုေနယံဦး က ဆိုပါတယ္။

အခုထိေတာ့ ဆုအတုေတြနဲ႔ ပတ္သက္ၿပီး အစိုးရဘက္က ျပန္ရွင္းတာေတာ့ မရွိေသးပါဘူး ။

Europe Business Asembly EBA ရဲ႕ ဆုေတြက အလကားရတာ မဟုတ္ဘဲ ဆုယူတဲ့သူက ေငြေၾကးစိုက္ထုတ္ရတာေတြ ရွိပါတယ္။

EBA ကေပးတဲ့ဆုနဲ႔ပတ္သက္လို႔ နဂိုကတည္းက ရွင္းၿပီးသား အေၾကာင္းရာျဖစ္လို႔ ထပ္ ရွင္းစရာမရွိဘူးလို႔ ေဒါက္တာဝင္းျမတ္ေအးက ဘီဘီစီကို ေျပာသြားခဲ့ပါတယ္။

BBC Burmese
https://www.bbc.com
---------------
Unicode
အောက်စ်ဖို့ဒ် ဆု ကိစ္စ ရှင်းစရာမလို လို့ ဒေါက်တာဝင်းမြတ်အေး တုံ့ပြန်

Image caption စကော့တလန်ဂလက်စကို တော်ဝင်ဆေးတက္ကသိုလ်က ၂၀၁၆ ခုနှစ် တော်ဝင်သမားတော်အဖွဲ့ဝင် ဖြစ်

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆုအတု လက်ခံထားသူလို့ သူ့ကို ဝေဖန်ထားတဲ့ ကိစ္စအပေါ် ရှင်းစရာ မလိုဘူးလို့ နေပြည်တော်က ဘီဘီစီသတင်းထောက်ကို ပြောပါတယ် ။

အင်တာနက်စာမျက်နှာပေါ် ဝေဖန်ထားတဲ့ အောက်စ်ဖို့ဒ် ဆု ကိစ္စ နဲ့ပတ်သက်လို့ ဘီဘီစီသတင်းထောက် အောက်တိုဘာလ ၁၈ ရက်နေ့ ကမေးမြန်းရာမှာ သူက အခုလို ပြောသွားတာဖြစ်ပါတယ်။

"အဲဒါက နဂို ကတည်းက ရှင်းပြီးသားဖြစ်လို့ ရှင်းစရာ မလိုဘူး ကျွန်တော့်ကို ထပ်မမေးနဲ့ ဘာဖြစ်လို့လဲဆိုတော့ ရှင်းစရာမလိုဘူး" လို့ ဒေါက်တာဝင်းမြတ်အေးကပြောပါတယ် ။

အောက်စ်ဖို့ဒ် တက္ကသိုလ်မှာ အန်အယ်လ်ဒီ အစိုးရ ပြည်ထောင်စုဝန်ကြီး ခန့်အပ်မှုတွေကို သုတေသနပြု လေ့လာခဲ့သူ ကိုနေယံဦးက အခုကိစ္စကို သူ့ကိုယ်ပိုင် လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားခဲ့တာ ဖြစ်ပြီး၊ အောက်တိုဘာ တတိယပတ်အတွင်း ဒီသတင်းတွေ ပျံနှံ့နေခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Dr win Myat Aye FB
Image caption အောက်စ်ဖိုဒ့်မှာကျင်းပတဲ့ EBA ခေါင်းဆောင်းများထိပ်သီးအစည်းအဝေး
အောက်စဖို့ဒ် နံမည်တပ် လက်ခံထားတဲ့ဒီဆုက အတုလား

ဒေါက်တာ ဝင်းမြတ်အေးရဲ့ ကိုယ်ရေးရာဇဝင်ထဲမှာတော့ ယူကေနိုင်ငံ၊ အောက်စဖို့ဒ် ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးကပေးတဲ့ ဆု နှစ်ခုကို ၂ဝ၁၃ ခုနှစ်က လက်ခံရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီအချိန်က သူ ပါမောက္ခချုပ် အနေနဲ့ တာဝန် ထမ်းဆောင်နေတဲ့ မကွေး ဆေးတက္ကသိုလ် အနေနဲ့ရော၊ သူကိုယ်တိုင် လူပုဂ္ဂိုလ်အနေနဲ့ပါ ရရှိခဲ့တာလို့ ဆိုထားပါတယ်။

ဒီဆုတွေဟာ အောက်စ်ဖို့ဒ် တက္ကသိုလ်ကပေးတဲ့ ဆု အစစ်တွေ မဟုတ်ဘူးလို့ ကိုနေယံဦးကတော့ ပြောထားပါတယ်။

ဝန်ကြီးရဲ့ ကိုယ်ရေးရာဇဝင်ထဲ အောက်စ်ဖို့ဒ်က ဆုတွေ အနေနဲ့ ဖော်ပြထားတာကို သတိထားမိရာက ဆုတွေကို ဘယ်အဖွဲ့အစည်း၊ ဘယ်တက္ကသိုလ်က ပေးတာလဲ ဆိုတာကို စိတ်ဝင်တစားနဲ့ လေ့လာဖြစ်ခဲ့တယ်လို့ ကိုနေယံဦးက ဆိုပါတယ်။

ဆုအတု ဆိုပြီး ကိုနေယံဦးက သုံးစွဲပေမယ့်၊ ဘွဲ့အတုလိုမျိုး တကယ် စာသင်ယူ လေ့လာခဲ့ခြင်း စာတမ်းပြုစုခဲ့ခြင်း မရှိပဲ ဘွဲ့လက်မှတ်သက်သက် ရယူတဲ့ သဘောတော့ မဟုတ်ပါဘူး။

နာမည်ရစ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ဖွံဖြိုးဆဲနိုင်ငံတွေက နိုင်ငံရေးသမားတွေ အပေါ် အောက်စဖို့ဒ် ဆိုတဲ့ နာမည်သုံးပြီး ညာချတဲ့ လိမ်လည်မှု တမျိုးပါ။

ဒေါက်တာဝင်းမြတ်အေးဟာ သူ့ရဲ့ ဆေးပညာရပ်ပိုင်း ဆိုင်ရာ အနေနဲ့ကတော့ စကော့တလန် ဂလက်စကို တော်ဝင်ဆေးတက္ကသိုလ်က တော်ဝင် သမားတော်များ အဖွဲ့ဝင် အဖြစ် ၂၀၁၆ ခုနှစ် မှာ အသိမှတ်ပြု ခံထားရသူ ဖြစ်ပါတယ်။

ဒီအသိမှတ်ပြု မှုဟာ အောက်စ်ဖို့ဒ်ကဆု လက်ခံအပြီး ၃ နှစ် အကြာမှာ ရရှိထားသူလည်းဖြစ်ပါတယ်။
ဘယ်ကပေးတာလဲ

ဝန်ကြီးရဲ့ ကိုယ်ရေးထဲ ပါဝင်တဲ့ အောက်စ်ဖို့ဒ်က ပေးတဲ့ ဆုဆိုတာ ယူကရိန်းက စီးပွားရေးလုပ်ငန်းရှင်တွေ လာဖွင့်ထားတဲ့ Europe Business Asembly EBA က ပေးတာလို့ လေ့လာသူ ကိုနေယံဦးက ပြောပါတယ်။

အဲဒီ Europe Business Assembly ဆိုတာ ဖွံဖြိုးဆဲနိုင်ငံတွေကို ပစ်မှတ်ထားပြီး ဆုတွေ လိုက်ရောင်းနေတာ ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

ကိုနေယံဦးဟာ လက်ရှိ မြန်မာ အစိုးရ အဖွဲ့ဝင်တွေနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတကာ ဆုအတုတွေ အကြောင်း ဖော်ထုတ်နေတာ တွေ့နေခဲ့ရပြီး၊ အခု ထောက်ပြတာ တတိယ အကြိမ်မြောက် ဖြစ်ပါတယ်။

ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသိမ်းရဲ့ ဒေါက်တာ ဘွဲ့အတု ကိစ္စ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ စီစဉ်မှုနဲ့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ခရီးသွားဆုအတု လက်ခံယူရတော့မယ့် ကိစ္စ တွေကို ဖော်ထုတ် ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ရှင်းပြီးသား အကြောင်းရာဖြစ်လို့ထပ် ရှင်းစ ရာမရှိဘူးလို့ပြော
ဝန်ကြီးက ဘယ်လို တုံ့ပြန်လဲ

ကိုနေယံဦး ကတော့ အခုလို အစိုးရ အဖွဲ့ ဝင် ပြည်ထောင်စု ဝန်ကြီးတွေ ဟာ ဒီလိုဆုတွေကို လက်ခံမိတာ ရိုးရိုးသားသား မသိလို့ မှားယွင်းလက်ခံတာလည်း ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

သူက အဓိက ထောက်ပြချင်တာ တာဝန်ခံမှု ရှိဖို့ လိုကြောင်း ပြောချင်တာ ဖြစ်ပြီး၊ မှားရင် မှားယွင်းကြောင်း လက်ခံလို့ ပြည်သူလူထုကို ရှင်းပြလိုတယ်လို့ ကိုနေယံဦး က ဆိုပါတယ်။

အခုထိတော့ ဆုအတုတွေနဲ့ ပတ်သက်ပြီး အစိုးရဘက်က ပြန်ရှင်းတာတော့ မရှိသေးပါဘူး ။

Europe Business Asembly EBA ရဲ့ ဆုတွေက အလကားရတာ မဟုတ်ဘဲ ဆုယူတဲ့သူက ငွေကြေးစိုက်ထုတ်ရတာတွေ ရှိပါတယ်။

EBA ကပေးတဲ့ဆုနဲ့ပတ်သက်လို့ နဂိုကတည်းက ရှင်းပြီးသား အကြောင်းရာဖြစ်လို့ ထပ် ရှင်းစရာမရှိဘူးလို့ ဒေါက်တာဝင်းမြတ်အေးက ဘီဘီစီကို ပြောသွားခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
ေအာက္စ္ဖို႔ဒ္ ဆု ကိစၥ ရွင္းစရာမလို လို႔ ေဒါက္တာဝင္းျမတ္ေအး တုံ႔ျပန္ ေအာက္စ္ဖို႔ဒ္ ဆု ကိစၥ ရွင္းစရာမလို လို႔ ေဒါက္တာဝင္းျမတ္ေအး တုံ႔ျပန္ Reviewed by THITHTOOLWIN on 00:49 Rating: 5
Powered by Blogger.