အနိမ့္ဆုံး စပါးေစ်း တင္း ၁၀၀ က်ပ္ ၅ သိန္းႏႈန္း သတ္မွတ္


Zawgyi
မ်ွတတဲ႔စပါးေစ်းကြက္ ျဖစ္လာဖို႔အတြက္ ေတာင္သူလယ္သမား အခြင့္အေရး ကာကြယ္ေရးႏွင့္ အက်ိဳးစီးပြား ျမွင့္တင္ေရး ဦးေဆာင္အဖြဲ႔က အေျခခံရည္ညႊန္း စပါးေစ်းကို တင္းတရာ က်ပ္ငါသိန္း သတ္မွတ္လိုက္ၿပီး အဲဒီအတုိင္း ေရာင္း၀ယ္ေဖာက္ကားေအာင္ ေစာင့္ၾကည့္သြားမယ္လုိ႔ အစုိးရတာ၀န္ရွိသူေတြက ေျပာပါတယ္။ အခု အစိုးရကသတ္မွတ္တဲ႔ေစ်းဟာ ရည္ညႊန္းေစ်းႏႈန္းသာျဖစ္ျပီး ေျမျပင္အေျခအေနမွာေတာ႔ သတ္မွတ္အရည္အေသြးမီတဲ႔ စပါးကိုေတာင္ ေစ်းႏွိမ္ဝယ္ယူတာ ရွိေနတဲ့အတြက္ အရည္အေသြးမမီရင္ ပုိအႏွိမ္ခံရႏုိင္တယ္လုိ႔ ေတာင္သူလယ္သမား အဖြဲ႔အစည္းေတြက ေျပာပါတယ္။ ဒီအေၾကာင္း ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က ေမးျမန္းေပးပို႔ထားပါတယ္။

၂၀၁၉ ထြက္မယ့္မိုးစပါးနဲ႔ ၂၀၂၀ ေႏြစပါးေစ်းကို လယ္သမားေတြဆီက ကုန္သည္ေတြက ဝယ္ယူမယ္ဆိုရင္ တင္း ၁၀၀ ကို က်ပ္ငါးသိန္းေပးျပီး ဝယ္ယူဖို႔ ေတာင္သူလယ္သမား အခြင့္အေရး ကာကြယ္ေရးႏွင့္ အက်ိဳးစီးပြား ျမွင့္တင္ေရးအဖြဲ႔က ဒီေန႔ ေအာက္တိုဘာ ၁၅ရက္မွာ ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။ စပါးအစိုဓာတ္ ၁၄% ၊ ၄၆ေပါင္အေလးခ်ိန္ရွိတဲ႔ စပါးတင္း ၁၀၀ ကို က်ပ္ငါးသိန္းနဲ႔ အေရာင္းအဝယ္ လုပ္ၾကဖို႔ ဆန္စက္လုပ္ငန္းရွင္ေတြ၊ ဆန္ကုန္သည္ေတြနဲ႔ ကုမၸဏီေတြကို ဒီေၾကညာခ်က္မွာ တိုက္တြန္းထားတာပါ။

အခုသတ္မွတ္ထားတဲ႔ အေျခခံစပါးေစ်းႏႈန္းဟာ ရည္ညႊန္းေစ်း ျဖစ္ေပမဲ႔ လယ္သမားနဲ႔ ကုန္သည္ ေစ်းကြက္အေျပာင္းအလဲအေပၚ မူတည္ျပီး လြတ္လပ္စြာ ေရာင္းဝယ္ႏုိင္တယ္လို႔ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ၾကီးဌာန၊ လယ္ယာႏွင့္ဆည္ေျမာင္း ဒုတိယအျမဲတမ္းအတြင္းဝန္ ဦးမ်ိဳးတင့္ထြန္းက ဗြီအိုေအကို ေျပာပါတယ္။

“ က်ေနာ္တို႔ ရည္ရြယ္ခ်က္ကေတာ႔ ေတာင္သူေတြ သူတို႔အခြင့္အေရး မနစ္နာေအာင္ သေဘာမ်ိဳးနဲ႔ အေျခခံစပါးေစ်းႏႈန္းကို သတ္မွတ္ ေပးတာေပါ႔ေနာ္။ တကယ္လို႔ အဲဒီေစ်းနဲ႔ မညီေသာ္လည္းပဲ ေစ်းကြက္မွာ ေရာင္းသူကလည္းေက်နပ္၊ ဝယ္သူကလည္း ေက်နပ္ဆိုရင္ေတာ႔ ဒါ သူတို႔သေဘာနဲ႔ ေရာင္းဝယ္လို႔ ရပါတယ္။ က်ေနာ္တု႔ိကေတာ႔ အဲဒီ အရည္အေသြးနဲ႔ ညီတဲ႔စပါးေစ်းဟာ ၅သိန္းေအာက္ ေရာက္တယ္ဆိုရင္ က်ေနာ္တို႔က သက္ဆိုင္ရာ ဆန္စပါးအသင္းခ်ဳပ္တို႔ ဘာတို႔နဲ႔ ပူးေပါင္းျပီးေတာ႔ ဒီေစ်း( ၅သိန္းေစ်း) နဲ႔ဝယ္ဖို႔ စီစဥ္ရမွာေပါ႔။”

ေတာင္သူလယ္သမား အက်ိဳးစီးပြား ကာကြယ္ေရး ဥပေဒအတိုင္းဆိုရင္ ေကာက္ပဲသီးႏွံ ေစ်းႏႈန္းေတြ ထုတ္လုပ္တဲ႔ ကုန္က်စရိတ္နဲ႔ မကုိက္ရင္ အစုိးရက ဝယ္ယူေပးရမွာျဖစ္ျပီး ဒီအတြက္က်ပ္ေငြ ၁၅ဘီလီယံကို အခုႏွစ္အတြက္ လ်ာထားေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ၾကီးဌာန ဒုတိယဝန္ၾကီးက ၾသဂုတ္လ ၂၇ရက္ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးမွာ ေျပာခဲ႔တာပါ။ ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္တုန္းကေတာ့ ၁၇ ဘီလီယံ လ်ာထားခဲ့ပါတယ္။

ဒီလိုအေရးေပၚ ဆန္ဝယ္ယူေရးအပိုင္းကို စီးပြားကူးသန္းဝန္ၾကီးဌာန ဒုတိယဝန္ၾကီး ဦးေအာင္ထူးဦးေဆာင္တဲ႔ လယ္ယာထြက္ကုန္၊ ထုတ္ကုန္ စီမံခန္႔ခြဲေရးအဖြဲ႔က ျမန္မာႏိ္ုင္ငံ ဆန္စပါး အသင္းခ်ဳပ္နဲ႔ ပူးေပါင္းျပီး ဆန္ဝယ္ယူဖို႔ အစီအစဥ္ေတြ လုပ္ေဆာင္ရမွာျဖစ္ပါတယ္။

အစိုးရကတရားဝင္ စပါးေစ်းႏႈန္းကို သတ္မွတ္လိုက္ေပမဲ႔ လက္ရွိေစ်းကြက္မွာ ငါးသိန္းေစ်းေအာက္ပဲ ေပါက္ေစ်းရွိေနလို႔ လယ္သမားေတြအတြက္ အခက္အခဲ ရွိပါတယ္။ စပါးေပၚခ်ိန္ ေငြလိုအပ္ေနတာေၾကာင့္ ကုန္သည္၊ ပြဲစားေတြသတ္မွတ္တဲ႔ႏႈန္းနဲ႔ပဲ ႏွိမ္ေရာင္းေနရပါတယ္။

စိုက္ပ်ိဳးကုန္က်စရိတ္ထက္ နည္းတဲ႔ေစ်းနဲ႔ ေစ်းကြက္မွာ ႏွိမ္ျပီးဝယ္ယူလာရင္ေတာ႔ သက္ဆိုင္ရာအစိုးရ အဖြဲ႔အစည္းေတြကို တိုင္ၾကားသြားမွာျဖစ္ေၾကာင္း ဧရာဝတီတုိင္းေဒသၾကီး ေတာင္သူ၊ လယ္သမားအသင္း အတြင္းေရးမွဴး ဦးေအးေသာင္းက ဗြီအိုေအကို အခုလိုေျပာပါတယ္။

“ အင္း တရားဝင္ သတ္မွတ္တာေတာ႔ ေကာင္းတာေပါ႔။ ဒါေပမဲ႔ လက္ရွိက အမွန္တကယ္ကေတာ႔ မိုးစပါး ငါးသိန္းဆိုတာ နည္းေတာ႔ နည္းတာေပါ႔။ နည္းေပမဲ႔ လက္ရွိက ငါးသိန္းေစ်းကို မျဖစ္ဘူးေလ။ လယ္သမားကလည္း စပါးက ၾကာၾကာ(လက္ထဲမွာ) မထားႏိုင္ဘူးေလ။ ငါးသိန္းေစ်း သတ္မွတ္ထားေတာ႔ သူတို႔ (ကုန္သည္ေတြ) က ငါးသိန္းေစ်း မေပးဘဲ ခ်ိန္ၾကည့္ေနမယ္ဆိုရင္ သူတို႔ဘက္က ၾကည့္လို႔ရတာေပါ႔။ ဒါေပမဲ႔ အလ်င္းမဝယ္ဘဲ ထိုင္ေနမယ္ ဆိုရင္ေတာ႔ ေျပာေတာ႔ ေျပာရေတာ႔မွာေပါ႔။”

မုိးစပါး ၁ဧက စိုက္ပ်ိဳး ကုန္က်စရိတ္က သံုးသိန္းဝန္းက်င္ရွိျပီး အထြက္ႏႈန္းက ၁ဧက တင္း၆၀နဲ႔ ၇၀ ၾကားရွိပါတယ္။ ဒီအတြက္ တင္း ၁၀၀ က်ပ္ငါးသိန္းႏႈန္းက အဆင္ေျပႏိုင္ေပမဲ႔ ဒီထက္ေလ်ာ့ျပီး ဝယ္မယ္ဆိုရင္ေတာ႔ အခက္အခဲၾကံဳႏို္္င္တယ္လို႔ ဦးေအးေသာင္းက ေျပာပါတယ္။

အစိုးရသတ္မွတ္ထားတဲ႔ အေျခခံစပါးေစ်း တင္း ၁၀၀ကို ေစ်းႏွိမ္ျပီး ၄၂၀၀၀၀က်ပ္နဲ႔ ကုန္သည္ေတြက ဝယ္ယူခဲ႔တာေၾကာင့္ ပဲခူးတိုင္း သာယာဝတီခရိုင္က လယ္သမားေတြဟာ ၂၀၁၉ မတ္လ ၂၄ရက္မွာ လူအင္အား ၅၀၀ ေလာက္နဲ႔ ပထမဆံုးအၾကိမ္ စုေဝးေတာင္းဆိုခဲ႔ဖူးပါတယ္။

ေတာင္သူလယ္သမား အခြင့္အေရး ကာကြယ္ေရးႏွင့္ အက်ိဳးစီးပြားျမွင့္တင္ေရး ဥပေဒကို ၂၀၁၃ ေအာက္တိုဘာလမွာ ျပည္ေထာင္စုလႊတ္ေတာ္က အတည္ျပဳခဲ႔တာပါ။ ဒီဥပေဒရဲ႕အခန္း (၂) ရည္ရြယ္ခ်က္မွာ ေတာင္သူလယ္သမားေတြကို သင့္တင့္တဲ႔ေခ်းေငြ အေထာက္အကူျပဳဖို႔ အပါအဝင္ လယ္ယာ ထုတ္ကုန္ေတြ ေရာင္းခ်တာမွာ သင့္ေတာ္တဲ႔ ေစ်းႏႈန္းနဲ႔ ေစ်းကြက္ ရရွိဖို႔ ကူညီေဆာင္ရြက္ရန္ဆိုတဲ႔ အခ်က္ ၇ခ်က္ကို ထည့္သြင္း ေဖာ္ျပထားပါတယ္။

.........................

{Unicode}

အနိမ့်ဆုံး စပါးဈေး တင်း ၁၀၀ ကျပ် ၅ သိန်းနှုန်း သတ်မှတ်

မျှတတဲ့စပါးဈေးကွက် ဖြစ်လာဖို့အတွက် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့က အခြေခံရည်ညွှန်း စပါးဈေးကို တင်းတရာ ကျပ်ငါသိန်း သတ်မှတ်လိုက်ပြီး အဲဒီအတိုင်း ရောင်းဝယ်ဖောက်ကားအောင် စောင့်ကြည့်သွားမယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ အခု အစိုးရကသတ်မှတ်တဲ့ဈေးဟာ ရည်ညွှန်းဈေးနှုန်းသာဖြစ်ပြီး မြေပြင်အခြေအနေမှာတော့ သတ်မှတ်အရည်အသွေးမီတဲ့ စပါးကိုတောင် ဈေးနှိမ်ဝယ်ယူတာ ရှိနေတဲ့အတွက် အရည်အသွေးမမီရင် ပိုအနှိမ်ခံရနိုင်တယ်လို့ တောင်သူလယ်သမား အဖွဲ့အစည်းတွေက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က မေးမြန်းပေးပို့ထားပါတယ်။

၂၀၁၉ ထွက်မယ့်မိုးစပါးနဲ့ ၂၀၂၀ နွေစပါးဈေးကို လယ်သမားတွေဆီက ကုန်သည်တွေက ဝယ်ယူမယ်ဆိုရင် တင်း ၁၀၀ ကို ကျပ်ငါးသိန်းပေးပြီး ဝယ်ယူဖို့ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးအဖွဲ့က ဒီနေ့ အောက်တိုဘာ ၁၅ရက်မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ စပါးအစိုဓာတ် ၁၄% ၊ ၄၆ပေါင်အလေးချိန်ရှိတဲ့ စပါးတင်း ၁၀၀ ကို ကျပ်ငါးသိန်းနဲ့ အရောင်းအဝယ် လုပ်ကြဖို့ ဆန်စက်လုပ်ငန်းရှင်တွေ၊ ဆန်ကုန်သည်တွေနဲ့ ကုမ္ပဏီတွေကို ဒီကြေညာချက်မှာ တိုက်တွန်းထားတာပါ။

အခုသတ်မှတ်ထားတဲ့ အခြေခံစပါးဈေးနှုန်းဟာ ရည်ညွှန်းဈေး ဖြစ်ပေမဲ့ လယ်သမားနဲ့ ကုန်သည် ဈေးကွက်အပြောင်းအလဲအပေါ် မူတည်ပြီး လွတ်လပ်စွာ ရောင်းဝယ်နိုင်တယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာနှင့်ဆည်မြောင်း ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ဗွီအိုအေကို ပြောပါတယ်။

“ ကျနော်တို့ ရည်ရွယ်ချက်ကတော့ တောင်သူတွေ သူတို့အခွင့်အရေး မနစ်နာအောင် သဘောမျိုးနဲ့ အခြေခံစပါးဈေးနှုန်းကို သတ်မှတ် ပေးတာပေါ့နော်။ တကယ်လို့ အဲဒီဈေးနဲ့ မညီသော်လည်းပဲ ဈေးကွက်မှာ ရောင်းသူကလည်းကျေနပ်၊ ဝယ်သူကလည်း ကျေနပ်ဆိုရင်တော့ ဒါ သူတို့သဘောနဲ့ ရောင်းဝယ်လို့ ရပါတယ်။ ကျနော်တု့ိကတော့ အဲဒီ အရည်အသွေးနဲ့ ညီတဲ့စပါးဈေးဟာ ၅သိန်းအောက် ရောက်တယ်ဆိုရင် ကျနော်တို့က သက်ဆိုင်ရာ ဆန်စပါးအသင်းချုပ်တို့ ဘာတို့နဲ့ ပူးပေါင်းပြီးတော့ ဒီဈေး( ၅သိန်းဈေး) နဲ့ဝယ်ဖို့ စီစဉ်ရမှာပေါ့။”

တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေး ဥပဒေအတိုင်းဆိုရင် ကောက်ပဲသီးနှံ ဈေးနှုန်းတွေ ထုတ်လုပ်တဲ့ ကုန်ကျစရိတ်နဲ့ မကိုက်ရင် အစိုးရက ဝယ်ယူပေးရမှာဖြစ်ပြီး ဒီအတွက်ကျပ်ငွေ ၁၅ဘီလီယံကို အခုနှစ်အတွက် လျာထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက သြဂုတ်လ ၂၇ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းကတော့ ၁၇ ဘီလီယံ လျာထားခဲ့ပါတယ်။

ဒီလိုအရေးပေါ် ဆန်ဝယ်ယူရေးအပိုင်းကို စီးပွားကူးသန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးဦးဆောင်တဲ့ လယ်ယာထွက်ကုန်၊ ထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့က မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်နဲ့ ပူးပေါင်းပြီး ဆန်ဝယ်ယူဖို့ အစီအစဉ်တွေ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

အစိုးရကတရားဝင် စပါးဈေးနှုန်းကို သတ်မှတ်လိုက်ပေမဲ့ လက်ရှိဈေးကွက်မှာ ငါးသိန်းဈေးအောက်ပဲ ပေါက်ဈေးရှိနေလို့ လယ်သမားတွေအတွက် အခက်အခဲ ရှိပါတယ်။ စပါးပေါ်ချိန် ငွေလိုအပ်နေတာကြောင့် ကုန်သည်၊ ပွဲစားတွေသတ်မှတ်တဲ့နှုန်းနဲ့ပဲ နှိမ်ရောင်းနေရပါတယ်။

စိုက်ပျိုးကုန်ကျစရိတ်ထက် နည်းတဲ့ဈေးနဲ့ ဈေးကွက်မှာ နှိမ်ပြီးဝယ်ယူလာရင်တော့ သက်ဆိုင်ရာအစိုးရ အဖွဲ့အစည်းတွေကို တိုင်ကြားသွားမှာဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး တောင်သူ၊ လယ်သမားအသင်း အတွင်းရေးမှူး ဦးအေးသောင်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ အင်း တရားဝင် သတ်မှတ်တာတော့ ကောင်းတာပေါ့။ ဒါပေမဲ့ လက်ရှိက အမှန်တကယ်ကတော့ မိုးစပါး ငါးသိန်းဆိုတာ နည်းတော့ နည်းတာပေါ့။ နည်းပေမဲ့ လက်ရှိက ငါးသိန်းဈေးကို မဖြစ်ဘူးလေ။ လယ်သမားကလည်း စပါးက ကြာကြာ(လက်ထဲမှာ) မထားနိုင်ဘူးလေ။ ငါးသိန်းဈေး သတ်မှတ်ထားတော့ သူတို့ (ကုန်သည်တွေ) က ငါးသိန်းဈေး မပေးဘဲ ချိန်ကြည့်နေမယ်ဆိုရင် သူတို့ဘက်က ကြည့်လို့ရတာပေါ့။ ဒါပေမဲ့ အလျင်းမဝယ်ဘဲ ထိုင်နေမယ် ဆိုရင်တော့ ပြောတော့ ပြောရတော့မှာပေါ့။”

မိုးစပါး ၁ဧက စိုက်ပျိုး ကုန်ကျစရိတ်က သုံးသိန်းဝန်းကျင်ရှိပြီး အထွက်နှုန်းက ၁ဧက တင်း၆၀နဲ့ ၇၀ ကြားရှိပါတယ်။ ဒီအတွက် တင်း ၁၀၀ ကျပ်ငါးသိန်းနှုန်းက အဆင်ပြေနိုင်ပေမဲ့ ဒီထက်လျော့ပြီး ဝယ်မယ်ဆိုရင်တော့ အခက်အခဲကြုံနို်င်တယ်လို့ ဦးအေးသောင်းက ပြောပါတယ်။

အစိုးရသတ်မှတ်ထားတဲ့ အခြေခံစပါးဈေး တင်း ၁၀၀ကို ဈေးနှိမ်ပြီး ၄၂၀၀၀၀ကျပ်နဲ့ ကုန်သည်တွေက ဝယ်ယူခဲ့တာကြောင့် ပဲခူးတိုင်း သာယာဝတီခရိုင်က လယ်သမားတွေဟာ ၂၀၁၉ မတ်လ ၂၄ရက်မှာ လူအင်အား ၅၀၀ လောက်နဲ့ ပထမဆုံးအကြိမ် စုဝေးတောင်းဆိုခဲ့ဖူးပါတယ်။

တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကို ၂၀၁၃ အောက်တိုဘာလမှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့တာပါ။ ဒီဥပဒေရဲ့အခန်း (၂) ရည်ရွယ်ချက်မှာ တောင်သူလယ်သမားတွေကို သင့်တင့်တဲ့ချေးငွေ အထောက်အကူပြုဖို့ အပါအဝင် လယ်ယာ ထုတ်ကုန်တွေ ရောင်းချတာမှာ သင့်တော်တဲ့ ဈေးနှုန်းနဲ့ ဈေးကွက် ရရှိဖို့ ကူညီဆောင်ရွက်ရန်ဆိုတဲ့ အချက် ၇ချက်ကို ထည့်သွင်း ဖော်ပြထားပါတယ်။

ေဇာ္ထက္/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
အနိမ့္ဆုံး စပါးေစ်း တင္း ၁၀၀ က်ပ္ ၅ သိန္းႏႈန္း သတ္မွတ္ အနိမ့္ဆုံး စပါးေစ်း တင္း ၁၀၀ က်ပ္ ၅ သိန္းႏႈန္း သတ္မွတ္ Reviewed by THITHTOOLWIN on 19:32 Rating: 5
Powered by Blogger.