ေဒၚေအာင္ဆန္းစုၾကည္ ဂ်ပန္ခရီးစဥ္အတြင္း ျမန္မာသံ႐ုံးအနီးက ဆႏၵျပပြဲ

ရခိုင္ေတြ ဦးေဆာင္ၿပီး ဆႏၵျပ

ေအာက္တိုဘာလ ၂၁ ရက္ေန႔ ေန႔လယ္ပိုင္းက တိုက်ိဳ ျမန္မာသံ႐ုံးအနီးမွာ ဂ်ပန္ေရာက္ ရခိုင္ေတြ ဦးေဆာင္ၿပီး ဆႏၵျပ ၾကပါတယ္ ။

ဆႏၵျပပြဲ ဦးေဆာင္သူက လူ ၁ဝဝလာတယ္လို႔ေျပာေပမယ့္ သူတိုရဲ႕လူမႈ ကြန္ရက္စာမ်က္ႏွာေတြက ဓာတ္ပုံေတြအရ ေတာ့ လူဆယ္ဂဏန္း အခ်ိဳ႕ ပဲေတြ႕ရပါတယ္။

"ဒီေန႔ လာတာေတြက ရခိုင္အစစ္ေတြလာတာ၊ အတု မပါဘူး၊ ကခ်င္အစစ္ေတြလည္းလာတယ္" လို႔ ဆႏၵျပပြဲကို ဦးေဆာင္သူ ဦးေမာင္သန္းက ေျပာပါတယ္။

ေအာက္တိုဘာ ၂ဝရက္ေန႔က ဂ်ပန္ေရာက္ ရခိုင္ေတြ ဦးေဆာင္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ကို ဆႏၵျပမယ့္အေပၚ တန္ျပန္ ဆႏၵျပမႈေတြရွိခဲ့ ပါတယ္။

ႏိုင္ငံသားအခြင့္အေရးအရ ေတာင္းဆိုတာပါလို႔ေျပာ

ဆႏၵျပတာ ဘာေၾကာင့္လဲ

ဒီေန႔ ဆႏၵျပပြဲကိုဦးေဆာင္သူေတြကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကို ကန႔္ကြတ္တာမဟုတ္ဘူး ႏိုင္ငံသားအခြင့္အေရးအရ လိုခ်င္တာကို ေတာင္းဆိုတာပါလို႔ ဘီဘီစီကို ေျပာပါတယ္။

ဆႏၵျပပြဲကို တိုက်ိဳၿမိဳ႕ကရခိုင္ေတြအျပင္ နာဂိုယာနဲ႔အျခားၿမိဳ႕ေတြက ရခိုင္ေတြလည္း လာေရာက္ၾကတယ္လို႔လည္း သူတို႔ကေျပာပါတယ္။

ဂ်ပန္ဘုရင္နန္းတက္ပြဲကို ေဒၚေအာင္ဆန္းစုကၾကည္အပါအဝင္ ကမာၻႏိုင္ငံေပါင္း ၁ဝဝေက်ာ္က ေခါင္းေဆာင္ေတြ ေရာက္ေနခ်ိန္မွာ ဆႏၵျပ ရတာျဖစ္လို႔ ဆႏၵျပပြဲကို ဦးေဆာင္သူေတြကေတာ့ ေက်နပ္မႈရွိတယ္လို႔ေျပာပါတယ္။

ဆႏၵျပပြဲကို တိုက်ိဳရွီနာဂါဝါမွာ ရွိတဲ့ ျမန္မာသံ႐ုံးေရွ႕မွာ ေဒသစံေတာ္ခ်ိန္ ညေန၃ နာရီေလာက္မွာ ျပဳလုပ္ခဲ့တာျဖစ္ၿပီး ေဒၚေအာင္ဆန္းစု ၾကည္ဟာ အဲ့ဒီအခ်ိန္ျမန္မာသံ႐ုံးမွာ ရွိေနသလားဆို ေသခ်ာမသိရဘူးလို႔ ဦးေမာင္သန္းကေျပာပါတယ္။

ဆႏၵျပ သူေတြက အခ်က္ ၄ ခ်က္ေတာင္း
ေဒၚေအာင္ဆန္းစုၾကည္ ဘယ္မွာရွိေနလဲ

ေဒၚေအာင္ဆန္းစုၾကည္ဟာ ေအာက္တိုဘာ၂၁ရက္ေန႔တိုက်ိဳမွာ ဂ်ပန္ဝန္ႀကီးခ်ဳပ္နဲ႔ သီးသန႔္ေတြ႕ဆုံခဲ့တယ္လို႔ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီး ဌာနက သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဒါ့အျပင္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ဂ်ပန္လုပ္ငန္းရွင္ ၇ဝဝ ေလာက္တက္ေရာက္တဲ့ ပြဲမွာ အန္အယ္လ္ဒီအစိုးရရဲ႕ စီးပြားေရးဆိုင္ရာ မူဝါဒ မိန႔္ခြန္း တစ္ရပ္ေျပာခဲ့ၿပီး ျမန္မာႏိုင္ငံမွာ ရင္းႏွီးျမဳပ္ႏွံမႈေတြ လုပ္ၾကဖို႔ ဂ်ပန္ စီးပြားေရးလုပ္ငန္းရွင္ေတြကို ဖိတ္ေခၚခဲ့ပါတယ္။

ဂ်ပန္ဟာ ျမန္မာႏိုင္ငံစီးပြားေရးပိတ္ဆို႔မႈကာလအလြန္ကတည္းက လက္တြဲလုပ္ကိုင္ခဲ့တဲ့ စီးပြားေရးလုပ္ငန္းေတြ မ်ားစြာ ရွိသလို ျမန္မာကိုလူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအကူအညီေတြအမ်ားဆုံးေပးထားတဲ့ ႏိုင္ငံေတြထဲမွာတစ္ခုအျဖစ္ ပါဝင္ပါတယ္။

ဒီကေန႔မွာ MMA လိုက္ဟဲဗီးဝိတ္ ခ်န္ပီယံ ျမန္မာ့စပါးအုံး ေအာင္လအန္ဆန္ကလည္း ေဒၚေအာင္ဆန္းစုၾကည္ တည္းခိုရာဟိုတယ္ကို မိသားစုနဲ႔အတူလာေရာက္ေတြ႕ဆုံခဲ့ပါတယ္။

 ဂ်ပန္ စိုးရထံမွ တရားဝင္အသိမွတ္ျပဳခြင့္ျပဳခ်က္ေပးထားေသာဆႏၵထုတ္ေဖၚပြဲ လို႔ေျပာ
ဆႏၵျပသူေတြက ဘာေတြေတာင္းတာလဲ

ဒီေန႔ ဆႏၵျပသူေတြက အခ်က္ ၄ ခ်က္ေတာင္းဆိုပါတယ္။

ပထမအခ်က္အေနနဲ႔ ရခိုင္ႏိုင္ငံေရးအက်ဥ္းသားေတြ ျပန္လြတ္ေပးဖို႔၊ ဒုတိယအခ်က္က ရခိုင္ဒုကၡသည္ေတြ အကူညီေပးတာကို လက္ခံ ခြင့္ျပဳေပးဖို႔၊ တတိယေတာင္းဆိုခ်က္ကေတာ့ ရခိုင္မွာ အင္တာနက္ အဆက္သြယ္ေတြ ျပတ္ေတာက္ေနတာ ျပန္ဖြင့္ေပးဖို႔နဲ႔ ေနာက္တစ္ခ်က္ကေတာ့ ရခိုင္ျပည္နယ္ အတြင္း ျပည္တြင္းျပည္ပ သတင္းမီဒီယာေတြကို ခြင့္ျပဳေပးဖို႔တို႔ ျဖစ္တယ္လို႔လည္း ဆႏၵျပသူေတြ ဘက္ကေျပာပါတယ္ ။

"ရခိုင္လူမ်ိဳးဒုကၡသည္ ၇ ေသာင္းဟာ အခု အသံတိတ္ လူမ်ိဳးသုဥ္း သတ္ျဖတ္တာခံေနရတယ္၊ အကူညီေတြေပးလို႔ မရပါဘူး၊ အဲဒါကို ဖြင့္ေပးဖို႔ ကြၽန္ေတာ္တို႔ကေတာင္းဆိုတာပါ"လို႔ ဆႏၵျပပြဲကို ဦးေဆာင္သူ ဦးေမာင္သန္းကေျပာပါတယ္ ။

ဒုကၡသည္ေတြကို အကူညီေပးတဲ့ ေထာက္ပံ့ေရးပစၥည္းေတြဟာ မင္းျပားၿမိဳ႕နယ္ အထိပဲပို႔လို႔ရၿပီး တိုက္ပြဲျဖစ္တဲ့ေနရာေတြကို ပို႔မရဘူးလို႔ လည္း ဆႏၵျပ သူေတြက ေျပာပါတယ္။

ေတာင္းဆိုဆႏၵျပပြဲ ကိ ဂ်ပန္ရဲတပ္ဖြဲ႕ကလုံၿခဳံေရးတင္းက်ပ္ထားၿပီး သတ္မွတ္တဲ့ စည္းကမ္းအတိုင္း ဆႏၵျပခဲ့တယ္လို႔ ဆႏၵျပ သူေတြက ေျပာပါတယ္။

"ကြၽန္ေတာ္တို႔ရခိုင္ကသာဦးေဆာင္ဆႏၵထုတ္ေဖၚျခင္းသာျဖစ္ပါတယ္ မည္သည့္ မြတ္ဆလင္အဖြဲ႕စည္းနဲ႔မွ မသက္ဆိုင္ပါ။ဂ်ပန္နိင္ငံေတာ္ အစိုးရထံမွ တရားဝင္အသိမွတ္ျပဳခြင့္ျပဳခ်က္ေပးထားေသာဆႏၵထုတ္ေဖၚပြဲပါ"လို႔ ဆႏၵျပပြဲကို ဦးေဆာင္သူ ဦးေမာင္သန္းကေျပာပါတယ္ ။

BBC Burmese
https://www.bbc.com
-------------
Unicode
ဒေါ်အောင်ဆန်းစုကြည် ဂျပန်ခရီးစဉ်အတွင်း မြန်မာသံရုံးအနီးက ဆန္ဒပြပွဲ

ဓာတ်ပုံ မူပိုင် Michacel jasper
Image caption ရခိုင်တွေ ဦးဆောင်ပြီး ဆန္ဒပြ

အောက်တိုဘာလ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက တိုကျို မြန်မာသံရုံးအနီးမှာ ဂျပန်ရောက် ရခိုင်တွေ ဦးဆောင်ပြီး ဆန္ဒပြ ကြပါတယ် ။

ဆန္ဒပြပွဲ ဦးဆောင်သူက လူ ၁ဝဝလာတယ်လို့ပြောပေမယ့် သူတိုရဲ့လူမှု ကွန်ရက်စာမျက်နှာတွေက ဓာတ်ပုံတွေအရ တော့ လူဆယ်ဂဏန်း အချို့ ပဲတွေ့ရပါတယ်။

"ဒီနေ့ လာတာတွေက ရခိုင်အစစ်တွေလာတာ၊ အတု မပါဘူး၊ ကချင်အစစ်တွေလည်းလာတယ်" လို့ ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးမောင်သန်းက ပြောပါတယ်။

အောက်တိုဘာ ၂ဝရက်နေ့က ဂျပန်ရောက် ရခိုင်တွေ ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြမယ့်အပေါ် တန်ပြန် ဆန္ဒပြမှုတွေရှိခဲ့ ပါတယ်။

Image caption နိုင်ငံသားအခွင့်အရေးအရ တောင်းဆိုတာပါလို့ပြော
ဆန္ဒပြတာ ဘာကြောင့်လဲ

ဒီနေ့ ဆန္ဒပြပွဲကိုဦးဆောင်သူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွတ်တာမဟုတ်ဘူး နိုင်ငံသားအခွင့်အရေးအရ လိုချင်တာကို တောင်းဆိုတာပါလို့ ဘီဘီစီကို ပြောပါတယ်။

ဆန္ဒပြပွဲကို တိုကျိုမြို့ကရခိုင်တွေအပြင် နာဂိုယာနဲ့အခြားမြို့တွေက ရခိုင်တွေလည်း လာရောက်ကြတယ်လို့လည်း သူတို့ကပြောပါတယ်။

ဂျပန်ဘုရင်နန်းတက်ပွဲကို ဒေါ်အောင်ဆန်းစုကကြည်အပါအဝင် ကမ္ဘာနိုင်ငံပေါင်း ၁ဝဝကျော်က ခေါင်းဆောင်တွေ ရောက်နေချိန်မှာ ဆန္ဒပြ ရတာဖြစ်လို့ ဆန္ဒပြပွဲကို ဦးဆောင်သူတွေကတော့ ကျေနပ်မှုရှိတယ်လို့ပြောပါတယ်။

ဆန္ဒပြပွဲကို တိုကျိုရှီနာဂါဝါမှာ ရှိတဲ့ မြန်မာသံရုံးရှေ့မှာ ဒေသစံတော်ချိန် ညနေ၃ နာရီလောက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစု ကြည်ဟာ အဲ့ဒီအချိန်မြန်မာသံရုံးမှာ ရှိနေသလားဆို သေချာမသိရဘူးလို့ ဦးမောင်သန်းကပြောပါတယ်။
ဓာတ်ပုံ မူပိုင် Michacel Jaspert
Image caption ဆန္ဒပြ သူတွေက အချက် ၄ ချက်တောင်း
ဒေါ်အောင်ဆန်းစုကြည် ဘယ်မှာရှိနေလဲ

ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာ၂၁ရက်နေ့တိုကျိုမှာ ဂျပန်ဝန်ကြီးချုပ်နဲ့ သီးသန့်တွေ့ဆုံခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်လုပ်ငန်းရှင် ၇ဝဝ လောက်တက်ရောက်တဲ့ ပွဲမှာ အန်အယ်လ်ဒီအစိုးရရဲ့ စီးပွားရေးဆိုင်ရာ မူဝါဒ မိန့်ခွန်း တစ်ရပ်ပြောခဲ့ပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုတွေ လုပ်ကြဖို့ ဂျပန် စီးပွားရေးလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ခဲ့ပါတယ်။

ဂျပန်ဟာ မြန်မာနိုင်ငံစီးပွားရေးပိတ်ဆို့မှုကာလအလွန်ကတည်းက လက်တွဲလုပ်ကိုင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေ များစွာ ရှိသလို မြန်မာကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေအများဆုံးပေးထားတဲ့ နိုင်ငံတွေထဲမှာတစ်ခုအဖြစ် ပါဝင်ပါတယ်။

ဒီကနေ့မှာ MMA လိုက်ဟဲဗီးဝိတ် ချန်ပီယံ မြန်မာ့စပါးအုံး အောင်လအန်ဆန်ကလည်း ဒေါ်အောင်ဆန်းစုကြည် တည်းခိုရာဟိုတယ်ကို မိသားစုနဲ့အတူလာရောက်တွေ့ဆုံခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် Michacel jasper
Image caption ဂျပန် စိုးရထံမှ တရားဝင်အသိမှတ်ပြုခွင့်ပြုချက်ပေးထားသောဆန္ဒထုတ်ဖေါ်ပွဲ လို့ပြော
ဆန္ဒပြသူတွေက ဘာတွေတောင်းတာလဲ

ဒီနေ့ ဆန္ဒပြသူတွေက အချက် ၄ ချက်တောင်းဆိုပါတယ်။

ပထမအချက်အနေနဲ့ ရခိုင်နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်ပေးဖို့၊ ဒုတိယအချက်က ရခိုင်ဒုက္ခသည်တွေ အကူညီပေးတာကို လက်ခံ ခွင့်ပြုပေးဖို့၊ တတိယတောင်းဆိုချက်ကတော့ ရခိုင်မှာ အင်တာနက် အဆက်သွယ်တွေ ပြတ်တောက်နေတာ ပြန်ဖွင့်ပေးဖို့နဲ့ နောက်တစ်ချက်ကတော့ ရခိုင်ပြည်နယ် အတွင်း ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေကို ခွင့်ပြုပေးဖို့တို့ ဖြစ်တယ်လို့လည်း ဆန္ဒပြသူတွေ ဘက်ကပြောပါတယ် ။

"ရခိုင်လူမျိုးဒုက္ခသည် ၇ သောင်းဟာ အခု အသံတိတ် လူမျိုးသုဉ်း သတ်ဖြတ်တာခံနေရတယ်၊ အကူညီတွေပေးလို့ မရပါဘူး၊ အဲဒါကို ဖွင့်ပေးဖို့ ကျွန်တော်တို့ကတောင်းဆိုတာပါ"လို့ ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးမောင်သန်းကပြောပါတယ် ။

ဒုက္ခသည်တွေကို အကူညီပေးတဲ့ ထောက်ပံ့ရေးပစ္စည်းတွေဟာ မင်းပြားမြို့နယ် အထိပဲပို့လို့ရပြီး တိုက်ပွဲဖြစ်တဲ့နေရာတွေကို ပို့မရဘူးလို့ လည်း ဆန္ဒပြ သူတွေက ပြောပါတယ်။

တောင်းဆိုဆန္ဒပြပွဲ ကိ ဂျပန်ရဲတပ်ဖွဲ့ကလုံခြုံရေးတင်းကျပ်ထားပြီး သတ်မှတ်တဲ့ စည်းကမ်းအတိုင်း ဆန္ဒပြခဲ့တယ်လို့ ဆန္ဒပြ သူတွေက ပြောပါတယ်။

"ကျွန်တော်တို့ရခိုင်ကသာဦးဆောင်ဆန္ဒထုတ်ဖေါ်ခြင်းသာဖြစ်ပါတယ် မည်သည့် မွတ်ဆလင်အဖွဲ့စည်းနဲ့မှ မသက်ဆိုင်ပါ။ဂျပန်နိင်ငံတော် အစိုးရထံမှ တရားဝင်အသိမှတ်ပြုခွင့်ပြုချက်ပေးထားသောဆန္ဒထုတ်ဖေါ်ပွဲပါ"လို့ ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးမောင်သန်းကပြောပါတယ် ။

BBC Burmese
https://www.bbc.com
ေဒၚေအာင္ဆန္းစုၾကည္ ဂ်ပန္ခရီးစဥ္အတြင္း ျမန္မာသံ႐ုံးအနီးက ဆႏၵျပပြဲ ေဒၚေအာင္ဆန္းစုၾကည္ ဂ်ပန္ခရီးစဥ္အတြင္း ျမန္မာသံ႐ုံးအနီးက ဆႏၵျပပြဲ Reviewed by THITHTOOLWIN on 09:24 Rating: 5
Powered by Blogger.