ရေသ့ေတာင္ တုိက္ပြဲျပင္းထန္၊ ေဒသခံ ႏွစ္ဦး ေသဆုံး

ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ ေက်ာက္တန္းရြာေျမပံု
Photo: MIMU

Zawgyi

ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ ေျမာက္ပိုင္း ေက်ာက္တန္းေက်းရြာက အသက္ ၇၀ ေက်ာ္အရြယ္ အဘြား တစ္ဦးနဲ႔ အသက္ ၁၇ ႏွစ္အရြယ္ က်န္းမာေရးမေကာင္းတဲ့လူငယ္တစ္ဦးဟာ မေန႔က ႏွစ္ဘက္တိုက္ပြဲျဖစ္ေနတဲ့ ကာလအတြင္းမွာပဲ ေသဆံုးသြားတာလို႔ ရြာသားေတြကေျပာပါတယ္။

ၿပီးခဲတ့ဲ့ ရက္ပိုင္းက ေက်ာက္တန္းေက်းရြာနဲ႔ မလွမ္းမကမ္းမွာရိွတဲ့ ထီးစြဲေက်းရြာဘက္ကို တပ္မေတာ္စစ္ေၾကာင္း တစ္ခုေရာက္ရိွလာၿပီးေနာက္ ေက်းရြာသားေတြ အားလံုးနီးပါးဟာ နီးစပ္ရာကို ထြက္ေျပးတိမ္းေရွာင္သြားၾကပါတယ္။

မေန႔ကေသဆံုးသြားတဲ့ အဘြားအိုနဲ႔ လူငယ္ကိုေတာ့ က်န္းမာေရးမေကာင္းတာေၾကာင့္ ေျပးလႊားတိမ္းေရွာင္ေနရတဲ့အခ်ိန္မွာ တြဲေခၚသြားဖုိ႔ အခက္အခဲရိွၿပီး ရြာမွာပဲခ်န္ထားခဲ့ရာကေန အခုလိုေသဆံုးခဲ့တာလို႔ ေဒသခံေတြက ဆိုပါတယ္။

ဒီေန႔ညေနပိုင္းမွာေတာ့ ေက်းရြာထဲမွာရိွေနတဲ့တပ္မေတာ္က ျပန္လည္ထြက္ခြာသြားတာေၾကာင့္ ေသဆံုးသူေတြကို ညေနပိုင္းမွာပဲ သၿဂိၤဳဟ္လိုက္တယ္လို႔ အမည္မေဖာ္လိုတဲ့ရြာသားတစ္ဦးက ေျပာပါတယ္။

"စစ္တပ္က ထီးစြဲကိုေရာက္တဲ့ေန႔ကတည္းက ရြာသားေတြက မေနရဲလို႔ ထြက္ေျပးသြားၾကတယ္။ အသက္ႀကီးတဲ့သူေတြ၊ ေနမေကာင္းတဲ့သူေတြပဲ ရြာမွာက်န္ခဲ့တာေပါ့။ အဲဒီအထဲမွာ အသက္ ၇၀ ေက်ာ္အဘြားႀကီး တစ္ေယာက္ ဆံုးသြားတယ္။ သူကေတာ့ ေနမေကာင္းျဖစ္ေနတာ။ ျပဳစုဖို႔ လူလည္းမရိွဘူး။ အဲဒါနဲ႔မေန႔က တိုက္ပြဲျဖစ္ေတာ့ ရြာထဲမွာေၾကာက္လန္႔ၿပီး ေသသြားတယ္။ အဲလိုေျပာတယ္။ အသက္ တစ္ဆယ္ေက်ာ္ မသန္စြမ္းတဲ့ကေလး တစ္ေယာက္လည္း ဆံုးသြားတယ္။ ျမန္မာ့တပ္မေတာ္က အခုေတာ့မရိွေတာ့ပါဘူး။ သူတို႔မရိွေတာ့လို႔ သၿဂိၤဳဟ္ဖို႔အတြက္ လုပ္ေနၾကပါတယ္။ သူတို႔မရိွေတာ့ဘူးဆိုေတာ့ အနီးအနားမွာ ခိုလံႈေနတဲ့ရြာသားေတြက ရြာကိုျပန္သြားၾကတယ္။ ေသသြားတဲ့ အဘြားႀကီးရဲ႕သားလည္း ပါသြားတယ္။ အခုသၿဂိၤဳဟ္ဖို႔အတြက္ လုပ္ေနၾကတယ္"

လံုျခံဳေရးအေျခအေနေၾကာင့္ သူ႔ရဲ႕အမည္ကို ေဖာ္ျပခြင့္မျပဳပါဘူး။

ေသဆံုးသြားတဲ့ အသက္ ၇၀ ေက်ာ္အရြယ္အဘြားအိုဟာ ေရာဂါေၾကာင့္လား ထိခုိက္တာေၾကာင့္ ေသဆုံးတာလားဆိုတာကုိ တိတိက်က် မသိရေသးေၾကာင္းနဲ႔ လူငယ္ကေတာ့ ကိုယ္အဂၤါေတြျပတ္ၿပီး ေသဆံုးတာျဖစ္တယ္လို႔ ရေသ့ေတာင္ၿမိဳ႕နယ္က အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္က ေျပာပါတယ္။

"ကေလးကေတာ့ လက္နက္ႀကီးက်တာထင္တယ္။ ကုိယ္အဂၤါေတြျပတ္သြားတယ္လို႔ ေျပာတယ္။ သူတို႔အေလာင္း ႏွစ္ေလာင္းက ရြာမွာရိွေနတယ္။ အဲဒါကို သယ္ထုတ္ဖို႔ ႀကိဳးစားေနဆဲမွာပဲ တိုက္ပြဲက ရြာထဲေရာက္လာေတာ့ နည္းနည္း အခက္အခဲျဖစ္ေနတယ္။ ေနာက္ဘယ္သူေတြ က်ည္ထိတယ္ဆိုတာကို ဘယ္သူမွမသြားရဲေတာ့ သတင္းကတိတိက်က် မသိႏိုင္ေသးဘူး"

ေသဆံုးသြားတဲ့လူငယ္ဟာ ဘယ္သူ႔လက္ခ်က္ေၾကာင့္ ေသတယ္ဆိုတာကို RFA က သီးျခားအတည္ျပဳႏုိင္ျခင္းမရိွပါဘူး။

မေန႔က မနက္ ၉ နာရီေလာက္မွာ ထီးစြဲေက်းရြာကေန ထြက္လာတဲ့ တပ္မေတာ္စစ္ေၾကာင္းကို ေက်ာက္တန္းေက်းရြာရဲစခန္းအနီးမွာ ေအေအအဖြဲ႔က မိုင္းဆြဲတိုက္ခိုက္ခဲ့သလို အဲဒီစစ္ေၾကာင္း ေရပုတ္ေက်းရြာဘက္ကို ဆက္သြားရာမွာလည္း ေနာက္ထပ္ မိုင္းခြဲတိုက္ခိုက္မႈေတြ ရွိခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။

မိုင္းခြဲတိုက္ခိုက္ခံရတဲ့ေနရာမွာ ႏွစ္ဘက္ပစ္ခတ္မႈေတြရိွခဲ့ၿပီးေနာက္ တပ္မေတာ္က ေက်ာက္တန္းေက်းရြာထဲမွာ ေနရာယူထားသလို ပစ္ခတ္မႈေတြဟာ ဒီေန႔မနက္ပိုင္းအထိ ရိွေနဆဲျဖစ္တယ္လို႔ ေနာက္ထပ္အမည္မေဖာ္လိုတဲ့ ေဒသခံတစ္ဦးကေျပာပါတယ္။

"ေအေအအဖြဲ႔နဲ႔ သူတို႔က အျပင္မွာ ထိပ္တိုက္ေတြ႔ၿပီးေတာ့ ပစ္ၾကတာေလ။ ေက်ာက္တန္းရြာရဲ႕ေျမာက္ဘက္ မီတာ တစ္ေထာင္ေလာက္မွာ ျဖစ္ၾကတာ။ အဲဒါသူတို႔ ျပန္ဆုတ္လာၿပီးေတာ့ ရြာကိုပစ္ၿပီးေတာ့ဝင္တယ္။ တပ္ကေတာ့ အခုရြာထဲမွာရိွတယ္။ ရြာသားေတြကေတာ့ နီးစပ္ရာကို ထြက္ေျပးၾကတာေပါ့။ လံုျခံဳတဲ့ေနရာေတြကို"

သူ႔ရဲ႕လံုျခံဳေရးအေျခအေနအရ သူ႔အမည္ကို ေဖာ္ျပခြင့္မျပဳပါဘူး။

ရကၡိဳင့္တပ္ေတာ္(AA)ရဲ႕ေျပာခြင့္ရသူ ခိုင္သုခကလည္း ႏွစ္ဘက္တိုက္ပြဲအတြင္း တပ္မေတာ္ဘက္က အထိအခိုက္ အက်အဆံုးရိွေပမယ့္ အေရအတြက္အေသးစိတ္ကို စံုစမ္းေနဆဲလို႔ေျပာပါတယ္။

မေန႔ကစတင္ၿပီး ေက်ာက္တန္းေက်းရြာထဲမွာ တပ္မေတာ္က အေျချပဳထားၿပီး ရြာထဲကေန ပစ္ခတ္မႈေတြ လုပ္ေနတယ္လို႔ ေဒသခံေတြက ေျပာဆိုပါတယ္။

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မွဴးႀကီး ဝင္းေဇာ္ဦးကေတာ့ တပ္မေတာ္က ရြာထဲမွာမရိွသလို တိုက္ပြဲျဖစ္တာလည္းမရိွဘူးလို႔ ျငင္းဆိုပါတယ္။

“ေက်ာက္တန္းဆိုတာ ေရစိုးေခ်ာင္းရဲ႕ေတာင္ဘက္မွာရိွတယ္။ ေက်ာက္တန္းရြာမွာ ကၽြန္ေတာ္တို႔တပ္ မရိွဘူး ခင္ဗ်။ ကၽြန္ေတာ္တို႔တပ္ေတြရွိတာသည္ ေရစိုးေခ်ာင္းရဲ႕ ေျမာက္ဘက္မွာပဲရိွတယ္။ ဒီသတင္းသည္ ကၽြန္ေတာ္ သိရသေလာက္ကေတာ့ နယ္ေျမကိုလိုက္ၿပီး စံုစမ္းတာကေပါ့ေနာ္။ ေအေအက ေက်ာက္တန္းရြာထဲက ေဒသခံျပည္သူလူထုေတြက ကၽြန္ေတာ္တို႔တပ္ကို သတင္းေပးတယ္၊ ျမန္မာႏုိင္ငံရဲကို သတင္းေပးတယ္ ဆိုၿပီးေတာ့မွ ဒီေကာင္ေတြဝင္ၿပီးေတာ့မွ ပစ္တာခတ္တာေတြရိွတယ္လို႔ သိရတယ္”

တပ္မေတာ္ဘက္က ေျပာဆိုမႈေတြနဲ႔ပတ္သက္လို႔ ရကၡိဳင့္တပ္ေတာ္(AA)ရဲ႕ေျပာခြင့္ရသူ ခိုင္သုခက အခုလိုတုံ႔ျပန္ပါတယ္။

"အဲဒီမွာ ေက်ာက္တန္းရြာထဲမွာက ဗမာအစိုးရစစ္တပ္ဘက္ကပဲ ရြာထဲမွာ ေနရာယူထားတာ။ ကၽြန္ေတာ္တို႔ဘက္က ရြာထဲမွာ ေနရာယူထားတာမရိွဘူး။ ဆိုေတာ့သူတို႔က ရြာထဲကေနထြက္ၿပီးေတာ့  တိုက္တယ္။ ေနာက္ရြာထဲက လက္နက္ႀကီးေတြတည္ၿပီးေတာ့ ပစ္ေနတယ္။ အဲဒါေၾကာင့္မို႔လို႔ အျပန္အလွန္ပစ္ခတ္မႈေတြ ျဖစ္ေနၾကတာ။ သူတို႔လုပ္တဲ့ဥစၥာကို ဗမာစစ္တပ္က ဝန္ခံရဲတဲ့သတၱိသူတို႔မွာ မရိွဘူးဗ်။ ေျပာမယ္ဆိုလို႔ရိွရင္ ေတာ္ေတာ္ေလးကို သူရဲေဘာေၾကာင္တယ္လို႔ ေျပာလို႔ရတယ္။ စစ္သားဆိုတာ ကိုယ္လုပ္တာကို ကိုယ္ဝန္ခံရဲတဲ့သတၱရိွရတယ္"

အခုရက္ပိုင္းအတြင္း ရေသ့ေတာင္နဲ႔ ဘူးသီးေတာင္ၿမိဳ႕နယ္ေတြမွာ ႏွစ္ဘက္တုိက္ပြဲေတြ ျပင္းထန္ေနပါတယ္။

တပ္မေတာ္ဘက္က အခုရက္ပိုင္း လူအင္အား၊ လက္နက္အင္အားေတြတိုးခ်ဲ႕ေနတာေၾကာင့္ တိုက္ပြဲေတြဟာ ဆက္လက္ျပင္းထန္လာဖို႔ရိွတယ္လို႔လည္း ရကၡိဳင့္တပ္ေတာ္(AA)ရဲ႕ေျပာခြင့္ရသူ ခိုင္သုခကေျပာပါတယ္။

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ တပ္မေတာ္နဲ႔ ေအေအ အဖြဲ႔တို႔တိုက္ပြဲျပင္းထန္ေနတာ အခ်ိန္တစ္ႏွစ္နီးပါး ရွိလာၿပီျဖစ္ပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ၿမိဳ႕နယ္ ရွစ္ခုေလာက္မွာ စစ္ေဘးသင့္ ဒုကၡသည္ဦးေရဟာလည္း ေျခာက္ေသာင္းေက်ာ္ရိွေနၿပီလို႔ ရခုိင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ားအစည္းအ႐ံုး ကေျပာပါတယ္ခင္ဗ်ာ။

RFA Burmese
https://www.rfa.org
------------

Unicode

ရသေ့တောင် တိုက်ပွဲပြင်းထန်၊ ဒေသခံ နှစ်ဦး သေဆုံး

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မြောက်ပိုင်း ကျောက်တန်းကျေးရွာက အသက် ၇၀ ကျော်အရွယ် အဘွား တစ်ဦးနဲ့ အသက် ၁၇ နှစ်အရွယ် ကျန်းမာရေးမကောင်းတဲ့လူငယ်တစ်ဦးဟာ မနေ့က နှစ်ဘက်တိုက်ပွဲဖြစ်နေတဲ့ ကာလအတွင်းမှာပဲ သေဆုံးသွားတာလို့ ရွာသားတွေကပြောပါတယ်။

ပြီးခဲတဲ့ ရက်ပိုင်းက ကျောက်တန်းကျေးရွာနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ထီးစွဲကျေးရွာဘက်ကို တပ်မတော်စစ်ကြောင်း တစ်ခုရောက်ရှိလာပြီးနောက် ကျေးရွာသားတွေ အားလုံးနီးပါးဟာ နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်သွားကြပါတယ်။

မနေ့ကသေဆုံးသွားတဲ့ အဘွားအိုနဲ့ လူငယ်ကိုတော့ ကျန်းမာရေးမကောင်းတာကြောင့် ပြေးလွှားတိမ်းရှောင်နေရတဲ့အချိန်မှာ တွဲခေါ်သွားဖို့ အခက်အခဲရှိပြီး ရွာမှာပဲချန်ထားခဲ့ရာကနေ အခုလိုသေဆုံးခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

ဒီနေ့ညနေပိုင်းမှာတော့ ကျေးရွာထဲမှာရှိနေတဲ့တပ်မတော်က ပြန်လည်ထွက်ခွာသွားတာကြောင့် သေဆုံးသူတွေကို ညနေပိုင်းမှာပဲ သဂြိၤုဟ်လိုက်တယ်လို့ အမည်မဖော်လိုတဲ့ရွာသားတစ်ဦးက ပြောပါတယ်။

"စစ်တပ်က ထီးစွဲကိုရောက်တဲ့နေ့ကတည်းက ရွာသားတွေက မနေရဲလို့ ထွက်ပြေးသွားကြတယ်။ အသက်ကြီးတဲ့သူတွေ၊ နေမကောင်းတဲ့သူတွေပဲ ရွာမှာကျန်ခဲ့တာပေါ့။ အဲဒီအထဲမှာ အသက် ၇၀ ကျော်အဘွားကြီး တစ်ယောက် ဆုံးသွားတယ်။ သူကတော့ နေမကောင်းဖြစ်နေတာ။ ပြုစုဖို့ လူလည်းမရှိဘူး။ အဲဒါနဲ့မနေ့က တိုက်ပွဲဖြစ်တော့ ရွာထဲမှာကြောက်လန့်ပြီး သေသွားတယ်။ အဲလိုပြောတယ်။ အသက် တစ်ဆယ်ကျော် မသန်စွမ်းတဲ့ကလေး တစ်ယောက်လည်း ဆုံးသွားတယ်။ မြန်မာ့တပ်မတော်က အခုတော့မရှိတော့ပါဘူး။ သူတို့မရှိတော့လို့ သဂြိၤုဟ်ဖို့အတွက် လုပ်နေကြပါတယ်။ သူတို့မရှိတော့ဘူးဆိုတော့ အနီးအနားမှာ ခိုလှုံနေတဲ့ရွာသားတွေက ရွာကိုပြန်သွားကြတယ်။ သေသွားတဲ့ အဘွားကြီးရဲ့သားလည်း ပါသွားတယ်။ အခုသဂြိၤုဟ်ဖို့အတွက် လုပ်နေကြတယ်"

လုံခြုံရေးအခြေအနေကြောင့် သူ့ရဲ့အမည်ကို ဖော်ပြခွင့်မပြုပါဘူး။

သေဆုံးသွားတဲ့ အသက် ၇၀ ကျော်အရွယ်အဘွားအိုဟာ ရောဂါကြောင့်လား ထိခိုက်တာကြောင့် သေဆုံးတာလားဆိုတာကို တိတိကျကျ မသိရသေးကြောင်းနဲ့ လူငယ်ကတော့ ကိုယ်အင်္ဂါတွေပြတ်ပြီး သေဆုံးတာဖြစ်တယ်လို့ ရသေ့တောင်မြို့နယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

"ကလေးကတော့ လက်နက်ကြီးကျတာထင်တယ်။ ကိုယ်အင်္ဂါတွေပြတ်သွားတယ်လို့ ပြောတယ်။ သူတို့အလောင်း နှစ်လောင်းက ရွာမှာရှိနေတယ်။ အဲဒါကို သယ်ထုတ်ဖို့ ကြိုးစားနေဆဲမှာပဲ တိုက်ပွဲက ရွာထဲရောက်လာတော့ နည်းနည်း အခက်အခဲဖြစ်နေတယ်။ နောက်ဘယ်သူတွေ ကျည်ထိတယ်ဆိုတာကို ဘယ်သူမှမသွားရဲတော့ သတင်းကတိတိကျကျ မသိနိုင်သေးဘူး"

သေဆုံးသွားတဲ့လူငယ်ဟာ ဘယ်သူ့လက်ချက်ကြောင့် သေတယ်ဆိုတာကို RFA က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။

မနေ့က မနက် ၉ နာရီလောက်မှာ ထီးစွဲကျေးရွာကနေ ထွက်လာတဲ့ တပ်မတော်စစ်ကြောင်းကို ကျောက်တန်းကျေးရွာရဲစခန်းအနီးမှာ အေအေအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သလို အဲဒီစစ်ကြောင်း ရေပုတ်ကျေးရွာဘက်ကို ဆက်သွားရာမှာလည်း နောက်ထပ် မိုင်းခွဲတိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

မိုင်းခွဲတိုက်ခိုက်ခံရတဲ့နေရာမှာ နှစ်ဘက်ပစ်ခတ်မှုတွေရှိခဲ့ပြီးနောက် တပ်မတော်က ကျောက်တန်းကျေးရွာထဲမှာ နေရာယူထားသလို ပစ်ခတ်မှုတွေဟာ ဒီနေ့မနက်ပိုင်းအထိ ရှိနေဆဲဖြစ်တယ်လို့ နောက်ထပ်အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

"အေအေအဖွဲ့နဲ့ သူတို့က အပြင်မှာ ထိပ်တိုက်တွေ့ပြီးတော့ ပစ်ကြတာလေ။ ကျောက်တန်းရွာရဲ့မြောက်ဘက် မီတာ တစ်ထောင်လောက်မှာ ဖြစ်ကြတာ။ အဲဒါသူတို့ ပြန်ဆုတ်လာပြီးတော့ ရွာကိုပစ်ပြီးတော့ဝင်တယ်။ တပ်ကတော့ အခုရွာထဲမှာရှိတယ်။ ရွာသားတွေကတော့ နီးစပ်ရာကို ထွက်ပြေးကြတာပေါ့။ လုံခြုံတဲ့နေရာတွေကို"

သူ့ရဲ့လုံခြုံရေးအခြေအနေအရ သူ့အမည်ကို ဖော်ပြခွင့်မပြုပါဘူး။

ရက္ခိုင့်တပ်တော်(AA)ရဲ့ပြောခွင့်ရသူ ခိုင်သုခကလည်း နှစ်ဘက်တိုက်ပွဲအတွင်း တပ်မတော်ဘက်က အထိအခိုက် အကျအဆုံးရှိပေမယ့် အရေအတွက်အသေးစိတ်ကို စုံစမ်းနေဆဲလို့ပြောပါတယ်။

မနေ့ကစတင်ပြီး ကျောက်တန်းကျေးရွာထဲမှာ တပ်မတော်က အခြေပြုထားပြီး ရွာထဲကနေ ပစ်ခတ်မှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ တပ်မတော်က ရွာထဲမှာမရှိသလို တိုက်ပွဲဖြစ်တာလည်းမရှိဘူးလို့ ငြင်းဆိုပါတယ်။

“ကျောက်တန်းဆိုတာ ရေစိုးချောင်းရဲ့တောင်ဘက်မှာရှိတယ်။ ကျောက်တန်းရွာမှာ ကျွန်တော်တို့တပ် မရှိဘူး ခင်ဗျ။ ကျွန်တော်တို့တပ်တွေရှိတာသည် ရေစိုးချောင်းရဲ့ မြောက်ဘက်မှာပဲရှိတယ်။ ဒီသတင်းသည် ကျွန်တော် သိရသလောက်ကတော့ နယ်မြေကိုလိုက်ပြီး စုံစမ်းတာကပေါ့နော်။ အေအေက ကျောက်တန်းရွာထဲက ဒေသခံပြည်သူလူထုတွေက ကျွန်တော်တို့တပ်ကို သတင်းပေးတယ်၊ မြန်မာနိုင်ငံရဲကို သတင်းပေးတယ် ဆိုပြီးတော့မှ ဒီကောင်တွေဝင်ပြီးတော့မှ ပစ်တာခတ်တာတွေရှိတယ်လို့ သိရတယ်”

တပ်မတော်ဘက်က ပြောဆိုမှုတွေနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ပြောခွင့်ရသူ ခိုင်သုခက အခုလိုတုံ့ပြန်ပါတယ်။

"အဲဒီမှာ ကျောက်တန်းရွာထဲမှာက ဗမာအစိုးရစစ်တပ်ဘက်ကပဲ ရွာထဲမှာ နေရာယူထားတာ။ ကျွန်တော်တို့ဘက်က ရွာထဲမှာ နေရာယူထားတာမရှိဘူး။ ဆိုတော့သူတို့က ရွာထဲကနေထွက်ပြီးတော့  တိုက်တယ်။ နောက်ရွာထဲက လက်နက်ကြီးတွေတည်ပြီးတော့ ပစ်နေတယ်။ အဲဒါကြောင့်မို့လို့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်နေကြတာ။ သူတို့လုပ်တဲ့ဥစ္စာကို ဗမာစစ်တပ်က ဝန်ခံရဲတဲ့သတ္တိသူတို့မှာ မရှိဘူးဗျ။ ပြောမယ်ဆိုလို့ရှိရင် တော်တော်လေးကို သူရဲဘောကြောင်တယ်လို့ ပြောလို့ရတယ်။ စစ်သားဆိုတာ ကိုယ်လုပ်တာကို ကိုယ်ဝန်ခံရဲတဲ့သတ္တရှိရတယ်"

အခုရက်ပိုင်းအတွင်း ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

တပ်မတော်ဘက်က အခုရက်ပိုင်း လူအင်အား၊ လက်နက်အင်အားတွေတိုးချဲ့နေတာကြောင့် တိုက်ပွဲတွေဟာ ဆက်လက်ပြင်းထန်လာဖို့ရှိတယ်လို့လည်း ရက္ခိုင့်တပ်တော်(AA)ရဲ့ပြောခွင့်ရသူ ခိုင်သုခကပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တပ်မတော်နဲ့ အေအေ အဖွဲ့တို့တိုက်ပွဲပြင်းထန်နေတာ အချိန်တစ်နှစ်နီးပါး ရှိလာပြီဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ် ရှစ်ခုလောက်မှာ စစ်ဘေးသင့် ဒုက္ခသည်ဦးရေဟာလည်း ခြောက်သောင်းကျော်ရှိနေပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး ကပြောပါတယ်ခင်ဗျာ။

RFA Burmese
https://www.rfa.org
ရေသ့ေတာင္ တုိက္ပြဲျပင္းထန္၊ ေဒသခံ ႏွစ္ဦး ေသဆုံး ရေသ့ေတာင္ တုိက္ပြဲျပင္းထန္၊ ေဒသခံ ႏွစ္ဦး ေသဆုံး Reviewed by THITHTOOLWIN on 18:19 Rating: 5
Powered by Blogger.